Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၇.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. အခွန်ကောက်ခံမှုပေါ့လျော့လျက်ရှိသည့် ကုန်သွယ်ခွန်များ အထူးစည်းကြပ်ကောက်ခံတော့မည်
  2. မြောက်ကိုရီးယားမှ ယူရေနီယံကုန်သေတ္တာတင်ပို့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ ငြင်းဆို

နိုင်ငံရေးသတင်း

  1. အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတာဝန်ရှိသူများ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှု ခွင့်ပြု         
  2. ပြည်သူများထံမှ ငွေကြေးကောက်ခံမှုရှိသည့်အတွက် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များပါတီအား ကော်မရှင်သတိပေး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

အခွန်ကောက်ခံမှုပေါ့လျော့လျက်ရှိသည့် ကုန်သွယ်ခွန်များ အထူးစည်းကြပ်ကောက်ခံတော့မည်

အခွန်ကောက်ခံရာတွင် ပေါ့လျော့လျက်ရှိသည့် စားသုံးသူအပေါ်မှ ကောက်ခံလေ့ရှိသည့် သွယ်ဝိုက်ခွန်ကို အထူးစည်းကြပ် ကောက်ခံတော့မည် ဖြစ်ကြောင်း အခွန်ဆိုင်ရာဝန်ဆောင်မှုရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတွင်းရှိ အချို့နေရာများတွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်လျက်ရှိသည့်အပြင် သွယ်ဝိုက်ခွန်များ ကောက်ခံရာတွင် အနည်းငယ် ပေါ့လျော့လျက်ရှိသည့်အတွက် နိုင်ငံအခွန်တိုးနိုင်စေရန် သွယ်ဝိုက်ခွန်များကို အထူးစည်းကြပ် ကောက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ၇၁၁ ဘီလီယံ ကောက်ခံရရှိခဲ့ပြီး သွယ်ဝိုက်ခွန်မှာ ၇၆၈ ဘီလီယံသာ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အခွန်ကောက်ခံမှုတိုးတက်လာနိုင်စေရန် သွယ်ဝိုက်ခွန်ကောက်ခံရာတွင် နိုင်ငံတကာ၌ကျင့်သုံး ဆောင်ရွက်လျက် ရှိသော Value added Tax(VAT)စနစ်သို့ ပြောင်းလဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           

မြန်မာနိုင်ငံအတွင်း အခွန်ကောက်ခံရရှိမှု နည်းပါးရခြင်းမှာ လုပ်ငန်းရှင်ကြီးများက အခွန်လုံးဝတိမ်းရှောင်နေခြင်း၊ အရှုံးပြကာ အခွန်တိမ်းရှောင် နေခြင်းနှင့် တရားမဝင်လုပ်ကိုင်ကာ အခွန်ရှောင်တိမ်းခြင်း၊ အခွန်ဆောင်လေ့မရှိ၍ အခွန်စနစ်ဖြင့်မရင်းနှီးခြင်းနှင့် ပေးဆောင်သည့် အခွန်များအား မည်သည့်နေရာတွင် အသုံးချသည်ကို ထင်သာမြင်သာ မရှိမှုများကြောင့်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာတွင် အခွန်ကောက်ခံရာ၌ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဝင်ငွေခွန်မှရရှိသည့် အမြတ်အပေါ်တွင်ကောက်ခံသည့် တိုက်ရိုက်ခွန်ကိုပိုမို ကောက်ယူလေ့ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သွယ်ဝိုက်ခွန်ကို ပိုမိုကောက်ယူလေ့ရှိကြောင်း သိရသည်။

YC

********************************************************

မြောက်ကိုရီးယားမှ ယူရေနီယံကုန်သေတ္တာတင်ပို့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ ငြင်းဆို

လက်ရှိ ပြင်ပတွင်သတင်းများ ထွက်ပေါ်လျက်ရှိသည့် မြောက်ကိုရီယားမှ မြန်မာနိုင်ငံသို့ ယူရေနီယံများပါဝင်သော ကုန်သေတ္တာများတင်ပို့ နေသည်ပာုဆိုသည့် သတင်းများမှာ ပာုတ်မှန်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ငြင်းဆန်ပြောကြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ နိုင်ငံတကာ အနူမြူစွမ်းအင် အေဂျင်စီ(IAEA)၏ နောက်ဆက်တွဲစာချုပ်များ တွင် လက်မှတ်ရေးထိုးရန်နှင့် မြန်မာ-မြောက်ကိုရီယား နှစ်နိုင်ငံအကြားစစ်ရေးအရ ဆက်ဆံနေမှုများကို ဖြတ်တောက်ပစ်ရန် နိုင်ငံတော်အသိုင်းအဝိုင်းသို့ ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော မြောက်ကိုရီးယားအမှတ်တံဆိပ်ပါ သင်္ဘောပေါ်တွင် မြန်မာသို့ပို့ဆောင်မည်ပာု ယူဆနိုင်ဖွယ်ရှိသည့် ယူရေနီယံသတ္တုပြွန် ၅၀ နှင့် နျူကလီးယား တည်ဆောက်ရာတွင် အသုံးပြုရလေ့ရှိသည့် အစိတ်အပိုင်း တစ်ချို့ကို ဂျပန်နိုင်ငံအာဏာပိုင်များက ဖမ်းဆီးရမိသည်ပာု ဂျပန်နိုင်ငံထုတ် အဆာပိာရှင်ဘွန်းသတင်းစာတွင် ရေးသားမှုအပေါ် နိုင်ငံတော်သမ္မတရုံးက ယခုကဲ့သို့ ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံမှ မြန်မာနှင့်တရုတ်နိုင်ငံများသို့ သန့်စင်ထားသော ယူရေနီယံသတ္တုများ တင်ပို့ခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြပါရှိသည်။

YC

***************************************************************************************************

နိုင်ငံရေးသတင်း

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတာဝန်ရှိသူများ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှု ခွင့်ပြု         

ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယခင် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှုကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်အကူအလုပ်သမားများဖြစ်သည့် ထမင်းချက်ငါးဦး၊ အိမ်အကူငါးဦးနှင့် ဥယျာဉ်လုပ်သားငါးဦးတို့ အတွက် တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလေးသိန်းခွဲ တစ်နှစ်ကျပ် ၅၄ သိန်းအား လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိ အိမ်အကူလုပ်သားလေးဦးအတွက် တစ်နှစ်စာလစာငွေ ကျပ် ၄၃ သိန်းနှင့် လက်ရှိနိုင်ငံတော် တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု အဆင့်ရှိ ပုဂ္ဂိုလ်(၁၀၂)ဦး၊ နေပြည်တော်ကောင်စီဝင် ၁၁ ဦး၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ် ၆၇ ဦးတို့၏ အိမ်အကူ လုပ်သား(၄၁၇)ဦးအတွက် တစ်ဦးလျှင် တစ်လကျပ်သုံးသောင်းနှုန်းဖြင့် ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သည်။

ယခင်က အငြိမ်းစားနိုင်ငံတော်အကြီးအကဲများနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများ အတွက် ငွေကျပ်သန်းပေါင်း ၃၁၅.၀၁၀ သန်းကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးခဲ့သော်လည်း မလောက်ငသည့်အတွက် ၎င်းပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများအား လစာပေးနိုင်ရန် ၁၉၇.၀၅၂ သန်းကို ထပ်မံတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်တာဝန်ရှိပုဂ္ဂိုလ်များ၏ အိမ်အကူလုပ်သားများအတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့သော်လည်း လက်ရှိနိုင်ငံတော်တာဝန် ထမ်းဆောင်လျက်ရှိသော သမ္မတဦးသိန်းစိန်နှင့် ဒုတိယသမ္မတများမှာ ယင်းခံစားခွင့်များကို ခံစားခွင့်မရှိကြောင်း လွှတ်တော်ကအတည်ပြုခဲ့သည်။

YC

***********************************************

ပြည်သူများထံမှ ငွေကြေးကောက်ခံမှုရှိသည့်အတွက် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များပါတီအား ကော်မရှင်သတိပေး

၂၀၁၀ ရွေးကောက်ပွဲဝင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ပါတီရန်ပုံငွေနှင့် ပါတီလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ပြည်သူများထံမှ ငွေကြေးကောက်ခံခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ယင်းပါတီသို့ သတိပေးစာပေးပို့ခဲ့ ကြောင်း သိရသည်။

မကြာသေးမီကာလအတွင်းက ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီမှ ပြည်သူ အကျိုးပြုလုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန် ပါတီဝင်အင်အား စုဆောင်းခြင်းနှင့် ပါတီလုပ်ငန်းစဉ်များကို ပါတီရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ပာု ထုတ်ပြန်ကြေညာခဲ့သော်လည်း ကော်မရှင်မှ ဝင်ရောက်စစ်ဆေးရာတွင် ပြည်သူများထံမှ ငွေကြေးကောက်ခံလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ယခုကဲ့သို့ သတိပေးစာ ပေးပို့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်း သတိပေးစာတွင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၌ ငွေကြေးအရှုပ်အရှင်းကိစ္စများ ဖြစ်ပေါ်လာ၍ မကျေနပ်မှုများနှင့် တိုင်ကြားမှုများရှိလာပါက သက်ဆိုင်ရာအဖွဲ့အစည်းများမှ တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူ ခံရမည်ဖြစ်သည့်အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီဝင် များက ဘုရားဝတ္တကနယ်မြေများပေါ်ရှိ ဈေးသူဈေးသားများထံမှ ငွေကြေးကောက်ခံခဲ့သည့်အတွက် ၎င်းဈေးသူဈေးသားများက စုပေါင်းလက်မှတ် ရေးထိုး၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားကြောင်း သိရသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ          

“ဥပဒေတွေကို လယ်သမားအများစုက လိုက်နာရကောင်းမှန်းမသိတဲ့အပြင် နားလည်မှုလည်းနည်းပါတယ်၊ ဥပဒေကိုတော့သိတယ်၊ ဒါပေမယ့် လိုက်နာမှုမရှိဘဲ ဥပဒေအပေါ်က ဆောင်ရွက်မှုတွေ၊ အာဏာအလွဲသုံးစား လုပ်မှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဒါတွေကြောင့် ပြဿနာဖြစ်နေတာ”

နိုဝင်ဘာ ၂၉ ရက်နေ့ထုတ်၊ Venis ဂျာနယ်၊ အတွဲ ၄ အမှတ် ၁၉ တွင်ပါရှိသော “မြေယာပြဿနာများသည် ဥပဒေကိုနားလည်မှု အားနည်းခြင်းနှင့် အာဏာအလွဲသုံးစားလုပ်မှုကြောင့်ပာုဆို”သတင်းမှ ကောက်နှုတ်ချက်။

                                               *********************************************

“အစကတည်းက ပွင့်လင်းမြင်သာမှုရှိလို့ရှိရင် ဒီလိုစာချုပ်တွေ ချုပ်ဆိုဖို့ဆိုတာ အများပြည်သူတွေအနေနဲ့ သိပိုင်ခွင့်ရှိရမယ်။ အဲဒီတော့မှ ဒီစာချုပ်ကို သဘောတူရဲ့လား၊ ဒီပာာပာာ နိုင်ငံအကျိုးပြုဖို့အချက်နဲ့ ကိုက်ညီရဲ့လား ဆုံးဖြတ်နိုင်မယ်ပေါ့၊ အခုကျတော့ တစ်နည်းအားဖြင့်ပြောရရင် ဒီမိုကရေစီမရခင် ခေတ်ထဲက စာချုပ်တွေရဲ့အကျိုးဆက်တွေကို ဒီမိုကရေစီခေတ်မှာ ပြန်ပြီးရှင်းရမည်ဆိုရင် နည်းနည်းတော့ဖြေရှင်းမှုတွေ ရှိတာပေါ့။ ဒါပေမယ့် ဒီပာာကို ရှင်းတဲ့နေရာမှာ အမြော်အမြင်ရှိရှိနဲ့ လုပ်ရမှာပေါ့။ ရေတိုပဲ ကြည့်လို့မရဘူး။ ရေရှည်ပဲ ကြည့်ရမယ်”

နိုဝင်ဘာ ၂၇ ရက်နေ့ထုတ်၊ မဇ္ဈိမဂျာနယ်၊ အတွဲ ၁ အမှတ်၁၀ တွင်ပါရှိသော “လက်ပံတောင်းတောင်အရေး ဆန္ဒပြခြင်းထက် ညှိနှိုင်းကာ အဖြေရှာခြင်းက ပိုကောင်းမွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်” သတင်းမှ ပြည်သူတစ်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                 **************************************

“နောက်ကြောင်းပြန်မလှည့်တဲ့ အသွင်ကူးပြောင်းမှုဖြစ်ဖို့ တစ်တိုင်းပြည်လုံး ပါဝင်သင့်တယ်။ အပြောင်းလဲလုပ်ရာမှာ အစိုးရလက်ထဲ ဝကွက်အပ်လို့မရဘူး။ တိုင်းသူပြည်သားတွေ၊ အရပ်ဘက်က လူမှုအဖွဲ့အစည်းတွေ ပါဖို့လိုတယ်။ အားလုံးပါမှသာ နောက်ကြောင်းပြန်မလှည့်နိုင်မှာ၊ တိုင်းပြည်အတွက် အရေးကြီးတာက ပညာရေးနဲ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့သူတွေ အထူးသဖြင့် တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်မှာနေသူတွေပါ ပြောင်းလဲမှုတွေမှာ ပါဝင် သင့်တယ်။ တစ်တိုင်းပြည်လုံးပါဝင်တဲ့ ပြောင်းလဲမှုဖြစ်ရင် အစိုးရလက်ထဲမှာပဲ ပစ်ထားတဲ့၊ နိုင်ငံရေးပါတီတွေလက်ထဲမှာပဲ ပစ်ထားတဲ့ ပြောင်းလဲမှုဖြစ်စဉ် မပာုတ်ခဲ့ရင် နောက်ကြောင်းပြန်လှည့်ဖို့ ခက်လိမ့်မယ်”

နိုဝင်ဘာ ၂၇ ရက်နေ့ထုတ်၊ ကုမုဒြာဂျာနယ်၊ အတွဲ ၂ အမှတ် ၃၆ တွင်ပါရှိသော “အားလုံးပါဝင်တဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်မှသာ နောက်ကြောင်း ပြန်မလှည့်နိုင်မှာပါ”သတင်းမှ ဂျာမနီနိုင်ငံ ရိုဇာဖောင်ဒေးရှင်းမှ အာရှတိုက်တာဝန်ခံ Marlies Linkes ပြောကြားချက်အား ကောက်နှုတ်ချက်။

                                    ******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment