Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၃၁.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယဉ်ကျေးမှုတိုက်ပွဲ အဓွန့်မရှည်ဖို့  

*****************************************

ဆောင်းပါးကဏ္ဍ

ယဉ်ကျေးမှုတိုက်ပွဲ အဓွန့်မရှည်ဖို့  

အယ်ဒီတာ့အာဘော်

ယခုလက်ရှိအချိန်တွင် နိုင်ငံတကာမီဒီယာမျက်နှာစာပေါ်၌  မြန်မာနိုင်ငံ၏ အနောက်ဘက်ရှိ ရခိုင်နှင့် ဘင်္ဂါလီတို့ကြား ဖြစ်ပွားလျက်ရှိနေသော လူမျိုးရေးပဋိပက္ခသတင်းများကိုသာ အခြားအကြောင်းအရာများ ထက်ပိုမိုတွေ့မြင်နေရသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့်လည်း နိုင်ငံကို စနစ်သစ်ဖြင့် စတင်တာဝန်ယူရ သည့်အခင်းအကျင်းမျိုးတွင် အချိန်ကိုက်ပေါ်ပေါက်လာသည့် ယင်းပဋိပက္ခကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်နေသည်ကို တွေ့မြင်နေ ရသည်။ တစ်ဖက်တွင် ပြည်သူလူထု၏ တောင်းဆိုချက်များကို အလေးထားရသလို (OIC ဖွင့်လှစ်ခြင်းအပေါ် ပိတ်ပင်ခြင်းမျိုး) တစ်ဖက်၌လည်း နိုင်ငံတ ကာအသိုင်းအဝိုင်း၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် စွပ်စွဲချက်များအပေါ် ညှိညှိနှိုင်းနှိုင်း ဖြေရှင်းလျက်ရှိနေသည်။

လူမျိုးရေးပဋိပက္ခဆိုသည်မှာလည်း နေရာမျိုးစုံတွင် ပုံစံမျိုးစုံဖြင့်ရှိနေနိုင်သည်။ မြန်မာနိုင်ငံတွင် ယေဘူယျအားဖြင့် လူမျိုးရေးတင်းမာမှုပုံစံ နှစ်မျိုးဖြင့်ရှိနေသည်။ တစ်မျိုးမှာ မြန်မာနိုင်ငံတွင် အများစုနေထိုင်သည့် မြန်မာများနှင့် ရှေ့ရာစုနှစ်ပေါင်းများစွာကတည်း အတူတကွနေထိုင်လာသည့် တိုင်းရင်းသားလူမျိုးများကြားရှိ  လူမျိုးရေးတင်းမာမှုဖြစ်ပြီး ကျန်တစ်မျိုးမှာ အိမ်နီးချင်းနိုင်ငံများမှ နယ်စပ်ဖြတ်ကျော်ပြီး နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက် နေထိုင်ကြသူများနှင့် မြန်မာတိုင်းရင်းသားလူမျိုးများကြားရှိ လူမျိုးရေးတင်းမာမှုတိ့ ဖြစ်သည်။ ပထမပုံစံကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော်ကြာ ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပြည်တွင်းစစ်ကြီးနှင့် ရင်ဆိုင်နေရသည်မှာ ယခုအစိုးရလက်ထက်ထိတိုင်ပင်ဖြစ်သည်။ သို့သော် အစိုးရသစ်၏ ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအောက်တွင် ထာဝရငြိမ်းချမ်းရေးဖြစ်ထွန်းဖို့ လမ်းစများလည်း ပေါ်လာလေပြီဖြစ်သည်။

ဒုတိယပုံစံမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ကုလား-ဗမာအရေးအခင်း၊ တရုတ်-ဗမာ အရေးအခင်းကဲ့သို့ လူမျိုးရေးပဋိပက္ခများပင်ဖြစ်သည်။ သို့သော် ယခုဖြစ်ပေါ်နေသည့် ရခိုင်-ဘင်္ဂါလီအရေးမှာ ထင်မှတ်ထားသည်ထက် သိမ်မွေ့သည့်ပြဿနာဟု ဆိုချင်သည်။ ကနေဦးအစတွင် နယ်စပ် ပြဿနာအဖြစ် ဖြစ်တည်ခဲ့ရာမှ ရန်စွယ်မီး မငြိမ်းသတ်နိုင်ကြဘဲ တစ်စတစ်စ ဆက်လက်တောက်လောင်လာလျက်ရှိနေလေရာ ယဉ်ကျေးမှုတိုက်ပွဲများ ဆီသို့ ဦးတည်လာသည်ကို တွေ့မြင်နေရသည်။

အစိုးရအနေဖြင့် ပဋိပက္ခတွင် ခံစားရသည့် ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဖြင့် အကူအညီများပေးအပ်မှုကို အလေးထားရ မှာဖြစ်သလို တစ်ပြိုင်နက်တည်းမှာပင် ပြဿနာဖြေရှင်းရာ၌ အမျိုးသားလုံခြုံရေးအတွက်ပါ အရေးတကြီးဆောင်ရွက်ရတော့မည်ဖြစ်သည်။ သို့မှသာ နိုင်ငံတကာမီဒီယာများ မှ ဤအရေးနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟူသော  စွပ်စွဲချက်များအပေါ် လူသားချင်းစာနာထောက်ထားမှု အစီအစဉ်များဖြင့် ချေဖျက်ကာ နိုင်ငံ၏ ကျက်သရေကို မြှင့်တင်နိုင်မှာဖြစ်သလို လူမျိုးစွဲဒေါသမီးများ တောက်လောက်အောင် စနစ်တကျဆောင်ရွက်နေ သည့် အဖျက်သမားများအားလည်း အမျိုးသားလုံခြုံရေးအတွက် ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း….။

***************************************

     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment