Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၂.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြောက်ကိုရီးယားနှင့် ဆက်ဆံမှု မြန်မာလျှော့ချလာဟု အမေရိကန်ပြော

(RNW မှ 18 Nov 2012 ရက်စွဲပါ US says Myanmar stepping away from North Korea ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ စီးပွားရေးသည် အာရှတွင် မထိတွေ့ရသေးသော အစိမ်းသက်သက်ရှိနေသေးကြောင်း ရင်းနှီးမြှုပ်နှံသူများပြော

(21 Nov 2012 ရက်စွဲပါ Channel News Asia မှ Linette Lim ရေးသားသော Investor say Myanmar Last untapped economy in Asia ကိုဘာသာပြန်ဆိုသည်)

  1. IMF ကမြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်ရန်တောင်းဆို

(22 Nov 2012 ရက်စွဲပါ West Australian မှ AFP ၏ IMF call for Reform in Myanmar ကို ဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းများ

မြောက်ကိုရီးယားနှင့် ဆက်ဆံမှု မြန်မာလျှော့ချလာဟု အမေရိကန်ပြော

(RNW မှ 18 Nov 2012 ရက်စွဲပါ US says Myanmar stepping away from North Korea ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှုလျှော့ချနိုင်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော လုပ်ဆောင်မှုများကို လုပ်ကိုင်ထားပြီဖြစ်ကြောင်း သမ္မတအိုဘားမား၏ သမိုင်းဝင် မြန်မာပြည်ခရီးစဉ်မစတင်မီ အိမ်ဖြူတော်က ပြောကြားသည်။

တစ်ချိန်က နိုင်ငံတကာအသိုင်းအဝိုင်းတွင် အပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ပြုံယမ်းအစိုးရနှင့် စစ်ရေးနှင့် နျူကလီးယားဆိုင်ရာ

ပူးပေါင်းဆောင်ရွက်မှုများကို ကာလကြာရှည်စွာ ပြုလုပ်ခဲ့သည်ဟု သံသယဖြစ်ခြင်းခံခဲ့ရသည်။

"မြောက်ကိုရီးယားနဲ့ မြန်မာဆက်ဆံရေးလျှော့ချဖို့လိုအပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ကျွန်တော်တို့ စေ့စပ်ဆွေးနွေးပြီးပါပြီ" ဟု အမေရိကန်ပြည်ထောင်စု ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ben Rhodes က သမ္မတအိုဘားမား အာရှဒေသသို့ Air Force One လေယာဉ်ဖြင့်သွားရောက်စဉ် ယင်းလေယာဉ်ပေါ်၌ပြောကြားသည်။

"အဲဒီကိစ္စနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ရပ်တချို့ သူတို့လုပ်ကိုင်ထားတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော်တို့ တွေ့မြင်လိုတာကတော့ မြန်မာနဲ့မြောက်ကိုရီးယားအကြားမှာရှိထားတဲ့ ဆက်ဆံရေး အဆုံးသတ်သွားတာကိုပါပဲ"

မြန်မာနိုင်ငံနှင့် စစ်ဘက်အချင်းချင်းစေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ကနဦးလုပ်ဆောင်ချက်များ ကိုဝါရှင်တန်ကစတင်လုပ်ကိုင်ထားပြီးဖြစ်ကြောင်း၊

ထိုင်းနိုင်ငံနှင့်ပြုလုပ်မည့် နှစ်စဉ်စစ်ရေးလေ့ကျင့်မှုများတွင် ပူးပေါင်းပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်နိုင်ပြီဖြစ်ကြောင်း ၎င်းကမှတ်ချက် ပေးပြောဆိုသည်။

မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းပေးပို့ချက်များကြောင့် ယခင်က ဝါရှင်တန်နှင့် အာဆီယံ မဟာမိတ်နိုင်ငံများ စိုးရိမ်ပူပန်စရာဖြစ်ခဲ့ရသည်။

ရန်ကုန်မြို့တွင် အမေရိကန်သမ္မတ အိုဘားမားကိုလက်ခံတွေ့ဆုံခဲ့သူ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် မြောက်ကိုရီးယားမှ

နျူကလီးယားနည်းပညာများရရှိရန်ကြိုးပမ်းခဲ့သည်ဟူသောကိစ္စမှာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားသည်။

၂၀၁၀ ပြည့်နှစ် ကုလသမဂ္ဂအစီရင်ခံစာတွင် မြောက်ကိုရီးယားသည် ပိတ်ပင်ထားသော နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်တပ်ဆင်နိုင်သော ပစ္စည်းများကို မြန်မာ၊ အီရန်နှင့် ဆီးရီးယားနိုင်ငံများသို့ ထောက်ပံ့လျက်ရှိသည်ဟု စွပ်စွဲဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက နျူကလီးယားလက်နက်များတပ်ဆင်နိုင်လောက်အောင် ချမ်းသာကြွယ်ဝသောနိုင်ငံမဟုတ်ပါကြောင်း၊ ရုရှားနိုင်ငံကျောထောက် နောက်ခံပေးမှုဖြင့် ငြိမ်းချမ်းမှုရှေးရှုသော နျူကလီးယားအစီအစဉ်တစ်ရပ်ကိုလုပ်ဆောင်ခဲ့သော်လည်း နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုကြောင့် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

---------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏စီးပွားရေးသည်အာရှတွင်မထိတွေ့ရသေးသောအစိမ်းသက်သက်ရှိနေသေးကြောင်းရင်းနှီးမြှုပ်နှံသူများပြော

(21 Nov 2012 ရက်စွဲပါ Channel News Asia မှ Linette Lim ရေးသားသော Investor say Myanmar Last untapped economy in Asia ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လူဦးရေသန်း (၆၀) ရှိပြီး ကြီးမားသော စိုက်ပျိုးရေးနှင့်ရေနံသယံဇာတရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများက အာရှတွင် မတို့မထိရ သေးသောစီးပွားရေးအကောင်အထည်တစ်ခုအဖြစ် ရှုမြင်ကြပါသည်။ သို့သော် စီးပွားရေးပညာရှင်များက မျှော်လင့်ချက်များကို ချွန်းအုပ်ထားရန် လိုအပ်ကြောင်း၊ စီးပွားရေး တိုးတက်မှုနှုန်းမှာ အများဆုံး ၆% သာ ရှိသေးကြောင်း ဆိုပါသည်။

သမ္မတ Barack Obama သည် မြန်မာနိုင်ငံသို့လာရောက်သော ပထမဆုံး အမေရိကန်သမ္မတဖြစ်လာပြီး ၊ General Electric ၊ ကိုကာကိုလာ နှင့် Visa တို့သည် စီးပွားရေးအခွင့်အလမ်းများရှာဖွေရန် မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြပါသည်။

သို့သော် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်တို့သည် တရုတ်ထက် ခြေလှမ်းများနောက်ကျနေဆဲဖြစ်ကြောင်း သုံးသပ်သူများက ပြောပါသည်။HIS မှ အကြီးတန်းဒါရိုက်တာနှင့် အာရှ-ပစိဖိတ်စီးပွားရေး ပညာရှင်အကြီးအကဲ Rajiv Biswas ကပြောကြားရာတွင် “မြန်မာနိုင်ငံနဲ့ တရုတ်တို့ဟာ စီးပွားရေးအရလည်းကောင်း၊ နိုင်ငံရေးအရလည်းကောင်း၊ နှစ်ပေါင်းများစွာအားကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံက အဲဒီဆက်ဆံရေးပုံစံကနေ ခွဲထွက်လိုတဲ့ပုံရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဆိုပါသည်။

“တရုတ်နဲ့အားကောင်းစွာ ဆက်ဆံလိုတဲ့သဘောရှိနေပေမယ့်လည်း တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံလိုတယ်လို့ ကျွန်တော်မြင်ပါတယ်။” ဟု ၎င်း ကပြောပါသည်။

IMF နှင့် IE စင်္ကာပူတို့မှ ကိန်းဂဏန်းအချက်အလက်များအရ တရုတ်သည် လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာ (၁၄) ဘီလီယံခန့်ရင်းနှီးမျြုပ်နှံခဲ့ရာ မြန်မာနိုင်ငံတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်ပါသည်။

ထိုင်းနှင့်ဟောင်ကောင်သည် ထိပ်ဆုံးသုံးနိုင်ငံတွင်ပါဝင်ပြီး အမေရိကန်သည်ဒေါ်လာ (၂၄၃) သန်းရင်းနှီးမြှုပ်နှံထားရာ နံပါတ်ကိုးနေရာတွင် ရှိပါသည်။

ယခုအခါ အမေရိကန်၏ အရေးယူမှုများ ရုတ်သိမ်းသွားပြီဖြစ်ရာ အဆိုပါအခြေအနေမှာ ပြောင်းလဲသွား နိုင်ပါသည်။Standard Chartered Bank မှ အရှေ့တောင်အာရှ သုတေသနဒေသဆိုင်ရာ အကြီးအကဲ Edward Lee ကပြောကြားရာတွင်“ရင်းနှီးမြှုပ်နှံမှုတွေကြီးမားစွာ တက်လာနိုင်စရာရှိပါတယ်။ ဒါဟာ စီးပွားရေးတိုးတက်မှုအတွက် အဓိကသော့ချက်လို့ထင်ပါတယ်။ နောက်ဆုံးစားသုံးနိုင်မှုအာ လည်း တက်လာမယ် ဖြစ်ပါတယ်။” ဟု ဆိုပါသည်။

ဘဏ်လုပ်ငန်း၊ လျှပ်စစ်ဓါတ်အား၊ သယ်ယူပို့ဆောင်ရေး နှင့် တယ်လီကွန်မြူနီကေးရှင်း စသည့်အခြေခံအဆောက်အဦးများ အားနည်းလှသောကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းမှာ တစ်နှစ်လျှင် ၅.၆% သာ ရှိနေနိုင်ကြောင်း စီးပွားရေးပညာရှင်များက ပြောပါသည်။

ရေတိအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မသေချာ မရေရာမှုများ ပုံပေါ်လာနေပါသည်။ သို့သော် ထိုအချက်သည်ရင်းနှီးမြှုပ်နှံသူများကို တားဆီးနိုင်လိမ့်မည်တော့ မဟုတ်ပေ။

--------------------------------------------------------------------------------------------------------

IMF ကမြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လုပ်ရန်တောင်းဆို

(22 Nov 2012 ရက်စွဲပါ West Australian မှ AFP ၏ IMF call for Reform in Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများကို တိုးချဲ့လုပ်ဆောင်မည်ဆိုပါက အာရှ၏လာမည့် စီးပွားရေးမောင်းနှင်အား တစ်ခုဖြစ်လာနိုင်ကြောင်း IMF ကပြောပါသည်။ ထို့အပြင် ၂၀၁၃ တွင် Fund monitoring အစီအစဉ်ကို ရရှိမည်ဖြစ်ကြောင်း အချက်ပေးခဲ့ပါသည်။

“အားကောင်းသောပြုပြင်ပြောင်းလဲရေး ကတိကဝတ်များရှိခြင်းကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ပြည်သူများ လူနေမှုအဆင့်မြင့်လာရန်နှင့် အာရှ၏ရှေ့လာမည့် ကြယ်တစ်ပွင့် ဖြစ်လာရန် အလားအလာရှိသည်” ဟု မြန်မာနိုင်ငံမှ IMF မစ်ရှင်အကြီးအကဲ Meral Karasulu ကကြေညာချက်တွင် ပြောပါသည်။

IMF ကပြောကြားရာတွင် လာမည့်နှစ်တွင် ဝန်ထမ်းများဖြင့် စောင့်ကြည့်မည့် အစီအစဉ်ကို စတင်နိုင်ရန် ဆွေးနွေးနေသည်ဟု ဆိုပါသည်။ ၎င်း အစီအစဉ်အရ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို အစိုးရနှင့် IMF ပူးတွဲ၍ တိုးတက်မှုကို စောင့်ကြည့်မည် ဖြစ်ပါသည်။

Karasulu သည်ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဌ နှင့် အခြားအကြီးတန်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။ ၎င်းကပြောကြားရာတွင် အစိုးရသည် စီးပွားရေးကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာလုပ်ဆောင်နေသည်ဟု ဆိုပါသည်“ ဒါပေမယ့် ခရီးရှည်ကြီးလျှောက်ရဦးမယ်ဆိုတာ အစိုးရကအသိအမှတ်ပြုပါတယ်။” ဟု သူကပြောပါသည်။

၎င်းကပြောကြားရာတွင် မြန်မာအာဏာပိုင်များသည် လာမည့်နှစ်တွင် လုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲရေးများကို ဆွေးနွေးခဲ့ကြရာ နိုင်ငံခြားငွေလဲလှယ်ရေးနှုန်းထားပြန်လည် စုစည်းရန်၊ ဗဟိုဘဏ်ကို အားကောင်းအောင်ပြုလုပ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော ရန်ပုံငွေ ရရှိရေး အခွန်ငွေများ တိုးတက်ရရန် တို့ပါဝင်သည်ဟု ဆိုပါသည်။

မေလက IMF သည်ဆယ်စုနှစ်များစွာအတွင်းမြန်မာနိုင်ငံနှင့် ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခဲ့ ရာ အာဏာပိုင်များအနေဖြင့် ငွေကြေးကဏ္ဍခေတ်မှီရေး နှင့် ကုန်သွယ်ရေးဖြေလျှော့မှုများ အပါအဝင်စီးပွားရေး နှင့် ရင်းနှီးမျြုပ်နှံမှုဝန်းကျင်ရာသီဥတုကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်အောက်တွင် စီးပွားရေးစီမံခန့်ခွဲမှုမှားယွင်းမှုများနှင့် အပယ်ခံဖြစ်ခဲ့ရ ခြင်းကြောင့် အာရှတွင် အဆင်းရဲဆုံး နိုင်ငံများတွင်ပါဝင်ခဲ့ပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment