Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၆.၁၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စူပါ ပါဝါနှင့်ဆက်ဆံရေး

*****************************************

ဆောင်းပါးကဏ္ဍ

စူပါ ပါဝါနှင့်ဆက်ဆံရေး

ကမ္ဘာပေါ်တွင် စူပါပါဝါနိုင်ငံအဖြစ် ဆယ်စုနှစ်ပေါင်းများစွာရပ်တည်လာသော အမေရိကန်နိုင်ငံ၏ သက်တမ်းနှစ်ဆက်တိုင် တာဝန်ထမ်းဆောင်ခွင့် ရသည့် သမ္မတဘားရက်အိုဘားမားသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နေသည့်မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၉ ရက်နေ့ တွင် Air Force One လေယာဉ်ကြီးဖြင့် ရောက်ရှိလာတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများသည် အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် ပြောင်းလဲခဲ့ခြင်းမဟုတ်သည့်အတွက် အမေရိကန်ကို ဆရာတစ်ဆူအဖြစ် သဘောထားစရာမလိုသော်လည်း အင်အားကြီးနိုင်ငံ၏ အကူအညီဖြင့် မိမိတို့နိုင်ငံ၏ဘက်စုံဖွံ့ဖြိုးရေးကို ပါးနပ်စွာဆောင်ရွက်ရမည်ဟူသော အသိရှိမှသာလျှင် အမျိုးသားအကျိုးစီးပွားကို ထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယခုလို ဝါရှင်တန်- နေပြည်တော်နွေးထွေးမှု စတင်လာရခြင်းမှာလည်း ထူးခြားသည့်တိုက်ဆိုင်မှု တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် အမေရိကန် အစိုးရ၏ နိုင်ငံခြားရေးမူဝါဒဖြစ်သော ထိတွေ့ဆက်ဆံရေးမူဝါဒ(engagement policy)မှာ ကမ္ဘာ့တည်ငြိမ်ရေးအတွက် အလုပ်ဖြစ်နေချိန်လည်းဖြစ်၊ အရှေ့တောင်အာရှကို ပြန်လည်စိတ်ဝင်စားလာသည့်ကာလလည်း ဖြစ်နေချိန်တွင် မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို နိုင်ငံတကာ မှချီးကျူးရလောက်အောင် ဆောင်ရွက်နိုင်သည့်အချိန်နှင့် တိုက်ဆိုင်လျက်ရှိနေသည်။ ကံအားလျော်စွာပင် အိုးဘားမားမှာ အမေရိကန်သမ္မတအဖြစ် နောက်ထပ်သက်တမ်းတစ်ကြိမ် ဆက်လက်အရွေးခံရသည့်အတွက် ယခုလိုခရီးစဉ်မျိုး ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ထို့အပြင် အမေရိကန်သည်၎င်းနှင့်အပြိုင် အင်အားကြီးနိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံ၏ အာဆီယံဒေသတွင်း သြဇာလွှမ်းမိုးမှုကို လျော့ပါးစေချင် သည့်အတွက်ကြောင့်လည်း ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ သို့သော် တရုတ်သြဇာလျော့ပါးစေချင်ရုံ သက်သက်ဆိုရင်တော့ အမေရိကန်တို့အနေဖြင့် ၎င်းတို့၏အကျိုးစီးပွားကိုသာ ကြည့်လွန်းရာကျနေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ကူညီဖေးမမှုမျိုး ရှိမှသာလျှင် နှစ်နိုင်ငံရေရှည်တည်တံ့သည့် ဆက်ဆံရေးမျိုး ဖြစ်ထွန်းလာနိုင်ပေမည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ယခုအချိန်တွင် ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် စွဲဆောင်အားအကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေခြင်းကြောင့် အခွင့်အလမ်းတွေ ကြီးကြီးမားမား ရှိနေသည်။ ထိုအခွင့်အလမ်းများကို အချိန်ကိုက်အသုံးချနိုင်မှသာလျှင် ပြည်သူသန်းခြောက်ဆယ် အကျိုးဖြစ်ထွန်းမည်။ သို့မဟုတ်ပါက အခွင့်အလမ်းများ အခြားအိမ်နီးချင်းနိုင်ငံများသို့ရောက်ရှိကာ လက်လွတ်ဆုံးရှုံးသွားနိုင်သည်ကို သတိထားသင့်သည်။ ခက်ခဲပြီး အန္တရာယ်ရှိနိုင်သည့်  မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်း အချိုးအကွေ့များကိုဖြတ်သန်းခဲ့သည့် မြန်မာအစိုးရအနေဖြင့် ယခုအမေရိကန်သမ္မတ အိုဘားမား ရောက်ရှိလာခြင်းကို တနည်းအမေရိကန်နှင့် ပြန်လည်သင့်မြတ်လာခြင်းအပေါ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံး ဆောင်ရွက် နိုင်ဖို့ လိုအပ်ပါကြောင်း….။

***************************************

     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment