Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၆.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. အများပိုင်ကော်ပိုရေးရှင်းမှ ပေါ်ဆန်းစပါး နှစ်သိန်းခန့် ပေါက်ဈေးအတိုင်း ဝယ်ယူမည်
  2. စီမံကိန်းကြီးအချို့တွင် မှားယွင်းလုပ်ဆောင်မှုများရှိနေသည့်အတွက် ပြန်လည်စိစစ်တော့မည်

နိုင်ငံရေးသတင်း

  1. အသေးစားနှင့်အလတ်စားလုပ်ငန်း ရှင်များအတွက် ဥပဒေရေးဆွဲ
  2. သံဃာ့အထွေထွေသပိတ် ပြုလုပ်မည့်သတင်းများထွက်ပေါ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

အများပိုင်ကော်ပိုရေးရှင်းမှ ပေါ်ဆန်းစပါး နှစ်သိန်းခန့် ပေါက်ဈေးအတိုင်း ဝယ်ယူမည်

မြန်မာနိုင်ငံအတွင်းမှထွက်ရှိသည့်ဆန်များအား တရုတ်နိုင်ငံမှတင်ပို့ခွင့်ပိတ်ပင်ထားမှုကြောင့် လက်ရှိအချိန်တွင် ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိသည့်အတွက် တောင်သူများအဆင်ပြေနိုင်စေရန် အများပိုင်ကော်ပိုရေးရှင်းမှ ပေါ်ဆန်းစပါး တန်ချိန်နှစ်သိန်းခန့်ကို ပေါက်ဈေးအတိုင်း ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်၏အရန်ဆန်ဝယ်ယူမှုမှာ ဆန်ကြမ်းများကိုသာဝယ်ယူပြီး ဆန်ချောဖြစ်သည့် ပေါ်ဆန်းဆန်အား ဝယ်ယူမှုနည်းပါး သည့်အတွက် ဆန်ချောဝယ်လိုအားကျဆင်းလျက်ရှိပြီး ပေါ်ဆန်းဈေးနှုန်းများမှာ ဆန်ကြမ်းဈေးနှုန်းအောက်ထိသို့ပင် ကျဆင်းနေသည့်အတွက် ဈေးနှုန်း ဆက်လက်ကျဆင်းမှု မရှိနိုင်စေရန်နှင့် ပေါက်ဈေးထိန်းထားနိုင်စေရန် ယခုကဲ့သို့ ဝယ်ယူခြင်းဖြစ်ကြောင်း အများပိုင်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အများပိုင်ကော်ပိုရေးရှင်းအနေဖြင့် ပေါက်ဈေးအတိုင်း စပါးဝယ်ယူနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ဆန်စပါးအဓိကထွက်ရှိရာဒေသများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသ ကြီးတို့တွင် နိုဝင်ဘာလအတွင်း ရာသီဥတုဖောက်ပြန်၍ မိုးရွာသွန်းမှုများကြောင့် စပါးပမာဏများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရသည့်အတွက် တောင်သူအများ စုမှာ အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ ထိုသို့သောကိစ္စရပ်များဖြစ်ပေါ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတော်သူလယ်သမားအသင်းမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ယူကာ နိုင်ငံတော်မှအကူအညီပေးနိုင်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ဆန်စက်၊ အခြောက်ခံစက်၊ ပေါင်းစက်များပါဝင်သည့် ဆန်အထူးပြုစက်ရုံကြီး(၇)ခုအား ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ၂၀၁၃ ခုနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

----------------------------------------------------------------------------------------------------------------

စီမံကိန်းကြီးအချို့တွင် မှားယွင်းလုပ်ဆောင်မှုများရှိနေသည့်အတွက် ပြန်လည်စိစစ်တော့မည်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးထားသည့် အချို့စီမံကိန်းများတွင် မှားယွင်းလုပ်ဆောင်မှုများရှိနေသည့်အတွက် နိုင်ငံတော် အဆင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပြန်လည်စိစစ်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် တရုတ်နိုင်ငံကုမ္ပဏီများက လာရောက်ရင်းနှီးမြှုပ်နှံသော ရွှေသဘာဝ ဓာတ်ငွေ့နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီးများနှင့် အချို့စီမံကိန်းများတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း စသည့်ကိစ္စရပ်များအပေါ် အခြေခံ၍ ပြဿနာများပေါ်ပေါက်လာခဲ့သည့်အတွက် ယခုကဲ့သို့ ပြန်လည်စိစစ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်းကြီးများတွင် ပွင့်လင်းမြင်သာမှုမရှိသည့်စီမံကိန်းများကြောင့် နိုင်ငံအတွက်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် လူမှုစီးပွား ထိခိုက်မှုများ၊ ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် မြန်မာ့လူ့ဂုဏ်သိက္ခာ ထိခိုက်မှုများဖြစ်ပေါ်လာနိုင်သည့်အတွက် အမျိုးသားလှုပ်ရှားမှုကော်မတီမှ အချက် လေးချက်ပါသော ထုတ်ပြန်ချက် တစ်ရပ်ကို တရုတ်သံရုံးသို့ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းအချက်လေးချက်တွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရှိ စီးပွားရေးကော်ပိုရေးရှင်းများမှ လာရောင်ရင်းနှီးမြှုပ်နှံကြသော စီမံကိန်းကြီး များတွင် သဘာဝအရင်းအမြစ်ရယူရေးဆိုင်ရာလုပ်ငန်းများ၌ ပွင့်လင်းမြင်သာမှုရှိစွာ တာဝန်ခံ၊ တာဝန်ယူမှုရှိစေရန်၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံကူမင်းသို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့သွယ်တန်းမှုများအားရပ်ဆိုင်းရန်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတည်ဆောက်နေမှုများကို ရပ်ဆိုင်း ပေးရန်နှင့် မြန်မာတိုင်းရင်းသားပြည်သူများအား ဂုဏ်သိက္ခာရှိစွာ ဆက်ဆံရန်တို့ ပါဝင်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတော်အဆင့်စီမံကိန်းကြီးများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ၊ လူမှုစီးပွားထိခိုက်မှုများ ပေါ်ပေါက်ခဲ့သည့်အတွက် ပြည်သူလူထုမှ ဆန္ဒဖော်ထုတ်မှုများ၊ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

****************************************************************************************

နိုင်ငံရေးသတင်း

 အသေးစားနှင့်အလတ်စားလုပ်ငန်း ရှင်များအတွက် ဥပဒေရေးဆွဲ

ပြည်ပမှရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာပါက ပြည်တွင်းရှိအသေးစားနှင့် အလတ်စားလုပ်ငန်းများယှဉ်ပြိုင်နိုင်ရန်အတွက် ဥပဒေတစ်ရပ်ကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်ရေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌဦးဝင်းအောင်မှ ပြောကြားသွားသည်။

အာဆီယံလွတ်လပ်စွာကုန်သွယ်ရေးဒေသ (AFTA) ကို မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင်ဝင်ရောက် ရမည် ဖြစ်သည့်အတွက် ပြည်တွင်းရှိ အလတ်စားနှင့်အသေးစားလုပ်ငန်းများကို ကာကွယ်နိုင်ရန်အတွက် ဥပဒေတစ်ရပ်လိုအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါဥပဒေရေးဆွဲနိုင်ရန်အတွက် လိုအပ်သောအချက်အလက်များကို လုပ်ငန်းရှင်များထံမှ လိုက်လံစုဆောင်းနေကြောင်းနှင့် လွှတ်တော်တွင် လည်း ပြဌာန်းပြီး အတည်ပြုရန် ကျန်နေသောဥပဒေများရှိသည့်အတွက် ၂၀၁၃ ခုနှစ်မှသာ ရေးဆွဲပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းရှိအသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များအတွက် ယခုအချိန်တွင်အဓိကလိုအပ်ချက်မှာ လုပ်ငန်းဆိုင်ရ