Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ADB က မြန်မာနိုင်ငံအတွက် ကာလတို ရည်မှန်းချက်များ ကြေညာ

(1st Nov 2012 ရက်စွဲပါ One world South Asia မှ ADB announces short-term goals for Myanmar ကိုဘာသာပြန်သည်)

  1. ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား ချေးငွေပေးရန် အတည်ပြု

(2 November 2012 ရက်စွဲပါ The Washington Post မှ AP ၏  World Bank approves new aid for Myanmar, prepares to resume lending ကို ဘာသာပြန်သည်)

******************************************************

ဘာသာပြန်သတင်းများ

ADB က မြန်မာနိုင်ငံအတွက် ကာလတို ရည်မှန်းချက်များ ကြေညာ

(1st Nov 2012 ရက်စွဲပါ One world South Asia မှ ADB announces short-term goals for Myanmar ကိုဘာသာပြန်သည်)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ၂၀၁၄ခုနှစ်အတွက် မြန်မာနိုင်ငံတွင် ၎င်း၏ လုပ်ငန်းများအတွက် လမ်းညွှန်ဖြစ်ရန် မဟာဗျူဟာကို အတည် ပြုခဲ့သည်။

ADBသည် မြန်မာနိုင်ငံတွင် အပြည့်အဝ ပြန်လည်ဆက်ဆံရေးအတွက် နောက်ထပ်ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ အတွက် လုပ်ငန်းများလုပ်ဆောင်ရန် ရေတိုမဟာဗျူဟာကို အတည်ပြုခဲ့သည်။

အဆိုပါအစီအစဉ်ကို အောက်တိုဘာလ(၂၆) ရက်နေ့က အတည်ပြုခဲ့ရာ မြန်မာနိုင်ငံတွင် ADBချေးငွေ၊ စီမံကိန်းများ ပြန်လည် လုပ်ဆောင်မည်ဟုအချက်ပေးခဲ့ခြင်းမဟုတ်ပေ။ အဆိုပါလုပ်ငန်းများကိုပြန်လည်လုပ်ဆောင်ရန်မှာ မြန်မာနိုင်ငံက ADB သို့ ပေးရန်ရှိသောခန့်မှန်းခြေ ငွေ ဒေါ်လာ သန်း(၅၀၀)ကို ရှင်းလင်းပြီးမှုပေါ်တွင်မူတည်နေသည်။ မြန်မာနိုင်ငံသည် ADB နှင့် ကမ္ဘာ့ဘဏ်သို့ပေးရန်ရှိသော ငွေများအား ၂၀၁၃၊ ဇန်နဝါရီလတွင် စတင်၍ ရှင်းလင်းမည်ဟု သြဂုတ်လက ချမှတ်ထားသော အစီအစဉ်အရ မျှော်လင့်သည်။

ရေတိုလုပ်ဖော်ကိုင်ဖက်မဟာဗျူဟာ (partnership strategy) သည် ADB ၏ အနာဂတ်ပရိုဂရမ်များနှင့် ပရောဂျက်များအတွက် လုပ်ဆောင် နိုင်မှုနယ်ပယ်သတ်မှတ်နိုင်ရန် အခြေခံဘောင်များအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်ဟု အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့်ပစိဖိတ်မှ လုပ်ငန်းများ အတွက် ADB ၏ ဒုဥက္ကဌ Stephen Groff  ၏ အဆိုအရ သိရှိရသည်။

“ကျွန်တော်လုပ်ကိုင်မယ့် နယ်ပယ်သတ်မှတ်ချက်လေးတွေ လိုအပ်ချက်အရချမှတ်ထားတာပါ။ နောက်အဆင့်တစ်ခုကို မတက်လှမ်းခင် နေသားတကျ လုပ်ကိုင်နိုင်ရေးအတွက် အထောက်အကူ ဖြစ်ပါမယ်။ ဒါကြောင့် ဒါဟာ အရေးကြီးပါတယ်”ဟု Groff  က ပြောသည်။

-----------------------------------------------------------------------------------------------------------------

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား ချေးငွေပေးရန် အတည်ပြု

(2 November 2012 ရက်စွဲပါ The Washington Post မှ AP ၏  World Bank approves new aid for Myanmar, prepares to resume lending ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံသည် အာဏာရှင်အုပ်ချုပ်မှုအောက်တွင်ကြာမြင့်စွာနေလာခဲ့ပြီးနောက် အံ့သြဖွယ်ကောင်းသောနှုန်းဖြင့် တံခါးဖွင့် လာခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ပွင့်လင်းမြင်သာမှုနှင့် စီးပွားရေးအရ အုပ်ချုပ်မှုကောင်းမွန်ရေးအတွက် အင်စတီကျူးရှင်းများတည်ဆောက်ရန် လိုအပ် ကြောင်း ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့က ပြောကြားခဲ့ပြီး၊ ဖွံ့ဖြိုးတိုးတက်မှု အကူအညီအတွက် ဒေါ်လာသန်း(၈၀) အတည်ပြုခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒုတိယဥက္ကဌ Pamela Cox က ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်သို့ ပေးရန်ငွေ ဒေါ်လာသန်း(၉၀၀) ကို ရှင်းလင်းပြီးပါက ကမ္ဘာ့ဘဏ်အနေဖြင့် နောက်ထပ်ဒေါ်လာ (၁၆၅) သန်းပေးရန် ကတိပေးထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီများကိစ္စကို ကူညီလျက်ရှိရာ ဇန်နဝါရီလတွင် ပြီးစီးမည်ဟု မျှော်မှန်းရသည်။

မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ် နှစ်ခုခန့် အဆက်အသွယ်ပြတ်နေခဲ့ရာမှ မြန်မာအစိုးရသည် စီးပွားရေးနှင့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခြင်းကြောင့်၊ မြန်မာနိုင်ငံနှင့်ပြန်လည်ဆက်ဆံရေး ပြုလုပ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ပျက်စီးစေသောစစ်တပ်အုပ်ချုပ်ရေး ဆယ်စုနှစ် ငါးခုခန့်အတွင်း အာရှတွင် အဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ ရောက်ခဲ့ရသည်။

ကမ္ဘာ့ဘဏ်သည် သြဂုတ်လက ရန်ကုန်တွင် ရုံးဖွင့်လှစ်ခဲ့ပြီး၊ ကြာသပတေးနေ့က ၎င်း၏ ဒါရိုက်တာ ဘုတ်အဖွဲ့သည် လာမည့်(၁၈)လအတွက် မဟာဗျူဟာကို အတည်ပြုခဲ့သည်။ ၎င်းတွင် နည်းပညာအကူအညီများ၊ မြန်မာအစိုးရအား အများပြည်သူနှင့်ပတ်သက်သော ဘဏ္ဍာရေး၊ စည်းမျဉ်းများ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အကြံဥာဏ်များပေးခြင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးများ ပါဝင်သည်။

“တံခါးဖွင့်လာရာမှာ အံ့သြဖွယ်အရှိန်နှုန်းနဲ့လုပ်ဆောင်နေတဲ့အစိုးရဖြစ်ပါတယ်” ဟု Cox က သတင်းထောက်များသို့ ပြောသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ပွင့်လင်းမြင်သာမှုကိုအားပေးရန် လိုအပ်သော ပြည်သူလူထုနှင့်သက်ဆိုင်သော စနစ်တည်ဆောက်ရန် အကူအညီ ပေးရေးကို မဟာဗျူဟာရေးဆွဲထားကြောင်း သူကပြောသည်။ မြန်မာပြည်သူများအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အကျိုးကျေးဇူးကို အမြန်ဆုံး မြင်တွေ့ခံစားကြရရန် လိုအပ်ကြောင်း အလေးအနက်ထားပြောခဲ့သည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင်ပျှမ်းမျှတစ်နှစ်ဝင်ငွေသည် ဒေါ်လာ(၆၀၀)နှင့်(၈၀၀)ကြားတွင်သာရှိပြီး၊ လူဦးရေလေးပုံတစ်ပုံသည် ဆင်းရဲမွဲတေမှု အဆင့်တွင်ရှိနေသည်။ Transparency International ၏ ၂၀၁၁ ခုနှစ်အတွက် အဂတိလိုက်စားမှု ညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ၁၈၂နိုင်ငံအနက် အောက်ဆုံးမှစ၍ရေတွက်လျှင်တတိယနေရာတွင်ရှိနေကြောင်းသိရသည်။ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် စီးပွားရေး မူဝါဒတွင် တံခါးဖွင့်မှုများပြုလုပ်လာရာ ယခင်အစိုးရလက်ထက်က လျှို့ဝှက်ထားခဲ့သော ဘတ်ဂျက်ကို ယခုနှစ်တွင် လူသိရှင်ကြားဖြန့်ဝေခဲ့ခြင်းလည်း ပါဝင်သည်။

လှုပ်ရှားသောနိုင်ငံရေးသမားများ စိုးရိမ်နေသောအချက်တစ်ခုမှာ နိုင်ငံတကာအကူအညီ၊ ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်သော စီးပွား ရေးအရ အရေးယူမှုများ ဖြေလျော့ပေးခြင်းကြောင့် နိုင်ငံခြားရန်ပုံငွေ အများအပြားဝင်ရောက်လာပါက ပထမဦးဆုံး အကျိုးခံစားရသူများမှာ စစ်တပ်နှင့် ခရိုနီ များ ဖြစ်မည်ဆိုသောအချက်ဖြစ်သည်။

ကမ္ဘာ့ဘဏ်သည် ကြာသာပတေးနေ့က ဒေါ်လာသန်း(၈၀) တန်စီမံကိန်းတစ်ခုကိုအတည်ပြုခဲ့ရာ၊ နိုင်ငံတစ်ဝှမ်း (၁၅) မြို့နယ်ရှိ ရွာများသို့ ဒေါ်လာ(၂၅၀၀၀) စီ ခွင့်ပြုရန်ပါရှိသည်။ အဆိုပါရွာများမှ ကျေးရွာကောင်စီများသည် လမ်း၊ တံတား၊ ဆည်မြောင်း၊ ကျောင်း၊ ကျန်းမာရေး ဆေးပေးခန်း၊ ဈေး စသည်ဖြင့် မိမိတို့ အလိုရှိရာအကူအညီကိုတောင်းနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လက သမ္မတ Barack Obama ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးခြင်းကို ကန့်သတ်ထားခြင်းအား ဖယ်ရှားပေးခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment