Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၃.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာများအား နိုင်ငံသားခံယူခွင့်ပေးရန် မြန်မာအစိုးရစဉ်းစား

(The Telegraph မှ 1.Nov 2012 ရက်စွဲပါ “Burma Considers Citizenship for Rohingya Muslims”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မိတ်ဟောင်းဆွေဟောင်း ဦးသိန်းစိန်ကို သက်ဆင်တွေ့ဆုံမည်

(Bangkok Post မှ 3 Nov 2012 ရက်စွဲပါ “ Thaksin to meet ‘Pal’ Thein Sein” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာသမ္မတက ရင်းနှီးမြှုပ်နှံမှုဥပဒေအားအတည်ပြု

(2 Nov 2012 ရက်စွဲပါ BBC News မှ Burma: President approves Foreign investment bill ကိုဘာသာပြန်ဆိုသည်)

  1. ရမ်းဗြဲကျွန်းပေါ်တွင် လေဆိပ်ဆောက်မည်

(IANS NEWS မှ 1 Nov 2012 ရက်စွဲပါ “Myanmar to build Airport” သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာများအား နိုင်ငံသားခံယူခွင့်ပေးရန် မြန်မာအစိုးရစဉ်းစား

(The Telegraph မှ 1.Nov 2012 ရက်စွဲပါ “Burma Considers Citizenship for Rohingya Muslims”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရက ပြည်တွင်းရှိ နိုင်ငံမဲ့ရိုဟင်ဂျာများကို ဖိနှိပ်ထားကြောင်းဝန်ခံထားပြီး ဒေသခံရခိုင်နှင့် ရိုဟင်ဂျာတို့အကြားမှ ပဋိပက္ခကိုအဖြေ ရှာရန် ပထမအဆင့်အနေဖြင့် ရိုဟင်ဂျာအရေအတွက် ထောင်ဂဏန်းကို နိုင်ငံသားခံယူခွင့်ပေးရန် စဉ်းစားလျက်ရှိသည်။

ရခိုင်နှင့် ရိုဟင်ဂျာများအကြား လူ ၁၀၀ ခန့်အသက်ဆုံးရှုံး၍ အိမ်ခြေ ၄၀၀၀ ခန့်မီးလောင်ပျက်စီးကာ လူပေါင်း ၂၈၀၀၀ ခန့်အိုးမဲ့၊အိမ်မဲ့ဖြစ်ခဲ့ ရသည့် အကြမ်းဖက်အဓိကရုဏ်း ထပ်မံဖြစ်ပွားပြီးနောက်တွင် နှစ်ဖက်စလုံးပြေလည်မည့်နည်းလမ်းကို အစိုးရကစဉ်းစားရှာဖွေလာခြင်း ဖြစ်သည်။

ထိုအတောအတွင်း ခန့်မှန်းခြေရိုဟင်ဂျာဒုက္ခသည် ၁၃၀ ခန့်သည် မလေးရှားသို့သွားရန် ထွက်ခွာစဉ် ဘင်္ဂလားဒေ့ရှ်ကမ်းခြေ၌ စက်လှေနစ်မြှုပ်ကာ ပျောက်ဆုံးနေပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရိုဟင်ဂျာများကို တရားမဝင် ဝင်ရောက်သူများဟုသတ်မှတ်ကာ လက်ခံရန်ငြင်းဆန်ထားသည်။

အဓိကရုဏ်း၏ ပြင်းထန်မှုနှင့် ထွက်ပြေးတိမ်းရှောင်သူများ၏ ဒုက္ခအတိုင်းအတာကြီးမားမှုကြောင့် ရခိုင်ဒေသမှတိုက်ခိုက်မှုများ မရပ်ဆိုင်းလျှင် လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေလိမ့်မည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို ကြားဝင်သတိပေးခဲ့ရသည်။

The Hindu သတင်းစာနှင့် အင်တာဗျူးတွင် မြန်မာပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က သက်ဆိုင်ရာအုပ်စုအားလုံး အဆင်ပြေအောင် အစိုးရက ကြိုးစားလုပ်ဆောင်နေကြောင်းနှင့် ပြဿနာ၏အဓိကအကြောင်းအရင်းမှာ ရိုဟင်ဂျာမူဆလင်များ နိုင်ငံမဲ့နေခြင်းကြောင့်ဖြစ်ကြောင်း ဝန်ခံ ပြောကြားသွားသည်။

“ယခင်အပတ်ကဖြစ်ပွားခဲ့သော ပဋိပက္ခအတိုင်းအတာကို ဒေသခံရခိုင်များကလည်း မလိုလားကြကြောင်းနှင့် ယင်းပဋိပက္ခကို ထိန်းချုပ်နိုင်တော့ မည်ဟုယုံကြည်ကြောင်း ဆိုင်ရာအုပ်စုအားလုံး အဆင်ပြေစေမည့် အနေအထားကိုဖန်တီးနိုင်ရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ပိတ်ပင်ထားခြင်းကြောင့် ဆိုင်ရာအခွင့်အရေးများဆုံးရှုံးရခြင်းဖြစ်ကြောင်း” ဦးအောင်ကြည်က ဆက်လက်ပြောဆိုသွားပါသည်။

ယခင် အစိုးရအဆက်ဆက်၏ နိုင်ငံသားဖြစ်ခွင့်ပိတ်ပင်ခြင်းခံရသော တတိယမျိုးဆက် ရိုဟင်ဂျာထောင်ပေါင်းများစွာကို ယခုအခါ နိုင်ငံသား ဖြစ်ခွင့်ပေးရန် စဉ်းစားရတော့မည်ဟု လက်ရှိအစိုးရက နားလည်သိရှိနေပြီဖြစ်သည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှိနိုင်ငံမှ ဘင်္ဂါလီမွတ်ဆလင်များသည် လွန်ခဲ့သောနှစ်ပေါင်း ၆၈၀ ခန့်ကပင် ရှေးခတ်ရခိုင်ပြည်တွင် ဝင်ရောက် နေထိုင်ခဲ့ကြပြီး ဗြိတိသျှကိုလိုနီခေတ်တွင် ပိုမိုတိုးပွားလာကာ ဒေသခံရခိုင်များ၏မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။ နှစ်ဖက်အသိုင်းအဝိုင်းအကြား မကြာခဏပဋိပက္ခ ဖြစ်ပွားလေ့ရှိခဲ့သော်လည်း ယခုနှစ် မေလနှင့်ဇွန်လတွင် ရခိုင်မိန်းကလေးတစ်ဦးကို မွတ်ဆလင်သုံးဦးက အဓမ္မကျင့် သတ်ဖြတ်ခဲ့မှုမှ အစပြုကာ အဓိကရုဏ်းအသွင် ကြီးထွားပျံနှံ့သွားခဲ့ခြင်းဖြစ်သည်။

မြန်မာအစိုးရသည် တတိယမျိုးဆက် ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် စဉ်းစားနေပြီဖြစ်သော်လည်း တရားမဝင် ရွှေ့ပြောင်းနေထိုင် သူများဟု ဒေသခံရခိုင်များက သတ်မှတ်ထားသည့် ပထမနှင့် ဒုတိယမျိုးဆက်ရိုဟင်ဂျာ ထောင်ပေါင်းများစွာနှင့်ပတ်သက်၍ ဘာလုပ်ရမည်ကို ဆုံးဖြတ် နိုင်ခြင်းမရှိသေးပေဟု မြန်မာနိုင်ငံမှသံတမန်သတင်းရပ်ကွက်က ဆိုပါသည်။

ရိုဟင်ဂျာများအား တိုင်းရင်းသားမျိုးနွယ်အဖြစ် ထည့်သွင်းလက်ခံပေးရမလားဟု စဉ်းစားရတော့မည်ဖြစ်ကြောင်း အစိုးရက သိရှိနေပြီ ဖြစ်သော်လည်း ရခိုင်တို့၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် လုပ်ငန်းစဉ်နှေးကွေးလိမ့်မည်ဟု မျှော်လင့်ရသည်။

“လူပေါင်းများစွာဟာ နိုင်ငံသားနဲ့သက်ဆိုင်တဲ့ အခြေခံအခွင့်အရေးတွေ ပိတ်ပင်ခံထားရပါတယ်။ ဒီအချက်ဟာ တရားဥပဒေစိုးမိုးမှုကို အားနည်း သွားစေပါတယ်”ဟု သံတမန်တစ်ဦးက ပြောကြားပါသည်။

  *****************************************************************

မိတ်ဟောင်းဆွေဟောင်း ဦးသိန်းစိန်ကို သက်ဆင်တွေ့ဆုံမည်

(Bangkok Post မှ 3 Nov 2012 ရက်စွဲပါ “ Thaksin to meet ‘Pal’ Thein Sein” သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ၃ ရက်ကြာ မြန်မာခရီးစဉ်၏ တစိတ်တပိုင်းအဖြစ် ကြာသာပတေးနေ့တွင် နေပြည်တော်သို့သွားရောက်၍ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံလိမ့်မည်ဟု ၎င်း၏အနီးကပ်လက်ထောက်တစ်ဦးက ဆိုပါသည်။

စနေနေ့တွင်ပြီးဆုံးမည့် သက်ဆင်၏မြန်မာခရီးစဉ်ကို ၎င်း၏ဥပဒေအကြံပေး နိုပါဒွန်ပတ္တမာက မနေ့ကအတည်ပြု ပြောကြားသည်။

သောကြာနေ့တွင် ထိုင်းနယ်စပ် မယ်ဆိုင်နှင့်မျက်နှာချင်းဆိုင် တာချီလိတ်မြို့တွင် ထိုင်းအစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ထိုင်းနှင့်မြန်မာ လုပ်ငန်းရှင်များအား သက်ဆင်ကတွေ့ဆုံမည် ဖြစ်သည်။

တာချီလိတ်တွင် ရွှေတိဂုံပုံစံတူဘုရားကိုဖူးမျှော်မည့် သက်ဆင်သည် ယခုခရီးစဉ်တွေ့ဆုံမှုများတွင် စီးပွားရေးစာချုပ်များချုပ်ဆိုရန်မရှိဟု ၎င်းလက်ထောက်က ဆိုသည်။

“သက်ဆင်ရဲ့ခရီးစဉ်မှာ ဖုံးကွယ်ထားတဲ့အစီအစဉ်မရှိပါဘူး။ ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ သမ္မတဦးသိန်းစိန်ကို မိတ်ဟောင်း၊ ဆွေဟောင်းတစ်ဦး အနေနဲ့ တွေ့ဆုံခြင်းသာ ဖြစ်ပါတယ်”ဟု နိုပါဒွန်က ဆိုပါသည်။

ထိုင်းနယ်စပ်မှမယ်ဆိုင်သည် တာချီလိတ်ထက် ဟိုတယ်ခန်းများပိုမိုများပြားကာ ဈေးနှုန်းလည်းချိုသာသောကြောင့် သက်ဆင်နှင့်တွေ့ဆုံကြမည့် ရှပ်နီအုပ်စု ထောက်ခံသူများသည် သောကြာနေ့ညတွင် မယ်ဆိုင်၌ညအိပ်ကာ မနက်ခင်းတွင် တာချီလိတ်ဘက်သို့ ကူးလာကြမည်ဟု သိရှိရသည်။

သက်ဆင်၏ခရီးစဉ်သည် ထားဝယ်စီမံကိန်းရင်းနှီးမြှုပ်နှံမှုကိစ္စနှင့် ပတ်သက်နေသည်ဟူသောသတင်းများကို နိုပါဒွန်က ငြင်းဆိုသည်။ “ထားဝယ် စီမံကိန်းဟာ ထိုင်းနဲ့မြန်မာအစိုးရတွေကြားထဲက ကိစ္စတစ်ခုပါ”ဟု ၎င်းကပြောကြားသည်။

ဥပဒေအကြံပေး နိုပါဒွန်က“လတ်တလော အစိုးရအဖွဲ့ရာထူး အပြောင်းအလဲပြုလုပ်မှုတွင် ဝန်ကြီးနေရာဆုံးရှုံးသွားသော ဖြူထိုင်းလွှတ်တော် အမတ်များအား သက်ဆင်ကချော့မော့လိမ့်မည်ဟု မိမိမယုံကြည်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်းအား မည်သူကမှ ယင်းကိစ္စတင်ပြမည် မဟုတ်ကြောင်း” ရှင်းလင်း ပြောဆိုသည်။

တာချီလိတ်တွင် သက်ဆင်အား ရှပ်နီအုပ်စုများ လာရောက်တွေ့ဆုံမည့်အစီအစဉ်ကို မြန်မာအာဏာပိုင်များက  မီးစိမ်းပြထားသည်ဟုလည်း သိရှိ ရသည်။

ထိုင်းနိုင်ငံနှင့်အနီးဆုံးသို့ သက်ဆင်ရောက်လာခြင်းကို ထိုင်းအစိုးရစိတ်မသက်မသာ ဖြစ်နိုင်သလားဟူသောမေးခွန်းကို နိုပါဒွန်က ကန့်ကွက် ငြင်းဆိုသည်။ သက်ဆင်အား ဖမ်းဆီးရေးကိစ္စသည် အစိုးရနှင့်မဆိုင်သလို အင်တာပို၏တာဝန်လည်းမဟုတ်ဟု ၎င်းကပြောကြားသည်။ သက်ဆင်အား ဖမ်းဝရမ်းထုတ်ထားခြင်းသည် အာဏာသိမ်းသော အရှုပ်အထွေး၏အကျိုးဆက်တစ်ခုသာ ဖြစ်သောကြောင့် ယင်းဖမ်းဝရမ်းသည် ဥပဒေစိုးမိုးမှုကို အလိုအလျောက်ချိုးဖောက်ပြီး ဖြစ်နေသည်ဟု သက်ဆင်၏လက်ထောက် နိုပါဒွန်ပတ္တမာက ရှင်းလင်းပြောကြားသွားသည်။

                                                        *******************************************

မြန်မာသမ္မတက ရင်းနှီးမြှုပ်နှံမှုဥပဒေအားအတည်ပြု

(2 Nov 2012 ရက်စွဲပါ BBC News မှ Burma: President approves Foreign investment bill ကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတဦးသိန်းစိန်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် ရည်ရွယ်ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ဥပဒေအဖြစ် အတည်ပြုနိုင်ရန် လတ်မှတ်ရေးထိုးပေးလိုက်ပြီ ဖြစ်ပါသည်။

ဥပဒေအသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။ နိုင်ငံခြား ဦးပိုင်လုပ်ငန်းများတွင် ၅၀% ကန့်သတ်ထားခြင်းအား ပယ်ဖျက်ပေးခဲ့သည်ဟု သတင်းများက ဆိုပါသည်။

မူလဥပဒေကြမ်းသည် မြန်မာနိုင်ငံတွင် အဆက်အသွယ်ကောင်းသော စီးပွားရေးဦးဆောင်သူများအား မျက်နှာသာပေးထားသည်ဟု ဝေဖန်ခဲ့ကြ ပါသည်။

တချိန်တည်းမှာပင် ဥရောပကော်မရှင်ဥက္ကဠ Jose Manuel Barroso သည် မြန်မာနိုင်ငံသို့ရောက်ရှိလာရန် ရှိပါသည်။ ၎င်းသည် နေပြည်တော်သို့ သောကြာနေ့နှောင်းပိုင်းတွင် ရောက်ရှိလာရန် ရှိပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်နောက်ခံပြုသောအစိုးရသည် နိုင်ငံရေးအရဖိနှိပ်မှုများကို ဖြေလျှော့ပေးခဲ့ချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းမှနိုင်ငံစုံသည် မြန်မာနိုင်ငံပေါ် စိတ်ဝင်စားခဲ့ကြပါသည်။

“ရင်းနှီးမြှုပ်နှံမယ့်သူတွေက ဥပဒေထွက်လာဖို့ကို စောင့်နေကြတာပါ။ ဒါကြောင့် သမ္မတကြီးက အမြန်ဆုံးလက်မှတ် ရေးထိုးခဲ့တာပါ”ဟု သမ္မတ ဦးသိန်းစိန်၏ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်ဦးဇော်ဌေးက AFP သတင်းဌာနသို့ ပြောခဲ့ပါသည်။

၎င်းကပြောကြားရာတွင် သမ္မတကြီးသည် တနလာင်္နေ့၌ လာအိုတွင်ကျင်းပမည့် အာရှနှင့်ဥရောပခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး မတိုင်မီ ဥပဒေကိုအတည်ပြုလိုသည်ဟု ဆိုပါသည်။

ဥပဒေသစ်သည် သမ္မတကြီးတောင်းဆိုသော ပို၍လုပ်သာကိုင်သာဖြစ်စေမှုနှင့် ကိုက်ညီကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအချိုးကို နိုင်ငံခြားနှင့်ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများအား ဆုံးဖြတ်ခွင့်ပေးထားကြောင်း သတင်းများကဆိုပါသည်။

ယခု ဥပဒေသတင်းမှာ ကမ္ဘာ့ဘဏ်က(၂၅) နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ချေးငွေပေးရန်စီစဉ်နေပုံနှင့် ဒေါ်လာသန်း ၈၀(ပေါင် သန်း ၅၀) ခွင့်ပြုကြောင်း အတည်ပြုသည့် သတင်းကြေညာအပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

                ပြီးခဲ့သည့်လက အမေရိကန်သည် မြန်မာနိုင်ငံအပေါ် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများကငွေချေးခြင်းကို ကန့်သတ်ထားခြင်းအား ရုတ်သိမ်း ပေးခဲ့ပါသည်။

                                                    ********************************************************

ရမ်းဗြဲကျွန်းပေါ်တွင် လေဆိပ်ဆောက်မည်

(IANS NEWS မှ 1 Nov 2012 ရက်စွဲပါ “Myanmar to build Airport” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် ရခိုင်ပြည်နယ်တွင် လေဆိပ်တစ်ခု တည်ဆောက်ရန်စဉ်းစားနေကြောင်း ကြာသာပတေးနေ့ သတင်းများကဆိုပါသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုံစီမံကိန်း၏ အစီအစဉ်တစ်ရပ်အဖြစ် မြန်မာအစိုးရက ရမ်းဗြဲကျွန်းပေါ်တွင် လေဆိပ်တည်ဆောက်လိုခြင်း ဖြစ်သည်ဟု Xinhna သတင်းက ဖော်ပြသည်။

ယင်းစီမံကိန်းကို ဂျပန်ကုမ္ပဏီ Nippon Koei ကဆောင်ရွက်မည်ဖြစ်ပြီး မကြာသေးမီက ရန်ကုန်မြို့တွင် ကနဦးတိုင်ပင်ညှိနှိုင်းမှုအစည်းအဝေး ကျင်းပခဲ့သည်ဟု 7 Days News ကသတင်းထုတ်ပြန်သည်။

ကျောက်ဖြူမြို့သည် ရမ်းဗြဲကျွန်း အနောက်မြောက်ထောင့်တွင်တည်ရှိပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုံ၊ မြန်မာ-တရုတ်ရေနံဓါတ်ငွေ့ အမြွှာပိုက်လိုင်းစသော စီမံကိန်းများ၏အချက်အချာနေရာ ဖြစ်သည်။

ပြီးခဲ့သော ရက်များအတွင်းက ကျောက်ဖြူမြို့သို့ ရခိုင်-ရိုဟင်ဂျာအဓိကရုဏ်း ကူးစက်ပြန့်နှံ့ကာ အိမ်ခြေပေါင်းများစွာ မီးလောင်ပျက်စီး သွားခဲ့သည်။

                        ******************************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment