Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၇.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ခုနှစ်နှစ်ရပ်ဆိုင်းခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်ဆွေးနွေးပွဲများ ပြန်လည်စတင်မည်

(Bangkok Post သတင်းစာမှ 7 Nov 2012 ရက်စွဲပါ Border meetings reviveafter 7-year hiatus ကိုဘာသာပြန်ဆိုသည်)

  1. ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့များအား ကျွေးမွေးရန် ဒေါ်လာ(၁၁)သန်းတောင်းခံထား

(6 Nov 2012 ရက်စွဲပါ The Washington Post မှ AP ၏ UN Food agency appeals for $11 million to feed displaced people in western Myanmar ကိုဘာသာပြန်ဆိုသည်)

  1. သြစတြေးလျက ရခိုင်ကိစ္စအတွက် နောက်ထပ်ဒေါ်လာ ၂ သန်းထပ်မံပေးရန်စီစဉ်

(7 Nov 2012 ရက်စွဲပါ Australia Network News မှ Australia Pledges $2 Million more in aid for Burma ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ခုနှစ်နှစ်ရပ်ဆိုင်းခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်ဆွေးနွေးပွဲများ ပြန်လည်စတင်မည်

(Bangkok Post သတင်းစာမှ 7 Nov 2012 ရက်စွဲပါ Border meetings reviveafter 7-year hiatus ကိုဘာသာပြန်ဆိုသည်)

နှစ်နိုင်ငံနယ်စပ်ဒေသဆိုင်ရာဆွေးနွေးပွဲကို ခုနှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနှင့်မြန်မာနိုင်ငံတို့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ပြည်တွင်းရေး အရှုပ်တော်ပုံများကြောင့် ယင်းဆွေးနွေးပွဲမှာပြီးခဲ့သည့် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခြာရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်နှင့် ထိုင်းမြန်မာပူးတွဲနယ်စပ်ရေးရာကော်မတီ(JBC)၏အကြီးအကဲဖြစ်သူ VasinTeeravechayan က မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးဇင်ယော်နှင့် နေပြည်တော်၌ကျင်းပပြုလုပ်မည့် JBC ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင်ဥက္ကဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။

ဆွေးနွေးပွဲကို နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ယခုလိုဆွေးနွေးပွဲပြန်လည်ကျင်းပပြုလုပ်နိုင်ခြင်းကို "ကောင်းသောစတင်ခြင်း" အဖြစ် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာ Vasin Teeravechayan က သတ်မှတ်ပြောဆိုသည်။

ခုနှစ်နှစ်အတွင်း ပထမဆုံးဆွေးနွေးပွဲစတင်ကျင်းပပြုလုပ်သည်နှင့်တစ်ပြိုင်နက် နှစ်ဖက်စလုံးက လာမည့်လများအတွင်း နယ်စပ်ဖြတ်ကျော်မှု ဆိုင်ရာ အရေးကိစ္စများတိုးတက်ကောင်းမွန်ရေးကို ဆွေးနွေးကြဖွယ်ရှိသည်။

"နှစ်ဦးနှစ်ဖက်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုတည်ဆောက်နိုင်ပြီဆိုရင် နောက်တစ်ကြိမ် ထိုင်းနိုင်ငံမှာပြုလုပ်မယ့် ဆွေးနွေးပွဲမှာ နယ်စပ်အရေးကိစ္စကို အလေးအနက်ထား ဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်" ဟု ၎င်းကပြောသည်။

ယခုဆွေးနွေးပွဲတွင်ပါဝင်ဆွေးနွေးမည့်အကြောင်းအရာများ၌ ကချနာဘူရီပြည်နယ်ရှိ Ban Nam Pu Ron ယာယီနယ်စပ်စစ်ဆေးရေးစခန်း အခြေအနေတိုးတက်ကောင်းမွန်အောင်ပြုလုပ်ရေးလည်း ပါဝင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ စတင်လည်ပတ်ချိန်တွင်အဆိုပါ နယ်စပ်စစ်ဆေးရေးစခန်းများလည်း တိုးတက် ကောင်းမွန်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ယခုအခါတိုးမြင့်လျက်ရှိသည်ဖြစ်ရာ Prachuap Khiri Khan ပြည်နယ်ရှိ Singkorn ယာယီနယ်စပ် စစ်ဆေးရေးဂိတ် တိုးတက်ကောင်းမွန်ရေးအတွက်လည်း ယခုဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်း၏အဆိုအရသိရသည်။

--------------------------------------------------------------------------

ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက ရခိုင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့များအား ကျွေးမွေးရန် ဒေါ်လာ(၁၁)သန်း တောင်းခံထား

(6 Nov 2012 ရက်စွဲပါ The Washington Post မှ AP ၏ UN Food agency appeals for $11 million to feed displaced people in western Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာနှင့် မူဆလင်များအကြား ဖြစ်ပွားသောဖြစ်ရပ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူ (၁၁၀၀၀၀)ကျော် အတွက် ကျွေးမွေးရန် ဒေါ်လာ (၁၁)သန်းအား ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက အရေးပေါ်တောင်းခံထားသည်။

ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ်၏ အာရှပြောခွင့်ရပုဂ္ဂိုလ် Marcus Prior က ပြောကြားရာတွင် နေအိမ်မီးလောင်၍ ထွက်ပြေးရသော အချို့လူများသည် သစ်ပင်အောက်တွင်လည်းကောင်း၊ လယ်ကွင်းထဲတွင်လည်းကောင်း နေထိုင်နေကြသည်ပာုဆိုသည်။

Prior ကအင်္ဂါနေ့ကပြောကြားရာတွင် အဆိုပါ ငွေပမာဏသည် အိုးမဲ့အိမ်မဲ့ဖြစ်ရသူများအတွက် နောက်ထပ် ၆ လစာကျွေးမွေးရန် လုံလောက်ကြောင်း ပြောသည်။

ကုလသမဂ္ဂအေဂျင်စီက နောက်ဆုံးအိုးမဲ့အိမ်မဲ့ဖြစ်ရသူများ(35000)ခန့်အတွက် ပထမဆုံးအရေးပေါ် စားနပ်ရိက္ခာဖြန့်ဝေမှုကို ပြီးခဲ့သည့် အပတ်ကစတင်ခဲ့ရာ လာမည့်ရက်အနည်းငယ်အတွင်း သင်္ဘောဖြင့်လည်းကောင်း၊ ကားဖြင့်လည်းကောင်း ရောက်ရှိလာတော့မည်ဖြစ်သည်။

အိုးမဲ့အိမ်မဲ့ဖြစ်ရသူအများစုမှာ ရိုပာင်ဂျာမူဆလင်များဖြစ်ကြသည်။

    --------------------------------------------------------------------------

သြစတြေးလျက ရခိုင်ကိစ္စအတွက် နောက်ထပ်ဒေါ်လာ ၂ သန်းထပ်မံပေးရန်စီစဉ်

(7 Nov 2012 ရက်စွဲပါ Australia Network News မှ Australia Pledges $2 Million more in aid for Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ ပြင်းထန်သောဖြစ်ရပ်များကြောင့် ခံစားရသူများအတွက် အရေးပေါ်အကူအညီအဖြစ် ဒေါ်လာ(၂)သန်း နောက်ထပ် ပေးရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Bob Carr က ကြေညာခဲ့သည်။

ထို့ကြောင့် သြစတြေးလျ၏ စုစုပေါင်းကူညီမှုမှာ ဒေါ်လာ(၃)သန်းရှိသွားပြီဖြစ်သည်။

အောက်တိုဘာလကုန်ပိုင်းတွင် ရခိုင်ပြည်နယ်၌ ထပ်မံဖြစ်ပွားသောဖြစ်ရပ်များကြောင့် လူပေါင်း(၃၅၀၀၀)ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေး ရကြောင်း ကုလသမဂ္ဂသတင်းများကဆိုကြောင်း ဆီနိတ်တာ Carr ကပြောသည်။

လူ(၈၀)ကျော် သေဆုံးခဲ့ပြီး နေအိမ်(၅၀၀၀)ခန့်ဖျက်ဆီးခံခဲ့ရသည်။

“လူသားချင်းစာနာထောက်ထားတဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ သြစတြေးလျရဲ့အကူအညီပာာ နေအိမ်ကိုစွန့်ခွာထွက်ပြေး ရသူများအတွက် ရွက်ဖျင်တဲ၊ အစားအစာ၊ စောင်၊ အဝတ်အထည်၊ ခြင်လုံဇကာနဲ့ ချက်ပြုတ်စရာ အိုးခွက်တွေ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်”ပာု နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တွင် ဖော်ပြထားသည်။

“အခုထောက်ပံ့တဲ့ငွေပာာ အခုယာယီစခန်းတွေမှာနေနေတဲ့ မိဘနဲ့ကွဲနေတဲ့ကလေးတွေကိုလည်း စောင့်ရှောက်နိုင်ပါလိမ့်မယ်”ပာုဆိုသည်။

ဆီနိတ်တာ Carr က ဘက်အားလုံးမှ နိုင်ငံရေးနှင့် လူထုခေါင်းဆောင်များအား ယခုပြင်းထန်သော ဖြစ်ရပ်များရပ်ဆိုင်းပြီး တရားဥပဒေနှင့်အညီ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများလုပ်ကိုင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

“သမ္မတဦးသိန်းစိန်ရဲ့ လုံခြုံရေးတိုးမြှင့်ပေးဖို့ ကတိကဝတ်နဲ့ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ဆုံးဖြတ်ချက်တွေကို ကြိုဆို ပါတယ်”ပာု ၎င်းကပြောသည်။

“ကျွန်တော်က မြန်မာအစိုးရကို ရခိုင်က လူ့အဖွဲ့အစည်းအားလုံးကို အကာအကွယ်ပေးဖို့နဲ့ ဖြစ်တဲ့ဒေသတွေမှာ အရေးပေါ်အကူအညီတွေပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်”ပာု ဆိုသည်။

သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာသော အရေးပေါ်အကူအညီပေးသည့် နိုင်ငံများတွင် တတိယအများဆုံးပေးသည့် နိုင်ငံဖြစ်ပါသည်။

------------------------------------------------------------------------------

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment