Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၅.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာဒီမိုကရေစီအရေးအိန္ဒိယအားပေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံ

(BBC News မှ 14 Nov 2012 ရက်စွဲပါ “Burma’s Aung San Suu Kyi appeals for India support” သတင်းကိုဘာသာပြန်ဆိုသည်)

  1. အကျဉ်းသား ၄၅၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း မြန်မာကြေညာ

(The Associated Press မှ 14 Nov 2012 ရက်စွဲပါ “Myanmar says 450 prisoners to be freed in Amnesty” သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာဒီမိုကရေစီအရေးအိန္ဒိယအားပေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံ

(BBC News မှ 14 Nov 2012 ရက်စွဲပါ “Burma’s Aung San Suu Kyi appeals for India support” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏နိုင်ငံအတွက် ဒီမိုကရေစီကူးပြောင်းနေမှု အောင်မြင်အောင် ကူညီပေးကြပါရန် အိန္ဒိယပြည်သူများကို တိုက်တွန်းပန်ကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၄၀ ခန့်အတွင်း အိန္ဒိယသို့ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာသော ခရီးစဉ်တွင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သည်။ သောကြာနေ့တွင်မူ နယူးဒေလီတွင် သူမပညာသင်ကြားခဲ့ဘူးသော ကောလိပ်ကျောင်းသို့ သွားရောက် လည်ပတ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပေးခဲ့သော ရွေးကောက်ပွဲများအပြီး နှစ်နှစ်ခန့်အကြာတွင် ယခုကဲ့သို့ သူမ၏အိန္ဒိယခရီးစဉ်ကို စီစဉ် နိုင်ခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲများပြီးပြီးချင်း မြန်မာအာဏာပိုင်များက လွှတ်ပေးခဲ့သည်။

ထို့နောက်တွင် အာဏာရလာသောသမ္မတဦးသိန်းစိန်က နိုင်ငံရေးကဏ္ဍပြောင်းလဲမှုများ ပြုလုပ်ခဲ့သောကြောင့် သူမနှင့် NLD ပါတီတို့တရားဝင် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရရှိကာ ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး ယခုအခါ လွှတ်တော်အတွင်း၌ နေရာအနည်းငယ် ရရှိ ထားပြီးဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံမှ နိုင်ငံရေးအပြောင်းအလဲများအပေါ် အလွန်အကျွံ့အကောင်းမြင်လွန်းခြင်းမပြုရန် အိန္ဒိယနိုင်ငံကို ဒေါ်အောင်ဆန်း စုကြည်က သတိပေးထားသည်။

“ကျွန်မတို့ဟာ ဒီမိုကရေစီပန်းတိုင်ကို မရောက်သေးပါဘူး။ ကြိုးစားနေရတုန်းပါ။ ဒါ့ကြောင့် အိန္ဒိယပြည်သူတွေဟာ ကျွန်မတို့ထက် နှစ်ပေါင်း များစွာစောပြီး သူတို့သွားနိုင်ခဲ့ကြတဲ့လမ်းအတိုင်း လိုက်လာတဲ့ ကျွန်မတို့နဲ့အတူ ရပ်တည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ကနဦးထောက်ခံ အားပေးခဲ့သော်လည်း ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းကာလနောက်ပိုင်း မြန်မာ့ တပ်မတော်အစိုးရ(စစ်အစိုးရ)နှင့် ထိတွေ့ဆက်ဆံလာခဲ့ခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆို ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးရပြီး ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူးအမှတ်တရ ဟောပြောမှုပို့ချစဉ် သူမက“အိန္ဒိယနိုင်ငံဟာ ကျွန်မတို့နဲ့ ဝေးကွာသွားခဲ့ပါပြီ။ ကျွန်မတို့ အခက်ခဲဆုံးအချိန်မှာ အိန္ဒိယနိုင်ငံကထားသွားခဲ့ပြီလို့ ကျွန်မစဉ်းစားပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်”ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျဝါဟလာနေရူးနှင့် ပုဂ္ဂိုလ်ရေးခင်မင်သူတစ်ဦး ဖြစ်ခဲ့သည်။

ဗုဒ္ဓဟူးနေ့ကတွေ့ဆုံမှုတွင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဒေါ်အောင်ဆန်းစုကြည်၏ ချိုးဖဲ့မရနိုင်သောရဲရင့်မှုကို ချီးကျူးဂုဏ်ယူပြောဆိုခဲ့ပါသည်။

                                 *****************************************

အကျဉ်းသား ၄၅၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း မြန်မာကြေညာ

(The Associated Press မှ 14 Nov 2012 ရက်စွဲပါ “Myanmar says 450 prisoners to be freed in Amnesty” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတဦးသိန်းစိန်က အကျဉ်သား ၄၅၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အမိန့်ထုတ်ပြန်သည်ပာု မြန်မာနိုင်ငံပိုင်မီဒီယာက ကြေညာ သည်။

ယခုနောက်ဆုံးလွှတ်ပေးသူများထဲတွင် နိုင်ငံရေးအကျဉ်းသားးများပါ/မပါကို အတိအကျမသိရသေးသော်လည်း ယခင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုများတွင် ယုံကြည်ချက်အကျဉ်းသား(နိုင်ငံရေးအကျဉ်းသား)နှင့် သာမန်ရာဇဝတ်သား အကျဉ်သားနှစ်မျိုးစလုံး ပါဝင်ခဲ့ပါသည်။

သမ္မတဦးသိန်းစိန်အစိုးရသည် ပြီးခဲ့သောတစ်နှစ်လုံး ပြုပြင်ပြောင်းလဲမှုများ၏ အဓိကအစီအစဉ်အဖြစ် နိုင်ငံရေးအကျဉ်းသားများကို တစ်သုတ်ပြီး တစ်သုတ်လွှတ်ပေးကာ စစ်အုပ်ချုပ်ရေးအလွန် နိုင်ငံတကာ၏ သဘောကျမှုကိုရယူရန် ကြိုးစားခဲ့သည်။ အစောပိုင်းက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှုများ သည် အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်အုပ်စုနိုင်ငံများက ယခင် အရေးယူချမှတ်ထားခဲ့သော Sanctions များရုတ်သိမ်းပေးအောင် အထောက်အကူ ဖြစ်စေခဲ့သည်။

အစိုးရအာဘော် New Light of Myanmar သတင်းစာပါ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်သည် သမ္မတအိုဘားမား တနလာင်္နေ့တွင် ပထမဆုံး မြန်မာနိုင်ငံရောက် အမေရိကန်ခေါင်းဆောင်အဖြစ် ရောက်ရှိမလာခင်ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၁ တွင် လက်ရှိအစိုးရကို အာဏာလွှဲပေးကာ ဖျက်သိမ်းသွားခဲ့သော ယခင်တပ်မတော်အစိုးရဟောင်း လက်ထက်တွင် နိုင်ငံရေးလှုပ်ရှားသူ များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အစိုးရကို ဝေဖန်သူများ၊ စုစုပေါင်း ၂၀၀၀ ကျော်ခန့်မှာ မတရားသဖြင့် ဖမ်းဆီးထောင်ချခြင်း ခံကြရသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားထားသည်။

အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၃၃၀ ခန့် အကျဉ်းထောင်များထဲတွင် ကျန်ရှိနေသည်ဟု အတိုက်အခံ NLD ပါတီက အစောပိုင်းတွင် ခန့်မှန်း ထားကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းထံမှ သိရှိရသည်။

ဦးဥာဏ်ဝင်းက ယခုနောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်သည် သမ္မတအိုဘားမား၏ခရီးစဉ်မတိုင်မီ စိတ်ရင်းစေတနာကောင်းပြသမှု တစ်ခုဟု ယုံကြည်ကြောင်း ပြောကြားသည်။ “နိုင်ငံရေးအကျဉ်းသားအားလုံးကို လွတ်မြောက်စေချင်ပါတယ်”ဟု ၎င်းကဆိုပါသည်။

ကြာသပတေးနေ့တွင် လွှတ်ပေးသောအကျဉ်းသားအချို့မှာ ပြန်ပို့ရမည့် နိုင်ငံခြားသားများဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာက ပြောကြားသော်လည်း အသေးစိတ်ရှင်းလင်းထားခြင်း မရှိပါ။

ယခုအခါ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ဦးတည်ကူးပြောင်းမှုကို ဦးဆောင်နေသော ဦးသိန်းစိန်အစိုးရက နိုင်ငံရေးအကျဉ်သားများ လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖြေလျော့ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲခြင်း၊ အနောက်အုပ်စု ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်အောင် တံခါးဖွင့်ပေးခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လျှက် ရှိသည်။

********************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment