Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၇.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. ပြည်တွင်းပိတ်ဆို့မှုကြောင့်စီးပွားရေးလုပ်ငန်းများထိခိုက်နိုင်
  2. အယ်လ်ဂျာဇီးရားပြည်ပသတင်းဌာန၏ ရခိုင်အရေးဖော်ပြမှု မြန်မာအစိုးရကန့်ကွက်

နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦးတို့ ငြိမ်းချမ်းရေးအကြိုဆွေးနွေး
  2. ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ကာတိုက်ပွဲများ ပြင်းထန်လျက်ရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ပြည်တွင်းပိတ်ဆို့မှုကြောင့်စီးပွားရေးလုပ်ငန်းများထိခိုက်နိုင်

ပြည်တွင်းရှိလုပ်ငန်းများအတွက် နိုင်ငံတကာမှစီးပွားရေးပိတ်ဆို့မှုများထက် ဝန်ကြီးဌာန အသီးသီး၏ လုပ်ထုံးလုပ်နည်းပိုင်း ကြန့်ကြာနေမှုများ မှာပြည်တွင်းစီးပွားရေးကို များစွာထိခိုက်နိုင်ကြောင်း ပို့ကုန်လုပ်ငန်များ ဆောင်ရွက်နေသော Yangon & Mandalay ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးမောင်မောင်စိန်၏ ပြောကြားချက်များအရသိရသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုထူထောင်ရာတွင် ဌာနဆိုင်ရာခွင့်ပြုချက်များ အဆင့်ဆင့်တောင်းခံရခြင်း၊ ဌာနတစ်ခု၏ခွင့်ပြုချက်ကိုအခြား ဌာနတစ်ခုမှ အချိန်ကြာမြင့်စွာစစ်ဆေးနေခြင်း တို့သည်စီးပွားရေးကို ပြည်တွင်းမှ ပိတ်ဆို့နေသကဲ့သို ဖြစ်ကြောင်းသိရသည်။

                နိုင်ငံတကာမှပိတ်ဆို့မှုများသည် ပိတ်ရသည့်အကြောင်းအရင်းနှင့် ပိတ်ဆို့သည့်ကုန်ပစ္စည်းများကိုတိကျ စွာပြဋ္ဌာန်းထားသော်လည်း ပြည်တွင်း မှာမှုကုန်ပစ္စည်းတင်ပို့ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများသို့အချိန်ကြာ မြင့်စွာ အဆင့်ဆင့်တင်ပြနေရခြင်း၊ မှုဝါဒများ ခဏခဏပြောင်းနေခြင်း၊ မှုဝါဒမပြောင်းရသည့်အကြောင်းနှင့်မည် သည့်အချိန်တွင်ပြောင်းမည့်အကြောင်းကို ကြိုတင်ပြောဆိုမှုမရှိခြင်းသည် ပြည်တွင်းမှပိတ်ဆို့နေခြင်းကဲ့သို့ ဖြစ်နေကြောင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းမှ ဒေါက်တာစိုးထွန်း၏ပြောကြားချက်အရသိရသည်။

ကုန်ပစ္စည်းများကိုနိုင်ငံတကာသို့တင်ပို့ရာတွင် ဌာနဆိုင်ရာများအနေဖြင့်တင်ပို့ရမည့်အပိုင်းနှင့် ပိတ်ဆို့ ထားသောအပိုင်းကိုတိကျစွာပြဋ္ဌာန်း သင့်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သတင်းများကို ရှင်းလင်းမြင်သာစွာ ထုတ်ပြန်ပြီး ပွင့်လင်းမြင်သာမှုရှိသင့်ကြောင်းကို ပြည်ပပို့ကုန်လုပ်ငန်းရှင် ဒေါ်လှလှဝင်း ၏ပြောကြားချက်များ အရသိရသည်။

နိုင်ငံတကာမှစီးပွားရေးပိတ်ဆို့မှုများ ကိုဖယ်ရှားပေးလိုက်သောကြောင့် ပြည်တွင်းရှိအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာပြီး ပိုကုန်လုပ်ငန်းများ၏ အခြေအနေမြင့်မား လာသော်လည်း ပြည်တွင်းရှိဌာနဆိုင်ရာများ၏ လုပ်ဆောင်မှုများကြောင့် အဟန့်အတားကဲ့သို့ ဖြစ်နေကြောင်း သိရသည်။

                                                                                                                                                    YC

 ---------------------------------------------------------------------------

အယ်လ်ဂျာဇီးရားပြည်ပသတင်းဌာန၏ ရခိုင်အရေးဖော်ပြမှု မြန်မာအစိုးရကန့်ကွက်

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခအကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးရားသတင်းဌာန၏ သတင်းဖော်ပြချက်များအား မြန်မာအစိုးရအနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အယ်လ်ဂျားဇီးရားသတင်းဌာနမှ ထုတ်လွှင့်မည့်အစီအစဉ်များတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် ရခိုင်လူမျိုးများမှ ရိုပာင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု လုပ်ဆောင်နေသည်ပာုဆိုသည့် သတင်းအမှားများကို ဘာသာသုံးမျိုးနှင့် တင်ဆင်သွားမည့် အစီအစဉ်ပါရှိသည့်အတွက် မြန်မာအစိုးရက ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးစုနှင့် ရခိုင်ဒေသခံတိုင်းရင်းသားတို့၏ မေလနှင့် အောက်တိုဘာလတို့တွင် နှစ်ကြိမ်တိုင်တိုင်ထပ်မံဖြစ်ပွားခဲ့သည့်လူမျိုးရေးပဋိပက္ခအကြမ်းဖက်မှုဖြစ်စဉ်များတွင် မြန်မာအစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်းဆောင်ရွက်ခဲ့ သည့်အပြင် ယင်းဖြစ်ပွားရာ နေရာများသို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမပာုတ်သောအဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aid အဖွဲ့တို့နှင့် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှားစသည့်နိုင်ငံများမှ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)မှ နိုင်ငံခြားရေးကိုယ်စားလှယ်များကိုလည်း သွားရောက်ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပျက်စီးခဲ့ရသည့် ဆုံးရှုံးမှုများအတွက် အုပ်စုနှစ်ဖက်စလုံးကို ထောက်ပံ့ကူညီမှုများပြုလုပ်ပေးခဲ့သည့်အပြင် လွတ်လပ်သည့်စုံစမ်းရေးကော်မရှင်ကိုဖွဲ့စည်းခဲ့ပြီး ယင်းဒေသ၌ အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်မှုများအပေါ် ပြည်ပ သတင်းဌာနအချို့နှင့် အဖွဲ့အစည်းအချို့တို့မှ စွပ်စွဲသကဲ့သို့ အုပ်စုတစ်ခုဘက်မှ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာအာဏာပိုင်များ ရပ်တည်ခြင်း၊ ပူးပေါင်းပါဝင်ပတ်သက်ခြင်းနှင့် လူမျိုးဘာသာခွဲခြာဖိနှိပ်မှုများလုံးဝမရှိကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေး အသီးသီးတွင် အတိတလင်း ထုတ်ဖော်အသိ ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့်ပတ်သက်၍ မပာုတ်မမှန် လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသမည့် အယ်လ်ဂျာဇီးရားသတင်းဌာန၏ လုပ်ဆောင်ချက်များအား မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

*************************************************************************************

နိုင်ငံရေးသတင်း

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦးတို့ ငြိမ်းချမ်းရေးအကြိုဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့၏ ငြိမ်းချမ်းရေးအကြိုညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center(MPC)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့၏ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ရန် ယခုကဲ့သို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပန်ဆန်းအထူးဒေသ(၂)မှ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျှံ ဦးဆောင်သည့်အဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၄ ရက်နေ့တွင် အထူးဒေသ(၂) ဌာနချုပ်အစည်းအဝေးခန်းမ၌ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ပန်ဆန်းအထူးဒေသ(၂)မှ ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျှံက လက်ရှိ ပြည်ထောင်စုအစိုရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ချုပ်ဆိုထားသည့် စာချုပ်ပါအချက်အလက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အထူးဒေသ(၂)အနေဖြင့် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲထွက်သွားမည်မပာုတ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အစိုးရနှင့် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်(၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများရရှိခဲ့ပြီး ဖြစ်သော်လည်း ကချင်ပြည်နယ်အတွင်း ကချင်တိုင်းရင်းသား လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် တပ်မတော်ကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေ သေးကြောင်းသိရသည်။

YC

---------------------------------------------------------------------------

ကချင်ပြည်နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ကာတိုက်ပွဲများ ပြင်းထန်လျက်ရှ

အစိုးရနှင့်ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့အကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု လေးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလနောက်ဆုံးပတ်မှစတင်၍ အစိုးရတပ်မတော်မှ ကေအိုင်အေ၏ စစ်စခန်းခြောက်ခုကို ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည့် အပြင် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပန်ဝါဒေသရှိ ကေအိုင်အေ စစ်စခန်းကို အစိုးရတပ်မတော်မှ ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးလမိုင်းဂွန်းဂျာမှ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ တင်ပြထားကြောင်းသိရသည်။ ၎င်း တင်ပြချက်များကို ဦးအောင်မင်းက လက်ခံ၍ နိုင်ငံတော်သမ္မတကြီး၏ ဘရူနိုင်းနိုင်ငံ ခရီးစဉ်အပြီးတွင် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIA တို့အကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများသည် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများသာ ရှိခဲ့ပြီး ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးနိုင်ရန် KIA တို့ဘက်မှ မျှော်လင့်လျက်ရှိကြောင်း သိရသည်။

၁၉၉၄ ခုနှစ်မှစတင်၍ အစိုးရနှင့်ကေအိုင်အေတို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင်ပျက်ပြယ်ကာ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက်ရှိပြီး လေးကြိမ်တိုင်တိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း ခိုင်မာသော ဆုံဖြစ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခဲ့ခြင်း မရှိသေးကြောင်းသိရသည်။

YC

****************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီလိုဆန္ဒသဘောထားကောက်ခံတာမျိုးကို KIO ကလုပ်လေ့လုပ်ထရှိတယ်။ ပြည်သူတွေရဲ့အမြင်တွေ၊ ဆန္ဒတွေကို ကောက်ခံပြီးနိုင်ငံရေးဆွေးနွေးတော့ အကျိုးရှိမယ်ထင်ပါတယ်။ ပြည်သူတွေကလည်း ဒီစစ်ကြီးကို ဘယ်လောက်မုန်းနေတယ်ဆိုတာ သိနိုင်ပါတယ်။ လက်ရှိ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ စစ်ဖြစ်နေတာ ဘယ်လိုမှ ထိန်းလို့မရသေးဘူး။ အရင် စစ်အစိုးရ လက်ထက်မှာတောင် စစ်ကမဖြစ်ခဲ့ဘူး။ အခုဆိုရင် ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတာ တနှစ်ကျော်ကြာနေပြီ။”

ဒီဇင်ဘာ ၈ ရက်နေ့ထုတ် UNITY Journal အတွဲ (၁) အမှတ် (၃၇) တွင်ပါရှိသော “ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ကချင်ပြည်သူများ၏ ဆန္ဒကောက်ခံခြင်းက နှစ်ဖက်စလုံးအတွက် အကျိုးရှိနိုင်” သတင်းမှ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှကို မရန်ဂျော်ဂွမ်း၏ပြောကြားချက်အား ကောက်နှုတ် ချက်။

--------------------------------------------------------------------------------------------------

“စစ်တပ်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ခြင်းနဲ့က ဒီမိုကရေစီအောင်မြင်ဖို့အတွက် ကျွန်တော်တို့နိုင်ငံက အခြားနိုင်ငံထက် နှစ်ဆလောက်ပိုအားနည်းပါတယ်။ အခုအချိန်က ပြောင်းလဲမှုလို့ မထင်သေးဘူး။ ဘာလို့လဲဆိုတော့ ပြောင်းလဲမှုဖြစ်ဖို့ အနိမ့်ဆုံးအဆင့်က ရွေးကောက်ပွဲမှာ ပါဝင်ဖို့တဲ့။ ဒီမှာပါဝင်တဲ့ သူတွေက လူထုဆန္ဒနဲ့ ကိုက်ညီမှုရှိရမယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ အားနည်းချက်ကြောင့် အဲဒီကတက်လာတဲ့ အစိုးရက ပြုပြင်ပြောင်းလဲမှုလို့ ပြောလို့ရတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ လုပ်ရမှာက ၂၀၁၅ မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတစ်ခု လုပ်နိုင်ဖို့ပါ။ အဲဒါလုပ်နိုင်ရင် ပြောင်းလဲမှုဖြစ်ပြီး ဒီမိုကရေစီရင့်သန်မှု အဆင့်တဆင့် ရနိုင်မယ်။ ဒီမိုကရေစီ လုံးဝရင့်မာဖို့က ကျွန်တော်တို့မြေးတွေရဲ့အလုပ်လို့ သတ်မှတ်လိုက်ပါ။”

ဒီဇင်ဘာ ၈ ရက်နေ့ထုတ် UNITY Journal အတွဲ (၁) အမှတ် (၃၇) တွင်ပါရှိသော “မြန်မာနိုင်ငံဒီမိုကရေစီ နောက်ပြန်လှည့်ရန်အတွက် ငါးဆယ်ရာခိုင်နှုန်းရှိဟုဆို” သတင်းမှ ဒေါက်တာမင်းဇော်ဦး ၏ပြောကြားချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------

“မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဆက်ထိန်းထားနိုင်ဖို့ သန့်ရှင်းပြီး ထိရောက်တဲ့၊ ယုံကြည်ရတဲ့ အစိုးရအုပ်ချုပ်မှု စနစ်လိုအပ်တယ်ဆိုတာ ဒေါ်စုနဲ့ကျွန်တော်အမြင်ချင်းတူခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးရင်းနှီးမြှုပ်နှံမှုမရှိဘဲနဲ့တော့ မြန်မာနိုင်ငံသားတွေ မျှော်လင့်နေတဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေ ရလာနိုင်မှာမဟုတ်ပါဘူး။ အဓိကခြေလှမ်းတစ်ရပ်တော့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ခြစားမှုတိုက်ဖျက်ရေး ညီလာခံ(UNCAC) မှာ အသိအမှတ်ပြုခံရဖို့ပါပဲ ”

ဒီဇင်ဘာလ၇ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်နှင့် UNDOC ၏အမှုဆောင်ဒါရိုက်တာတို့ တွေ့ဆုံ ဆွေးနွေး” သတင်းမှ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNDOC) ၏ အမှုဆောင်ဒါရိုက်တာ ယူရီဖီဒိုတော့ဗ် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

****************************************************************************************

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment