Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၅.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. သက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့

(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “Rumours swirl of plot to kill thaksin”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဦးသိန်းစိန်မလာခင် ယင်လပ်နှင့်ဝန်ကြီးများ အသင့်ပြင်ဆင်

(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “PM readies ministers for Thein Sein visit”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာပုဂ္ဂလိကဘဏ်များ Vise နှင့်သဘောတူလက်မှတ်ထိုး

(Associated Press မှ 3 Nov 2012 ရက်စွဲပါ “Myanmar banks sign with Visa”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဥရောပကော်မရှင်က မြန်မာနိုင်ငံအား ဒေါ်လာ သန်း ၁၀၀ ကူညီရန်ကမ်းလှမ်း

(UPI News မှ 3 Nov 2012 ရက်စွဲပါ “EC Offers Myanmar $100 million in aid”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ထိုင်းစစ်တပ်က မြန်မာနယ်စပ်တွင်လက်နက်များဖမ်းမိ

(5 Nov 2012 ရက်စွဲပါ Gulf Times မှ Thai Army seizes large eache of weapons ကိုဘာသာပြန်ဆိုသည်)

*****************************************************

ဘာသာပြန်သတင်းများ

သက်ဆင်အား လုပ်ကြံရန် ကြံစည်နေကြောင်း ကောလပာလများပြန့်နှံ့

(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “Rumours swirl of plot to kill thaksin”သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်အား လုပ်ကြံသတ်ဖြတ်လိမ့်မည်ပာူသော ကောလပာလများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသော ထိုင်း ကာကွယ်ရေးဝန်ကြီးဆူခွန်ပေါဆူဝမ်နာတက်က ယခုသီတင်းပတ်ခရီးစဉ်တွင် ဝန်ကြီးချုပ်ပောာင်းသက်ဆင်အား မြန်မာအစိုးရက ကာကွယ်စောင့်ရှောက် နိုင်လိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း ပြောကြားလိုက်သည်။

သက်ဆင်သည် ၃ ရက်ကြာမည့် မြန်မာခရီးစဉ်အတွင်း ကြာသပတေးနေ့တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ပောာင်းသည် သောကြာနေ့တွင် ချင်းဇိုင်ခရိုင်၊ မယ်ဆိုင်နှင့် မျက်နှာချင်းဆိုင် မြန်မာနယ်စပ်တာချီလိတ်မြို့တွင် ထိုင်းအစိုးရ အဖွဲ့ဝင်များ၊ ဖြူထိုင်းပါတီဝင်အမတ်များ၊ ထိုင်း-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံမည်ပာု မျှော်လင့်ရသည်။

တာချီလိတ်သို့ သက်ဆင်ရောက်ရှိစဉ်လုပ်ကြံရန် ကြံစည်မှုရှိသည်ပာု ကောလပာလများ ပြန့်နှံ့နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဆူခွန်ပေါက မြန်မာအာဏာပိုင်များက ကောင်းစွာကာကွယ်နိုင်မည်ပာု ယုံကြည်ကြောင်းပြောကြားသည်။

သက်ဆင်သည် မယ်ဆိုင်နှင့်မျက်နှာချင်းဆိုင်ဖက်ခြမ်းရှိ နယ်စပ်နှင့်အတော်အတန်ဝေးသောပာိုတယ်တွင် တည်းခိုမည်ဖြစ်၍ ၎င်းအားကာကွယ် ပေးရန် ခက်ခဲလိမ့်မည်ပာု ဆူခွန်ပေါကဆိုသည်။

လတ်တလောတွင် ဒေသခံတိုင်းရင်းသားများနှင့်နယ်ခံမူးယစ်ဆေးဝါးဂိုဏ်းအကြား ပဋိပက္ခဖြစ်ပွားထားသောကြောင့်တာချီလိတ်သို့ သက်ဆင် လာရောက်ရန် မသေချာသေးပာုလည်း နယ်စပ်လုံခြုံရေးကဆိုသည်။

တာချီလိတ်သို့သက်ဆင်သွားဖြစ်လျှင်တည်းခိုနေထိုင်မည့် ရက်ရီးနားပာိုတယ်နှင့်ဂေါက်ကလပ်အနီးရှိ အိမ်တစ်အိမ်ကို မြန်မာအာဏာပိုင်များ က သောကြာနေ့တွင် စီးနင်းရှာဖွေခဲ့ကြသေးသည်။

၎င်းစီးနင်းရှာဖွေမှုတွင် အာပီဂျီလောင်ချာထိပ်ဖူး ၃ ခု၊ ယမ်းမှုန့်များနှင့် M-16 ကျည်ဆံများကိုသိမ်းဆည်းရမိသော်လည်း နယ်စပ်လက်နက် မှောင်ခိုဂိုဏ်းဖြိုခွဲမှုနောက်ဆက်တွဲ ဖမ်းဆီးခြင်းသားဖြစ်ပြီး သက်ဆင်၏ခရီးစဉ်နှင့် ဆက်စပ်မှုမရှိပာု မြန်မာရဲတပ်ဖွဲ့က ပြောကြားထားသည်။

သို့သော် ယင်းလက်နက်များသည် စနေနေ့တွင် တာချီလိတ် ရွှေတိဂုံပုံစံတူဘုရား၌ သက်ဆင်နှင့်ရှပ်နီအုပ်စုများ ဘုရားဝတ်ပြု ဆုတောင်းပွဲပြုလုပ်စဉ်တိုက်ခိုက်ရန်ဖြစ်သည်။ နယ်စပ်လုံခြုံရေးအသိုင်းအဝိုင်းထံမှသတင်းရရှိကြောင်း သက်ဆင်၏သား ပန်သောင်တေးရှင်နာဝပ်ထရာ က ၎င်း၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။

“လုပ်ကြံမည့်အစီအစဉ်နောက်ကွယ်တွင် ထိုင်းအုပ်စုတစ်စုရှိနေကြာင်း၊ ယခုတစ်ကြိမ်သည် သက်ဆင်အားလုပ်ကြံရန် ၅ ကြိမ်မြောက် ကြံစည် မှုဖြစ်ကြောင်း၊ ယခုကိစ္စတွင် ၎င်းအုပ်စုပင် ပတ်သက်နေကြောင်း”ပန်သောင်တေူရှင်နာဝပ်ထရာက ပြောကြားသည်။

တာချီလိတ်သို့သက်ဆင်ရောက်လာပါက ၎င်းအားထောက်ခံသူ ၁၀,၀၀၀ ခန့်လာရောက်တွေ့ဆုံလိမ့်မည်ပာု မျှော်လင့်ရကြောင်း ဖြူထိုင်း လွှတ်တော်အမတ် ဆူရာဆစ်က ပြောကြားသည်။

သက်ဆင်အားတွေ့ဆုံကြမည့် ရှပ်နီအုပ်စုဝင် ၅၀၀၀ ခန့်သည် မယ်ဆိုင်မှ တာချီလိတ်သို့ ဘတ်စ်ကား အစီး ၁၀၀ ခန့်ဖြင့် သောကြာနေ့တွင် ထွက်ခွာကြမည်ပာု သိရှိရသည်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ပောာင်းအဘီဆစ်က ထိုင်းအစိုးရနှင့်ရဲတပ်ဖွဲ့အား သက်ဆင်ကိုဖမ်း၍ ရုံးတင်စစ်ဆေးရန် မနေ့က တောင်းဆိုလိုက်သည်။

ထိုင်းဝန်ကြီးချုပ်နှင့် သူမ၏လက်ထောက်ချာလမ်ယူဘန်ရွန်(ရဲတပ်ဖွဲ့ကိုကြီးကြပ်ရသူ)တို့သည် သက်ဆင်အား ဖမ်းဆီးကြရန်ပျက်ကွက်ပါက ဝတ္တရားပျက်ကွက်မှုဖြင့် တရားစွဲခံရနိုင်သည်ပာု အဘီဆစ်က အကွက်ချောင်းတိုက်ခိုက်လိုက်သည်။

သက်ဆင်သည် ၂၀၀၆ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းပြီး ၎င်းအားမျက်ကွယ်ထောင်ဒဏ်မချမှတ်မီ ထိုင်းနိုင်ငံမှတိမ်းရှောင် သွားခဲ့ခြင်း ဖြစ်သည်။

--------------------------------------------------------------------------------------------

ဦးသိန်းစိန်မလာခင် ယင်လပ်နှင့်ဝန်ကြီးများ အသင့်ပြင်ဆင်

(Bangkok Post မှ 5 Nov 2012 ရက်စွဲပါ “PM readies ministers for Thein Sein visit”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာသည် ယခုသီတင်းပတ်ကျင်းပမည့် ထိုင်း-မြန်မာ ပူးတွဲညှိနှိုင်းရေးကော်မတီအစည်းအဝေးအတွက် ထားဝယ်စီမံကိန်းကိစ္စ ကြိုတင်ပြင်ဆင်နေသည့် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် မနက်ဖြန်တွေ့ဆုံမည်ဖြစ်သည်။

ထိုင်းနိုင်ငံသို့ဗုဒ္ဓပာူးနေ့တွင် မြန်မာသမ္မတဦးသိန်းစိန်လာရောက်ရန်စီစဉ်ထားရာ၊ ထိုနေ့တွင်ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ပူးတွဲကော်မတီ နှစ်ရက်ကြာဆွေးနွေးပွဲကို စတင်မည်ဖြစ်သည်။

အဓိကကိစ္စရပ် ၃ ခုကိုဆွေးနွေးကြမည်ပာုမျှော်လင့်ရသောအစည်းအဝေးအတွက် ပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်နှင့်နိုင်ငံခြားရေး ဝန်ကြီးဌာနများမှဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဝန်ကြီးချုပ်တို့တွေ့ဆုံ၍ ကြိုတင်ပြင်ဆင်ရမည်ပာု အစိုးရအဖွဲ့လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ချာလီထရက်ချောင်ဒရူဘီဆာက ပြောကြားသည်။

အဆိုပါကိစ္စရပ်များမှာ ထားဝယ်တွင်ရေနက်ဆိပ်ကမ်းတည်ဆောက်ခြင်း၊ ဆိပ်ကမ်းမှ နယ်စပ်သို့ ၁၃၂ ကီလိုမီတာ အရှည်ကားလမ်းဖောက်ခြင်း၊ ထားဝယ်စီမံကိန်းဧရိယာအတွင်း ၃၃ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားဖြန့်ဖြူးမည့်ကွန်ယက်တည်ဆောက်ခြင်းတို့ပါဝင်သည်။

မစ်စ်ယင်လပ်နှင့် ဦးသိန်းစိန်တို့သည် ယခုအစည်းအဝေးရလဒ်များကို နိုဝင်ဘာ ၁၇.၂၀ တွင် ကမ္ဘောဒီးယား၌ကျင်းပမည့် အာဆီယံထိပ်သီး ညီလာခံတွင် အပြီးသတ်အတည်ပြုကာ ထားဝယ်စီမံကိန်းကိုထောက်ခံအားပေးကြောင်းပူးတွဲကြေညာချက်တရားဝင်ထုတ်ပြန်ကြလိမ့်မည်ပာု မျှော်လင့် ရသည်။

မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေးရန်ပုံငွေပေးရန် ကမ်းလှမ်းသူ ဥရောပကော်မရှင်အကြီးအကဲဂျို့စ်မန်နူရယ်ဘာရိုဆိုသည် စနေနေ့က ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ဆက်လက်ထွက်ခွာကာ ဝန်ကြီးချုပ်ယင်လပ်နှင့် မနေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

၎င်းတို့နှစ်ဦးသည် ထိုင်းနှင့်အီးယူအကြား ကာလရှည်သံတမန်ဆက်ဆံရေးကိစ္စများမှသည် ၂၀၁၅ အာဆီယံစီးပွားရေးဇုံ ပေါင်းစည်းချိန်တွင် ပေါ်လာမည့် ဒေသတွင်းစီးပွားရေးအခွင့်အလမ်းသစ်များအထိ ကျယ်ပြန့်သောကိစ္စပေါင်းစုံကို ဆွေးနွေးခဲ့ကြသည်။

ယင်လပ်က ထိုင်းနိုင်ငံသည်အာဆီယံပေါင်းစည်းဈေးကွက်၏ ဂိတ်ပေါက်အဖြစ် အဆင်သင့်ပြင်ထားကြောင်းနှင့် အီးယူ၏ကုန်ထုတ်လုပ်မှု လုပ်ငန်းများလာရောက် အခြေစိုက်နိုင်ကြောင်း ဘာရိုဆိုအား ပြောခဲ့သည်ပာု အစည်းအဝေးအပြီးတွင် သတင်းထောက်များကိုပြောကြားသည်။

ထို့အပြင် ယင်လပ်နှင့် ဘာရိုဆိုတို့သည် လူကုန်ကူးမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ငွေကြေးခဝါချမှုပြဿနာများကို ကိုင်တွယ်မည့် စီမံချက်များတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ကြိုးစားကြရန် သဘောတူခဲ့ကြသည်ပာုဆိုသည်။

ခေါင်းဆောင်နှစ်ဦးသည် လာအိုနိုင်ငံ၊ဗီယင်ကျန်းတွင် ယနေ့နှင့်မနက်ဖြန်နှစ်ရက်ကျင်းပမည့် ၉ ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးညီလာခံ ၌လည်းထပ်မံတွေ့ဆုံကြရန်စီစဉ်ထားသည်။  

--------------------------------------------------------------------------------------------

မြန်မာပုဂ္ဂလိကဘဏ်များ Visa နှင့်သဘောတူလက်မှတ်ထိုး

(Associated Press မှ 3 Nov 2012 ရက်စွဲပါ “Myanmar banks sign with Visa”သတင်းကိုဘာသာပြန်ဆိုသည်)

နိုင်ငံတကာခရီးသွားဧည့်သည်များ ဇန်နဝါရီလမှစ၍ခရက်ဒစ်ကဒ်အသုံးပြုနိုင်ရန်နှင့် ATM စက်များမှ ငွေထုတ်ယူနိုင်ရန်အတွက် Visa ကုမ္ပဏီနှင့် မြန်မာပုဂ္ဂလိကဘဏ် ၃ ခုတို့သဘောတူညီချက်များ လက်မှတ်ရေးထိုးလိုက်ကြပြီပာု မြန်မာတာဝန်ရှိသူများက ပြောကြားသည်။

မြန်မာနိုင်ငံတွင်တန်ခိုးထွားခဲ့သော တပ်မတော်အစိုးရပောာင်းကို အမေရိကန်ပြည်ထောင်စုနှင့်အီးယူတို့က ဘဏ္ဍာရေးပိတ်ဆို့မှုများချမှတ် အရေးယူထားခဲ့ခြင်းကြောင့် ယင်းနိုင်ငံရောက်နိုင်ငံခြားခရီးသွားဧည့်သည်များမှာ လတ်တလောအချိန်ထိအောင်ခရက်ဒစ်ကဒ်များ သုံးစွဲနိုင်ခြင်းမရှိခဲ့ကြ ပေ။

အဆိုပါအရေးယူဒဏ်ခတ်မှုများကို ယခုနှစ်အစောပိုင်းတွင်စတင်ရုတ်သိမ်းခဲ့ပြီးနောက်ပိုင်း အချို့နေရာများတွင်ခရက်ဒစ်ကဒ်များကို စတင် လက်ခံသုံးစွဲနေကြပြီဖြစ်သည်။

ကမ္ဘောဇဘဏ်နှင့်အတူ စီတီဘဏ်၊ မြန်မာအရှေ့ပိုင်းဘဏ်တို့လည်း Visa နှင့် သဘောတူညီမှုရရှိခဲ့ကြသည်ပာု ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကပြောကြားသည်။

ယခု သဘောတူညီချက်သည် အထူးသဖြင့် တိုးရစ်ခရီးသွားလုပ်ငန်းနယ်ပယ်ကို မြှင့်တင်ပေးနိုင်မည့် မှတ်တိုင်တစ်ခုဖြစ်သည်ပာု ဦးသန်းလွင်က သုံးသပ်ပြောကြားသည်။

                                       --------------------------------------------------------------------------------------------

ဥရောပကော်မရှင်က မြန်မာနိုင်ငံအား ဒေါ်လာ သန်း ၁၀၀ ကူညီရန်ကမ်းလှမ်း

(UPI News မှ 3 Nov 2012 ရက်စွဲပါ “EC Offers Myanmar $100 million in aid”သတင်းကို ဘာသာပြန်ဆိုသည်)

အနောက်အုပ်စုအစိုးရများက တပ်မတော်အစိုးရပောာင်းအပေါ် ဒဏ်ခတ်ချမှတ်ထားခဲ့သော Sanctions များအဆုံးသတ်နေပြီဖြစ်သောကြောင့် မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေးရန်ပုံငွေဒေါ်လာ သန်း ၁၀၀ ပေးအပ်မည်ပာု ဥရောပကော်မရှင်အကြီးအကဲက ကမ်းလှမ်းလိုက်ပါသည်။

မြန်မာအစိုးရရုံးစိုက်ရာ နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်စဉ် ၎င်းစီးပွားရေးဖွံ့ဖြိုးရေး ရန်ပုံငွေအစီအစဉ်ကို ဥရောပကော်မရှင်အကြီးအကဲ ဂျို့စ်မန်နူရယ်ဘာရိုဆိုက ထုတ်ဖော်ကြေညာခြင်းဖြစ်ကြောင်း BBC က စနေနေ့တွင် သတင်းထုတ်ပြန်သည်။

ခေါင်းဆောင်နှစ်ဦးသည် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ EU တို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်မည့် နည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများကို ဆွဲဆောင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်သည်။

စစ်အုပ်ချုပ်ရေးအလွန် အာဏာရလာသော တပ်မတော်ကျောထောက်နောက်ခံအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်လာ ပြီးနောက်တွင် ယခင်အရေးယူဒဏ်ခတ်ထားသော Sanctions များကို မကြာသေးမီက အီးယူကရုတ်သိမ်းပေးလိုက်ပြီဖြစ်သည်။

အီးယူသည် မြန်မာနိုင်ငံအားအခြားဝင်ငွေနိမ့်နိုင်ငံများနည်းတူ ကုန်သွယ်မှုအထူးအခွင့်အရေးပေးရန်ကမ်းလှမ်းထားပြီး အစိုးရနှင့် တိုင်းရင်းသား များအကြားမှ ကာလရှည်ပဋိပက္ခကိုဖြေရှင်းရန်ဆောင်ရွက်ပေးမည့် Peace Canter ကိုရန်ပုံငွေထောက်ပံ့ပေးမည်ပာု သတင်းများကဆိုသည်။

ထို့အပြင် ဥရောပကော်မရှင်အကြီးအကဲ ဘာရိုဆိုသည် ရခိုင်နှင့်ရိုပာင်ဂျာများအကြားတင်းမာမှု ကြီးထွားနေသော ပဋိပက္ခနှင့်ပတ်သက်၍ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သူမက ရှုပ်ထွေးနေသော အနေအထားနှင့်ပတ်သက်၍ တာဝန်ယူရေးသည် သူမ၏ကဏ္ဍမပာုတ်ကြောင်းပြောကြား၍ ပါဝင်လုပ်ဆောင်ရန် ငြင်းဆိုခဲ့သည်ပာု သိရှိရသည်။

--------------------------------------------------------------------------------------------

ထိုင်းစစ်တပ်က မြန်မာနယ်စပ်တွင်လက်နက်များဖမ်းမိ

(5 Nov 2012 ရက်စွဲပါ Gulf Times မှ Thai Army seizes large eache of weapons ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှစစ်သားများသည် ယမနေ့ကမြန်မာနိုင်ငံနယ်စပ်ရှိ ကရင်တပ်များအသုံးပြုမည်ပာုယူဆရသော လက်နက်အမြောက်အများ ဖမ်းဆီး ရမိခဲ့သည်ပာု မီဒီယာသတင်းများက ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် ရိုင်ဖယ်များ၊ မရှင်းဂန်းများနှင့်ခဲယမ်းမီးကျောက်တစ်သိန်းကျော်ပါဝင်ပြီး၊ ကရင်လူမျိုးတစ်ဦးမောင်းနှင်သော လိုင်စင် နံပါတ်ပြားတပ်မထားသောပစ်ကပ်ပေါ်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပါသည်။ ၎င်းကို ဘန်ကောက်အနောက်မြောက်ကီလို(၄၀၀)ခန့်ဝေးသော Tak ခရိုင်တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း Bangkok Post တွင်ဖော်ပြထားသည်။

သတင်းစာက စစ်တပ်သတင်းကိုကိုးကား၍ဖော်ပြထားရာ၌ လက်နက်များမှာ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှနယ်ခြားစောင့်တပ်တွင် အသုံးပြုရန် ပာု ယုံကြည်ရသည်ပာုဆိုသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment