Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၀.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ချေးငွေ ဒေါ်လာ (၁၆၅) သန်းပေးမည်

(18 Nov 2012 ရက်စွဲပါ Khaleej Times မှ AFP ၏ Japan to give $ 165 million in loans to Myanmar ကိုဘာသာပြန်ပါသည်)

  1.  အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်သည် တည်ငြိမ်မှုကို ဖြစ်ပေါ်စေမည်ဟု တရုတ်မျှော်လင့်

(20 Nov 2012 ရက်စွဲပါ People’s Daily မှ Xinhua ၏ China hopes Obama’s Myanmar visit conducive to stability ကိုဘာသာပြန်ပါသည်)

  1.  အာရှအရေးပါလာပုံကို အိုဘားမား၏ ခရီးစဉ်ထင်ဟပ်

(People’s Daily မှ 19 Nov 2012 ရက်စွဲပါ “Obama’s trip highlights importance of Asia” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။ တရုတ်နိုင်ငံပိုင် သတင်းစာကအိုဘားမား၏ ခရီးစဉ်အပေါ် သုံးသပ်ထားသော အာဘော်ဖြစ်သည်)

***********************************************

ဘာသာပြန်သတင်းများ

ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့ချေးငွေ ဒေါ်လာ (၁၆၅) သန်းပေးမည်

(18 Nov 2012 ရက်စွဲပါ Khaleej Times မှ AFP ၏ Japan to give $ 165 million in loans to Myanmar ကိုဘာသာပြန်ပါသည်)

ဂျပန်နိုင်ငံက မြန်မာနိုင်ငံသို့အစိုးရချေးငွေအဖြစ် ဒေါ်လာ (၆၁၅) သန်းပေးမည်ဟု တနင်္ဂနွေနေ့က သတင်းတစ်ရပ်မှ ဆိုပါသည်။ အဆိုပါ သတင်းမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံသို့သွင်းကုန် ပိတ်ပင်ထားမှု ဖယ်ရှားခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်ကရာစုနှစ်ထက်ဝက်ခန့်ရှိ စစ်တပ်အုပ်ချုပ်ရေးကိုပြီးဆုံးစေခဲ့ပြီး လျင်မြန်သော ပြောင်းလဲမှုများကြောင့် အရေးယူမှု များကို ရုတ်သိမ်းရန်ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ငွေရှာနိုင်မည့်ဈေးကွက်သို့ အလျင်အမြန်ဝင်ရောက်ရန် ဖြစ်လာပါသည်။

ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda သည် အဆိုပါချေးငွေကြေညာချက်ကို တနလာင်္နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၏ အရန်တွေ့ဆုံမှုဖြင့် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံသည့်အခါ ပြောကြားမည်ဖြစ်ကြောင်း Nikkei စီးပွားရေးနေ့စဉ်က ပြောပါသည်။

ယခု ဂျပန်ကပေးသော အတိုးနှုန်းနည်းပါးသော ချေးငွေသည် နှစ်ပေါင်းသုံးဆယ်နီးပါးအခန့်အတွင်း ပထမဆုံးဖြစ်ပြီး ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ဝင်ရောက်ရာတွင် ကျောထောက်နောက်ခံပေးနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင်တိုး၍ သြဇာလွှမ်းမိုးလာသော တရုတ်ကို ထိန်းညှိနိုင်ရန်လည်း  ဖြစ်ပါသည်ဟု ၎င်းကဆိုပါသည်။

ဂျပန်သည် အဆိုပါချေးငွေကို ၂၀၁၃ မတ်လကုန်ဆုံးသော ဘဏ္ဍရေးနှစ်တွင် ပေးမည်ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြား အဓိက ငွေချေးသောနိုင်ငံများကလည်း ဇန်နဝါရီလတွင် မြန်မာနိုင်ငံကတင်ရှိနေသောကြွေးမြီများကို လျှော်ပစ်မည်ဟု ကြေညာလိမ့်မည်ဟု မျှော်လင့်ရ ကြောင်း  Nikkei ကပြောပါသည်။

ယခု ၅၀ ဘီလီယံ ယန်း ချေးငွေကို ရန်ကုန်မြို့အပြင်ဘက်ရှိ ဂျပန်တို့ဦးဆောင်လုပ်ကိုင်နေသော အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော အခြေခံ အဆောက်အဦးစီမံကိန်းသုံးခုတွင် အသုံးပြုမည် ဖြစ်ပါသည်။

သီလဝါစီမံကိန်းအား မစ်ဆူဘီရှီကော်ပိုရေးရှင်း၊ ဆူမီတိုမိုကော်ပိုရေးရှင်းနှင့် မာရူဘီနီကော်ပိုရေးရှင်း တို့အပါအဝင် ဂျပန်ကုမ္ပဏီအစုအဖွဲ့မှ ဦးဆောင်လုပ်ကိုင်နေကြောင်း Nikkei ကဆိုပါသည်။

အခြားစီမံကိန်းနှစ်ခုမှာ ရန်ကုန်အနီးရှိ ရေနွေးငွေ့သုံးဓါတ်အားပေးစက်ရုံပြုပြင်ခြင်းလုပ်ငန်းနှင့် ဆင်းရဲမွဲတေမှုလျေ့ချရန် ရည်ရွယ်လုပ်ဆောင် နေသော ကျေးလက်ဒေသ (၁၄) ခုရှိ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်ပါသည်။

ဂျပန်သည် ပို့ကုန်ဦးစားပေးသော စီးပွားရေးနိုင်ငံဖြစ်ပြီး သယံဇာတပေါသော မဲခေါင်ဒေသကြီးထွားရေးကို အာရုံစိုက်နေပါသည်။ ထိုဒေသကို လည်း တရုတ်ကလက်ဝါးကြီးအုပ်ရန် ကြိုးစားလျက်ရှိပါသည်။

ဂျပန်သည် အနောက်နိုင်ငံမဟာမိတ်များနှင့် မတူပဲ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး၊ ဆွေးနွေးမှုများကို ဆက်လက်ထိန်းသိမ်းသော နိုင်ငံဖြစ်ပါသည်။ ယခင် စစ်အစိုးရမှ သဘောထားတင်းမာသူများက အဓိကမဟာမိတ်နှင့် ကူးသန်းရောင်းဝယ်ရေး ပတ်တနာတရုတ်နှင့် ပိုမိုနီးစပ်အောင်တွန်းလိမ့်မယ်ဟု ဂျပန်က သတိပေးနေပါသည်။

ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြးလျတို့သည် အရေးယူမှုအားလုံးကို ယာယီရုတ်သိမ်းခဲ့ကြပါသည်။ အမေရိကန်ကလည်း သမ္မတ Barack Obama ၏ မြန်မာနိုင်ငံသမိုင်းဝင်ခရီးစဉ် မတိုင်မီသောကြာနေ့က ဖြေလျှော့မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ တိုကျိုအစိုးရသည် ယခုနှစ် များအတွင်း အတိုးနှုန်းနည်းသော ကာလရှည်ချေးငွေ (ယန်း ချေးငွေ) များကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဗီယက်နမ်၊ အိန္ဒိယ အပါအဝင်အာရှနိုင်ငံများသို့ ပေးခဲ့ပါသည်။

ပြီးခဲ့သည့် ဧပြီလက ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကပေးရန်ရှိသော ကြွေးမြီဂျပန်ယန်း (၅၀၀) ဘီလီယံရှိသည့်အနက် ဘီလီယံ (၃၀၀) ကို လျှော်ပစ်ရန် သဘောတူခဲ့ပါသည်။

------------------------------------------------------------------------------------------------------------

အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်သည် တည်ငြိမ်မှုကို ဖြစ်ပေါ်စေမည်ဟု တရုတ်မျှော်လင့်

(20 Nov 2012 ရက်စွဲပါ People’s Daily မှ Xinhua ၏ China hopes Obama’s Myanmar visit conducive to stability ကိုဘာသာပြန်ပါသည်)

အမေရိကန်ပြည်ထောင်စုသမ္မတ Barack Obama ၏ မြန်မာနိုင်ငံခရီးစဉ်သည် အရှေ့အာရှအတွက် အေးချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတက်ရေးတို့ ထွက်ပေါ်နိုင်လိမ့်မည်ဟု တရုတ်ကမျှော်လင့်ပါသည်။

အဆိုပါမှတ်ချက်ကို တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Hua Chunying က တနလာင်္နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “သမ္မတ Obama ရဲ့လည်ပတ်မှုဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံကြားက ကိစ္စသာဖြစ်ပါတယ်။”ဟု သူက ဖြည့်စွက် ပြောခဲ့ပါသည်။

သူက ထပ်မံပြောကြားရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးချက်ပေါ်တွင်အခြေခံ၍ သာတူညီမျှဖေးမကူညီရေးစိတ်ဓါတ်ဖြင့် ကြီးမားသောပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်းဆိုပါသည်။ ၎င်းတို့သည် ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ မဟာဗျူဟာပတ်တနာရှစ် ကိုမြှင့်တင်နိုင်ခဲ့ကြောင်းလည်း ပြောပါသည်။

“တရုတ်-မြန်မာ ဆက်ဆံရေးရဲ့ဖြစ်ထွန်းမှုဟာ နှစ်ဖက်ကို အကျိုးရှိစေပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကို ဖြစ်ပေါ်စေပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး နဲ့လေးနက်မှုကို ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။” ဟု Hua ကပြောပါသည်။

Obama သည် ရန်ကုန်သို့ တနလာင်္နေ့ နံနက်ကရောက်ရှိလာရာ မြန်မာ-အမေရီကန် ဆက်ဆံရေးသမိုင်းတွင် ပထမဆုံး လာရာက်လည်ပတ် သော လက်ရှိအမေရီကန် သမ္မတတစ်ဦး ဖြစ်လာပါသည်။

------------------------------------------------------------------------------------------------------------

အာရှအရေးပါလာပုံကို အိုဘားမား၏ ခရီးစဉ်ထင်ဟပ်

(People’s Daily မှ 19 Nov 2012 ရက်စွဲပါ “Obama’s trip highlights importance of Asia” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။ တရုတ်နိုင်ငံပိုင် သတင်းစာကအိုဘားမား၏ ခရီးစဉ်အပေါ် သုံးသပ်ထားသော အာဘော်ဖြစ်သည်)

အမေရိကန်သမ္မတဘားရက်အိုဘားမား၏ အရှေ့တောင်အာရှခရီးစဉ်သည် အာရှဆီသို့အမေရိကန်မဟာဗျူဟာမြောက်အရွေ့တွင် ခြေတစ်လှမ်း တိုးလာခြင်း၊ အာရှသည် အမေရိကန်တို့အတွက် ပိုမို အရေးပါလာခြင်းတို့ကို ထင်ဟပ်နေသည်။

ဒုတိယသက်တမ်းရွေးကောက်ပွဲနိုင်ပြီးနောက် ပထမဆုံးပြည်ပခရီးထွက်လာသော သမ္မတအိုဘားမားသည် ထိုင်းနှင့်မြန်မာနိုင်ငံများသို့ သွားရောက်မည့်အပြင် ကမ္ဘောဒီးယားတွင်ကျင်းပမည့်အပြင် ကမ္ဘောဒီးယားတွင်ကျင်းပမည့် အရှေ့အာရှထိပ်သီးညီလာခံ၌ ဒေသတွင်းခေါင်းဆောင် များနှင့်တွေ့ဆုံဦးမည် ဖြစ်သည်။

ယခုသံတမန် ခရီးစဉ်သည် “ဟာဝိုင်ရီတွင်မွေးဖွား အင်ဒိုနီးရှားတွင် ကြီးပြင်းခဲ့သူ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး ပစ္စဖိတ်သမ္မတ မစ္စတာအိုဘားမား၏ အာရှနှင့်ဆက်နွယ်မှု သင်္ကေတ သဘောကိုဆောင်သည်။”

ယခင်ကအာဏာလက်ရှိအမေရိကန်သမ္မတမှန်သမျှသည် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ မည်သည်အခါကမှ မရောက်ခဲ့ကြပေ။ ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အရှေ့တောင်အာရှ  နိုင်ငံများသို့ ပြည်ပခရီးထွက် ခြင်းလည်းမရှိခဲ့ပေ။

သို့သော် ယခုအခါ အိုဘားမား၏အာရှအပေါ်အထူးစိတ်ဝင်စားမှုသည် အာရှဒေသ၏ မဟာဗျူဟာမြောက်အရေးပါမှု ကြီးထွားလားခြင်းနှင့် ပတ်သက်နေသည်။ အာရှသည် ကမ္ဘာတွင် စီးပွားရေး အရှိန်အဟုန်အကောင်းဆုံးဒေသ ဖြစ်နေသောကြောင့် ကမ္ဘာ့စီးပွားရေး ပမာဏ၏ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးနေပြီး ကမ္ဘာ့ဖွံ့ဖြိုးကြီးထွားမှု၏သုံးဆယ်ရာခိုင်နှုန်းအထိ ပါဝင်ပတ်သက်လျက်ရှိသည်။

ပြီးခဲ့သောရာစုနှစ်ဝက်အတွင်း အဆိုးဆုံးကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း၌ ကမ္ဘာ့စီးပွားရေးပုံမှန် လမ်းကြောင်းအပေါ်ပြန်ရောက် အောင်  ကြိုးစားရာတွင်လည်း အာရှဒေသသည် အရေးကြီးသောကဏ္ဍမှပါဝင်ခဲ့သည်။

ထို့ကြောင့် ယခု အိုဘာမား၏အရှေ့တောင်အာရှခရီးစဉ်သည် အာရှသို့ မဟာဗျူဟာမြောက်ရွေ့လျားမည့် မူဝါဒကိုဆက်လက်ကျင့်သုံးမည် ဖြစ်ကြောင်း ပြသနေပါသည်။

သို့သော် သံတမန်ရေး၊စီးပွားရေး ဆက်ဆံမှု ပိုမိုရင်းနှီးရေးသာမကပဲ ဒေသတွင်းစစ်ရေး တည်ရှိမှု အနေအထား ပိုမိုအားကောင်းရေးပါ ဆက်နွယ်နေသည့် မူဝါဒအရွေ့ကြောင့် အာရှနိုင်ငံများအကြား သံသယနှင့် အငြင်းပွားစရာများ ထွက်ပေါ်လာစေသည်။

ထို့အပြင်အမေရိကန်မူဝါဒ၏ အားပေးအားမြှောက်ပြုမှုကြောင့် အချို့သောနိုင်ငံများက ဒေသတွင်း တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှု၊ ပျက်ပြားစေမည့် အငြင်းပွားဖွယ် ပိုင်နက်ငြင်းခုံမှုကဲ့သို့ ပြဿနာကိစ္စရပ်များတွင် ရန်စသော အပြုအမူများပြုလုပ်လာခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုသည် အာရှတွင်အရေးကြီးသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ရှိထားခြင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်နေခြင်းတို့ကြောင့် ဒေသတွင်း၌အရေးပါသောကဏ္ဍမှ ပါဝင်နေပါသည်။ သို့သော်လည်း အာရှတိုက်၏ တင်းမာမှုများလျှော့ပါးရန်နှင့် ဖွံ့ဖြိုးမှု အရှိန်မပျက်စေရန် အတွက် ဝါရှင်တန်အနေဖြင့် ပိုမိုအပြုသဘောဆောင်သောကဏ္ဍမှ ပါဝင်ဖို့လိုအပ်ပါသည်။

ယခုအခါ အာရှတိုက်သည် ပိုမိုတည်ငြိမ်၍ ဖွံ့ဖြိုးသောအနာဂတ်ကို တည်ဆောက်ရန်အတွက် ပဋိပက္ခဖြစ်မှု ထိပ်တိုက်တွေ့မှု လမ်းဟောင်းကို ရှောင်ရှားကာ၊ အပြန်အလှန်လေးစားမှု၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှု လမ်းသစ်ပေါ်တွင် ခရီးစရပါလိမ့်မည်။

အထက်ပါအချက်သည် အာရှတိုက်သားအားလုံးနှင့် ဆိုင်သောအလိုဆန္ဒတစ်ခုဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် မူဝါဒချမှတ်ရာတွင် ယင်းအချက်ကို ထည့်သွင်းစဉ်းစားဖို့လိုပါသည်။

********************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment