Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၆.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ဦးဌေးဦးက စိုက်စရိတ်ချေးငွေပေးရေး စာရင်းကောက်ရာတွင် အချို့တောင်သူများ၏ အမည်စာရင်းအား ချန်လှပ်
  2. ဗပာိုဘဏ်အား သီးခြားလွတ်လပ်ခွင့်မပေးမီ သမ္မတထိန်းချုပ်မည်
  3. ဗပာိုဘဏ်အား သီးခြားလွတ်လပ်ခွင့်မပေးမီ သမ္မတထိန်းချုပ်မည်

နိုင်ငံရေးသတင်း

  1. လွှတ်တော်ကော်မတီနှင့် ကော်မရှင်များ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်မည်
  2. ပြည်သူများ လွှတ်တော်အားမကိုးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

 ဦးဌေးဦးက စိုက်စရိတ်ချေးငွေပေးရေး စာရင်းကောက်ရာတွင် အချို့တောင်သူများ၏ အမည်စာရင်းအား ချန်လှပ်

ပာင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးမှ ပာင်္သာတမြို့နယ် သက္ကယ်ပြင်ကျေးရွာမှ တောင်သူများအား စိုက်စရိတ် ချေးငွေပေးရန် အမည်စာရင်းကောက်ခံရာတွင် တောင်သူအချို့၏အမည်စာရင်းကို ချန်လှပ်ထားခဲ့ကြောင်း သိရသည်။

ယခင်နှစ်များ၌ ဦးဌေးဦးမှ တောင်သူများအား စိုက်စရိတ်ချေးငွေထုတ်ပေးရာတွင် အတိုးနှုန်းသုံးကျပ်ဖြင့် တစ်ဧကလျှင် ကျပ်နှစ်သောင်းအထိ ထုတ်ချေးခဲ့သော်လည်း အောက်ခြေဝန်ထမ်းများ၏ မသမာမှုများကြောင့် တောင်သူများမှာ ငွေကျပ် ၆၀၀၀ ခန့်သာရရှိခဲ့ရသည်။

“ကျွန်တော်တို့ ဒီနှစ်မှာတော့ အမည်စာရင်းပေးခွင့်တောင်မရှိတော့ပါဘူး။ အရင်တုန်းကရခဲ့တာမှန်ပေမယ့် ဒီနှဏ်ကျတော့ အမည်ချန်ထား ခံရတယ်။ ပြီးတော့ ဆန်ကိုအပြင်ထုတ်ရောင်းရင်လည်း ပွဲစားတစ်ချို့ကြောင့် ကျွန်တော်တို့ဆုံးရှုံးရတာတွေ အရမ်းများပါတယ်။ ဆန်စပါးလုပ်ငန်းအသင်း ကတော့ မကြာခင်မှာ ဆန်စပါးမူဝါဒရေးဆွဲမယ်လို့တော့ပြောပါတယ်”ပာု တောင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ တောင်သူများဘဝအဆင်ပြေချောမွေ့နိုင်စေရန် မကြာမီကာလအတွင်း ဆန်စပါးမူဝါဒများကို ရေးဆွဲသွားမည်ဖြစ်ပြီး ယင်းဆန်စပါးမူဝါဒများတွင် ဆန်စပါးအထွက်နှုန်းတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးထွက်ရှိသည့် ဆန်စပါးများအား ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်ရန် စသည့်ကိစ္စရပ်များကို ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။        

YC

-----------------------------------------------------------------------------------------------------------------

ဗပာိုဘဏ်အား သီးခြားလွတ်လပ်ခွင့်မပေးမီ သမ္မတထိန်းချုပ်မည်

မြန်မာနိုင်ငံတော်ဗပာိုဘဏ်အား သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းအဖြစ် ခွင့်မပြုမီကာလအတွင်း နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ထားရှိမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ ဗပာိုဘဏ်အားနိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ထိန်းချုပ်အောက်တွင်ထားရှိရခြင်းမှာ ဗပာိုဘဏ်အနေဖြင့် ငွေကြေးပေါ်လစီနှင့် ဘဏ္ဍာရေး Process များကို ခွဲခွဲခြားခြားလုပ်ကိုင်နိုင်ရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ဘဏ္ဍာရေးမူဝါဒများကို အစိုးရမှတာဝန်ယူ၍ ငွေကြေးမူဝါဒများကို ဗပာိုဘဏ်မှ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗပိာုဘဏ်အား သီးခြားလွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏ထိန်းချုပ်မှုအောက်တွင် ပြောင်းလဲဖွဲ့စည်းလိုကြောင်းနှင့် ပြည်ထောင်စုအဆင့်ဥက္ကဋ္ဌတစ်ဦးနှင့်ဒုဥက္ကဋ္ဌနှစ်ဦးတို့ကိုခန့်ထားနိုင်ရန် ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေး စေလိုကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

                              YC

-----------------------------------------------------------------------------------------------------------------

မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရပ်ဆိုင်းရေး သဘောထားကြေညာချက်ထုတ်ပြန်

လက်ရှိမြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရပ်ဆိုင်းရေးအတွက် မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC)က အောက်တိုဘာလက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် ပွင့်လင်းမြင်သာမှုနည်းပါးသည့်အပြင် ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုများမှာ ပြည်ပလုပ်ငန်းရှင်ကြီးများ၏ လက်ဝယ်တွင်ရှိနေသည့်အတွက် ယင်းစီမံကိန်းများ၏ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုများကို မိမိနိုင်ငံအစိုးရနှင့်ပြည်သူများ၏ လက်ဝယ်တွင် ပြန်လည်ထားရှိရန်ဖော်ပြထားသည်။ ထို့ပြင် ပိုက်လိုင်းဖြတ်သန်းရာဒေသအချို့တွင်လည်း ပြဿနာများပေါ်ပေါက်ခဲ့ရသည့်အတွက် မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို ရပ်တန့်ထားစေလိုကြောင်း ဖော်ပြပါရှိသည်။

မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီအနေဖြင့်လည်း ပိုက်လိုင်းစီမံကိန်းရပ်တန့်ရေးအတွက် ဒေသခံများ၏သဘောထားမှတ်ချက် လက်မှတ်များကို ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို တရုတ်အမျိုးသားလောင်စာဆီကော်ပိုရေးရှင်း(China National Petroleum Corporation)နှင့် မြန်မာ့ဓာတ်ငွေ့နှင့် ရေနံလုပ်ငန်းတို့မှ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

YC

***************************************

နိုင်ငံရေးသတင်း

လွှတ်တော်ကော်မတီနှင့် ကော်မရှင်များ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်မည်

ပြည်ထောင်စုလွှတ်တော်တွင်ဖွဲ့စည်းထားသည့် ကော်မတီနှင့်ကော်မရှင်များမှ ပြည်ထောင်စုအဆင့်ရှိပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ လွှတ်တော်ရှိကော်မတီ၊ ကော်မရှင်များမှ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ကော်မတီ များနှင့် ကော်မရှင်များ၏ တာဝန်များလုပ်ကိုင်ဆောင်ရွက်ရာတွင် ထိရောက်မြန်ဆန်လာနိုင်မည်ဖြစ်သည်။

လွှတ်တော်များအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ဖြစ်စေ၊ အခြေခံဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့်ဖြစ်စေ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်သည့်အတွက် သဘောတူအတည်ပြုကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင်ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------

ပြည်သူများ လွှတ်တော်အားမကိုးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပြောကြား

မြန်မာနိုင်ငံရှိပြည်သူများအနေဖြင့်လွှတ်တော်အား အားကိုးခြင်းမပြုရန် ချင်းအမျိုးသားပါတီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးဇမ်ကျင်းပေါ်(ခ) ဦးဇိုဇမ်းက အောက်တိုဘာလနောက်ဆုံးပတ်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းမြို့မ၊ ပရိယတ္တိစာသင်တိုက်၌ပြုလုပ်ကျင်းပခဲ့သည့် ပညာရေး ဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“တိုင်းရင်းသားရေးရာကော်မတီတစ်ခုမှာ ကျွန်တော်ကဥက္ကဋ္ဌရာထူးယူထားပါတယ်။ ပထမဦးဆုံး ကျွန်တော်ဝန်ခံချင်တာက လွှတ်တော်ထဲ ရောက်တဲ့ပုဂ္ဂိုလ်တွေ ကျွန်တော်အပါအဝင်မတော်မတည့်တဲ့နေရာကိုရောက်သွားတာပဲ။ ကျွန်တော်ရှင်းရှင်းလေး ဝန်ခံချင်တယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကို လုံးဝအားမကိုးကြပါနဲ့လို့ မြန်မာတစ်ပြည်လုံးကို ပြောချင်တယ်”ပာု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် လွှတ်တော်တွင်း၌လွှတ်တော်ကိုယ်စားလှယ်များအတွက်သုံးစွဲနေကြသည့် စရိတ်စုစုပေါင်းမှာတစ်နှစ်လျှင် သိန်း ၆၀၀ ခန့် ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များသည်ပာန်ပြထိုင်နေကြခြင်းသာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးဇိုဇမ်းက ပြောကြားသည်။

“ဥပဒေတစ်ခုခုပြုတော့မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေကပိာုကထအော်၊ ဒီကထအော်နဲ့။ ကိုယ့်ရဲ့ရွာမှာ၊ ကိုယ့်ရဲ့လမ်းမှာ၊ လမ်း ဖောက်ဖို့ကိစ္စ လွှတ်တော်ထဲမှာပြောရမယ့်ကိစ္စမှမပာုတ်တာ။ လွှတ်တော်ဆိုတာ အစီအစဉ်ရှိမရှိဆိုတာမေးဖို့ မပာုတ်ဘူး။ ဒါလုပ်ပါလို့ ပြောရမယ့်ပာာ၊ အစိုးရကိုခိုင်းရမဲ့ပာာ။ အခုမှအစိုးရကို သံတော်ဦးတင်ပြီးတော့ ကျွန်တော်တို့ရပ်ကွက်မှာမီးရရှိဖို့အစီအစဉ်ရှိမရှိသိပါရစေ။ ပာိုကလည်းရှိတယ်။ ပိုက်ဆံ ရှိရင်လုပ်ပေးမယ် လို့ပဲ ပြန်ဖြေတယ်”ပာု ဦးဇိုဇမ်းက ပြောကြားသည်။

ပထမအကြိမ် ပဉ္စမလွှတ်တော်ပုံမှန်အစည်းအဝေးများကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။

YC

 

  ***************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ကမ္ဘာ့ဘဏ်အနေနဲ့အာရုံစူးစိုက်ထားတဲ့နေရာကတော့ မြန်မာနိုင်ငံအစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာအဓိကထောက်ပံ့အားပေးဖို့၊ နိုင်ငံသားတွေ အတွက် ပိုပြီးတော့အခွင့်အရေးပေးနိုင်ဖို့ ပြုပြင်ပြောင်းလဲတဲ့နေရမှာ ပိုပြီးတော့ယုံကြည်မှုရှိလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ နောက်လာမယ့်လမ်းကြောင်းတွေမှာ ရှင်းလင်းပြတ်သားတဲ့လမ်းကြောင်းတစ်ခု ချမှတ်ပေးဖို့ ရည်ရွယ်တယ်။"

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် မဇ္စိုမဂျာနယ်အတွဲ ၁ အမှတ် ၇ ရက်နေ့ထုတ်တွင်ပါသော "ကမ္ဘာ့ဘဏ်က မြန်မာကို ဒေါ်လာ ၂၄၅ သန်းချေးရန် အတည်ပြု" သတင်းမှ ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ၏ ဌာနကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ကင်သန်ရှန်ကာ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------

"ကျွန်တော်က နည်းဥပဒေကို ဦးစားပေးပြင်ဖို့လိုအပ်ပါတယ်။ အလုပ်ပေါ်မှာမူတည်တယ်။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဖွဲ့ရင် အဖွဲ့ဝင်တွေကို လွှတ်တော်ကသဘောတူမှခန့်အပ်ဖို့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်များကို လွှတ်တော်ကကြီးကြပ်ဖို့ နောက်တစ်ခုက ဥပဒေ၊ နည်းဥပဒေတွေကို အင်္ဂလိပ် ဘာသာနဲ့ တရားဝင်ပြန်ရမယ်။ နိုင်ငံခြားသားက ဗမာလိုဘယ်တတ်မလဲ။ အရင်အစိုးရလက်ထက်က စက်ရုံတွေ၊ စက်မှုဇုန်တွေဥပဒေကို လိုက်နာ ဖို့လိုတယ်။"

နိုဝင်ဘာလထုတ် (၈) ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ်(၂၅) တွင် ပါရှိသော "နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရန် လွှတ်တော်၏ အတည်ပြုရရန် လိုကြောင်း ကိုယ်စားလှယ်များပြောကြား" သတင်းမှ ဦးဝင်းထိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

"ဒီပြဿနာကြီးကိုဖြေရှင်းဖို့ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တာဝန်ရှိပါတယ်။ အားနည်းနေတဲ့ ဥပဒေကြီးကို ဝင်ရောက်ဖြေရှင်း ပေးသင့်ပါတယ်။"

နိုဝင်ဘာလထုတ် (၈) ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၂၅) တွင် ပါရှိသော "ရခိုင်ပြည်နယ် ပိဋိပက္ခအရေးတွင် ဥပဒေအကျိုးသက်ရောက်မှုအားနည်းဟုဝေဖန်" သတင်းမှ အမျိုးသားလူ့အခွင့်အရေးပါတီဥက္က ဦးကျော်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

********************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment