Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၃၁.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံသို့ သက်ဆင်အမှန်တကယ်လာမည်

(The Nation မှ 29 Oct 2012 ရက်စွဲပါ “Thaksin to visit Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

  1. Mr Surin ၏အကြံဥာဏ်ကောင်း

( 30 Oct 2012 ရက်စွဲပါ Bangkok Post မှ Wise words from Mr Surin ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းဆက်ကြောင်းပေါ်မှ အရေးပါသောတံတားပြီးစီး

(IANS News မှ 24 Oct 2012 ရက်စွဲပါ “Bridge Completed For Myanmar-China gas pipeline” သတင်းကိုဘာသာပြန်ဆိုသည်။)

******************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသို့ သက်ဆင်အမှန်တကယ်လာမည်

(The Nation မှ 29 Oct 2012 ရက်စွဲပါ “Thaksin to visit Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

နိုဝင်ဘာလတွင်ထိုင်းနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားသည့် ထိုင်း-မြန်မာ ပူးတွဲကော်မတီများအစည်းအဝေးမတိုင်မီ ထားဝယ်ရေနက်ဆိပ်ကမ်း အကြီးစားရင်းနှီးမြှုပ်နှံမှုစီမံကိန်း လမ်းပွင့်သွားစေရန်အတွက် ထိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံနိုင်ရန် မြန်မာနယ်စပ်သို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ သွားရောက်ရန်စီစဉ်ထားသည်ဟု သက်ဆင်၏အကြံပေး နိုပါဒေါပတ္တမာက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ်ဆိုင်နှင့်မျက်နှာချင်းဆိုင် မြန်မာနယ်စပ်မြို့တာချီလိတ်သို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် သွားရောက်လိမ့်မည် ဟူသောသတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်၍ ယင်းသတင်းမှန်ကန်ကြောင်း နီပါဒေါက တနလာင်္နေ့တွင်အတည်ပြု ပြောကြားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အကြီးစားအဆင့်လွန် ထားဝယ်စီမံကိန်းအတွက် မတည်ငွေရရှိနိုင်ရန် ဇွန်လအတွင်းက ဂျပန်နိုင်ငံသို့ သွားရောက်စည်းရုံးလှုပ်ရှားခဲ့ပြီးဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏မူဝါဒနှင့် အဓိကကိစ္စရပ်များကို နောက်ကွယ်မှကြိုးကိုင်နေသူဟု သတ်မှတ်ထားကြသော ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့်တွေ့ဆုံရန် နိုဝင်ဘာလတွင်မြန်မာနိုင်ငံသို့ သက်ဆင်သွားရောက်မည်ဟုလည်း မကြာသေးမီက သတင်းထွက်ပေါ်ခဲ့သည်။

***********************************

Mr Surin ၏အကြံဥာဏ်ကောင်း

( 30 Oct 2012 ရက်စွဲပါ Bangkok Post မှ Wise words from Mr Surin ကိုဘာသာပြန်ဆိုသည်)

ယခုအခါ Surin Pitsuwan သည်အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံအနောက်ပိုင်းမှ ပြင်းထန်သောဖြစ်ရပ်များ တည်ငြိမ်သွားရေးအတွက် ဝင်ရောက်ကူညီပေးရန်လိုလားလျက်ရှိသည်။ ၄င်း၏ ကျိုးကြောင်းဆီလျော်သောအသံမှာ အာဆီယံအားထိုင်ကြည့်မနေဘဲ လုပ်သင့်သည်များဝင်ရောက် လုပ်ဆောင်ရန်တောင်းဆိုသော ပထမဆုံးအသံပြုမှုပင်ဖြစ်ပါသည်။ အာဆီယံသည် ယခုအကြိမ်တွင်လည်း Mr Surin ၏ ကောင်းမွန်သော အကြံဥာဏ်ကို ငြင်းပယ်လိမ့်ဦးမည်ဖြစ်ရာ အဖွဲ့ကြီး၏မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်းအတွက် ထပ်မံပေါ်လွင်စေမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ လူမျိုးရေးနှင့် ဘာသာရေးအဓိကရုဏ်းများသည် ရာပေါင်းများစွာမဟုတ်သည့်တိုင် ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပါသည်။ သို့သော်မြန်မာအစိုးရသည် ယခင်နည်းဟောင်း အတိုင်းပင် လူ့အခွင့်အရေးနှင့် သူတပါးအားလေးစားမှုများအပေါ် ချိုးဖောက်မှုများအား အကြောင်းပြဖြေရှင်းချက်ပေးတုန်းပင် ရှိနေပါသေးသည်။

Mr Surin သည်မြန်မာနိုင်ငံကိုကူညီရန် ဦးဆောင်ပြောကြားခဲ့သူ ဖြစ်သည်။၎င်းသည် ၁၉၉၀ ခုနှစ်များက ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့စဉ်ကလည်း ဒေသတွင်းတွင် ကျိုးကြောင်းဆီလျော်သော လေသံပစ်ခဲ့သူတစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ ၄င်းသည် အာဆီယံ၏ ဝင်ရောက် မစွက်ဖက်ရေးမူကိုချိုးဖျက်၍ ကာလကြာရှည် စစ်အာဏာရှင်လက်အောက်တွင်နေရသော မြန်မာနိုင်ငံလွတ်မြောက်ရေး ကူညီရန်ပြောကြားခဲ့ပါသည်။ မြန်မာဗိုလ်ချုပ်များသည် နောက်ထပ်အနှစ်နှစ်ဆယ်ပျက်စီးအောင် အုပ်ချုပ်သောလမ်းကို ရွေးချယ်ခဲ့သည်။

ယခုအခါ Mr Surin သည်အာဆီယံ၏အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်နေပါသည်။ ၄င်းက Bangkok Post သို့ပြီးခဲ့သည့်အပတ်အကုန်က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အရေးယူဆောင်ရွက်မှုပြုလုပ်ရန် လိုအပ်နေကြောင်းပြောကြားခဲ့သည်။

Mr Surin ၏အဆိုပြုမှုအပေါ် မြန်မာအစိုးရ၏တုန့်ပြန်မှုမှာ မကျေနပ်သောတုန့်ပြန်မှုသာ ဖြစ်လိမ့်မည်ဆိုသည်ကို ခန့်မှန်းနိုင်ပါသည်။ ပြီးခဲ့သည့် သြဂုတ်လက ဦးသိန်းစိန်အစိုးရသည် အခြေအနေမှာထိန်းချုပ်နိုင်နေပြီဖြစ်၍ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အာဆီယံအားပြောခဲ့ပါသည်။ ထိုသို့ ပြောဆိုမှုမှာ အမှန်တရားနှင့်ဆန့်ကျင်ဖက် ဖြစ်ပါသည်။ ထို့ကြောင့်ပြီးခဲ့သည့်အပတ်က လူမျိုးရေးအဓိကရုဏ်းများ ထပ်မံဖြစ်ပွားခဲ့ရာ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ဒုက္ခသည် ၂၂၀၀၀ ကျော် ထပ်မံတိုးပွားလာရပါသည်။

Mr Surin သည်ထိုင်းနိုင်ငံတောင်ပိုင်းမှဖြစ်သောကြောင့် ထိုသို့သောပြဿနာများကို သိနားလည်နိုင်စွမ်းရှိပါသည်။ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူဆလင်များသည် ၄င်းတို့အပေါ်မူဝါဒ ပြောင်းသွားနိုင်သည့်အန္တရာယ်ကို ၄င်းအနေနှင့်စိုးရိမ်ကြောင်းပြောခဲ့ပါသည်။ ထိုသို့ဖြစ်လာပါက အခြေအနေ တစ်ခုလုံးသည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသည့်နှယ်ရှိလာနိုင်ပြီး မည်မျှနက်နက်ထိ ကျဆင်းသွားနိုင်သည်ဆိုသည်မှာ မခန့်မှန်းနိုင်ကြောင်းဆိုပါသည်။ ရခိုင်ပြည်နယ်မှအခြေအနေသည် အုပ်စုလိုက်လူသတ်ပွဲများနှင့် ဗုံးခွဲခြင်းများဖြစ်ပေါ်ခဲ့သည့် ထိုင်းနိုင်ငံတောင်ပိုင်းအခြေအနေအတိုင်းပင် ဖြစ်ပါသည်။ ထို့ထက်ပင်ပိုဆိုးနိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံတကာအစ္စလာမ်မစ်များက ရယ်ဒီကယ်ရိုဟင်ဂျာများသည် ရက်စက်မှုများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရန် အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်နေသည်ဟု ယုံကြည်နေကြပါသည်။

ဒေသတွင်း မဟာမိတ်များထံမှအကူအညီပေးရန် အဆိုပြုလာခြင်းကိုလက်မခံခြင်းသည် အလွန်တရာဥာဏ်နည်းသောဖြစ်ရပ်ဟု မြန်မာနိုင်ငံအပေါ် ဆိုရလိမ့်မည်ဖြစ်ပါသည်။ ယခုမူ ရခိုင်ပြည်နယ်မှအခြေအနေသည် အချိန်မရွေးထပေါက်နိုင်သည့် ဗုံးတစ်လုံးနှယ်ဖြစ်တော့သည်။ ရိုဟင်ဂျာများသည် နိုင်ငံသားများမဟုတ်ဟု မြန်မာကသတ်မှတ်ခဲ့ပါသည်။ နိုင်ငံသားမဟုတ်ခြင်းကြောင့် လူ့အခွင့်အရေးများငြင်းပယ်ခြင်း၊ သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများသည် တရားသည်ဟုပြောရန် ခက်ခဲလှပါသည်။ သို့တိုင်အောင် မြန်မာခေါင်းဆောင်များ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်သည် ရိုဟင်ဂျာများကို လက်မခံသည့်သဘောတွင် ရှိပါသည်။

ရိုဟင်ဂျာများအပေါ် ပြင်းထန်သောဖြစ်ရပ်များသည် တိုင်းပြည်ကလုပ်ဆောင်ထားသော တိုးတက်လျက်ရှိသည့် လုပ်ငန်းစဉ်အား ခြိမ်းခြောက် လာနိုင်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာအာဏာပိုင်များသို့တိုက်ရိုက် ပြောကြားခဲ့ပါသည်။ မိမိနယ်မြေအတွင်း နေထိုင်နေကြသော မြန်မာမဟုတ်သူများအား ခြိမ်းခြောက်ခြင်း၊ တိုင်ခိုက်နေသူများကို အကာအကွယ်ပေးထားခြင်း စသည်တို့ကိုလုပ်ဆောင်နေသော အစိုးရကို ဦးတည်ချက်ကောင်းများရှိသော အစိုးရဟုယုံကြည်ရန် ခက်ခဲလှပါသည်။ ရိုဟင်ဂျာများအပေါ် လုပ်ဆောင်ချက်များကိုကြည့်၍ ယခု ဖြစ်ပေါ်နေသော ဒီမိုကရေစီတိုးတက်မှုများအတွက်ပင် အန္တရာယ်ရှိသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ယခုလိုအချိန်မျိုးတွင် Mr Surin ကအားတက်ဖွယ်၊ အကူအညီပေးမည့်လေသံကို ဖွင့်ဟခဲ့ခြင်းဖြစ်ပါသည်။ မြန်မာအနေဖြင့် နားထောင်သင့်ပါသည်။ နိုင်ငံရေးဝန်ကြီးများနှင့် အာဆီယံအစိုးရများသည် Surin ၏စကားများကို သေချာစွာဂရုပြုသင့်ပါသည်။

                                ***********************************************************

မြန်မာ-တရုတ် ဓါတ်ငွေ့ပိုက်လိုင်းဆက်ကြောင်းပေါ်မှ အရေးပါသောတံတားပြီးစီး

(IANS News မှ 24 Oct 2012 ရက်စွဲပါ “Bridge Completed For Myanmar-China gas pipeline” သတင်းကိုဘာသာပြန်ဆိုသည်။)

တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ လင်ကန်းမြစ်(မဲခေါင်မြစ်ဖျားပိုင်း)ဖြတ်တံတားကို ဗုဒ္ဓဟူးနေ့က တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ရာလာမည့်နှစ်တွင် စတင်လည်ပတ်ရန် မျှော်လင့်ထားသော မြန်မာ-တရုတ်ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပြီးသတ်ရန် အဓိကအဆင့်တစ်ခု ပြီးမြောက် သွားခြင်းဖြစ်ကြောင်း နိုင်ငံပိုင် Ximhua သတင်းဌာနကကြေညာသည်။

၎င်းတံတားသည် ဘိုရှန်မြို့တော်နှင့် ဘိုင်ကိုယ်ပိုင်အုပ်ချုပ်ရေး စီရင်စုအကြားနယ်နမိတ်တွင် တည်ရှိသည်။ “ဒီတံတားဟာ ပိုက်လိုင်း တစ်လျောက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရှုတ်ထွေးတဲ့ပထဝီသွင်ပြင် အနေအထားကြောင့် အခက်ခဲဆုံးအင်ဂျင်နီယာ လုပ်ငန်းတစ်ခု ဖြစ်ခဲ့ ပါတယ်”ဟု တံတားတည်ဆောက်သူ china Railway major brdige engineering group co ltd မှအထွေထွေမန်နေဂျာ ဟူဟန်ဇိုက ပြောကြားသည်။

ယခုပိုက်လိုင်းသည် တရုတ်ပြည်အနောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတို့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် အလွန့်အလွန် အရေးပါလာလိမ့်မည်ဟု သူကဆိုပါသည်။

၎င်းပိုက်လိုင်းတည်ဆောက်မှုကို ၂၀၁၀ တွင်စတင်ခဲ့ပြီး ရေနံစိမ်းနှင့်ဓါတ်ငွေ့သီးခြားပိုက်လိုင်းနှစ်ခု ပါဝင်သည်။ အမြွှာပိုက်လိုင်းနှစ်ခုသည် ကျောက်ဖြူတွင်စတင်ပြီး မြန်မာနိုင်ငံကိုကန့်လန့်ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်နှင့် ကွီကျိုးပြည်နယ်များ၊ ချုံကင်းမြို့တော်နှင့် ဂွမ်ဇီရှောင်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသများကို ဆက်လက်ဖြတ်သန်းသွားမည် ဖြစ်သည်။

ရေနံပိုက်လိုင်းက တစ်နှစ်လျှင် တန်ချိန် ၂၂ သန်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းက တစ်နှစ်လျှင် ကုဗမီတာ ၁၂ ဘီလျံစီ အသီးသီးပို့ဆောင်နိုင်စွမ်း ရှိအောင် ဒီဇိုင်းရေးဆွဲတည်ဆောက်နေသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် တပ်မတော်အစိုးရနှင့် အပေးအယူဂိမ်းကစားရင်း မျှော်လင့်မထားဘဲ ရေနံ၊ ဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို အကြီးမားဆုံးဆုလာဘ်အဖြစ် ရရှိသွားခြင်းဖြစ်သည်ဟု မြန်မာ့ရေးရာအကဲခတ်လေ့လာသူများက ပြောကြားထားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment