Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၇.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြောင့် ဒေါ်လာဈေးကျဆင်းသွားနိုင်ကြောင်း သတင်းများထွက်ပေါ်
  2. မြန်မာ-အမေရိကန်ကုန်သည်ကြီးများအသင်း တည်ထောင်

နိုင်ငံရေးသတင်း

  1. NGO များ၊ ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံမည်
  2.  မြန်မာ့ဆက်သွယ်ရေးဥပဒေကြမ်း ထုတ်ပြန်ကြေညာ
  3. လုပ်ကြံမည့်သတင်းများကြောင့် သက်ဆင်၏တာချီလိတ်ခရီးစဉ်ဖျက်သိမ်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြောင့် ဒေါ်လာဈေးကျဆင်းသွားနိုင်ကြောင်း သတင်းများထွက်ပေါ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုပြဋ္ဌာန်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတရှိန်ထိုးဝင်ရောက်လာနိုင်သည့်အတွက် ဒေါ်လာဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း ပြင်ပ၌သတင်းများထွက်ပေါ်လျက်ရှိသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အခါမှာ ဒေါ်လာတွေတင်မကဘူး ပစ္စည်းတွေအဖြစ်ပါဝင်ရောက်လာမှာပါ။ နိုင်ငံကို နိုင်ငံခြားငွေအဝင်များ လာပြီဆိုရင်တော့ ဒေါ်လာဈေးကတက်ဖို့မရှိတော့ဘူး။ အကျဘက်ကိုပဲ ဦးတည်သွားတော့မှာ”ပာု စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

ထိုသို့ဒေါ်လာဈေးများဆက်လက်ကျဆင်းနိုင်သည့်အတွက် ပို့ကုန်များတင်ပို့မှုအပေါ် ထိခိုက်လာနိုင်မည်ဖြစ်သည့်အတွက် ယင်းကိစ္စရပ်များ အပေါ် ဗပိာုဘဏ်အနေဖြင့် ဝင်ရောက်ထိန်းညှိဆောင်ရွက်ပေးသင့်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

              YC

--------------------------------------------------------------------------------------------------------

မြန်မာ-အမေရိကန်ကုန်သည်ကြီးများအသင်း တည်ထောင်

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ကူညီထောက်ပံ့ပေးနိုင်ရန် အမေရိကန်-မြန်မာ ကုန်သည်ကြီးများအသင်းကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အမေရိကန်-မြန်မာကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းတည်ထောင်ရခြင်းမှာ အမေရိကန်နိုင်ငံရှိ လုပ်ငန်းရင်ကြီးများမှ မြန်မာနိုင်ငံ၌ သွားရောက်ရင်းနှီးမြှုပ်နှံခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးရန်၊ နှစ်နိုင်ငံအကျိုးပြု စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် စသည့်ရည်ရွယ်ချက်များကြောင့်ဖြစ်ကြောင်း သိရသည်။

အမေရိကန်-မြန်မာကုန်သည်ကြီးများအသင်း၏ ပထမဆုံးခြေလှမ်းအဖြစ် နေပြည်တော်၌ ပြုလုပ်ကျင်းပမည့် စီးပွားရေးလေ့လာဆွေးနွေးရေး ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွက်သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဆန်ဖရန်စ္စကိုမြို့ 991 Mission St2F ၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်-မြန်မာကုန်သည်ကြီးများအဖွဲ့တွင် စီးပွားရေုးပြန်လည်ဖွံ့ဖြိုးရေး၊ လူနေအိမ်ခြေနှင့် စီးပွာရေးလုပ်ငန်းများတိုးတက်အောင်ဆောင် ရွက်ရေး၊ သတင်းအချက်အလက်ဆက်သွယ်ရေး၊ နိုင်ငံတကာ NGO များ၊ အစိုးရပိုင်းနှင့် အများပြည်သူဆိုင်ရာပေါ်လစီဥပဒေရေးရာများ၊ နိုင်ငံ၏အခြေခံ အဆောက်အအုံကောင်းမွန်အောင်တည်ဆောက်ရေး၊ အထွေထွေဆောက်လုပ်ရေးလုပ်ငန်းများမှ အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်ကြောင်း သိရသည်။

YC

***************************************

နိုင်ငံရေးသတင်း

မြန်မာ့ပညာရေးကဏ္ဍမြှင့်တင်ရန် NGO များ၊ ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံမည်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာပညာရေး NGO များ၊ ပြည်တွင်းရှိနိုင်ငံရေးပါတီများနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ့ပညာရေးကဏ္ဍအဆင့်မြှင့်တင်လာနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာပညာရေး NGO များမှာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။

ယင်းဆွေးနွေးပွဲ အောင်မြင်သွားပါက နောင်လာမည့်ကာလများတွင် ပညာရေးနှင့်ပတ်သက်၍ ညီလာခံတစ်ရပ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း မြန်မာ့ပညာရေးကဏ္ဍတွင် အသုံးစရိတ်ပိုမိုသုံးစွဲနိုင်ရန် လိုအပ်နေသေးကြောင်း ယင်းဆွေးနွေးပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။

လက်ရှိမြန်မာ့ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေးတွင် တစ်ဖက်တစ်လမ်းမှပါဝင်နိုင်ရန်ရည်ရွယ်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းမြို့မပရိယတ္တိစာသင်တိုက်တွင် ပညာရေးကဏ္ဍရှိအဖွဲ့အစည်းများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ပညာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ NGO များက ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ပျက်စီးယိုယွင်းလျက်ရှိသော မြန်မာ့ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်ရန်၊ မြန်မာ နိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲမှထွက်ပေါ်လာမည့် ကြေညာချက်အား နိုင်ငံရေးပါတီများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များအား ဖိတ်ခေါ်၍ ဆွေးနွေးတင်ပြခြင်းနှင့် ပညာရေးကဏ္ဍ(၁၀)ခုနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------

 မြန်မာ့ဆက်သွယ်ရေးဥပဒေကြမ်း ထုတ်ပြန်ကြေညာ

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ပြိုင်ဆိုင်မှုအားကောင်းလာပြီး ဆက်သွယ်ရေးနည်းပညာများ ပိုမိုမြင့်မားတိုးတက်လာနိုင်စေရန် မြန်မာ့ ဆက်သွယ်ရေးဥပဒေကြမ်းကို အောက်တိုဘာလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များ မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင်ပါဝင်လာခြင်းဖြင့် ဆက်သွယ်ရေးဈေးကွက်ပြိုင်ဆိုင်မှုများနှင့်အတူ နိုင်ငံတစ်ဝန်း လုံးတွင် ဆက်သွယ်ရေးကွန်ရက်များချိတ်ဆက်၍ အများပြည်သူဆက်သွယ်အသုံးပြုနိုင်ရန် အခွင့်အလမ်းများပိုမိုရရှိလာနိုင်စေရေးနိုင်ရေးနှင့် မြန်မာ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတည်ထောင်သူနှင့်အသုံးပြုသူများအား ဥပဒေအရအကာအကွယ်ပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးဥပဒေကို ရေးဆွဲ ရခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေလည်း ပါဝင်လာမယ်။ ဥပဒေလည်းထွက်လာမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပါ ဝင်လာနိုင်ပါတယ်။ ဆက်သွယ်ရေးကို ပုဂ္ဂလိကိုလွှဲလိုက်ပြီဆိုရင်တော့ ဖုန်းဈေးနှုန်းတွေ၊ ဖုန်းကဒ်ဈေးနှုန်းတွေလည်း ကျဆင်းသွားနိုင်ပါတယ်။ အခု လောလောဆယ်မှာကို ဖုန်းကတ်တွေကို တစ်ချို့ဆိုင်တွေမှာ ၁၀၀၀၀ ကဒ်ကို ၉၇၀၀ လောက်ကိုကျသွားပါပြီ။ ဒါပာာ တိုးတက်လာတာပါ”ပာု ပြည်တွင်း ဖုန်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူအနေဖြင့် ဈေးကွက်အတွင်းပြိုင်ဆိုင်မှုကို သိသာစွာလျော့နည်းစေမည့် လုပ်ဆောင်မှု မျိုးကို လုပ်ဆောင်ခြင်းမပြုရန်၊ မိမိသဘောနှင့်မိမိ နှုန်းထားပြင်ဆင်သတ်မှတ်ခြင်း၊ ဈေးကွက်အား ခွဲဝေရယူရန် ဆောင်ရွက်ခြင်း၊ မိမိပြိုင်ဘက်တစ်ဦးအား မတရားသောနည်းလမ်းဖြင့် ဆန့်ကျင်မှုပြုခြင်းများကို အဓိကတားဆီးထားသည်။

မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများမှ နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ စီးပွားရေး(သို့) အမျိုးသားယဉ်ကျေးမှုကိုထိခိုက်စေမည့် ပြုလုပ်မှုတစ်ရပ်ရပ်ကိုပြုလုပ်ခြင်းနှင့် နိုင်ငံတော်၏လျှို့ဝှက်ချက်နှင့်သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုရယူခြင်း(သို့)ပေးပို့ဖြန့်ချီခြင်းများပြုလုပ်ပါက ထောင်ဒဏ်အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၃ နှစ်အထိချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------

လုပ်ကြံမည့်သတင်းများကြောင့် သက်ဆင်၏တာချီလိတ်ခရီးစဉ်ဖျက်သိမ်း

နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် သက်ဆင်ရှင်နာဝပ်၏ တာချီလိတ်ခရီးစဉ်တွင် လုပ်ကြံခံရမည်ပာု သတင်းများထွက်ပေါ်နေသည့်အတွက် ယင်းခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

သက်ဆင်တာချီလိတ်သို့သွားမည့်ခရီးစဉ်နှင့်ပတ်သက်၍ ထိုင်းဒုတိယဝန်ကြီးချုပ်  ချလံယူဘန့်လွန်နှင့် သက်ဆင်၏သားဖြစ်သူ ဖန်ထုန်ထေ့ တို့က မစ္စတာသက်ဆင်အား လူတစ်စုက လုပ်ကြံရန် ကြံစည်နေကြောင်း၊ တာချီလိတ်မြို့၏ တောင်ပေါ်ရှိ ရွှေတိဂုံပုံစံတူစေတီတွင် မစ္စတာသက်ဆင်နှင့် ရှပ်နီများပြုလုပ်မည့် ကောင်းမှုကုသိုလ်ပွဲတွင် အုပ်စုတစ်စုက လုပ်ကြံနိုင်ကြောင်း ယင်းတို့၏ ဖေဘွတ်စာမျက်နှာများတွင် ဖော်ပြထားသည်။

ထိုသို့ သက်ဆင်၏တာချီလိတ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်သော်လည်း မြန်မာနိုင်ငံသိုလာရောက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ မည့်ခရီးစဉ်ကိုမူ ဖျက်သိမ်းခြင်းမရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်တို့တွေ့ဆုံမည့် နေ့ရက်နှင့် တွေ့ဆုံရာတွင်ဆွေးနွေးမည့် ကိစ္စ ရပ်များကို အတိတလင်းသတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်မှအာဏာသိမ်းယူခဲ့သည့်အတွက် ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်မှ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ 

YC        

***************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဥပဒေ၊ နည်းဥပဒေပိုင်းတွေကိုလေ့လာပြီး အားနည်းချက်တွေက ဘာတွေလဲ။ ခေတ်နဲ့လိုက်လျောမညီတဲ့ အပိုင်းတွေက ဘာတွေလဲ။ ဒါတွေကို သေချာပြုစုနိုင်ရမယ်။  အဲဒီကတစ်ဆင့် ပြင်ဆင်ကြရမယ့် ဥပဒေအသစ်ကို ရေးဆွဲပြီး အထက်ကိုတင်ရမယ်။ ဘယ်လိုတင်ပြရမလဲဆိုရင် Case by Case ပေါ့။ အခု အစိုးရလက်ထက်မှာ မဏ္ဍိုင်လေးရပ်အပေါ် ဒါကိုသေချာလုပ်လို့ရမယ့် အခွင့်အရေးတွေပေးနေပြီပဲ။ ဒါ့ကြောင့် ဥပဒေအပိုင်းကို ထောက်ပြပြောဆိုတဲ့အခါမှာ အုပ်ချုပ်ရေးအပိုင်း၊ တရားစီရင်ရေးအပိုင်းကလည်း အားနည်းချက်ကို တင်ပြရမှာဖြစ်သလို မီဒီယာကဏ္ဍကလည်း တွေ့ရှိတဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရေးရမယ်။ ဆိုလိုတာက ဒီဥပဒေတွေကို ပြင်ဖို့အတွက် ဒီမဏ္ဍိုင်လေးရပ်ကလည်း အဓိကနေရာကနေ ပါဝင်ဆောင်ရွက်ရမယ်။"

နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ် (၄၃) တွင် ပါသော "ဒီမိုကရေစီလမ်းကြောင်းအတိုင်း ဌာနဆိုင်ရာများလိုက်ပါနိုင်ရေးနှင့် ဥပဒေများ၏ အခန်းကဏ္ဍ" သတင်းမှ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------

"ကျွန်တော်တို့ပါတီက တင်ပြခဲ့တာက နိုင်ငံတော်သမ္မတပြောထားတဲ့ Clean Governance, Good Government အဲဒီနှစ်ချက် ဖြစ်အောင်လုပ်မယ်လို့ ပြောထားတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတော်သမ္မတက သာပြောင်းလဲနေတာ အောက်ခြေစနစ်က မပြောင်းလဲဘူး။ အောက်ခြေကိုလည်း သြဇာအာဏာ သက်ရောက်ဖို့လိုသေးတယ်။"

အောက်တိုဘာ ၃၁ ရက်နေ့ထုတ် Express Times Journal အတွဲ (၂)၊ အမှတ် (၃၂) တွင်ပါရှိသော "နိုင်ငံတော်သမ္မတအကြံပေးနှင့် ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ခုတွေ့ဆုံ" သတင်းမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------

"ပညာရေးအခြေခံနည်းပါးတာ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုမရှိတာ၊ ဗဟုသုတနည်းပါးတာတွေကြောင့် တရားဝင်ဖြစ်စေ အထောက်အထားမဲ့ တရားမဝင်ဖြစ် စေ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်လာကြတဲ့အတွက် အခွင့်အရေးတွေဆုံးရှုံးကြရတာ"

နိုဝင်ဘာ ၇ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၄)၊ အမှတ် (၄၃) တွင် ပါသော "မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ကို အကာအကွယ်ပေးရေးအဓိကဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်ဆို" သတင်းမှ ဦးမောင်မြင့်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။

********************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment