Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၂.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်နှုန်း ၆.၂၅ ရာခိုင်နှုန်းရှိမည်ပာု IMF သုံးသပ်
  2. အမေရိကန်စင်တာ၌ နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးတော့မည်
  3. မြန်မာ့ဆန်တင်ပို့နိုင်ရန် နိုင်ငံသုံးခုနှင့် အကြိုသဘောတူလက်မှတ်ရေးထိုးမည်

နိုင်ငံရေးသတင်း

  1. နိုင်ငံတော်ငွေအလွဲသုံးစားမှုပြုလုပ်ခဲ့သည့်ဝန်ကြီးဌာနများတွငအောက်ခြေဝန်ထမ်းများကိုသာအရေးယူမှုရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်နှုန်း ၆.၂၅ ရာခိုင်နှုန်းရှိမည်ပာု IMF သုံးသပ်

အစိုးရ၏ပြုပြင်ပြောင်းလဲမှုများကြောင့် သဘာဝအရင်းအမြစ်ကဏ္ဍ၌ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများသည် တိုးမြှင့်လာမှုအပါအဝင် ပြည်တွင်း ထွက်ကုန်စည်များ အနောက်နိုင်ငံများသို့တင်ပို့နိုင်မှု မြင့်မားလာနိုင်မည်ဖြစ်ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ မြန်မာ့စီးပွားရေးတိုးတက်နှုန်းမှာ ၆.၂၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့မှ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သော မြန်မာနိုင်ငံသို့ IMF ဝန်ထမ်းများ စေလွှတ်ခြင်းသုံးသပ်ချက်၌ ဖော်ပြပါရှိသည်။

အဆိုပါသုံးသပ်ချက်တွင် အဓိကသုံးသပ်ချက်ပါဝင်ပြီး ပထမဆုံးအချက်မှာ ငွေလဲနှုန်းပြုပြင်ပြောင်းလဲမှုများကြောင့် အမျိုးသားအဆင့် စီးပွားရေး တည်ငြိမ်မှုကို အာမခံချက်ပေးနိုင်သည့်အပြင် တစ်ချိန်တည်းမှာပင် ယှဉ်ပြိုင်မှုနှင့် ကုန်သွယ်မှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဒုတိယ အချက်အနေဖြင့် မကြာသေးခင်က ပြောင်းလဲလိုက်သည့် စီမံခန့်ခွဲမှုနှင့်ယှဉ်သည့် ငွေကြေးမူဝါဒများသည် တည်ငြိမ်ပြီး ငွေကြေး ဖောင်းပွမှုများကို လျော့ကျစေနိုင်မှုအပေါ် အဓိကထားခဲ့သည့်အပြင် ဗပာိုဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အဓိက လုပ်ဆောင်ချက်များကိုလည်း တိုးမြှင့်ပေးနိုင်ခဲ့သည်။

နောက်ဆုံးအချက်အားဖြင့် နိုင်ငံဘဏ္ဍာငွေလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခွန်နှုန်းထားများကို စည်းစနစ်ကျကျ နိုင်ငံတော်က ရရှိနိုင်စေရန် အခွန်ဝန်ကြီးဌာန၏ အုပ်ချုပ်ရေးကို ပိုမိုခိုင်မာအောင်ဆောင်ရွက်ရန်နှင့် အတိုးနှုန်းထားများ စနစ်တကျကောက်ခံမှုအပါအဝင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုမြင့်မားလာရေး အစရှိသည်တို့ကို အချိန်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ IMF Mission အဖွဲ့သည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဗပာိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါ Mission အဖွဲ့သည် နိုဝင်ဘာလ ၅ ရက်နေ့မှ ၂၂ ရက်နေ့ထိ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် စီးပွားရေးမူဝါဒချမှတ်အကောင်အထည်ဖော်မှုကို အကူအညီပေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

YC

---------------------------------------------------------------------------------------------------------------

 အမေရိကန်စင်တာ၌ နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးတော့မည်

              မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် ကျရာအခန်းကဏ္ဍမှ ပြည်သူများပါဝင်လာနိုင်စေရန် နိုင်ငံရေးသင်တန်းများကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစတင်၍ ရန်ကုန်မြို့၊ တော်ဝင်လမ်းရှိ အမေရိကန်စင်တာတွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံရေးသင်တန်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် မြန်မာ့ နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားနေသူများအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ယင်းသင်တန်းတွင် နိုင်ငံရေးဆိုင်ရာဝေါဟာရအသုံးအနှုန်းနှင့် အင်္ဂလိပ်စာတို့ကိုပါ သင်ကြားပေးသွားမည် ဖြစ်သည်။

သင်တန်း ကာလအနေဖြင့်(၁၀) ပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ယခုသင်တန်းပို့ချရသည့် အကြောင်းကိစ္စများ၊ ဘာသာရပ်များနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ရပ်ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန်စင်တာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

 

---------------------------------------------------------------------------------------------------------------

မြန်မာ့ဆန်တင်ပို့နိုင်ရန် နိုင်ငံသုံးခုနှင့် အကြိုသဘောတူလက်မှတ်ရေးထိုးမည်

မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်များကို ဘင်္ဂလားဒေ့ရှ်၊ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် ဒီဇင်ဘာလအတွင်း အကြိုသဘောတူလက်မှတ်(MoU)ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းသုံးနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရောင်းချမှုများတွင် ၂၅ မှတ်နှင့် တန်းမြင့် ဆန်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီကာလအတွင်းက တရုတ်နိုင်ငံသို့ မြန်မာ့ဆန်တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံရှိ သက်ဆိုင်ရာတာဝန်ရှိသူများက အကြောင်း အမျိုးမျိုးပြ၍ တင်ပို့မှုပိတ်ပင်ခဲ့သည့်အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် ပြည်တွင်း၌ဆန်များစုပုံ၍ ဆန်ဈေးနှုန်းကျဆင်းမှုများကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသို့ မြန်မာ့တန်းမြင့်ဆန် တန်ချိန်တစ်သန်းတင်ပို့ရောင်းချနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ပိုင်းတွင် မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံရှိ(Bullong)ကုမ္ပဏီတို့ သဘောတူလက်မှတ်(MoU)ရေးထိုးခဲ့သေးကြောင်း သိရသည်။

ပြည်ပသို့ နှစ်အလိုက် မြန်မာ့ဆန် တင်ပို့ရောင်းချနိုင်မှုများမှာ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၇၀၈၄၉၀၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၈၉၅၈၇၀၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၅၂၇၀၀၀၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၇၉၁၀၈၇ နှင့် အောက်တိုဘာလအထိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၇၀၆၆၂၅ တို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

YC

*********************************************************************************************

နိုင်ငံရေးသတင်း

နိုင်ငံတော်ငွေအလွဲသုံးစားမှုပြုလုပ်ခဲ့သည့် ဝန်ကြီးဌာနများတွင် အောက်ခြေဝန်ထမ်းများကိုသာအရေးယူမှုရှိ

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ တင်ပြခဲ့သည့် ဝန်ကြီးဌာန ၁၅ ခု၏ ငွေအလွဲသုံးစားမှုများအား သက်ဆိုင်ရာက အရေးယူဆောင်ရွက်ရာတွင် အောက်ခြေ ဝန်ထမ်းများကိုသာ အရေးယူ လျက်ရှိပြီး ဌာနဆိုင်ရာ အကြီးအကဲများကိုမူ လက်ရှိအချိန်ထိတိုင် အရေးယူခြင်း မရှိသေးကြောင်း သိရသည်။

ထိုသို့ဌာနဆိုင်ရာအကြီးအကဲများအား အရေးယူမှုမှုမရှိခြင်းသည် ဒီမိုကရေစီသို့သွားနေသည့်မြန်မာနိုင်ငံအတွက် ပွင့်လင်းမြင်သာမှုများကို ကွယ်ပျောက်သွားစေနိုင်သည့်အပြင် လာဘ်ပေးလာဘ်ယူမှုများနှင့် စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်မှုများကို ဖြစ်ပွားစေနိုင်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ဝန်ကြီးဌာန ၁၅ ခု၏ နိုင်ငံတော်ပိုင်ငွေကြေး အလွဲသုံးစားမှုများကြောင့် နိုင်ငံတော်အနေဖြင့် ကျပ်ငွေ ၅၈ ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ နှစ်သိန်းကျော်နစ်နာဆုံးရှုံးခဲ့ရကြောင်း ပြည်ထောင်စုစာရင်းစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ ဝန်ကြီးဌာန ၁၅ ခုနှင့် သက်ဆိုင်ရာ ဌာနများနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်သို့ပေးသွင်းရမည့်ငွေများအနက် ကျပ်သန်း ၁၇၄၂၆.၇၇၂ ကိုသာပေးသွင်းထားပြီး ကျပ်သန်း ၄၀၉၇၂.၀၃၈ နှင့် အမေရိကန်ဒေါ်လာသန်း ၇၀၆၅၅.၀၂၁ တို့ကျန်ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ်သုံးစွဲနိုင်ရန် ငွေကြေးအလွဲသုံးစားမှုပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန သုံးခုအပါအဝင် ဝန်ကြီးဌာနခြောက်ခု၏ နိုင်ငံတော်ဘဏ်မှ ငွေကျပ် ၄၃၀ ဘီလျံကျော်ချေးယူမှုအား လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ တင်ပြချက်များအတိုင်း ဖြတ်တောက်မှု များစွာဖြင့် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အတည်ပြုပေးခဲ့သည်။

 *******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ဆောင်ရွက်ချက်တွေက အများကြီးအလားအလာရှိပါတယ်။ ကျွန်တော့် အနေနဲ့မြန်မာအစိုးရကို တခြားအဖွဲ့အစည်းတွေ နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်း လိုပါတယ်။ နိုင်ငံတကာက စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကိုလည်း အကျဉ်းသား တွေနဲ့ ရခိုင်ဒေသ ပဋိပက္ခတွေကို လေ့လာနိုင်ဖို့လိုအပ်တဲ့ အထောက်အပံ့တွေ ပေးသင့်ပါတယ်။”

နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် ဂျာနယ် အမှတ် (၂၆) တွင် ပါရှိသော “မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက်များကို ကုလသမဂ္ဂကိုယ်စားလှယ် ကွင်တားနား ချီးကျူး” သတင်းမှ ကွင်တားနား ၏ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------

“ဒါက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ သူ့ရဲ့ ဆန္ဒဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရောက်ချိန်မှာ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အစိုးရပိုင်းကခေါ်တွေ့တာ ရှိခဲ့ပါတယ်။ ENC က လက်နက်ကိုင် အဖွဲ့အစည်းရော နိုင်ငံရေးပါတီရောရှိတဲ့ ရှည်ကြာတဲ့ အဖွဲ့အစည်းပါ။ UNFC ကလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပါ။ ENC နဲ့  UNFC ကနိုင်ငံရေးမဟာဗျူဟာအရ တူပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးလိုမှုအတွက် တောင်းဆိုတာ ဖြစ်နိုင်ပါတယ်။ ”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် Flowers News Journal အတွဲ (၈)၊ အမှတ် (၄၅) တွင် ပါရှိသော “ပြည်ပရောက် တရားမဝင်လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးနိုင်ရေး လမ်းဖွင့်ပေးရန် ENC က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သို့ တောင်းဆို” သတင်းမှ ဦးဆလိုင်းမန်း ၏ပြောကြားချက် အားကောက်နှုတ်ချက်။

------------------------------------------------------------------

“တရုတ်အစိုးရက မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို လွှမ်းမိုးမှုပြုနိုင်ဖို့ ယခုအခါကြိုးစားလျှက်ရှိတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှု အသစ်တစ်ရပ်ကို အမေရိကန်အနေနဲ့ထူထောင်ခြင်းက လွှမ်းမိုးမှုပြုဖို့ ကြိုးစားနေတဲ့တရုတ်ကို အတိုက်အခံမပြုဘဲနဲ့ တုန့်ပြန်တဲ့ နည်းလမ်းတစ်ရပ်ဖြစ်လိမ့်မယ်။”

နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် Trade News Journal အတွဲ (၁) အမှတ် (၃၄) တွင်ပါရှိသော “အရှေ့ဗတာင်အာရှ၌ အင်အားကြီးနှစ်နိုင်ငံအားပြိုင်မှုဖြစ်လာမည်လော” သတင်းမှ အမေရိကန်ပြည်ထောင်စု လုံခြုံရေးဗဟိုမှ အဆင့်မြင့် အကြံပေး ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ မက်ထရစ်ခရိုနင် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

         ******************************************************************************************

                              

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment