Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၇.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လိုအစစ်အမှန်ဖြစ်မှာလဲ

(IRIN သတင်းဌာနမှ 26 Nov 2012 ရက်စွဲပါ How real are Myanmar's reforms? ကိုဘာသာပြန်ဆိုသည်)

  1. နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ICG ၏ ငြိမ်းချမ်းရေးဆုကို မြန်မာသမ္မတဦးသိန်းစိန်ရရှိ ၂၀၁၃ ဧပြီတွင် ဆုလက်ခံရမည်

(Crisis Group ၏ In Pursuit of Peace ဆုတံဆိပ် ချီးမြှင့်ပွဲနှင့် ညစာစားပွဲ (29 October 2012 ရက်စွဲပါ International Crisis Group၏ In Pursuit of Peace award dinner- Peace, prosperity and the presidency ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့အပြောင်းအလဲကို အနားယူတော့မည့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဂုဏ်ယူ

(Radio Australia News မှ 26 Nov 2012 ရက်စွဲပါ“Outgoing Asean secretary general proud of Burma reform” သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လိုအစစ်အမှန်ဖြစ်မှာလဲ

(IRIN သတင်းဌာနမှ 26 Nov 2012 ရက်စွဲပါ How real are Myanmar's reforms? ကိုဘာသာပြန်ဆိုသည်)

စီးပွားရေးအခက်အခဲများ၊ လတ်တလောဖြစ်ပေါ်နေသော တိုင်းရင်းသား ပဋိပက္ခများနှင့် မီဒီယာဆင်ဆာတည်းဖြတ်မှု သမိုင်းကြောင်းများ အစရှိသည်တို့က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အရေးကြီးသောစိန်ခေါ်မှုကြီးများ ဖြစ်လာလိမ့်မည်ဟု မြန်မာ့အရေးလေ့လာ ဆန်းစစ်သူများက သုံးသပ်ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု သမ္မတဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်မှု ကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိတ်ဝင်စားမှုများကို ထပ်မံဖြစ်ထွန်းစေခဲ့ပါသည်။ ထို့အတူ အောက်ခြေမှ သာမန် မြန်မာပြည်သူလူထု၏ လူမှုဘဝများအပေါ် အကျိုးသက်ရောက်မှုရှိ၊ မရှိဟူသည်နှင့်ပတ်သက်၍ သံသယဖြစ်စရာများကိုလည်း တိုးပွားစေပါသည်။

ပြုပြင်ပြောင်းလဲရေးလိုလားသူ သမ္မတ ဦးသိန်းစိန် ၂၀၁၁ ခုနှစ်၊ မတ်လတွင် အာဏာရရှိလာသည့် အချိန်မှစ၍ မြန်မာနိုင်ငံတွင် ရာပေါင်း များစွာသော နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ လွတ်လပ်စွာ စုဝေးခွင့်ပြုခြင်း၊ မီဒီယာဆင်ဆာ တည်းဖြတ်မှုများ လျှော့ချ ပေးခြင်းနှင့် အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုပြုလုပ်ခြင်း အစရှိသည်တို့ကို ဆက်တိုက်တွေ့မြင်လာရသည်။

"ကွန်ဆာဗေးတစ်ဖြစ်တယ် ဒါမှမဟုတ် လုပ်ရည်ကိုင်ရည် မရှိဘူးလို့ယူဆရတဲ့ ဝန်ကြီးတွေကို ဘေးဖယ်ခဲ့တယ်။ ဒုတိယဝန်ကြီး အတော်များများ အသစ်ခန့်အပ်ခဲ့တယ်။ သူတို့တတွေဟာ အဲဒီရာထူးမှာ တက္ကနိုကရက်တွေ ဖြစ်လာတယ်။ ပထမဆုံးအမျိုးသမီး ဝန်ကြီးဆိုတာလည်း ရှိလာတယ်"ဟု International Crisis Group(ICG) မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာ စီမံချက်ဒါရိုက်တာ Jim Della Giacoma က IRIN သို့ပြောကြားသည်။

သို့သော် ဆန်းစစ်လေ့လာသူများနှင့် စောင့်ကြည့်သူများက စီးပွားရေးအခက်အခဲများ၊ တိုင်းရင်းသားပဋိပက္ခများနှင့် မီဒီယာဆင်ဆာဖြတ်မှု ဟူသော အမိုင်းကြောင်းတို့က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ဆိုးရွားသောစိန်ခေါ်မှုကြီးများ ဖြစ်သည်ဟုငြင်းခုန် ပြောဆိုကြသည်။

"မုန်တိုင်းထန်မည့် တိမ်တိုက်တို့၏ အလားအလာ သို့မဟုတ် မြန်မာ"ဟူသောခေါင်းစဉ်ဖြင့် ထုတ်ပြန်သော ICG ၏ အစီရင်ခံစာတွင် "တိုင်းပြည်၏ အမျိုးသားတည်ငြိမ်မှုအတွက် စစ်မှန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်သော ပြည်တွင်းတိုင်းရင်းသား လူမျိုးစုပဋိပက္ခများကို မြန်မာအစိုးရအနေဖြင့် များစွာ အလေးအနက်ထား အာရုံစိုက်ရန် လိုအပ်လျက်ရှိသည်"ဟု ရေးသားဖော်ပြထားသည်။

"ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသော ဒေသခံပြည်သူများ အချင်းချင်း လူစုဖွဲ့အကြမ်းဖက်မှုများ ပြေလည်ရေးနှင့် ကချင်ပြည်နယ်တွင်း လက်နက်ကိုင်သူပုန်များနှင့် အပစ်အခတ်ရပ်စဲမှု ပေါ်ထွန်းရေးတို့သည် မြန်မာအစိုးရအတွက် လတ်တလော အရေးကြီးသည့်ပြဿနာများ ဖြစ်သည်"ဟု နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာက ဆိုသည်။

စီးပွားရေးအခက်အခဲ

သတင်းခေါင်းစဉ်ကြီးများကို ဖြစ်ပေါ်စေသည့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အများကကြိုဆို အသိအမှတ်ပြုခြင်း၊ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့များ ဟူသောခေါင်းစဉ်ဖြင့် ဒေါ်လာသန်းနှင့်ချီကာ လှိမ့်ဝင်လာခြင်းတို့ကို တွေ့ရသော်လည်း ယင်းဖြစ်ရပ်များက လူဦးရေ ၅၈ သန်းခန့်ရှိသော မြန်မာပြည်သူများ၏ စီးပွားရေးအခက်အခဲများကို ဖြေရှင်ပေးနိုင်လိမ့်မည်မဟုတ်ဟု လေ့လာစောင့်ကြည့်သူ အများစုက လက်ခံယုံကြည်ကြသည်။

Free Burma Coalition ကို တည်ထောင်သူ နှင့် London School of Economics မှ Fellow တစ်ဦးလည်းဖြစ်သော မောင်ဇာနည်က "သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများသည် တရုတ်နှင့် ဗီယက်နမ်တို့၏ ကုန်လွန်ခဲ့ပြီဖြစ်သော ဖွံ့ဖြိုးမှုအခြေအနေမျိုးသို့ ဦးတည်သွားအောင် များစွာ ဖန်တီးလျက်ရှိသည်"ဟု ပြောကြားသည်။

ဝမ်းနည်းစရာကောင်းသည်မှာ အနောက်နှင့် အခြားကျန်ရှိသော နိုင်ငံများသည် မြန်မာ့ပြုပြင်ပြောင်းလဲမှု၏ အန္တရာယ်များကို တွေ့မြင်နိုင်အောင် မကြိုးစားဘဲ ခေတ်သစ်မြန်မာနိုင်ငံ၏ ပြဿနာများကို လျစ်လျူရှုလျက်ရှိကြောင်း ၎င်းကဖြည့်စွက်ပြောဆိုသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် Mizziam သတင်းဌာနမှ ဦးစိန်ဝင်းက မောင်ဇာနည်ပြောသော "အပြောင်းအလဲဟာ အစိုးရရဲ့အထက်ပိုင်း အဆင့်မှာ ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ဘဝတွေကတော့ ပြုပြင်ပြောင်းလဲရေးမလုပ်ခင်ကာလကအတိုင်းပါပဲ"ဟူသော အချက်ကို သဘောတူကြောင်း ပြောဆိုသည်။

နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ လျှော့ချလိုက်ခြင်းကြောင့် အရေးကိစ္စအတော်များများကို ပြောင်းလဲစေမည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်နေချိန်သော်လည်း မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှဒေသတွင် ဆင်းရဲနွမ်းပါးဆုံးသော နိုင်ငံများစာရင်း၌ ဆက်လက်ပါဝင်နေဆဲပင် ဖြစ်သည်။

သာမန်မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ နေ့တဓူလူမှုဘဝများတွင် ထင်သာမြင်သာမှုရှိသော တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်သာ တွေ့မြင် ကြရသည်။ ငွေကြေးဖောင်းပွမှုမှာလည်း မြန်မာပြည်သူအများစု၏ လူဘဝများကို အနုတ်လက္ခဏာဆောင်သည့် ဂယက်ရိုက်ခတ်မှုများ ဖြစ်စေသည်။ ကုလသမဂ္ဂက လတ်တလောထုတ်ပြန်သော အကဲဖြတ်ချက်တစ်ရပ်အရ စားနပ်ရိက္ခာအတွက် အိမ်ထောင်စုစုစုပေါင်း၏ ဘတ်ဂျတ်သုံးစွဲမှု ပျမ်းမျှ အချိုးအစားမှာ ၆၈ ရာခိုင်နှုန်း ဖြစ်သည်။ မြန်မာနိုင်ငံအား လတ်တလောဖွံ့ဖြိုးရေး အကူအညီ ဒေါ်လာ ၂၄၅ သန်း ထောက်ပံ့မည်ဟုဆိုထားသည့် ကမ္ဘာ့ဘဏ်အဆိုအရမူ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံမှာ ဆင်းရဲနွမ်းပါးမှုမျဉ်း(Poverty Line)၏ အောက်ဘက်တွင်သာ ရှိသည်။

"မြန်မာပြည်သူတွေ၊ အထူးသဖြင့် ဆင်းရဲတဲ့သူတွေအတွက် ပြုပြင်ပြောင်းလဲရေးရဲ့ စစ်မှန်တဲ့အကျိုးအမြတ်တွေ ရရှိစေချင်ပါတယ်" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Manager Kathan Shankar ကပြောကြားသည်။

                                                    *****************************************

နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ICG ၏ ငြိမ်းချမ်းရေးဆုကို မြန်မာသမ္မတဦးသိန်းစိန်ရရှိ ၂၀၁၃ ဧပြီတွင် ဆုလက်ခံရမည်

(Crisis Group ၏ In Pursuit of Peace ဆုတံဆိပ် ချီးမြှင့်ပွဲနှင့် ညစာစားပွဲ (29 October 2012 ရက်စွဲပါ International Crisis Group၏ In Pursuit of Peace award dinner- Peace, prosperity and the presidency ကိုဘာသာပြန်ဆိုသည်)

International Crisis Group သည် ၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် နယူးယောက်မြို့၌ In Pursuit of Peace ချီးမြှင့်ပွဲနှင့် ညစာစားပွဲ ပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတဟောင်း Luiz Inácio Lula da Silva တို့အား ဂုဏ်ပြုမည်ဖြစ်ပါသည်။ Crisis Group ၏ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲသည် သိန်းပေါင်းများစွာသော လူများ၏ဘဝများကို အသွင်ပြောင်းစေသော အမြင်ကျယ်သည့် ခေါင်းဆောင်မှုနှင့် ပဋ္ဋိပက္ခများ ပြီးဆုံးသွားရေး ကမ္ဘာကြီး၏ ကတိကဝတ်များကို လုပ်ဆောင်ပေးသော အစိုးရ၊ ဆက်ဆံရေးလုပ်ဆောင်မှု (diplomacy)နှင့် ပြည်သူ့ရေးရာမူဝါဒတို့မှ အဓိက ပုဂ္ဂိုလ်များအတွက် ဂုဏ်ပြုသည့် အခွင့်အလမ်းတစ်ခုပင် ဖြစ်ပါသည်။ “အခုလိုကမ္ဘာကြီးရဲ့ နေရာအတော်များများဟာ မှားယွင်းတဲ့လမ်းကြောင်းကို ဦးတည်နေပုံရတဲ့ အချိန်မျိုးမှာ မြန်မာနိုင်ငံနဲ့ ဘရာဇီးနိုင်ငံဟာ သူတို့ ပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ သမ္မတတွေရဲ့ လုပ်ဆောင်မှုနဲ့ တွေ့ရတာဟာ ထင်ရှားတဲ့ ဥပမာတွေပါပဲ” ဟု International Crisis Group နာယက Thomas R. Pickering က ပြောကြားခဲ့ပါသည်။

“သမ္မတ ဦးသိန်းစိန်ရော သမ္မတ Lula ရော ဒီဆုနဲ့ထိုက်တန်ပါတယ်။ ဒီလို ဂုဏ်ပြုရတဲ့အတွက် မြန်မာနဲ့ ဘရာဇီးတို့အတွက် ရှေ့ဆက်မယ့် အရေးကြီးတဲ့ခြေလှမ်းများမှာ အထောက်အကူဖြစ်ပါမယ်။ အပယ်ခံနှစ်များကနေ ဒေသတွင်းနဲ့ နိုင်ငံတကာဆက်ဆံရေး မြှင့်တင်ရာမှာ သူတို့ရဲ့နေရာ ပိုမို မြှင့်တင်နိုင်အောင် အားပေးသလို ဖြစ်ပါတယ်”ဟု ၎င်းကပြောပါသည်။

Crisis Group ဥက္ကဌ Louise Arbourက ပြောကြားရာတွင် “မြန်မာနိုင်ငံမှာ ၂၀၁၁ မတ်လ သမ္မတဦးသိန်းစိန်အစိုးရ တက်လာကတည်းက ယခင်က လုပ်ဆောင်ခဲ့ဖူးခြင်းမရှိတဲ့ မှတ်မှတ်ထင်ထင် ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင် လာပါတယ်။ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွှတ်ပေးခြင်း၊ သတင်းစာလွတ်လပ်ခွင့် ဖြေလျော့ပေးခြင်း၊ အဓိက အတိုက်အခံပါတီနဲ့ဆွေးနွေးမှု ပိုမိုလုပ်ဆောင်လာခြင်းများ ပါဝင်ပါတယ်” ဟုဆိုပါသည်။

သို့သော် မြန်မာနိုင်ငံတွင် ယနေ့ထိလုပ်ဆောင်လာသော နိုင်ငံရေးအရ ဖြေလျော့မှုများအပြင် ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေပါသေးသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်နှင့် ရိုဟင်ဂျာ အုပ်စုများကြားတွင် ဖြစ်ပွားလျက်ရှိသည့် ပြင်းထန်သောဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများ ချက်ချင်းရှာရမည် ဖြစ်ပါသည်။ (Crisis Group သည် ဇွန်လကအစီရင်ခံစာနှင့် ယခုလအစောပိုင်းက ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖေါ်ပြပြီး ဖြစ်ပါ သည်) အဆိုပါဖြစ်ရပ်များကြောင့် ပြည်သူများ၏ဘဝများ ပျက်စီးခြင်းများဖြစ်နေဆဲဖြစ်ရာ တိတိပပဆိုရလျှင် မူဆလင် ရိုဟင်ဂျာလူနည်းစုတွင် ပိုမိုပျက်စီး နေရပါသည်။ တိုင်းပြည်တွင် အရေးကြီးသော တိုးတက်မှုများလည်း မြင်တွေ့ရလျက်ရှိရာ နှစ်ပေါင်းငါးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အတော်များများနှင့် အစိုးရသည် ပဏာမအပစ်အခတ် ရပ်စဲရေးများ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organisation) နှင့်မကြာမီ သဘောတူညီချက် တစ်ခုရလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ဘရာဇီးနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Lula ဟု လူသိများသော Luiz Inácio Lula da Silva သည် သူ၏နိုင်ငံအား စီးပွားရေးနှင့် နိုင်ငံရေးခေတ်သစ်ကို ပုံဖော်ပေးခဲ့ပြီး၊ သန်းပေါင်းများစွာသော လူများကို ဆင်းရဲတွင်းမှ လွတ်စေခဲ့ပါသည်။ ၎င်း၏ အစိုးရ သည် အဆိုပါခိုင်မာသော အခြေခံပေ မူတည်၍ လူမှုရေးအစီအစဉ်များဖြင့် ဒေသတွင်းနှင့် ကမ္ဘာပေါ်တွင်အရေးပါသော ပလေယာ(Player)တစ်ဦး ဖြစ်လာ ပါသည်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် တောင်ဖက်နိုင်ငံချင်း ချဉ်းကပ်မှု(South–South approach) ကို ဖော်ဆောင်လာပါသည်။

သမ္မတ da Silva သည် စုစည်းမှုတွင် အမှန်တကယ် ခိုင်မာလာစေရေးအတွက် လုပ်ဖော်ကိုင်ဖက် လုပ်ဆောင်ရေး (partnership)ကို ဒေသတွင်း အိမ်နီးချင်းများအား အဆိုပြုလာပါသည်။ ဘရာဇီးတို့၏ ဆက်ဆံရေးပုံစံသည် ၎င်း၏ တောင်အမေရိက အိမ်နီးချင်းများအနေဖြင့် ၎င်းတို့၏ ပြည်တွင်း ပဋိပက္ခများ ရင်ဆိုင်ရာတွင် အထောက်အကူ ပြုပါသည်။ သမ္မတda Silva ၏ အစိုးရလက်ထက်တွင် သံတမန်မစ်ရှင် (၁၇)ခု အသစ်ဖွင့်လှစ်ခဲ့ရာ ဘရာဇီး၏ အာဖရိကအပေါ်ထောက်ခံပံ့ပိုးမှုမှာလည်း မှတ်မှတ်သားသား ရှိခဲ့ပါသည်။ ဘရာဇီးသည် ဟေတီနိုင်ငံ၏ ငြိမ်းချမ်းရေးထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် ပါဝင်ခဲ့ပြီး၊လက်ဘနွန်နိုင်ငံ၏ ကုလသမဂ္ဂမစ်ရှင်တွင်လည်း ရေတပ်ပါဝင်ခဲ့ပါသည်။

Lula၏ အစိုးရသည် ကမ္ဘာကြီးနှင့် ၎င်း၏ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေစွာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ဆက်ဆံရေးမျိုးကို ဖွံ့ဖြိုးစေခဲ့ပါသည်။ အမျိုးမျိုးသော မဟာမိတ်များကလည်း နိုင်ငံကို ကမ္ဘာတစ်ဝှမ် တည်ရှိစေရန်နှင့် သြဇာလွှမ်းမိုးမှု နက်ရှိုင်းစေရန် လုပ်ဆောင်မှုကို ပိုမိုအထောက်အကူ ဖြစ်ပါသည်။ ဘရာဇီးလ်၏ အုပ်စုဖွဲ့မှု၊ မဟာဗျူဟာကျသော လုပ်ဖော်ကိုင်ဖက်ပြုခြင်းနှင့် မဟာမိတ် အသစ်ဖွဲ့ခြင်းများ သည် တိုင်းပြည်နှင့် ၎င်း၏ပါတနာများ(partners)အား နိုင်ငံတကာနယ်ပယ်၏ ပါဝါလေဟာနယ်၌ နေရာရစေပါသည်။

ယခုအခါ ရှစ်နှစ်တိုင်လာခဲ့ပြီဖြစ်သော Crisis Group ၏ In Pursuit of Pease ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲသည် ကမ္ဘာတစ်လွှား ဆိုးရွားသော ပဋိပက္ခများကို ကာကွယ်ခြင်းနှင့် ဖြေရှင်းချင်းများတွင် တစ်ဦးချင်းထူးချွန် အောင်မြင်စွာလုပ်ကိုင်နိုင်မှုများအား အသိအမှတ်ပြုသော အခမ်းအနား ဖြစ်ပါ သည်။ ပြီးခဲ့သည့်အကြိမ်များက ဆုချီးမြှင့်ခံရသူများတွင် အမေရိကန်သမ္မတများဖြစ်ကြသော William Jefferson Cliton နှင့် George H.W. Bush ၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari နှင့် Ellen Johnson Sirleaf နှင့်ငွေများ လှူဒါန်းသူ သူဋ္ဌေးကြီး George Soros တို့ ပါဝင်ပါသည်။

                                                    ********************************************

မြန်မာ့အပြောင်းအလဲကို အနားယူတော့မည့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဂုဏ်ယူ

(Radio Australia News မှ 26 Nov 2012 ရက်စွဲပါ“Outgoing Asean secretary general proud of Burma reform” သတင်းကိုဘာသာပြန်ဆိုသည်)

တာဝန်မှအနားယူတော့မည့် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်က သူ၏သက်တမ်းအတွင်း မြန်မာနိုင်ငံတံခါးဖွင့်ရာတွင် အာဆီယံအဖွဲ့ ပါဝင်နိုင်ခြင်းကို များစွာဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

လာမည့်ဒီဇင်ဘာတွင် အထွေထွေအတွင်းရေးမှူးချုပ် ၅ နှစ်သက်တမ်း ပြီးဆုံးတော့မည့် ဒေါက်တာဆူရင်ပစ်ဆူဝမ်၏ နေရာကို ဗီယက်နမ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လီလောင်မင်းက အစားထိုးတာဝန်ယူမည်ဖြစ်သည်။

“အနည်းဆုံးလူပေါင်း ၁၃၈,၀၀၀ သေဆုံးခဲ့ရသော ၂၀၀၈ နာဂစ်ဆိုင်ကလုံးနောက်ပိုင်း အာဆီယံ၏ကဏ္ဍသည် တံခါးပိတ် မြန်မာနိုင်ငံကို အနောက်အုပ်စုနှင့် တရင်းတနှီးဆက်ဆံထိတွေ့အောင် ဆောင်ကြည်းရာတွင် လက်တွေ့ကျကျ အသုံးဝင်ခဲ့သည်”ဟု ဆူရင် က Australia Network၏ အာရှပစိဖိတ် ဖိုးကပ်စ်အစီအစဉ်သို့ ပြောကြားသည်။

“မြန်မာနိုင်ငံထဲကို နိုင်ငံတကာအသိုင်းအ၀ိုင်း ၀င်နိုင်အောင်၊ ကုလသမဂ္ဂ၀င်နိုင်အောင် ကျွန်တော်တို့လုပ်ပေးခဲ့တယ်”ဟု ၄င်းကဆိုပါသည်။

“ဒီနောက်မှာတော့ မြန်မာနိုင်ငံဟာ ကွဲပြားခြားနားသွားတယ်၊ ပုံစံပြောင်းသွားတယ်။ မြန်မာနိုင်ငံ တံခါးဖွင့်သွားတာဟာ ကျေနပ်စရာအကောင်းဆုံး အတွေ့အကြုံပါပဲ။ အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို ထိတွေ့ဆက်ဆံခြင်း၊ နိုင်ငံတကာနဲ့ ထိတွေ့ပေးခြင်း၊ မြန်မာခေါင်းဆောင်တွေ ပြည်သူတွေရဲ့ အဆင်ပြေပေါ့ပါးမှုအဆင့်ကို တိုးမြှင့်ပေးခြင်းအားဖြင့် ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်”ဟု ဆူရင်ပစ်ဆူဝမ်က ဆက်လက်ပြောကြား သည်။

ဒေသတွင်း ပိုမိုအရေးပါလာသော အာဆီယံအဖွဲ့သည် ၄င်းနှင့်သက်ဆိုင်သော စိန်ခေါ်မှုများရှိနေခြင်းကို ယခင်အပတ်က ကမ္ဘောဒီယား ဆွေးနွေး ပွဲများတွင် တရုတ်နှင့်အမေရိကန်တို့ တက်ရောက်မှုကြောင့် သိသာထင်ရှားလာသည်ဟုလည်း ဆူရင်က ဆိုပါသည်။

“ကျွန်တော်တို့အာဆီယံဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့ အင်အားကြီးနိုင်ငံကြီးတွေရဲ့ကြားမှာ ကြားနေအုပ်စုဖြစ်ဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့ အားလုံး သိထားကြတယ်လို့ ကျွန်တော်ထင်ပါတယ်” ကျွန်တော်တို့ဆယ်နိုင်ငံပေါင်းစည်းပြီး အသိုင်းအ၀ိုင်းတစ်ခုတည်းဖြစ်လာဖို့ ရည်မှန်းချက်ဟာ ကျွန်တော်တို့ချည်းပဲ မလုပ်နိုင်ပါဘူး၊ သူတို့အများကြီး ပါဝင်ပါတ်သက်ဖို့ လိုအပ်ပါတယ်”ဟု ဆူရင်ကရှင်းလင်းပြောဆိုသည်။

အာဆီယံဒေသတွင်း နိုင်ငံများနှင့်တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ်ပြင်ကျွန်းစုများ သူပိုင်ကိုယ်ပိုင် အငြင်းပွားမှုကိစ္စသည် ပြီးခဲ့သော ကမ္ဘောဒီးယား ဆွေးနွေးပွဲများအပေါ် လောင်းရိပ်မိုးနေခဲ့သည်။

၎င်းပြဿနာသည် စိန်ခေါ်မှုများဆက်ပေးနေဦးမည် ဖြစ်သော်လည်း လူမှုအသိုင်းအ၀ိုင်းကိစ္စအဖြစ် ဆွေးနွေးရာတွင် အာဆီယံဖိုရမ်က အသုံးဝင် လိမ့်မည် ဟုယုံကြည်ကြောင်း ဆူရင်ကပြောကြားသည်။

ဆူရင်က ဆက်လက်၍ “ကျွန်တော်တို့ဟာ အတူတကွ ကြီးပြင်း(ဖွံ့ဖြိုး)နေကြတုန်းပါ။ကျွန်တော်တို့ အာဆီယံဟာ စီးပွားရေးသာမကပဲ၊ စံနှုန်းတွေ၊ အယူအဆတွေ၊ အမြင်တွေ၊ ကွဲပြားမှုကို ကိုင်တွယ်နိုင်မယ့်နည်းလမ်းတွေပါ ပေါင်းစည်းနိုင်ဖို့ ကြိုးစားနေကြတုန်းပါ။ ဒီပြဿနာက ဆောင်ကြည်းလာတဲ့ နည်းလမ်းဟာ အရမ်းကို လူ့အဖွဲ့အစည်းဆန်ပါတယ်။သိပ်ကို သိမ်မွေ့ပါတယ်။ ဒီရေပြင်ပိုင်နက်တွေ တည်ငြိမ်ရေး၊ ဘေးကင်းလုံခြုံရေးမှာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေ ပါဝင်နေပါတယ်”ဟု ပြောကြားသွားသည်။

                                ***********************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment