Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၁.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် UNAIDS ambassador ဖြစ်လာ

 (The Nation News မှ 21 Nov 2012 ရက်စွဲပါ " Suu Kyi becomes UNAIDS ambressador " သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရိုဟင်ဂျာများကိုပြန်ခေါ်ရန် မြန်မာအစိုးရအား ဘင်္ဂလားဒေ့ရှ် အစိုးရတိုက်တွန်း

(The Daily Star News မှ 21 Nov 2012 ရက်စွဲပါ " Govt Asks " myanmar to take back Rohingyas " သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရောထွေးသော လူ့အခွင့်အရေးအစီရင်ခံစာကို ကုလထုတ်ပြန်

(UPI News မှ 20 Nov 2012 ရက်စွဲပါ “UN gives mixed rights report for Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. သမ္မတကြီးခင်ဗျား……….မြောက်ကိုရီးယားသည် မြန်မာနိုင်ငံမဟုတ်ပါ

(21 Nov 2012  ရက်စွဲပါ The Diplomat မှ Scott A.Snyder ရေးသားသော Mr.President: N.Korea is not Burma ကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် UNAIDS ambassador ဖြစ်လာ

 (The Nation News မှ 21 Nov 2012 ရက်စွဲပါ " Suu Kyi becomes UNAIDS ambressador " သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂ HIV နှင့် AIDS  အစီအစဉ်သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီဖြစ်ရာ ရောဂါနှင့်အတူ ရှင်သန်နေထိုင်ရသူများအပေါ် ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ရမည့်တာဝန်ကို ထမ်းဆောင်ရတော့မည်ဟု UNAIDS အေဂျင်စီက အင်္ဂါနေ့က သတင်းထုတ်ပြန်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ကမ္ဘာကျော်ဒီမိုကရေစီခေါင်းဆောင်က "လူ့အဖွဲ့အစည်း အဖျားအနားမှာနေထိုင်ပြီး ဂုဏ်သိက္ခာနဲ့အခြေခံ လူ့အခွင့်အရေးကိုထိန်းသိမ်းဖို့ နေ့စဉ်ရုန်းကန်နေရသူတွေရဲ့ ကိုယ်စားလှယ်အဖြစ်ရွေးခံရတဲ့အတွက် အလွန်အမင်း ဝမ်းမြောက်ဂုဏ်ယူမိပါတယ်၊ ကျွန်မ အနေနဲ့ ပြောရေးဆိုခွင့်မရှိကြသူတွေရဲ့ကိုယ်စား  ပြောရေးဆိုခွင့် ရှိတဲ့သူတစ်ဦး ဖြစ်ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

UNAIDS အမှုဆောင်ဒါရိုက်တာ မိုက်ကယ်ဆစ်ဒီဘီကလည်း ယင်းတာဝန်ကို သူမလက်ခံသည့်အတွက် ကုလသမဂ္ဂအေဂျင်စီက ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားသည်။

"ကျေးတောရွာလေးတွေကနေ မြို့ကြီးတွေအထိ၊ အာရှကနေ အာဖရိကအထိ ပြည်သူတွေဟာ ဒေါ်စုအကြောင်းကိုပဲ ပြောနေကြပါတယ်။ သူမဟာ တကယ်ကို လှုံဆော်အားပေးနိုင်စွမ်းရှိသူပါ"ဟု ၎င်းကကြေငြာချက်တွင် ပြောဆိုခဲ့သည်။

"UNAIDS Global Advocae for Zaeo Discrimimation ဟုအမည်နာမ သတ်မှတ်ခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ HIV ဆိုင်ရာ သက်ကယ်ဝန်ဆောင်မှုအစီအစဉ်များမရအောင် တားဆီးနေသည့် ကြောက်ရွံခြင်းပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သော ရှက်ရွှံသိမ်ငယ်မှုနှင့် ခွဲခြား ဆက်ဆံရမှုများကိုပပျောက်အောင် ဖယ်ရှားလုပ်ဆောင်သွားလိမ့်မည်"ဟု ကုလအေဂျင်စီက ထုတ်ပြန်ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်က "ရောဂါဖြစ်နိုင်ခြေရှိတယ်လို့ သံသယရှိသူတိုင်းဟာ HIV စစ်ဆေးမှုပြုလုပ်ပြီး၊ ရောဂါအခြေအနေကို စောစောစီးစီး သိအောင် လုပ်ဖို့အရေးကြီးပါတယ်။ ဒါမှသာ နောက်ထပ် မပြည့်ပွားအောင် တားဆီးနိုင်မှာဖြစ်ပြီး၊ လိုအပ်တဲ့အချိန်မှာ အသက်ကယ်ကုသမှု အစီစဉ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်"ဟု ပြောကြားသွားသည်။  

                                                                    ****************************************

ရိုဟင်ဂျာများကိုပြန်ခေါ်ရန် မြန်မာအစိုးရအား ဘင်္ဂလားဒေ့ရှ် အစိုးရတိုက်တွန်း

(The Daily Star News မှ 21 Nov 2012 ရက်စွဲပါ " Gort Ask " myanmar to take back Rohingyas " သတင်းကိုဘာသာပြန်ဆိုသည်)

ကျန်ရှိနေသော ရိုဟင်ဂျာဒုက္ခသည်များအား ပြန်ခေါ်ရန်နှင့် နောက်ထပ်ဝင်မလာအောင်တားဆီးရန် မြန်မာနိုင်ငံအား ဘင်္ဂလားဒေ့ရှ်အစိုးရက နောက်တကြိမ်တောင်းဆို တိုက်တွန်းလိုက်ပါသည်။

မနေ့ကဝန်ကြီးဌာနတွင် နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှုးများဖြစ်ကြသော ဆိုက်ဒါမှုနာတတ်စနင်နှင့် ဂိုလမ်ဆာဝါတို့အား မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန့်တွေဆုံစဉ် ၎င်းတောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက မြန်မာသံအမတ်ကြီးအား  "ဒက္ကားသည် OIC နှင့် ကုလလူ့အခွင့်အရေးကောင်စီ နှစ်နေရာစလုံးတွင် မြန်မာနိုင်ငံကို ထောက်ခံပေးသွားမည်"ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းနှစ်ခုတွင် နေထိုင်နေသော ရိုဟင်ဂျာဒုက္ခသည် ၂၉၀၀၀ အနက်မှ ၂၄၁၅ ဦးကိုပြန်ခေါ်မည်ဟု မြန်မာ အစိုးရကပြောကြားထားပြီး၊ ယင်းတို့အနက်မှ မိသားစု ၁၀ စုက၎င်းတို့ဆန္ဒအလျောက် ပြန်ရန်သဘောတူထားသည်ဟု ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာသံအမတ်ကြီးကလည်း ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးအစီအစဉ်ကိုစတင်ရန် ၎င်းတိုအစိုးရက ကြိုးစားနေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် - မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးခိုင်မြဲစေရန် ဆန္ဒရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရှိရသည်။

********************************************

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရောထွေးသော လူ့အခွင့်အရေးအစီရင်ခံစာကို ကုလထုတ်ပြန်

(UPI News မှ 20 Nov 2012 ရက်စွဲပါ “UN gives mixed rights report for Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ကြားနေ လူသားချင်းစာနာကူညီမှု အေဂျင်စီများအား မြန်မာနိုင်ငံ၏ ပဋိပက္ခဘေးဒဏ်သင့်ဒေသများသို့ သွားရောက်ခွင့်ပေးခြင်းသည် ၎င်း ဒေသ၏ လက်ရှိစိုးရိမ်စရာကိစ္စများကို ကူညီဖြေရှင်းလိမ့်မည်ဟု ကုလသမဂ္ဂကိုယ်စားလှယ်က ပြောကြားလိုက်သည်။

ယခုသတင်းပတ်တွင် အမေရိကန်သမ္မတ အိုဘားမားသည်လည်း Burma (သို့) မြန်မာနိုင်ငံရောက် ပထမဆုံး အာဏာလက်ရှိအမေရိကန် သမ္မတဖြစ်လာခဲ့သည်။ ယခင် အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် နောက်လိုက်များက Myanmar ဟုအတင်းအကျပ် နာမည်ပြောင်းထားသော်လည်း Burma ဟုသာလူသိများသော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း စတင်ပြုလုပ်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ယခုအခါ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ချီးကျူးဂုဏ်ပြုမှုကို လက်ခံရရှိနေသည်။

နိုင်ငံတကာ ကြက်ခြေနီ ကိုယ်စားလှယ်အဖွဲ့အား ရခိုင်ပြည်နယ်မှ အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ပေးရန် မြန်မာအစိုးရက ကတိပေးခြင်းကို ကြိုဆိုသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်အိုဂျာကင်တာနာက ပြောကြားပါသည်။

ရခိုင်ပြည်နယ်မှ အဓိကရုဏ်းကြောင့် လူပေါင်း ၂၀၀ ခန့်သေဆုံးကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသဖြင့် အစိုးရက ပြည်နယ်တွင်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ရသည်။

“ဇွန်လမှစ၍ လူရာပေါင်းများစွာ ဖမ်းဆီးထားခဲ့သော ရခိုင်ပြည်နယ်အပါအဝင် အကျဉ်းသားများဖမ်းဆီး ထိန်းသိမ်းထားသောနေရာများသို့ နိုင်ငံတကာနှင့်ပြည်တွင်း စောင့်ကြည့်လေ့လာသူများအဖွဲ့အား အပြည့်အဝသွားရောက်ခွင့်ပေးသည်။ ဖမ်းဆီးအကျဉ်းချခံရသူများနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသောစိုးရိမ်စရာ ကိစ္စရပ်များကိုဖြေရှင်းရာတွင် အထောက်အကူဖြစ်လိမ့်မည်”ဟု ကွင်တားနားက ကြေညာချက်တွင် ဖော်ပြ ထားသည်။

ရခိုင်ပြည်နယ်အနှံ့ ရိုက်ကူးထားသော ဂြိုလ်တုဓါတ်ပုံများတွင် တစ်ရွာလုံးမီးလောင်ပြာကျသွားသည်ကို တွေ့ရှိရကြောင်း Human Rights Watch ကထောက်ပြပြောကြားထားသည်။ ထိုနယ်မြေသို့သွားရောက်ခြင်းကို အစိုးရက တားမြစ်ထားသည်ဟုလည်း H R W အဖွဲ့က ပြောကြားခဲ့သည်။

                                                         ******************************************

သမ္မတကြီးခင်ဗျား……….မြောက်ကိုရီးယားသည် မြန်မာနိုင်ငံမဟုတ်ပါ

(21 Nov 2012  ရက်စွဲပါ The Diplomat မှ Scott A.Snyder ရေးသားသော Mr.President: N.Korea is not Burma ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ကြီးမားသော သို့သော် မရေရာသေးသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့လျှောက်လှမ်းပြီးတစ်နှစ်ကျော်အကြာတွင် သမ္မတ Obama သည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းသည် ခရီးစဉ်အပေါ် သင်ခန်းစာယူလေမည်လား ဟူသော မျှော်လင့်ချက်ကို ဖြစ်စေပါသည်။ Obama သည် ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားခေါင်းဆောင်များကို တိုက်ရိုက်ရည်ညွှန်း၍ စိန်ခေါ်ပြောကြားခဲ့ရာတွင် နျူကလီးယားလက်နက်များကိုစွန့်လွှတ်ပြီး၊ ငြိမ်းချမ်းရေှးင့် တိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်ပါက အမေရိကန်ပြည်ထောင်စုက လက်ကမ်းလာသည်ကို တွေ့ရမည်ဟု ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ပြောကြားခြင်းမှာ သမ္မတ Obama က ယခုနှစ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းသို့ လူသိရှင်ကြားတိုက်ရိုက် ပြောကြားမှုမှာ ဒုတိယအကြိမ် ဖြစ်ပါသည်။ ပြီးခဲ့သည့် မတ်လက ဆိုးလ်မြို့ရှိ Hankuk တက္ကသိုလ် နိုင်ငံခြားလေ့လာရေးဌာန၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် ပြုံယမ်းအပေါ် ရန်လိုရန်ရည်မှန်းချက်မရှိကြောင်း၊ အမေရိကန်ကဆက်ဆံရေး ပုံမှန်ဖြစ်ရန် ခြေလှမ်းများလှမ်းနေကြောင်း၊ ရန်စ လာမှုများသည် မြောက်ကိုရီးယားက ပိုမိုအထီးကျန်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်အပတ် သမ္မတ Obama ၏ ခရီးစဉ်မတိုင်မီ CSIS တွင် အမျိုးသားလုံခြုံရေးအကြံပေး Tom Donilon က မေးခွန်းမေးမြန်းမှုကို ထည့်သွင်းပြောကြားရာတွင် အကယ်၍ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားဖျက်သိမ်းရေးကို အလေးအနက်ရည်ရွယ်ကြောင်း ပြသလာပါက မြောက်ကိုရီးယားက နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ရန် လမ်းဖွင့်ပေးထားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သို့သော် မြန်မာနိုင်ငံ၏နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို မြောက်ကိုရီးယားနှင့် ညီမျှခြင်းချ၍ မဖြစ်နိုင်ပေ။ မြန်မာနိုင်ငံကိစ္စတွင် နျူကလီးယားဖျက်သိမ်းရေးကိစ္စ ပါဝင်မှုမရှိပေ။ ကင်ဂျုံအန်သည် မြောက်ကိုရီးယား၏ စီးပွားရေးပြဿနာများကို ကိုင်တွယ်ရန်လိုအပ်ကြောင်း အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပါသည်။ ပြီးခဲ့သည့် ဧပြီလက ပထမဆုံးလူထုသို့ မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယားပြည်သူများသည် နောက်ထပ်ငွေ ခြွေတာရန် မသင့်တော့ကြောင်း ကတိစကားပြောကြားခဲ့ပါသည်။ သို့သော် မြောက်ကိုရီးယားအစိုးရသည် နျူကလီးယားအစီအစဉ်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပါသည်။ ၎င်းသည် မှန်ကန်သည့်ရွေးချယ်မှု ပြုလုပ်ရမည့်အစား အမေရိကန်က ရန်သူမူဝါဒကို မစွန့်လွှတ်ပါက နျူကလီးယား အစီအစဉ်ကိုတိုးချဲ့ မည်ဟု ခြိမ်းခြောက်နေပါသည်။

မြောက်ကိုရီးယားသည် နိုင်ငံခြားငွေရှာနိုင်သည့် နည်းလမ်းများမှာလည်း ကျဉ်းမြောင်းလာပါသည်။ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာခြင်းကြောင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရဆက်ဆံရေးများ ရပ်ဆိုင်းလာနေပြီး ကုလသမဂ္ဂအရေးယူမှုများကလည်း မြောက်ကိုရီးယား ဒုံးကျည်နှင့် လက်နက်များရောင်းချမှုကို ခက်ခဲလာစေပါသည်။ လာမည့်လများတွင် ကင်ဂျုံအန်အနေဖြင့် တရုတ်ခေါင်းဆောင်သစ်များထံမှ အကူအညီများ တိုးချဲ့ပေးမှုကို ရရှိဖွယ်ရှိနေပါသည်။ တောက်ကိုရီးယားသမ္မတသစ်ကလည်း နျူကလီးယားဖျက်သိမ်းရေးအတွက် မဟာဗျူဟာကျသော အခြားနည်းလမ်း တစ်ရပ်အဖြစ် မြောက်ကိုရီးယားကို ထောက်ပံ့ကူညီပြီး စမ်းသပ်ဖွယ်ရှိပါသည်။ ကုလသမဂ္ဂနှင့် မဟာဗျူဟာကျသောနားလည်မှု ကြိုတင်မရှိပဲနှင့် မြောက်ကိုရီးယားအနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နျူကလီးယားဖျက်သိမ်းရေးကို လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ အမေရိကန်၏ ရန်သူမူဝါဒကို မဖယ်ရှားပဲ နျူကလီးယားဖျက်သိမ်းရေးကို လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။

သမ္မတ Obama သည် ၂၀၀၉ ခုနှစ်က ၎င်း၏ပထမဆုံးသမ္မတအဖြစ်လက်ခံစဉ် မိန့်ခွန်းတွင် လက်သီးဆုပ် ဖြေလျော့ရန်လိုလားပါက လက်ကမ်းပေးရန်ကတိပြုကြောင်း ပြောကြားခဲ့ပါသည်။ ကင်ဂျုံအီသည် အဆိုပါမိန့်ခွန်းကို တုန့်ပြန်သည့်အနေဖြင့် ၂၀၀၉ ဧပြီလတွင် ဒုံးကျည် စမ်းသပ်မှုများနှင့် နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ယခုသမ္မတ Obama ၏ဒုတိယသက်တမ်းတွင် မြောက်ကိုရီးယားသည် ကင်ဂျုံအီ လက်အောက်၌ အမေရိကန်၏လက်ကမ်းပေးမှုကို ပိုမို၍ အပြုသဘောဆောင်သောတုန့်ပြန်မှုများ ရှိလာလေမလားဟု မျှော်လင့်ကြပါစို့။

                        ************************************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment