Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၇.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. သြစတြေးလျားနှင့် နယူးဇီလန်ခရီးစဉ်ကို မြန်မာသမ္မတ ပယ်ဖျက်

(The West Australian News မှ 6 December 2012 ရက်စွဲပါ “Burmese President cancels Australian visit” သတင်းကို ဘာသာပြန်ဆိုသည်)

  1. Intel က မြန်မာနိုင်ငံတွင် ဖြန့်ချီရေးကွန်ယက် ဖွဲ့စည်း

(Bangkok Post မှ 6 Dec 2012 ရက်စွဲပါ “Intel Myanmar distribution” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ဂျပန်အကြီးစား ကော်ပရေးရှင်းလေ့လာ

(Xinhua News မှ 6 Dec 2012 ရက်စွဲပါ “Japanese Conglomerate eyes to invest in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

သြစတြေးလျားနှင့် နယူးဇီလန်ခရီးစဉ်ကို မြန်မာသမ္မတ ပယ်ဖျက်

(The West Australian News မှ 6 December 2012 ရက်စွဲပါ “Burmese President cancels Australian visit” သတင်းကို ဘာသာပြန်ဆိုသည်)

သြစတြေးလျနိုင်ငံသို့ နောက်အပတ်တွင် လာရောက်မည့်အစီအစဉ်ကို မြန်မာသမ္မတက ပယ်ဖျက်လိုက်ပါသည်။

မြန်မာပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတဦးသိန်းစိန်သည် သြစတြေးလျအစိုးရ၏ ဖိတ်ကြားမှုကြောင့် လာမည့်တနလာင်္၊ အင်္ဂါတွင် ဘင်ဘရာနှင့် ဆစ်ဒနီသို့ အလည်အပတ်လာရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ မြန်မာခေါင်းဆောင်သည် ၎င်းခရီးစဉ်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်ဟု သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလတ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာသမ္မတသည် ပြည်တွင်း၌ဆောင်ရွက်ရန် တာဝန်ဝတ္တရားများ ရှိနေသောကြောင့် သြစတြေးလျခရီးစဉ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မနေ့ ညက သြစတြေးလျအစိုးရထံ အကြောင်းကြားခဲ့သည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။

လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဖက်စလုံး အဆင်ပြေတဲ့အချိန်မှာ သြစတြေးလျကိုရောက်လာမယ့် မြန်မာသမ္မတကိုကြိုဆိုဖို့ ကျွန်တော်တို့ အားတက်သရော မျှော်လင့်နေကြပါတယ်ဟု ၎င်းကပြောကြားသည်။

အလားတူပင် နယူးဇီလန်ခရီးစဉ်ကိုလည်း မြန်မာသမ္မတက ဆိုင်းငံ့ထားကြောင်း၊ အကြောင်းရင်းကို မသိရသော်လည်း နောက်ထပ်ရက် သတ်မှတ်ဖို့ကြိုးစားရန် နှစ်နိုင်ငံတာဝန်ရှိသူများ အတူတကွညှိနှိုင်းဆောင်ရွက် နေကြကြောင်း နယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီး၏ ပြောရေးဆိုခွင့်ရှိသူကပြော ကြားသည်။

                                                        **************************************

Intel က မြန်မာနိုင်ငံတွင် ဖြန့်ချီရေးကွန်ယက် ဖွဲ့စည်း

(Bangkok Post မှ 6 Dec 2012 ရက်စွဲပါ “Intel Myanmar distribution” သတင်းကို ဘာသာပြန်ဆိုသည်)

ကမ္ဘာကျော် Intel သည် အမေရိကန်အရေးယူဒဏ်ခတ်မှု Sanctions များဖြေလျှော့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ဝင်လာမည့် နောက်ထပ်အကြီး စားအမေရိကန်ကော်ပရေးရှင်း ဖြစ်လာသည်။

ဆယ်မီးကွန်ဒတ်တာထုတ်လုပ်သူ Intel ၏ microprocessors နှင့် hard drives များသည် အမေရိကန်ဈေးကွက် ရှာဖွေရေးအုပ်စု Ingram Micro Inc နှင့်မြန်မာပြည်တွင်း အေးဂျင့် KMD တို့အကြား ဖြန့်ချီရေးသဘောတူညီချက်အရ ယခင်တံခါးပိတ်ထားသော နိုင်ငံသို့ ယခုရောက်ရှိလာတော့ မည်ဟု ကြာသာပတေးနေ့ကရန်ကုန်တွင် ထုတ်ပြန်ကြေညာသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း Intel ထုတ်ကုန်များသည်တရားမဝင်လမ်းကြောင်းများဖြင့်သာမြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်ဟု Wall Street Journal ကဆိုထားရာ မြန်မာနိုင်ငံမှလူထုနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများသည် ၎င်းတို့၏အိုင်တီ အခြေခံစနစ်ကို ခေတ်မှီတိုးတက်အောင် မြှင့်တင်နိုင်မှု မရှိခဲ့ခြင်းကို ပြသနေသည်။

ထို့အပြင် Intel သည် မြန်မာနိုင်ငံမှ ဆရာများအား ယင်းတို့ကျောင်းများတွင် တစ်ကိုယ်ရေသုံးကွန်ပျူတာ PC များ တပ်ဆင်လုပ်ကိုင်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်အသိပညာ တိုးတက်စေရန်အတွက် လေ့ကျင့်သင်တန်းပေးအစီအစဉ် ဆောင်ရွက်နိုင်မည့် အလားအလာ ဖြစ်နိုင်ချေကိုလည်း လေ့လာဦးမည် ဖြစ်သည်။

Intel ၏ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံတွင် အမြဲတမ်းရုံးစိုက်ရန် အစီအစဉ် မရှိသေးသော်လည်း ပြင်ပဖြန့်ချီရေး အေးဂျင်များမှတဆင့် စီးပွားရေးလုပ်ငန်း ထူထောင်ဖွဲ့စည်းရေးကို အာရုံစိုက်ဆောင်ရွက်မည်ဟု ပြောကြားသွားသည်။

                                                            *********************************

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ဂျပန်အကြီးစား ကော်ပရေးရှင်းလေ့လာ

(Xinhua News မှ 6 Dec 2012 ရက်စွဲပါ “Japanese Conglomerate eyes to invest in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်ဆူမီတိုမို ကော်ပရေးရှင်းသည် မြန်မာနိုင်ငံမှ တသီတတန်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ထိုနိုင်ငံတွင်ရထားသော နေရာကို အားဖြည့်ရန် ကြိုးစားနေကြောင်း ဗုဒ္ဓဟူးနေ့ မြန်မာနိုင်ငံပိုင်မီဒီယာ သတင်းအရသိရှိရသည်။

အကြီးတန်းအကြံပေး မိုတိုယူကီအိုကာဦးဆောင်သော ဆူမီတိမို ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်နှင့် အင်္ဂါနေ့က နေပြည်တော်တွင်တွေ့ဆုံကာ သံနှင့်သံမဏိလုပ်ငန်း၊ ပလပ်စတစ်နှင့် လူသုံးကုန်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းလုပ်ငန်း၊ ရေလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်းများနှင့် ဆက်စပ်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု News Light Of Myanmar အင်္ဂလိပ်ဘာသာ မြန်မာသတင်းစာကဆိုသည်။

ဂျပန်တို့ဘက်မှလည်း မြန်မာနိုင်ငံနှင့် အနာဂါတ်ရေရှည်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ် ထုတ်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလိုသည့် ၎င်းတို့၏ဆန္ဒများကို ထုတ်ဖော်တင်ပြခဲ့ကြသည်ဟု သိရှိရသည်။

ဆူမီတိုမိုကော်ပရေးရှင်းသည် ၁၉၅၄ ခုနှစ်ကပင် ရန်ကုန်တွင်ရုံးဖွင့်ကာ မြန်မာနိုင်ငံ၌ပထမဆုံးခြေချခဲ့ပြီး သံလမ်းသွားကားများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးစက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ အခြေခံဓါတုပစ္စည်းများ စသည်တို့နှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သော ကုမ္ပဏီကြီးဖြစ်သည်။

ကုမ္ပဏီရုံးခန်းကို Sumitomo Corporation Asia ၏ ရန်ကုန်ရုံးအဖြစ် လက်ရှိ ဖွင့်လှစ်ထားသည်။

ယခုနှစ်ဂျူလိုင် ၁၀ ရက်နေ့က ရန်ကုန်အနောက်မြောက်ပိုင်း ရွာမဓါတ်အားပေးစက်ရုံအား အလုံးစုံပြင်ဆင်ရေး အမေရိကန်ဒေါ်လာ ၃.၈ သန်းတန် ကန်ထရိုက်လုပ်ငန်းကို ဂျပန်မာရူဘီနီ ကော်ပရေးရှင်းက ရရှိသွားပါသည်။

ဂျပန်နိုင်ငံသည် သီလဝါဆိပ်ကမ်းနှင့် ရေနက်ဆိပ်ကမ်းများတည်ဆောက်ရေး မြန်မာနိုင်ငံနယ်စပ်ဒေသ တိုင်းရင်းသားများဖွံ့ဖြိုးရေး အစီအစဉ်များ အတွက် ယန်းငွေ ၅၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆၀၂ သန်းခန့်  ထပ်မံချေးငှားရန် မြန်မာနိုင်ငံအား ကမ်းလှမ်း ထားသည်။

မြန်မာနိုင်ငံအား အများဆုံးငွေချေးသူ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံဆပ်ရန်ရှိသည့် သက်တမ်းလွန်အကြွေး ယန်းငွေ ၅၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်)ကိုလျော်ပေးပြီး လာမည့်နှစ်ဆန်းတွင် စတင်မည်ဟုမျှော်လင့်ရသော ယန်းငွေဘီလီယံနှင့်ချီသည့် အထူးချေးငွေ အစီအစဉ်ကို ပြန်လည်စတင်မည်ဟု ပြီးခဲ့သောအောက်တိုဘာလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

******************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment