Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၅.၁၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြေစာပင်

*****************************************

ဆောင်းပါးကဏ္ဍ

မြေစာပင်

ကျွန်တော်တို့မြေစာပင်ဟူသော အမည်နာမကိုကြားဖူးကြပေလိမ့်မည်။ လူနှစ်ဦး၏ အားပြိုင်မှုအကြား ဆုံးရှုံးနစ်နာသွားသော တတိယလူကို၊ တတိယအစုအဖွဲ့ကို ရည်ညွှန်းသောစကားရပ်ဖြစ်သည်။ ဤစကားလုံးသည် စကားလုံးအားဖြင့် သုံးလုံးသာရှိသော်လည်း အဆိုပါစကားလုံး၏ နောက်ကွယ်တွင် ထိခိုက်နစ်နာများ၊ ဆုံးရှုံးမှုများ ပါဝင်နေသည်။

ကျွန်တော်အနေဖြင့် ဤဆောင်းပါးတွင် အဆိုပါမြေစာပင်တို့နှင့်ပတ်သက်၍ရလာသော အတွေးအမြင်များကိုတင်ပြပါမည်။ ကျွန်တော်အထက် တွင် ရေးသားသလို မြေစာပင်ဟူသည် နှစ်ဦးကြားကဖြစ်ပေါ်နေသောထိခိုက်မှုကြောင့် သူကရင်ဝယ်ပိုက်ပြီးခံစားလိုက်ရသော တစ်ခြားမသက်ဆိုင်သော သူဖြစ်ပေသည်။ အဆိုပါမြေစာပင်တို့သည် အခြေအနေ၏ဖန်တီးမှုကြောင့် ပေါ်ပေါက်လာသည်။ နိုင်ငံရေး အားပြိုင်မှုကြောင့်သော်လည်းကောင်း၊ စစ်ပွဲ ကြောင့်သော်လည်းကောင်း၊ လူမျိုးရေးပဋိပက္ခကြောင့်သော်လည်းကောင်းနစ်နာသူများသည်လည်း မြေစာပင်များဟုပင်ဆိုနိုင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့်၊ မီးလောင်မှုများကြောင့်သော်လည်း ထိခိုက်ခံစားနေရသော မြေစာပင်များ ရှိသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နယ်ပယ်အများအပြားတွင် မြေစာပင်များမရေမတွက်နိုင်အောင်ရှိနေသည်။ မြန်မာနိုင်ငံအနေနှင့် ကြည့်လျှင်လည်း ပြဿနာနှင့်ယှဉ်၍မြေစာပင်များ ပေါ်ပေါက်လျက်ရှိ သည်။ ယနေ့ကျွန်တော်တို့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဒေသခံများသည် စစ်ဘေးဒဏ်မှလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့အတွက် မိသားစုများငြိမ်းချမ်းစွာမနေရ၊ ကလေးများကောင်းစွာစာမသင်ရမှုများ၊ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် စီးပွားရေးလုပ်ကိုင်ရမှု အဆင် မပြေ၊ ကုန်သွယ်မှုလမ်းကြောင်းများ အဟန့်အတားဖြစ်ခြင်းကြောင့်ဒေသ၏ဈေးကွက်ကို ထိခိုက်မှုများရှိလာခဲ့သည်။ စစ်ဘေးဒဏ်များ အကြားပြည်သူတို့ အတွက်  ဘဝမလုံခြုံမှုများ၊ စားနပ်ရိက္ခာပြဿနာများရှိနေခဲ့သည်။ အဆိုပါအချက်များကိုကြည့်လျှင် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့ကြားက ကချင်ပြည်သူ မြေစာပင်တို့၏ ဘဝဟုဆိုရပေမည်။ နှစ်ဖက်အဖွဲ့များကရော သူတို့အတွက် မည်သို့တာဝန်ယူကြမည်နည်း။

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ရခိုင် - ရိုဟင်ဂျာကိစ္စကိုကြည့်လျှင်လည်း ဒေသခံရခိုင်တို့နှင့်ပြည်ပမှ အခြေချနေထိုင်သူအုပ်စုတို့အကြားက ပဋိပက္ခဖြစ်သည်။ အဆိုပါ အဓိကရုဏ်းကြောင့် ဒေသခံများအနေဖြင့် ဘဝလုံခြုံမှုမရှိခြင်း၊ ကျီးလန့်စာစားအနေအထားမျိုးဖြင့်ရှိနေခဲ့သည်။ နှစ်ဖက် အုပ်စုများ၏ပဋိပက္ခကြားတွင်  ဒေသတွင်းရှိပြည်သူများ၏နေအိမ်များမီးရှို့ခံရသည်။ ဒေသတွင်းမတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် စီးပွားရေး အဆင် မပြေမှု၊ စီးပွားရေးကျဆင်းမှုများဖြစ်လာရသည်။ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ကျင့်သုံးနေချိန်တွင် ရခိုင်ပြည်နယ်မှာဒီမိုကရေစီ၏လွတ်လပ်မှုကို အပြည့်အဝမခံစားကြရရှာဖြစ်နေရသည်။ အဆိုပါအဓိကရုဏ်းကို ဖြစ်အောင်ကြိုးကိုင်သူများကြားတွင် အေးဆေးစွာနေလိုသောပြည်သူတို့မှာ မြေစာပင် ဖြစ်ရရှာသည်။ မြေစာပင်ပြည်သူတို့၏ ဘဝကား လုံခြုံမှုမရှိ ဖြစ်ရပေသည်။

ကြေးနီစီမံကိန်းဆိုလျှင်လည်း ယခင်အစိုးရနှင့်တရုတ်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ကိုင်မှုကြောင့်ဒေသခံများ မိမိတို့လယ်မြေများကို စွန့်ခွာရကြ သည်။ ကြေနီစီမံကိန်း၏ သက်ရောက်မှုကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်သည်။ ဤသို့သောအခြေအနေများက ဒေသခံပြည်သူများ၏ စီးပွားရေးနှင့် အသက်မွေးမှုကို ထိခိုက်ကာ မြေစာပင်ဘဝသို့ရောက်သွားရလေတော့သည်။

ဤဥပမာများကိုကြည့်လျှင် တာဝန်ရှိသူအဖွဲ့အစည်းများ၏ ရှေ့နောက်မစဉ်းစားဘဲ ပြုမူသော ကာယကံမြောက်ဆောင်ရွက်ချက်များက ပြည်သူ များ၏ဘဝကို မြေစာပင်အဖြစ် အကျပ်အတည်းထဲသို့ တွန်းပို့လိုက်သည့် အနေအထားသို့ရောက်ရှိသွားသည်။ ဤသို့သော မြေစာပင်များ ထပ်မံ များ ပြားမှုမရှိစေရန်အတွက် အစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူများနှင့် အားလုံးသော ပါဝင်ပတ်သက်သူများက ကိစ္စတစ်စုံတစ်ရာပြုလုပ်မည်ဆိုပါက မိမိတို့ ဆောင်ရွက်ချက်သည် အခြားသူများ၏ ဘဝကိုမည်သို့ပြောင်းလဲသွားနိုင်ပြီး မည်သို့သောအကြပ်အတည်းအတွင်သို့ရောက်သွားစေနိုင်သည်ကို မဟာဗျူဟာကျကျ တွေးတောပြီးမှပြုလုပ်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

နိုင်မော်

***************************************

     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment