Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၇.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တာချီလိတ်ခရီးကို ပယ်ဖျက်လိုက်သော်လည်း နေပြည်တော်သို့ သက်ဆင်သွားဦးမည်

(The Telegraph news မှ 6 Nov 2012 ရက်စွဲပါ “Thaksin Shinawatra cancels border visit” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မဲခေါင်မြစ်လူသတ်မှုအတွက် မြန်မာမူးယစ်ရာဇာ သေဒဏ်ချမှတ်ခံရ

(UPI သတင်းမှ 6 Nov 2012 ရက်စွဲပါ “Drug Lord given death for Mekong massacre” သတင်းကိုဘာသာပြန်ဆိုသည်)

*****************************************************

ဘာသာပြန်သတင်းများ

တာချီလိတ်ခရီးကို ပယ်ဖျက်လိုက်သော်လည်း နေပြည်တော်သို့ သက်ဆင်သွားဦးမည်

(The Telegraph news မှ 6 Nov 2012 ရက်စွဲပါ “Thaksin Shinawatra cancels border visit” သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ၎င်း၏ နိုင်ငံရေးအပေါင်းအပါများ၊ ထောက်ခံသူများနှင့်တွေ့ဆုံရန်အတွက် မြန်မာ နယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ သောကြာနှင့် စနေနေ့တွင် နှစ်ရက်ကြာ သွားရောက်ရန် စီစဉ်ထားခဲ့ပါသည်။

သို့သော် ပြီးခဲ့သော သောကြာနေ့က တာချီလိတ်မြို့တွင် အာပီချီလောင်ချာဗုံးသီးနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခြင်းသည် ယခုအပတ်တာချီလိတ်သို့ သက်ဆင်လာရောက်စဉ်လုပ်ကြံရန် ကြံစည်နေမှုနှင့်ပတ်သက်နေကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ချာလမ်ယူဘန်ဂွန်က ဖော်ထုတ်ပြီးနောက် အင်္ဂါနေ့တွင် ထိုခရီးစဉ်ကို  ဖျက်သိမ်းလိုက်ပါသည်။

“ဒီခရီးစဉ်မှာလုပ်ကြံဖို့ ထိုင်းနိုင်ငံဖက်က ညွှန်ကြားထားတယ်။ ဒီအတွက် စရံငွေတချို့ပေးပြီးသွားပြီ။ အာပီဂျီဗုံးသီးတွေကိုလည်း ထိုင်းဖက်က ပို့ထားတာပါ” ချာလမ်က အတည်ပြုပြောဆိုသည်။

တာချီလိတ်မြို့သည် ရွှေတြိဂံဒေသ၏ မူးယစ်ဆေးဝါးမှောင်ခို ကုန်သွယ်ရေးနှင့် ပတ်သက်နေခြင်းကြောင့် နာမည်ဆိုးဖြင့်လူသိများသည်။ ယခု လုပ်ကြံရန်ကြံစည်မှုသည် သက်ဆင်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်ကာလက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်ဖွယ်ရှိသည်ဟု သက်ဆင်၏ဥပဒေအကြံပေး နိုပါဒွန်ပတ္တမာက ခန့်မှန်းပြောဆိုသည်။

သို့ရာတွင် လက်ရှိဝန်ကြီးချုပ် ယင်လပ်၏အစ်ကိုဖြစ်သူ သက်ဆင်ရှင်နာဝပ်ထရာသည် နိုင်ငံရေးရန်ဖက်များလည်း မရှားလှပေ။ ထိုင်းစစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်ပသို့ သက်ဆင်တိမ်းရှောင်သွားပြီးနောက်ပိုင်း ထိုင်းနိုင်ငံနှင့်တစ်ဖြေးဖြေး ပြန်နီးကပ်လာခြင်းကို ၎င်း၏ရန်ဖက်များက မရှုစိမ့် နိုင်ကြပေ။

ထိုင်းနိုင်ငံရေးသည် ကျေးလက်ပြည်သူကြိုက် မူဝါဒများဖြင့်စည်းရုံးသူ သက်ဆင်၏ရှပ်နီအုပ်စုများနှင့် တော်ဝင်မိသားစု(ထိုင်းဘုရင်မိသားစု) သစ္စာခံဘက်တော်သားများအကြား လွန်ဆွဲနေဆဲပင်ဖြစ်သည်။ ၎င်းတို့အကြား တင်းမားမှုများက ၂၀၁၀ ခုနှစ်တွင် ဘန်ကောက်မြို့တော်၌ သွေးမြေကျ အဓိကရုဏ်းများကို ဖြစ်ပွားစေခဲ့သည်။

၂၀၀၆ ခုနှစ် ထိုင်းစစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်ပသို့တိမ်းရှောင်သွားသော ဝန်ကြီးချုပ်ဟောင်းကို ၎င်း၏ရန်ဖက်များက နည်းပေါင်းစုံဖြင့် ဟန့်တားရန်ကြိုးစားနေကြသော်လည်း သက်ဆင်သည်ညီမဖြစ်သူ ဝန်ကြီးချုပ်ယင်လပ်မှတဆင့် ထိုင်းနိုင်ငံရေးကို လွှမ်းမိုးထားဆဲပင်ဖြစ်သည်။ ယင်လပ်သည် ပြီးခဲ့သောအပတ်ကပင် သက်ဆင်သစ္စာခံများကို ရဲတပ်ဖွဲ့၊ အရပ်ဖက်အုပ်ချုပ်ရေးနှင့် အစိုးရအဖွဲ့အတွင်းရာထူးများတိုးမြှင့်ပေးခဲ့သည်။

ယခင် မြန်မာတပ်မတော် အစိုးရဟောင်းနှင့် စီးပွားရေးဆက်ဆံမှု ရင်းနှီးသူသက်ဆင်သည် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရန် ကြာသာပတေးနေ့ တွင် နေပြည်တော်သို့ သွားရောက်ဦးမည်ဟု သိရှိရသည်။ သက်ဆင်သည် ဗိုလ်ချုပ်မှုကြီးဟောင်း သန်းရွှေနှင့်တွေ့ဆုံရန် နိုဝင်ဘာလတွင် နေပြည်တော်သို့သွားမည်ဟုလည်း မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့သည်။  

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မဲခေါင်မြစ်လူသတ်မှုအတွက် မြန်မာမူးယစ်ရာဇာ သေဒဏ်ချမှတ်ခံရ

(UPI သတင်းမှ 6 Nov 2012 ရက်စွဲပါ “Drug Lord given death for Mekong massacre” သတင်းကိုဘာသာပြန်ဆိုသည်)

မနှစ်က မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရသောကိစ္စနှင့် ပတ်သက်၍ မြန်မာမူးယစ်ရာဇာနော်ခမ်းနှင့် နောက်လိုက် ၃ ဦး ကို တရုတ်နိုင်ငံက အင်္ဂါနေ့တွင် သေဒဏ်ချမှတ်လိုက်ပါသည်။

တရားစွဲခံရသူများအနက်မှ ၅ ဦးမြောက် တရားခံကိုလည်း ယူန်ပြည်နယ်၊ ကူမင်းမြို့ပြည်သူ့တရားရုံးက ဆိုင်းငံ့သေဒဏ်နှင့်ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်ဟု တရုတ်အစိုးရအာဘော် Ximhua သတင်းဌာနက ကြေငြာသည်။

တရားစွဲခံရသူ ၆ ဥိးစလုံးက ယခုချမှတ်ခံရသောပြစ်ဒဏ်ကို အယူခံဝင်မည်ဟု ပြောကြားခဲ့သည်။

၂၀၁၁ အောက်တိုဘာ ၅ ရက်နေ့တွင် မဲခေါင်မြစ်အတွင်း တရုတ်ကုန်သင်္ဘော နှစ်စီးအားတိုက်ခိုက်မှုကို နော်ခမ်းနှင့်နောက်လိုက်များက စီမံ ညွှန်ကြားခဲ့ကြပြီး ထိုင်းစစ်သားများနှင့် ပူးပေါင်းကြံစည်ခဲ့ကြခြင်းကြောင့် အပြစ်ရှိသည်ဟု တရုတ်အာဏာပိုင်များက ဆိုပါသည်။

ယင်းကဲ့သို့ တရုတ်သဘောင်္သားများအား သတ်ဖြတ်ခဲ့မှုသည် တရုတ်(နဂါးကြီး)၏ အမျက်ဒေါသကို ဆွပေးသလိုဖြစ်ခဲ့သည်။

ထိုနောက်ပိုင်းတွင် တရုတ်နိုင်ငံက နော်ခမ်းမူးယစ်ဆေးဝါးဂိုဏ်းကို ဖြိုခွဲရေးအတွက် တရုတ်၊ လာအို၊ မြန်မာနှင့်ထိုင်းရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် တောက်လျောက်ဖိအားပေးလာခဲ့ခြင်းကြောင့် ယခုနှစ်မေလတွင် လောနိုင်ငံရဲတပ်ဖွဲ့က စိုင်းနော်ခမ်းကိုဖမ်းဆီးကာ တရုတ်တို့ လက်သို့ အပ်နှံခဲ့သည်။

စိုင်းနော်ခမ်းသည် မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောများကိုသာ တိုက်ခိုက်လေ့ရှိပြီး နွမ်းပါးသူများကို ကူညီထောက်ပံ့လေ့ရှိခြင်းကြောင့် ဒေသခံများက ၎င်းအားချစ်ခင်နှစ်သက်ကြပြီး တရုတ်တို့ယခုကဲ့သို့ ဖိအားပေးဖမ်းဆီးသွားခြင်းကို ကျေနပ်မှုမရှိကြဟု သိရှိရသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment