Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၂၇.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံမှတရုတ်ကို အမေရိကန်တို့ ဖယ်မထုတ်နိုင်ဟု တရုတ်သတင်းစာရေးသား

(IANS NEWO မှ20 Nov 2012 ရက်စွဲပါ “US can’t squeeze China out of Myanmar, says daily” သတင်းကိုဘာသာ ပြန်ဆိုသည်)

  1. မြန်မာဈေးကွက်သို့ခြေလှမ်းရန် ကိုရီးယားဘဏ်များ မျှော်ကြည့်

(The Korea Times မှ 26 Nov 2012 ရက်စွဲပါ “Korea  banks  eye  expansion  into  Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာတံခါးဖွင့်သော်လည်း အမေရိကန်ကုမ္ပဏီကြီးများ အလောတကြီးဝင်ရန်မလို

(22 November 2012 ရက်စွဲပါ AP သတင်းဌာနမှ Erika Kinetz ရေးသားသော Myanmar opening no gold rush for US firms ကို ဘာသာပြန်ဆိုသည် )

****************************************************

ဘာသာပြန်သတင်းများ

                                                                                                             

မြန်မာနိုင်ငံမှတရုတ်ကို အမေရိကန်တို့ ဖယ်မထုတ်နိုင်ဟု တရုတ်သတင်းစာရေးသား

(IANS NEWO မှ20 Nov 2012 ရက်စွဲပါ “US can’t squeeze China out of Myanmar, says daily” သတင်းကိုဘာသာ ပြန်ဆိုသည်)

ရန်ကုန်ရောက် ပထမဆုံးအမေရိကန် သမ္မတအဖြစ် ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့သွားရောက်ပြီး နောက်တစ်ရက်အကြာတွင် တရုတ်နိုင်ငံပိုင် အင်္ဂလိပ်ဘာသာ သတင်းစာ Global Times က  မြန်မာနိုင်ငံမှတရုတ်ကို အမေရိကန်တို့ ဖယ်မထုတ်နိုင်”ဟု ရေးသာလိုက်ပါသည်။

မြန်မာခရီးစဉ်ကို အလွန်အကျွံ့စာမဖွဲ့နဲ့ဟု ခေါင်းစဉ်တပ်ထားသော Global Times ဆောင်းပါးတွင် “အိုဘားမား၏ခရီးစဉ်သည် တရုတ်သြဇာ အားနည်းစေရန် ရည်ရွယ်သည်ဟု အချို့က မှတ်ချက်ပေးနေကြောင်း မြန်မာနိုင်ငံ၏ ပြီးခဲ့သောတစ်နှစ်လုံး နိုင်ငံရေးအပြောင်းအလဲများ၊ အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုအပေါ် ထင်မြင်ချက်ပေးမှုများက အိုဘားမား၏ ရန်ကုန်ခရီးစဉ်အပေါ် အထူးဝိသေသများ ပေါင်းထည့်ပေးနေခြင်းသာ ဖြစ်ကြောင်း” ရေးသားတင်ပြထားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုနှင့် အနောက်သို့တံခါးဖွင့်မှုများသည် ဝါရှင်တန်ကျေနပ်စေရုံအတွက် သာမကပဲ၊ တရုတ်၏ရေရှည် အကျိုး စီးပွားလည်းပါဝင်ကြောင်း၊ အာဆီယံနိုင်ငံအများစုတွင် ဒီမိုကရေစီရွေးကောက်ပွဲများ ရှိကြပြီး နိုင်ငံရေးစနစ် ကွဲပြားမှုကြောင့် တရုတ်နှင့် ဆက်ဆံရေးတွင် အနှောက်အယှက် မရှိကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်းနိုင်ငံရေးချိန်ညှိမှုများ ရှိနေသောကြောင့် တရုတ်ကိုစိမ်းကားသွားမည် မဟုတ် ကြောင်း တရုတ် အစိုးရအာဘော် သတင်းစာက သုံးသပ်ထားသည်။

Global Time သတင်းစာက ဆတ်သက်၍ “မြန်မာနိုင်ငံ၏ တံခါးဖွင့်မှုသည် မရှောင်သာသည့်အတွက်သာ ဖြစ်ကြောင်း၊ အခြေအနေကိုလိုက်၍ တရုတ်-မြန်မာဆက်ဆံရေးကို အပြောင်းအလဲအချို့လုပ်ဖို့ လိုကြောင်း၊ သို့သော် ထိုသို့ပြောင်းလဲရာတွင် အကန့်အသက်ရှိကြောင်း တင်ပြထားသည်။

ကွန်မြူနစ်တရုတ်ပြည်အစိုးရ အာဘော်သတင်းစာပါ ဆောင်းပါးတွင် အောက်ပါအတိုင်း ဆက်လက်ရေးသားထားသည်။

“တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်နီးချင်းဖြစ်ပြီး အစားထိုးမရနိုင်သော သြဇာလွှမ်းမိုးထားသည်။ ပို၍အရေးကြီးသော အချက်မှာ ထိုသို့ လွှမ်းမိုးမှုများသည် တန်းတူညီမျှမှုကို အခြေခံခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံသည် ၎င်း၏ အမျိုးသားအကျိုးစီးပွားကို အမြင့်ဆုံးတင်ရန် အနောက်ကိုတံခါးဖွင့်ခြင်း ဖြစ်သော်လည်း တရုတ်ကို အနောက်အုပ်စုနှင့် အစားထိုးခြင်းသည် ဉာဏ်မရှိရာ ရောက်သည်"ပာုလည်း ဆောင်းပါးက သတိပေးသည်။

"အိုဘားမားခရီးစဉ်သည် တရုတ်လွှမ်းမိုးမှုကိုစိန်ခေါ်ရန် လေ့လာနေဆဲဖြစ်သည်။ သို့သော် လက်တွေ့သက်ရောက်မှုကို ပြောပြဖို့ ခက်လိမ့်မည်။ အိုဘားမားသည် မြန်မာ့ဒီမိုကရေစီ မြှင့်တင်ရေးတွင်ပါဝင်သော ၎င်း၏အားထုတ်မှုကိုဂုဏ်ယူလိုခြင်း ဖြစ်ပုံရသည်။ မြန်မာနိုင်ငံကို တုန့်ပြန် ချီးမြှောက်ခြင်း ပာု လည်းဆိုနိုင်သည်"ပာု ၎င်းက ဆက်လက်ပြောကြားသည်။

"မည်သို့ပင်ဖြစ်စေ၊ အမေရိကန်သည် တရုတ်ကို မြန်မာနိုင်ငံမှ ဖယ်မထုတ်နိုင်ပါ"ပာုလည်း တရုတ်တို့က ဆိုပါသည်။

ဆက်လက်၍ "အရှေ့တောင်အာရှတွင် စစ်ဘေးအန္တရာယ်မရှိ"ပာုလည်း တရုတ်နိုင်ငံက အာမခံသည်

"တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုနှင့်ပတ်သက်ပြီး အဆိုးဆုံးဖြစ်နိုင်ချေမှာ စစ်ဖက်ဆိုင်ရာအသေးအမွှား ပဋိပက္ခသာ ဖြစ်သည်။ ဝါရှင်တန် ၏ လက်နက်ရောင်းချပေးမှု၊ နိုင်ငံရေးသြဇာလွှမ်းရန် ကြိုးစားမှုတို့သည် ခက်ခဲသောအလုပ် ဖြစ်လိမ့်မည်။ ၎င်းဒေသမှ နိုင်ငံများသည် စီးပွားရေးကိုသာ စိတ်ဝင်စားကြသည်။ တရုတ်နဲ့အမေရိကန် ဘယ်သူကသူတို့အတွက် အကျိုးရှိမလဲဆိုသည်ကိုသာ ဂရုစိုက်ကြသည်"ပာု တရုတ်အစိုးရအာဘော် ဆောင်းပါးက ဆိုသည်။

အရှေ့တောင်အာရှနိုင်ငံများသည် အမေရိကန်ထက် တရုတ်ကို ပိုမိုမှီခိုနေရပြီး ယင်းအနေအထားသည် ယခုထက်ပိုလာဖို့သာ ရှိသည်ပာုလည်း ခန့်မှန်း ထားသည်။

"အိုဘားမားက မြန်မာနိုင်ငံကို ထောက်ပံ့ဖို့ ဒေါ်လာ သန်း ၁၇၀ ယူလာပါတယ်။ လစဉ်လတိုင်း ဒီလိုမပေးနိုင်ဘူးဆိုရင်တော့ ဒီလောက် ပိုက်ဆံလေးပာာ တရုတ်-မြန်မာဆက်ဆံရေးကို ပြောင်းလဲပစ်မယ့် ဝှက်ဖဲဖြစ်မလာနိုင်ပါဘူး"ပာု တရုတ်သတင်းစာက စိတ်ဆိုးမာန်ဆိုး ပုတ်ခတ်ရေးသား ထားသည်။

                                                        *****************************************

မြန်မာဈေးကွက်သို့ခြေလှမ်းရန် ကိုရီးယားဘဏ်များ မျှော်ကြည့်

(The Korea Times မှ 26 Nov 2012 ရက်စွဲပါ “Korea  banks  eye  expansion  into  Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

ကိုရီးယားဘဏ်များသည် ပြည့်ကျပ်နေသော ပြည်တွင်းဈေးကွက်ကြောင့် ဝင်ငွေရလမ်းသစ်များ ရှာဖွေရန်အတွက် မြန်မာဈေးကွက်သို့ လမ်းထွင်ရန် တွန်းအားပေးနေကြသည်ဟု တာဝန်ရှိသူများအားပြောကြားသည်။

ကိုရီးယားနိုင်ငံ၏ နံပါတ် ၃ အဆင့်ရှိ Shinhan Bank သည် အစောဆုံးနောက်နှစ်တွင် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်ရန် ကြိုးစားလျက်ရှိပြီး နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခြင်းကို တားဆီးထားမှုများ ဖြေလျော့ပေးပါက ဘဏ်ခွဲဖွင့်လှစ်ရန် ရည်မှန်းထားသည်ဟု သိရှိရသည်။

နိုင်ငံပိုင် Industrial Bank of Korea ကလည်း ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်ခွင့်ရအောင် လျှောက်ထားရန် စီစဉ်နေသည်ဟု ပြောကြားသည်။ လက်ရှိတွင် မြန်မာဘဏ္ဍာရေးအာဏာပိုင်များက နိုင်ငံခြားဘဏ်များအား ရုံးခန်းဖွင့်ခြင်းကိုသာ ခွင့်ပြုထားသည်။

Shinhan Bank ၏ အဓိကပြိုင်ဘက်များ ဖြစ်ကြသော Woori Bank နှင့် Hana Bank တို့သည် အောက်တိုဘာလတွင် ရန်ကုန်တွင်ရုံးခန်းများ ဖွင့်လှစ်ခြင်းဖြင့် မြန်မာဈေးကွက်သို့ဝင်ရန် ခြေချပြီးသွားကြပြီဖြစ်သည်။

Woori Bank ကအစောဆုံး ၂၀၁၄ တွင် ဘဏ်ခွဲအဖြစ်တိုးချဲ့ရန် ရည်မှန်းကာ အောက်တိုဘာလကုန်တွင် ရန်ကုန်ရုံးခွဲကို ဖွင့်လှစ်ခဲ့သည်ဟု ပြောကြားသည်။ Hanka Bank ကလည်း ပြီးခဲ့သောလတွင် ရန်ကုန်ရုံးကိုဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်တွင်းမှ ဧရာဝတီဘဏ်နှင့် မဟာဗျူဟာမြောက် လက်တွဲမှုကိုမြှင့်တင်ရန် သဘောတူညီမှုရရှိထားပြီး ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် အီးယူတို့က မြန်မာနိုင်ငံအပေါ် အရေးယူထားသော စီးပွားရေး၊ ဘဏ္ဍာရေး Santcions များကို ရုပ်သိမ်းဖြေလျှော့ ပေးနေပြီဖြစ်ရာ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများအတွက် လမ်းပွင့်သွားတော့မည့်အလားအလာ ရှိနေသောကြောင့် မြန်မာဘဏ်များနှင့် ကိုရီးယားဘဏ်များ လှုပ်ရှားလာကြခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ အာဏာရှင်၏ အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းလိုက်သော မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲများအပြီးတွင် ဒီမိုကရေစီနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။

တောင်ကိုရီးယားဘဏ်များ၏ ခြေလှမ်းသည်လည်း ပြည့်ကျပ်နေသော ကိုရီးယားဈေးကွက်တွင် အမြတ်အစွန်း နည်းလာခြင်းမှ မြစ်ဖျားခံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခုနှစ်ပထမ ၉ လအတွင်း ကိုရီးယားဘဏ်၁၈ ခု၏ စုစုပေါင်းဝင်ငွေသည် ဝမ်ငွေ ၇.၅ ထရီလီယံ (ဒေါ်လာ ၆.၉ ဘီလီယံ) သာရှိခဲ့ပြီး ယခင်နှစ်ကထက် ၃၉ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဘဏ္ဍာရေး အကဲခတ်အဖွဲ့က ပြောကြားသည်။

ဗဟိုဘဏ်၏အတိုးနှုန်းများ ဖြတ်တောက်ခြင်း၊ နိုင်ငံစီးပွားရေး နှေးကွေးခြင်းတို့က အမြတ်အစွန်းခွင်ကို ဖြစ်ညှစ်ကြသည့် အလားအလာ ကြီးမားနေခြင်းကြောင့် ကိုရီးယားဘဏ်များ၏ စတုတ္ထသုံးလပတ်ဝင်ငွေမှာ ပိုမိုကျဆင်းသွားဖွယ်ရှိသည်ဟု အကဲခတ်လေ့လာသူများက ခန့်မှန်းထားကြ သည်။

                                                                    **************************************

 

မြန်မာတံခါးဖွင့်သော်လည်း အမေရိကန်ကုမ္ပဏီကြီးများ အလောတကြီးဝင်ရန်မလို

(22 November 2012 ရက်စွဲပါ AP သတင်းဌာနမှ Erika Kinetz ရေးသားသော Myanmar opening no gold rush for US firms ကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံသည် ကြီးပွားတိုးတက်လာတော့မည့် လက္ခဏာများ တွေ့နေရပါသည်။ ရန်ကုန်သို့သွားသော လေယာဉ်များ ပြည့်နေပါသည်။ ဟိုတယ်အခန်းများလည်း ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပါသည်။ အနောက်တိုင်းဆန်သော ဘားများတွင်လည်း အနောက်နိုင်ငံသားများဖြင့် ပြည့်နေ ပါသည်။ နှစ်ဆယ့်တစ်ရာစု၏ အလား အလာကောင်ျးားသည် ရွှေရောင်မျက်နှာသစ်တွင် တွေ့ရှိနေရပါသည်။

ယခုတစ်ပတ်တွင် သမ္မတ Barack Obama သည် ပထမဆုံး လက်ရှိသမ္မတတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာနိုင်ငံအတွက် မြှင့်တင်ပေးမှုတစ်ခုဖြစ်ပြီး၊ ကမ္ဘာပေါ်မှ ရင်းနှီးမြှုပ်နှံမည့်သူများ သတိမပြုပဲ မနေနိုင်လောက်သည့် ထောက်ခံမှုတစ်ခုဖြစ်ပါသည်။ အမေရိကန် ခေါင်းဆောင်ပိုင်းက မြန်မာနိုင်ငံကို နိုင်ငံတကာအတွင်းသို့ ကြိုဆိုခဲ့သော်လည်း အမေရိကန်ကုမ္ပဏီများသည် ကြီးကြီးမားမား သဘောတူညီချက်များ မရရှိသေးပေ။ သို့သော် အခြေအနေမှာ မကြာခင်ပြောင်းသွားမည်ဟု မျှော်လင့်ရ ပေသည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုများကို ပြန်လည်ဖြေလျော့လျက် ရှိသည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ အလျင်အမြန်သွားရောက်ကြရန် မဖြစ်နိုင်သေးပေ။ အရေးယူမှုများ ပြန်လည်ရုတ်သိမ်းရေးမှာ အချိန်ယူရဦးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းတွင် အဂတိလိုက်စားမှုများ သည် အမေရိကန်ကုမ္ပဏီများ အလုံးအရင်းနှင့် အလျင်အမြန် ၀င်ရောက်ရေးတွင် ရှုတ်ထွေး စေမည်ကို စိုးရိမ်နေကြပါသည်။ ခွင့်ပြုသည့်ကိစ္စများ၊ နောက်ထပ်လိုအပ်ချက်များနှင့် ပတ်သက်၍ ရှုတ်ထွေးနေဆဲဖြစ်ပြီး မြန်မာနိုင်ငံနှင့် အမေရိကန် မူဝါဒများ၏ ပြောင်းလဲမှုများသည် အလုပ်ဖြစ်နိုင်ခြင်းရှိမရှိ သံသယများ ပျောက်မသွားသေးပေ။

သို့သော်လည်း မြန်မာနိုင်ငံမှ မတို့မထိရသေးသော စားသုံးသူဈေးကွက်ကြီး ၊ သဘာဝသယံဇာတများ ထုတ်ယူရေးတွင် ရေနံနှင့် ဓါတ်ငွေ့၊ သစ်၊ ကျောက်မျက်ရတနာများနှင့် မြေသြဇာ ပြည့်ဝေသောမြေများ ပါဝင်နေခြင်းကြောင့် စွန့်စားရမည့်ကိစ္စ ဖြစ်နေပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် အလျင်မြန်ဆုံး တိုးတက်နေသည့် အဓိကစီးပွားရေး နိုင်ငံကြီးများဖြစ်သည့် အိန္ဒိယနှင့် တရုတ်ကြားတွင်ရှိသော်လည်း အင်တာနက် အဆင့်အတန်း ၊ မိုဘိုင်းဖုန်း အသုံးပြုမှုတို့တွင် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးအဆင့်တွင် ရှိနေပါသည်။ ထို့အပြင် လမ်းများ၊ ဆိပ်ကမ်းများ၊ ပိာုတယ်များ၊ ဆေးရုံများ၊ ကျောင်းများနှင့် လျှပ်စစ်မီးများမှာလည်း လုံလောက်အောင် အဆင့်မှီမှီမရှိပေ။

အမေရိကန်ကုမ္ပဏီအများစုက အရေးယူမှုများနှင့်ပတ်သက်၍ လျင်မြန်စွာ ဆုံးဖြတ်ချက်ချ၍ လုပ်ဆောင်ရန် မြင်တွေ့လိုပြီး၊ ဤအရှေ့တောင် အာရှ အဆင်းရဲဆုံးနိုင်ငံတွင် အမေရိကန်စီးပွားရေး လုပ်ငန်းများသည် မည်သည့်ကဏ္ဍမှပါဝင်မည် ဆိုသည်မှာလည်း မေးခွန်းတစ်ခုပင် ဖြစ်ပါသည်။ ပြီးခဲ့သည့် တနလာင်္နေ့က ရန်ကုန် တက္ကသိုလ်တွင် သမ္မတ အိုဘားမားက မိန့်ခွန်းပြောကြားရာတွင် အမေရိကန်ကုမ္ပဏီများသည် စံနမူနာအဖြစ် ရှေ့မှ ဦးဆောင်လုပ်ပြရမည်ဟု ဆိုခဲ့ပါသည်။ ၄င်း၏အစိုးရသည် စီးပွားရေးလုပ်ပုံကိုင်ပုံကို ကောင်းမွန်စေရန် တွန်းအားပေးလျက်ရှိရာ၊ မြန်မာနိုင်ငံတွင် ဒေါ်လာ ၅ သိန်းနှင့်အထက် ရင်းနှီးမြှုပ်နှံသောကုမ္ပဏီများ သည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အစီရင်ခံစာ တင်ပြခြင်းဖြင့် ပွင့်လင်းမြင်သာမှုကို အားပေးနေပါ သည်။ အချို့အချက်အလက်များကို ပြည်သူသို့ သိစေရမည် ဖြစ်ပါသည်။ ထို့အပြင် ၀ါရှင်တန်သည် အမေရိကန်ကုမ္ပဏီများကို မြန်မာနိုင်ငံ၏ အကြီးဆုံးဖြစ်ပြီး အဂတိအလိုက်စားဆုံး စီးပွားရေးလုပ်ငန်းရှင် များနှင့် စီးပွားရေး လုပ်ကိုင်မှုကို ပိတ်ပင်ထားပါသည်။

ထိုသို့ ကန့်သတ်ထားမှုများသည် အမေရိကန်ကုမ္ပဏီများ အခြားသူများနှင့်ပြိုင်ဆိုင်ရာတွင် အခွင့်အရေး အချို့လက်လွတ် ဆုံးရှုံးရမှုကို ဖြစ်စေခြင်းကြောင့် အစိုးရ၏ရည်ရွယ်ချက်မှာ အငြင်းအခုန်ဖြစ်ရဖွယ် ဖြစ်ပါသည်။ သို့သော် အဆိုပါရည်မှန်းချက်မှာ ရေရှည်တွင် တန်ဖိုးရှိကြောင်း သက်သေပြနိုင်မည် ဖြစ်ပါသည်။ မြန်မာသမ္မတ ဦးသိန်းစိန် အကြံပေးတစ်ဦးဖြစ်သူ ဦးသန်းမြင့်ဦးက ပြောကြားရာတွင် မြန်မာနိုင်ငံ ကြုံဆုံနေရသော အကြီးဆုံးစိန်ခေါ်မှာ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို အထောက်အကူပြုနိုင်မည့် စီးပွားရေးမော်ဒယ်သစ်တစ်ခု ရှာဖွေရေးပင်ဖြစ်ကြောင်း ပြောပါ သည်။

‘ရာစုနှစ် တစ်ဝက်လောက် မှားယွင်းစွာအုပ်ချုပ်လာတာကြောင့် အခုပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို လမ်းကြောင်းပေါ်မှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ၀င်ငွေတွေမြင့်လာအောင်၊ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်အောင် ၊ စီးပွားရေးကို ပြုပြင်နိုင်ဖို့ ဘယ်သူမှမသိဘူး ဖြစ်နေတယ်”ဟု ၄င်းကပြောပါသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် လွှမ်းမိုးလျက်ရှိသော စီးပွားရေးပုံစံနှစ်ခု ဖြစ်သည့် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်များနှင့် မဟာမိတ်ပြုခြင်း ၊ နှင့် တရုတ်ရင်းနှီးမြုပ်နှံမှုကြီးမားခြင်း(သို့မဟုတ်)လက်ဝဲယိမ်း အထီးကျန်ဝါဒတို့မှာ တိုင်းပြည်အတွက် ကောင်းမွန်သောလမ်းကြောင်း ဖြစ်စေရေးကို လုပ်ဆောင် မပေးနိုင်ဟု ၄င်းကပြောပါသည်။ အမေရိကန် စီးပွားရေးလုပ်ငန်းများသည် တတိယနည်းလမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် မျှော်လင့်သည် ဟု ၄င်းကပြောပါသည်။

အမေရိကန်ပြည်ထောင်စုသည် အရေးယူမှုများဖြေလျော့ရာတွင် တိကျသော ချဉ်းကပ်မှုများ၊ လုပ်ဆောင်နေရာ အချို့ကို ရုတ်သိမ်းမှုများ ပြုလုပ် နေချိန်တွင် အချို့ကန့်သတ်ချက်များကို အသစ်ထပ်မံတိုးချဲ့ခြင်း၊ သက်တမ်းတိုးခြင်းများ လုပ်ဆောင်နေပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် အမေရိကန်အစိုးရ၏ သြဇာလွှမ်းမိုးရေးကို အထောက်အကူပြုမည် ဖြစ်သော်လည်း မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို လျှော့စေသည်ဟု ယူဆရပြီး၊ ရင်းနှီး မြုပ်နှံသူများအတွက် ရှုတ်ထွေးမှုများ ဖြစ်ပေါ်စေပါသည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများမှာ ဖက်ဒရယ်ဥပဒေခြောက်ခု၊ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ အမိန့်များဖြင့် ချမှတ် ထားပါသည်။ ထို့အပြင် အာရှရေးရာပညာရှင် Michael Martin က ကွန်ဂရက် သုတေသနလုပ်ငန်းအတွက် အသေးစိတ်လေ့လာချက်အပေါ် အခြေခံပြီး ၊ ဥပဒေများ ထပ်မံချထားပြန်ခြင်းနှင့် မြန်မာနိုင်ငံကဲ့သို့ ကလေးစစ်သားအသုံးပြုသော တိုင်းပြည်များသို့ စစ်လေ့ကျင့်ခြင်းများ၊ လက်နက်ရောင်းဝယ် ခြင်းများ ပိတ်ပင်ထားသော ပိတ်ပင်မှုများလည်း ရှိနေပြန်ပါသည်။

သို့သော် ၀ါရှင်တန်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများအပေါ် တုန့်ပြန်မှုမှာ လျင်မြန်ပါသည်။ ၀ါရှင်တန်သည် ရင်းနှီး မြှုပ်နှံမှုများပြုလုပ်ရန် ကန့်သတ်ထားမှုကို ယာယီရုတ်သိမ်းပေးခဲ့ပါသည်။ ငွေကြေးဝန်ဆောင်မှုများ၊ အကူအညီပေါင်းစုံနှင့် မကြာသေးမီက မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ကန့်သတ်ထားမှုများအား ဖြေလျော့ပေးခဲ့ပါသည်။

ယခုအခါ အမေရိကန်ကုမ္ပဏီများအတွက် ကျန်ရှိသော တရားဝင်အကြီးဆုံး ပိတ်ဆို့ထားမှုမှာ ရက်စက်သော ဖြစ်ရပ်များ၊ ဖိနှိပ်မှုများ၊ အဂတိ လိုက်စားမှုများနှင့် ဆက်စပ်မှုရှိသည်ပာု စွပ်စွဲခံရသော မြန်မာနိုင်ငံသားများ၊ ကုမ္ပဏီများနှင့် အမေရိကန်ကုမ္ပဏီများ အလုပ်မလုပ်ရန် တားမြစ်ချက်ကို လိုက်နာရန် မလွယ်ကူကြောင်း အမေရိကန်ကုမ္ပဏီများက စောဒကတက်ကြပါသည်။ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခြင်းကြောင့် ကြုံတွေရမည့်စိန်ခေါ်မှု များ နှင့် နာမည်တစ်မျိုးနှင့် လုပ်ကိုင်မည့် ခရိုနီလက်ခွဲများကို ရွေးထုတ်ရခက်ခဲ မည့် ကိစ္စများကို ထောက်ပြခဲ့ကြပါသည်။

“ကျွန်တော်တို့ဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးနေတာသာဖြစ်ပြီး၊ တစ်ဦးချင်း ပြုပြင်ပြောင်းလဲရေးအပေါ် အားပေးခြင်း မပြုနိုင် ပါဘူး”ဟု ဟောင်ကောင်ရှိ အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဌ Richard Vuylsteke က ပြောကြားပါသည်။ ၄င်းက ၀ါရှင်တန်အား ဖြစ်နိုင်သမျှ အမြန်ဆုံး အဆိုပါစာရင်းအား လျှော့ချသွားရန်နှင့် အဆိုပါ ခရိုနီများအား စနစ်အတွင်း တစ်သားတည်ဖြစ်ရေန် မက်လုံးပေးရမည်ဖြစ်ကြောင်း တိုက်တွန်း ခဲ့ပါသည်။ ၀ါရှင်တန်သည် အရေးယူမှုများကို ယာယီရုတ်သိမ်းပေးပြီး ရှေ့သို့တစ်လှမ်းခြင်းတက်နေချိန်တွင်၊ နောက်သို့ခြေလှမ်းငယ်လေး တစ်လှမ်း ဆုတ်နေသယောင် ရှိပါသည်။

အိုဘားမား ရန်ကုန်သို့မလာမီသုံးရက်က ၀ါရှုင်တန်သည် မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ၊ ပြန်လည် ရှင်သန်ရေးကို မျှော်မှန်းလျက် သွင်းကုန်ပိတ်ဆို့ထားမှုကို ယာယီရုတ်သိမ်းပေးခဲ့ပါသည်။ တချိန်တည်းမှာပင် အစိုးရသည် ကုမ္ပဏီ ၇ ခုကို အမေရိကန်ကုမ္ပဏီများ အလုပ်တွဲမလုပ်ရန် စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ ဇူလိုင်လက ၀ါရှင်တန်သည် ရင်းနှီးမြုပ်နှံမှုများနှင့် ငွေကြေးဝန်ဆောင်မှုများအား ပိတ်ပင်ထားခြင်းအပေါ် ယာယီ ရုတ်သိမ်းခဲ့ရာတွင် ပြုပြင်ပြောင်းလဲရေးကို အားနည်းအောင်ပြုလုပ်သူ၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်ပတ်သက်သူ ၊ မြောက်ကိုးရီးယားနှင့် စစ်တပ်ချင်း ဆက်ဆံမှုတွင် ပတ်သက်သူတစ်ဦးချင်း ပုဂ္ဂိုလ်များကိုလည်း အရေးယူမှုများတွင်ပါဝင်ရန် ဖော်ပြခဲ့ပါသည်။

အိမ်ဖြူတော်က ပြောကြားရာတွင် ၄င်းအနေဖြင့် ရှင်းလင်းသောသတင်းစကားကို ထုတ်ဖော်ထားပြီး ဖြစ်ကြောင်း နှိပ်စက်မှုများတွင် ပါဝင်ဆဲ ပုဂ္ဂိုလ်များ၊ အဂတိလိုက်စားသူများနှင့် ရှေ့သို့ချီတက်ရာတွင် မတည်ငြိမ်အောင် ပြုလုပ်သူများကို ပြုပြင်ပြောင်းလဲရေး၏ အသီးအပွင့်များကို မရထိုက် ကြောင်း ဆိုထားပါသည်။

အမေရိကန် ကုမ္ပဏီများသည် အရေးယူမှုများကို လိုက်နာရမည့်အပြင် မြန်မာနိုင်ငံတွင် မှားယွင်းသောစီးပွားရေး ပါတနာများ ရွေးချယ်နိုင်ခြင်းကို ကာကွယ်ရန်၊ မိမိတို့နိုင်ငံမှ အဂတိလိုက်စားမှုဆန့်ကျင်ရေး ဥပဒေကိုလိုက်နာရန်နှင့် နာမည်ကောင်းရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ပါသည်။

“ဒီတိုင်းပြည်က အမေရိကန်မှာဆို တရားဥပဒေ ပြင်ပက လုပ်ရပ်လို့ဆိုရမယ့် အဂတိလိုက်စားမှုက စီးပွားရေးရဲ့ လုပ်ထုံးလုပ်နည်းလိုဖြစ်ပြီး ပျံ့နှံ့နေပါတယ်”  ရန်ကုန်ရှိ အမေရိကန်သံရုံးတွင် ၁၉၉၉ မှ ၂၀၀၂ ထိ သံရုံးယာယီတာဝန်ခံ လုပ်ခဲ့ဘူးသူ Priscilla Clapp က ဆိုပါသည်။ “အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့ရဲ့ မြန်မာပါတနာကို ဒီကဥပဒေတွေလိုက်နာဖို့ ကန့်သတ်ရန် မလွယ်လှပါဘူး။ သူတို့က ဒီအကျင့်ဆိုးကြီးနဲ့ ရာစု နှစ် လောက် ဖြစ်နေပြီလေ”ဟု သူက ပြောပါသည်။

တချိန်တည်းမှာပင် အခြားတိုင်းပြည်များမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ တဖွဲဖွဲဝင်ရောက်လျက် ရှိပါသည်။

“အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံနဲ့ကင်းကွာနေတာ ဆယ်စုနှစ် နှစ်ခုလောက်ရှိနေပါပြီ”ဟု ၀ါရှင်တန်ရှိ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းဒါရိုက်တာ John Goxer က ပြောပါသည်။ “ သူတို့အနေနဲ့ ဈေးကွက်အကြောင်း၊ လုပ်ကိုင်ရမယ့် ပတ်ဝန်းကျင်အကြောင်း အများကြီးလေ့လာရပါဦးမယ်။ တရုတ်၊ ထိုင်း ၊ မလေးရှားက ကုမ္ပဏီတွေက ပလေယာတွေကိုသိနေပြီး ပတ်ဝန်းကျင်ကိုလည်း သိနေပြီ။ သူတို့က အသာစီးရနေပါတယ်”ဟု ဆိုပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂျပန်နှင့် ယှဉ်ပြိုင်လျှင်ပင် အသာစီးမရနိုင်ပေ။ ဥပမာအားဖြင့် ဂျပန်ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ကဏ္ဍပေါင်းစုံ တစ်ပေါင်းတည်းသဘောတူမှုအတွက် အဆိုပြုနိုင်ပြီး၊ အစိုးရငွေဖြင့် မြန်မာအစိုးရကို အကူအညီပေးမှု၊ ကြွေးမြီများ လျော်ပစ်မှုများ ပြုလုပ်ထားပြီး ဖြစ်ပါသည်။

အာရှကုမ္ပဏီတွေက သဘောတူညီချက် လုပ်ဆောင်ရာတွင် ငွေကြေးထောက်ပံ့မှုကိုပါ ပါဝင်ထည့်သွင်းထားနိုင်ကြတယ်။ အမေရိကန်အတွက် ကတော့ ပုဂ္ဂလိက ကုမ္ပဏီတွေဝင်ဖို့ ။ ဆိပ်ကမ်း မီးရထားနဲ့ အခြား အခြေခံအဆောက်အဦးတွေ အစိုးရက အကန့်အသတ်မရှိ နောက်ခံမပေးနိုင်ပါဘူး” ဟု Goyer က ပြောပါသည်။

အမေရိကန် -အာဆီယံ စီးပွားရေးကောင်စီမှ မြန်မာနိုင်ငံအတွက် တွဲဖက်ဒါရိုက်တာ Anthony Nelson ကပြောကြားရာတွင် ကမ္ဘာပေါ်တွင် အမေရိကန် မရှိသေးသော တိုင်းပြည်များတွင် မြန်မာနိုင်ငံသည် အကြီးဆုံးဖြစ်ကြောင်း ပြောခဲ့ပါသည်။ “ ဒါမျိုးက ဖြစ်ခဲပါတယ်။ နောက်ဆို ဒါမျိုး မဖြစ် တော့ပါဘူး” ဟု ဆိုသည်။

သို့သော် Nelson က မြန်မာနိုင်ငံသို့  အလျင်အမြန် သွားရောက်ရေး မပြောခဲ့ပေ။

“ဗီယက်နမ်ကို ဥပမာအနေနဲ့ ကြည့်ပါ။ ကျွန်တော်တို့ ဗီယက်နမ်နဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့လုပ်ခဲ့စဉ်က  ကုမ္ပဏီတွေက ဗီယက်နမ်ကိုသွားပြီး ကြည့်တယ်။ ကိုယ်စားလှယ်ရုံးတွေ စဖွင့်တယ်။ အမေရိကန်ကုမ္မဏီတွေ အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ ၁၀ နှစ် ၁၅ နှစ်လောက် စောင့်ခဲ့ရတယ်။ အမေရိကန်ကုမ္ပဏီတွေက ၀င်ပြီဆိုရင် အကြီးအကျယ်ဝင်တာ ။ ပြည်သူတွေအနေနဲ့ သူတို့ဘာတွေ လုပ်နေတယ်ဆိုတာ စောင့်ကြည့်ဖို့လိုပါတယ်”ဟု ၄င်းကဆိုပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment