Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အကျပ်အတည်းနှင့် ခဲအော့(စ်)

*****************************************

ဆောင်းပါးကဏ္ဍ

အကျပ်အတည်းနှင့် ခဲအော့(စ်)

မောင်စူးစမ်း (Ref: IHT)

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၈ အမှတ် ၂၀ (မေ ၃၁-ဇွန် ၆၊ ၂၀၁၂) မှ ကူးယူဖော်ပြချက်။

အစစအရာရာ အမေရိကန်အစိုးရ၏ နိုင်ငံရေးအပေါ်လစီ မရှုမလှ အရေးနိမ့်သွားပြီဖြစ်ကြောင်း ကောက်ချက်ဆွဲလိုက်ကြသည်။ ဤသို့ဖြစ်လျှင် အဘယ့်ကြောင့် အရေးနိမ့်သွားခြင်းဖြစ်ကြောင်း မေးခွန်ထုတ်ရင်း အကြောင်းအရာအမျိုးမျိုး ရှာဖွေသုံးသပ်ကြသည်။ ထိုသုံးသပ်ချက်များတွင် အိုင်ဒီယာ အဟောင်းအပေါ်တွင် အကျပ်အတည်းအသစ်တို့အား ဖြေရှင်းပုံကို မီးမောင်းထိုးပြသည်။

အမေရိကန်သမ္မတသည် အတွေ့အကြုံများပြီး အဆင့်မြင့်ရာထူးတို့တွင် တာဝန်ထမ်းဆောင်ဖူးသော ၀ါရင့်ပုဂ္ဂိုလ်တို့ကို ပေါ်လစီချမှတ်သူများအ ဖြစ် ခန့်ထားသည်။ သူတို့သည် ယခင်အတွေ့ အကြုံများတွင် အတွေ့အကြုံများသဖြင့် ယခင်အခြေအနေဟောင်းတို့နှင့် ကိုက်ညီသော အိုင်ဒီယာတို့ကို အသုံးပြုကြသည်။  အိုင်ဒီယာတို့သည် အတွေ့အကြုံတို့ကို အခြေခံသောကြောင့် ပင်ကိုယ်အားဖြင့် အိုင်ဒီယာအဟောင်းတွေ ဖြစ်သည်။

သို့ရာတွင် တွေ့ရသော အတွေ့အကြုံအဟောင်းတွေ မဟုတ်ကြ။ အကျပ်အတည်းအသစ်တွေ ဖြစ်နေသည်။ အကျပ်အတည်းအသစ်တို့သည် အရှေ့အလယ်ပိုင်းဒေသဆိုလျှင် ရှေးဟောင်းပုံပြင် ancient narrative တို့အပေါ်တွင် အခြေစိုက်သည်။ သို့ထူးခြားသော အကျပ်အတည်းတို့ကို အမေရိ ကန်အစိုးရ တာဝန်ခံတို့က အိုင်ဒီယာဟောင်းဖြင့်ဖြေရှင်းကြရာ ခွက်ခွက်လန်အောင် အရေးနိမ့်ရတော့သည်။

ဘတ်ဆဲလား

ထိုအခြေအနေအသစ်တွင် နှစ်ပါတီပူးတွဲပါဝင်သော အီရတ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာ ထွက်လာသည်။ ဤအစီရင်ခံစာသည် အမေရိကန် သမ္မတထံ တင်သွင်းပြီးဖြစ်လေရာ အမေရိကန်တပ်များ အီရတ်မှဆုတ်ခွာရန် အကြံပေးထားသည်။ အီရတ်လေ့လာရေးအဖွဲ့ အစီရင်ခံစာသည် ဘတ်ဆဲ လား ဖြစ်နေသည်။ ဤအစီရင်ခံစာသည် အီရတ်မှ အမေရိကန်တပ်များ ဆုတ်ခွာရေးအတွက် ထွက်ပေါက်မဟာဗျူဟာ exit strategy ကို အကြံပေးထား ခြင်းဖြစ်သည်။ ထိုအခြေအနေတွင်ပင် အီရတ်အကြမ်းဖက်တိုက်ခိုက်မှုတို့သည် ပိုမိုပြင်းထန်လာသည်။ ဤမျှပြင်းထန်မှုသည် ပြည်တွင်းစစ်ထက်ပင် ပို သွားပြီဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထုတ်ဖော်ပြောဆိုလိုက်သည်။ ယခုအထိ အီရတ်တွင် ဒီမိုကရစီနည်းအရ ရွေးကောက်တင်မြှောက် ထားသော အစိုးရရှိနေသည်။ ဘာသာရေးဂိုဏ်း အုပ်စုချင်း လူမျိုးစုခြင်း အပေးအယူ ညှိနှိုင်းမှုယူသော အစိုးရဖြစ်သည်။

သို့သော် အစိုးရသည် ပြည်တွင်းစစ်ကိုမတားဆီးနိုင်။ အစိုးရသြဇာအာဏာကို ခိုင်ခံ့အောင်မလုပ်နိုင်။ တနည်းပြောရလျှင် တိုင်းပြည်ကို မအုပ်ချုပ် နိုင်ပြီ။ ထိုသို့သော အခြေအနေဆိုးနေချိန်တွင် အမေရိကန်သမ္မတက အီရတ်ရှီးအိုက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ကို ၀ါရှင်တန်သို့ ဖိတ်ကြားလိုက်သည်။ ညှိ နှိုင်းတိုင်ပင်သည်။ ပထမအချက်အားဖြင့် အီရတ်ခေါင်းဆောင်ကို ၀ါရှင်တန်သို့ ဖိတ်ကြားခြင်းသည် အကျပ်အတည်းအတွင်း ကျားကွက်ကို ဟိုရွှေ့ဒီရွှေ့ ကစားကြည့်ခြင်းဖြစ်သည်။ ဒုတိယအချက်အားဖြင့် အီရတ်ခေါင်းဆောင်သည် အီရန်နှင့် စကားပြောရန် အောင်သွယ်ရှာသလို ဖြစ်သည်။ ဤအချက်မှန် လျှင် ဘာသာရေးဂိုဏ်းအုပ်စုများ အမေရိကန်သမ္မတကို မုန်းလာနိုင်သည်။

ကီးပလေ ယာပြောင်း

ယနေ့ အီရတ်နှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် သက်ဆိုင်သူအားလုံးက ဆောင်ရွက်ရမည့် အခြေခံတာဝန်သည် ဖရိုဖရဲ ကစဥ့်ကလျားဖြစ် သည်ထက် ပိုပြီး ပရမ်းပတာမဖြစ်အောင် ထိန်းဖို့ဖြစ်သည်။  ယင်းကို cintrolled chaos ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ၏ ကစဥ့်ကလျား ခေးအော့စ် ဖြစ်နေပြီ။ ခေးအော့စ်ကို မဟာမီးလျှံကြီးဖြစ်မသွားအောင် ထိန်းထိန်းသိမ်းသိမ်း ပြုပေးဖို့သာ ရှိတော့သည်။ ခဲအော့စ် ပပျောက်ရေးမဟုတ်။ ခဲအောံစ် ဖြေ ရှင်းရေးမဟုတ်။ ရှိနေသော ခေးအော့စ်ကို ကြီထွားမသွားအောင်သာ ၀ိုင်းဝန်းကြိုးပမ်းသွားဖို့ဖြစ်သည်။

ခဲအော့စ်ကို ပိုမဆိုးအောင်ပြောနေကာမှ အရှေ့အလယ်ပိုင်းတွင် ပြည်တွင်းစစ် သုံးပွဲပေါ်နေသည်။ ပထမ အီရတ်ပြည်တွင်းစစ်၊ ဒုတိယ ပါလက်စ တိုင်း ၊ ဟားမက်နဲ့ ဖာတာတို့အချင်ချင်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် တတိယဖြစ်ပေါ်ရန် ပြည်တွင်းစစ်တို့ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသ ပထ၀ီနိုင်ငံ ရေးပလေယာတို့လည်း အပြောင်းအလဲဖြစ်သွားသည်။ ယနေ့ အရှေ့အလယ်ပိုင်းဒေသအတွင်း ရန်သူဟူ၍ သတ်မှတ်ထားခဲ့သော အီရန်နှင့် ဆီးရီးယားတို့ ကို ကီပလေယာများအဖြစ် အသိအမှတ်ပြုလာရသည်။ အီရန်နှင့် ဆီးရီးယားတို့ကို ကီပလေယာများအဖြစ် အသိအမှတ်ပြုရသည်မှာလည်း ပြဿနာကို ဖြေရှင်းရန်မဟုတ် ပိုမဆိုးရွားအောင်သာ ဖြစ်သည်။ ခဲအော့စ် ပိုမကြီးသွားစေရန် ဖြစ်သည်။ ဤရည်မှန်းချက်လောက်ကိုပင် ဆောင်ရွက်ရန်ခက်သည်။ အ ကြောင်းမှာ အီရန် နှင့် အီရတ်တို့မှာ ရှီးယိုက်ခြင်းသာတူသော်လည်း လူမျိုးမတူသောကြောင့်ဖြစ်သည်။

ပို့စ်မော်ဒန်

အရှေ့အလယ်အပိုင်းဒေသတွင် လေမုန်တိုင်းများထန်နေစဉ်တွင် ကမ္ဘာအနှံ့တွင် စီပွားရေးများ ဖွံ့ဖြိုးတိုးတက်နေသည်။ အံ့မခန်းပင်ဖြစ်သည်။ ထို အချက်ကိုကြည့်ပြီး နိုင်ငံရေးသိပ္ပံပရောဟိတ်တို့က ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့နိုင်ငံရေးလေမုန်တိုင်းတို့ ၀ိရောဓိဖြစ်နေပြီ၊ ဟန်ချက်ပျက်နေ ပြီဟု ထောက်ပြကြသည်။ သမားရိုးကျ အတွေးအမြင်အရ စည်းဝါးကိုက်ရမည်။ အချိုပြေပြစ်ရမည်။

ယခု ဤသမားရိုးကျ အတွေးအမြင်ပြိုကျပြီး ကမ္ဘာ့စီးပွားရေးနှင့် ကမ္ဘာ့နိုင်ငံရေး အံချော်နေပြီ။ စည်းဝါးပျက်နေပြီ။ အချိုးပျက်နေပြီ။ ထိုအခြေအ နေတွင် အကျပ်အတည်းတို့သာ ဖြစ်သည်။ အချို့သောပညာရှင်တို့က နောင်တွင် ပို့စ်မော်ဒန်သတင်းဇာတ်လမ်း၊ Post modern news stories တွေအများ ကြီး ပေါ်မည်ဟု ထောက်ပြသည်။ အကျပ်အတည်းအသစ်တွေပေါ်မည်ဟု သုံးသပ်သော ပညာရှင်တို့နှင့် လေသံချင်းတူပုံရသည်။ ပိုမဆိုရွားအောင် ထိန်း သိမ်းဖို့သာ အာရုံစိုက်ဖို့ဖြစ်မည်။ ထို့ကြောင့် ခေါင်းဆောင်မှု အရည်အချင်းအကြောင်းကိုလည်း အသွင်အပြင်တစ်မျိုးဖြင့် ဖော်ထုတ် ဆွေးနွေးလာကြသည်။ အိုင်ဒီယာအဟောင်းတို့ဖြင့် အကျပ်အတည်းအသစ်ကို ဖြေရှင်းနေသည်ဟု အမေရိကန်သမ္မတအဖွဲ့အား ဝေဖန်သူတို့က အတွေ့အကြုံထက် ရှေ့အမြော်အ မြင် Vision ကို ဦးစားပေးရန် ဆော်သြလာကြသည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၉.၅.၂၀၁၂

ပြည်တွင်းသတင်း

  1. မြစ်ဆုံပြန်စနိုင်ရေးအတွက် သမ္မတအား တရုတ်ဖိအားပေး
  2. တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကော်မတီမှ လေ့လာမှုများ ပြုလုပ်
  3. လှိုင်သာယာစက်ရုံတစ်ရုံမှ ဆန္ဒပြသူများ ရိုက်နှက်ခံရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတဇနီးနှင့် ကိုယ်ရေးအရာရှိ ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်မရရှိခဲ့ဟု သိရ
  2. ဆန္ဒပြမှုများက မြန်မာအစိုးရသစ်ကို စမ်းသပ်မှုဟု အာဆီယံအတွင်းရေးမှူးချုပ်ပြော

သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

မြစ်ဆုံပြန်စနိုင်ရေးအတွက် သမ္မတအား တရုတ်ဖိအားပေး

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးလက်ဝါးချဲ့ထွင်မှုများ ပိုမိုသြဇာသက်ရောက်လာနိုင်စေရန် တရုတ်၏ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပို ရေးရှင်း China Power Investment(CPI) က မြစ်ဆုံစီမံကိန်းများ ပြန်လည်စတင်နိုင်ရန်အတွက် သမ္မတအား တွန်းအားပေးကြိုးပမ်းလျက်ရှိကြောင်း သိရ သည်။

“CPI တာဝန်ရှိသူတွေက သမ္မတနဲ့အကြိမ်ကြိမ်တွေ့ပြီး မြစ်ဆုံပြန်စဖို့အတွက် တွန်းအားတွေပေးတယ်။ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားမှုကို သမ္မတ က တရားဝင်ပြန်ရုတ်သိမ်းဖို့အတွက်တောင်းဆိုတယ်။ CPI က ကိုယ်စားလှယ်တွေကလည်း ပြောင်းရွှေ့သွားတဲ့ရွာတွေထိ သွားပြီးတော့ မြစ်ဆုံစီမံကိန်း ပာာ ဘယ်လောက်တောင် အကျိုးများတယ်ဆိုပြီး မက်လုံးပေးနေပါတယ်”ပာု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာအစိုးရပြောဆိုတာတွေကို အခြေအနေအရ နားထောင်ပေးရပါမယ်။ မြန်မာအစိုးရက စီမံကိန်းကို အခုလို ရပ်ဆိုင်းထားတာ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ စီမံကိန်းအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိထားတဲ့သူတွေဆို ပြန်ပြီး သုံးသပ်ကြည့်နိုင်ပါတယ်။ ဒီအခြေအနေမှာဆိုရင် ရေအားလျှပ်စစ်စီမံကိန်း ဖွံ့ဖြိုးရေးအတွက် တာဝန်ရှိပါတယ်”ပာု CPI ဒုတိယဥက္ကဋ္ဌ Mme.ZHANG Xiaolu က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ် ထုတ် Envoy ဂျာနယ်တွင် ဖော်ပြပါရှိသည်။

တရုတ်နိုင်ငံ၏ အကျိုးစီးပွားသက်သက်ဖြစ်ထွန်းရေးအတွက်သာ ဆောက်လုပ်လျက်ရှိသည့် မြစ်ဆုံရေကာတာ စီမံကိန်းသည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာများကို များစွာ ထိခိုက်စေနိုင်သည့်အတွက် လုံးဝ လုပ်ဆောင်ခြင်းမပြုရန် ပြည်သူများ၏ တောင်းဆိုမှုအပေါ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်းတည်ဆောက်နေမှုများကို ဆိုင်းငံ့ထားရမည်ဖြစ်ကြောင်း ကြေညာ ထားသည်ဟု သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကော်မတီမှ လေ့လာမှုများ ပြုလုပ်

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများ၌ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ဒေသခံပြည်သူတို့၏ အခက်အခဲများ၊ ပြဿ နာများနှင့် လိုအပ်ချက်များကို သိရှိနိုင်ရန် ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားသည့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဝင်များက ပြည်သူ့အသံ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခု ကျွန်တော်တို့အဖွဲ့နဲ့ တိုင်းရင်းသားရေးရာအဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုင်းရင်းသားဒေသတွေကို သွားပြီးတော့ ဒီတိုင်းရင်းသားတွေရဲ့ လို အပ်ချက်တွေ၊ အခက်အခဲတွေကို သိနိုင်ဖို့အတွက် လေ့လာနေတယ်။ ပြီးရင် ဒီကရရှိတဲ့ အချက်အလက်တွေကို စုစည်းပြီးတော့ ပြည်ထောင်စုလွှတ်တော် မှာ တင်ပြနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ။”ပာု ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားရေးရာ အဖွဲ့တို့မှ ယခုကဲ့သို့ ပူးပေါင်း၍ တိုင်းရင်းသားဒေသများသို့ သွားရောက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်ရသည့်နေရာများတွင် တွေ့ကြုံနေရသည့်အခက်အခဲနှင့် တိုင်းရင်းသားအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုတို့ကို တည်ဆောက်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် အချို့တိုင်းရင်းသားဒေသများတွင် ဒေသခံတို့၏ စီးပွားရေးအဆင်မပြေမှုများကြောင့် ကလေးများ ကျောင်းပညာရေး ဆုံးခန်းတိုင်အောင် မသင်နိုင်ကြသည့်အပြင်  လက်ရှိ ဖြစ်ပွားလျက်ရှိသည့် ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများကြောင့် ဒုက္ခသည်စခန်းရှိ ကလေးများ၏ ပညာရေးမှာလည်း သင်ကြားရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ကွင်းဆင်းလေ့လာရာတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုများအပြင် တိုင်းရင်းသားပြည်သူများ၏ မူလအခွင့်အရေးများပါ အပြည့်အဝရရှိနိုင်စေရန် လိုအပ်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်မှာလည်း အမှန်တကယ် လိုအပ်လျက်ရှိကြောင်း မြန်မာ့အရေးလေ့လာနေသူ ကိုကျော်စွာဦးက ဆိုသည်။

YC

-----------------------------------------------------------------------------------------------------------------------

လှိုင်သာယာစက်ရုံတစ်ရုံမှ ဆန္ဒပြသူများ ရိုက်နှက်ခံရ

လှိုင်သာယာမြို့နယ်စက်မှုဇုံ (၁)ရှိ တော်ဝင်စက်မှုဇုံ၌ လုပ်ခလစာတိုးပေးရန်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြသည့်အမျိုးသမီးများအား အကြမ်းဖက် ရိုက်နှက်မှုများ ဖြစ်ပွာလျက်ကြောင်း ဆန္ဒပြသူအမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့ကို စောင့်ကန်တယ်။ ပါးရိုက်တယ်။ အဝတ်အစားတွေလည်း စုတ်ပြဲကုန်တယ်”ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ယင်းအဖြစ်အပျက်များသည် ဆန္ဒပြသည့်နေ့ ၃ရက်မြောက်ဖြစ်သည့် မေလ ၂၉ရက်နေ့ နံနက်တွင် စက်ရုံဝန်း၏ အပေါက်ဝအား ဆန္ဒပြသည့် စက်ရုံဝန်ထမ်းများဖြင့် ပြည့်သည်ဟုဆိုကာ အထည်ထုပ်များဖြင့် ဆန္ဒပြသည့်အမျိုးသမီးများအပေါ် ပစ်ပေါက်မှုများပြုလုပ်ကြပြီး ခြေထောက်ဖြင့် ကန်ခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်ကြသောကြောင့် ဆန္ဒပြသည့်အမျိုးသမီးများ၏ အဝတ်အစားများသည် စုတ်ပြဲသည်အထိ ဖြစ်ပွားကြောင်း ဆန္ဒပြသည့်အထဲမှ အဝတ်အစားများစုတ်ပြဲသွားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

တော်ဝင်အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများသည် မေလ ၂၅ရက်နေ့မှစတင်၍ ရက်ရှည်ဆန္ဒပြမှုများကို စက်ရုံဝင်းအတွင်းနှင့် အပြင်တို့၌ ပြုလုပ်ခဲ့ ပြီး စက်ရုံဝင်းအတွင်းတွင် ဝန်ထမ်းဦးရေ ၁၀၀၀ကျော်နှင့် စက်ရုံအပြင်ဘက်၌ ဝန်ထမ်းဦးရေ ၅၀၀ကျော် ဆန္ဒပြလျက်ရှိပြီး အခြေခံလစာအား အဓိက တောင်းဆိုကြခြင်းမှ ဆန္ဒပြမှုဖြစ်ပွားခဲ့သည့်စက်ရုံတစ်ရုံဖြစ်သည်ဟုလည်း အထက်ပါအမျိုးသမီးက ဆက်လက် ပြောကြားသည်။

ထို့ပြင် အဆိုပါ တော်ဝင်အထည်ချုပ်စက်ရုံ၌ ဆန္ဒပြသည့်ဝန်ထမ်းများအား လှိုင်သာယာမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ရေနှင့် အခြားလိုအပ်သည့်အစားအစာများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အလင်းရောင်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတဇနီးနှင့် ကိုယ်ရေးအရာရှိ ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်မရရှိခဲ့ဟု သိရ

ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလများ၌ မဲစာရင်းများ လွဲမှားမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည့် ကိစ္စရပ်များသည် နိုင်ငံရေးပါတီများ၌လည်း တာဝန်ရှိသည်ဟု စဉ်းစားမိခဲ့သော်လည်း သမ္မတကြီး၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းတွင်မပါဝင်ခဲ့သည်ကို သိရှိခဲ့ရသည့်အတွက် နိုင်ငံရေးပါတီ များကို အပြစ်မတင်တော့ဘဲ ၂၀၁၅တွင် မဲစာရင်းမှန်ကန်မှုရှိစေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်ဟု ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာသန်းထိုက်ဦးက ပြောကြားသည်။

မေလ ၂၂ရက်နေ့က ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခေါ်ယူ တွေ့ဆုံသည့်အစည်းအဝေးတွင် ဦးတင်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကော်မရှင်ဥက္ကဋ္ဌကြီးပြောတာက သူကြုံတွေ့ခဲ့ရတာတစ်ခုရှိတယ်၊ သမ္မတကြီးရဲ့ကိုယ်ရေးအရာရှိရော၊ ဇနီးရော မဲစာရင်းထဲမှာမပါဘူး၊ သူတို့ရဲ့ သားပဲပါတယ်၊ ဒါကြောင့်မဲမပေးရဘူး၊ အရင်က မဲစာရင်းမိတ္တူတွေကို ပါတီတွေလည်းပေးထားလို့ ပါတီတွေမှာလည်း တာဝန်ရှိတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ က စဉ်းစားခဲ့တယ်၊ အခုတော့ ပါတီတွေကိုအပြစ်မတင်ဘဲ ၂၀၁၅ ကျရင် မဲစာရင်းတွေမှန်ကန်ဖို့ လ.ဝ.ကနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောတာဗျ” ဟု ဒေါက်တာသန်းထိုက်ဦးက ပြောကြားသည်။

ယခုကျင်းပသည့် အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာအား ပါတီများသို့ ကြိုတင်အသိပေးထားခြင်း မရှိခဲ့သော်လည်း ပါတီများက ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့ကြသည်ဟုလည်း ဒေါက်တာသန်းထိုက်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------

ဆန္ဒပြမှုများက မြန်မာအစိုးရသစ်ကို စမ်းသပ်မှုဟု အာဆီယံအတွင်းရေးမှူးချုပ်ပြော

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျှက်ရှိသည့် ဆန္ဒပြပွဲများသည် လက်ရှိ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံအစိုးရအား စမ်းသပ်မှုများပင် ဖြစ်သည်ဟု အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားလိုက်သည်။

“ဒီလို ဆန္ဒထုတ်ဖော်မှုတွေကို အနှောင့်အယှက်အဟန့်အတားလုပ်တာမျိုးနဲ့ အကြမ်းဖက် ကိုင်တွယ်တာမျိုးတွေကို ကျွန်တော်တို့ မမြင်တွေ့လိုပါ ဘူး၊ ပြည်သူတွေအတွက် လမ်းဖွင့်ပေးရမယ်၊ အခွင့်အလမ်းတွေပေးရမယ်၊ သူတို့ရဲ့ အသံတွေ၊ မကျေနပ်ချက်တွေကိုလည်း နားထောင်ရမှာဖြစ်ပါတယ်” ဟု ဆူရင်ပစ်ဆူဝမ်က ပြောကြားခြင်းဖြစ်သည်။

“ဒီမိုကရေစီ နိုင်ငံမို့လို့ ပြည်သူက သူတို့ရဲ့လိုအပ်ချက်တွေကို သူတို့တင်မြှောက်ထားတဲ့ အစိုးရဆီမှာ ရိုးရိုးသားသား တောင်းဆိုတယ်၊ အစိုးရက လည်း ပြန်ပြီးဖြေရှင်းတယ်၊ ပွဲကလှတယ်၊ ပြည်သူတွေဟာ လက်ရှိအစိုးရက သူတို့ကိုမဖမ်းဘူး၊ မပစ်ဘူးလို့ ယုံကြည်သလို အစိုးရကလည်း နိုင်ငံရေးအရ သည်းခံနိုင်စွမ်းရှိတာကို ပြတယ်၊ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကိုပြတာဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲထက်တောင်ဂုဏ်ယူမိပါတယ်”ဟု ပြည်ပတွင် နိုင်ငံရေးသိပ္ပံကို အထူးပြုလေ့လာခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။

“ရဲက ဆန္ဒပြသူကို လက်ဆွဲနှုတ်ဆက်ရင် အစိုးရက နှုတ်ဆက်တယ်လို့မြင်မယ်၊ ရဲကရိုက်ရင် အစိုးရက ရိုက်တယ်လို့မြင်မယ်၊ မန္တလေးမှာလည်း ခဏပဲ ခေါ်ယူမေးမြန်းပြီး ချက်ချင်းပြန်လွှတ်တယ်၊ အာဏာပိုင်တွေ ကိုင်တွယ်သွားတာ တော်တော်ကောင်းပါတယ်”ဟု ထိုလူငယ်က ဆက်လက်ပြောကြား သည်။

သို့ရာတွင် ပြည်မြို့၌ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုများကို ဒေသအာဏာပိုင်များက ရိုက်နှက်ဖမ်းဆီးခြင်းများရှိခဲ့ပြီး ထိုကိစ္စရပ်များက ယခင်စစ်အစိုး ရ ဟောင်း၏ အမွေဆိုးများ ကျန်ရှိနေမှုကို ပြသနေသကဲ့သို့ရှိပြီး အစိုးရသစ်၏ ပုံရိပ်ကို ထိခိုက်စေသည်ဟုလည်း လေ့လာသူများက ဆိုသည်။

ဂျပန်နိုင်ငံကို အတုယူပြီး သည်းခံကြပါလို့ ပြည်သူတွေကို နှစ်သိမ့်တယ်၊ ဒါဆို သမ္မတအကြံပေးတွေ၊ ဝန်ကြီးတွေ တာဝန်ရှိသူတွေလည်း တာဝန် မကျေလို့ ရာထူးကနှုတ်ထွက်တဲ့ ဂျပန်ဝန်ကြီးတွေကို အတုယူပြီး နှုတ်ထွက်ကြည့်ပါလားဟု ၈၈အရေးအခင်းကာလအတွင်း ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် နိုင်ငံရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

မန္တလေးတိုင်း လျှပ်စစ်ဝန်ကြီး ဒေါက်တာမြင့်ကြူကမူ တာဝန်ကျေပွန်အောင်မထမ်းဆောင်နိုင်ပါက ရာထူးမှနှုတ်ထွက်မည်ဟု ကတိပြုထား သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်ပြည်ထောင်စု၏ လူ့အခွင့်အရေးအစီရင်ခံစာထဲတွင်  မြန်မာနိုင်ငံ၌ လူ့အ ခွင့်အရေး တိုးတက်များရှိလာနေကြောင်း ဖော်ပြခံရသည့်အတွက်  မြန်မာအစိုးရကို ချီးကျူးထားသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ကမ္ဘာ့ဆန်ဈေးကွက်ကိုယှဉ်ဖို့ဆိုရင် စပ်မျိုးစပါးနည်းပညာနဲ့ ဆောင်ရွက်ရပါလိမ့်မယ်။ မြန်မာ့ဆန်ကို နိုင်ငံခြားဝယ်လက်က စဉ်းစားတဲ့အခါမှာ အရည်အ သွေး၊ ဆိပ်ကမ်းအတင်အချအခက်အခဲနဲ့ သဘောင်္ကုန်ကျစရိတ် အခက်အခဲတွေပါ ထည့်တွက်တယ်။ ဒါတွေကိုဖြေရှင်းပေးဖို့ လိုပါတယ်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ် (၂၀) "လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး သုံးသပ် ပြောကြား"သတင်းမှ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်၏ မြန်မာနိုင်ငံ၏ လက်ရှိဆန်စပါးကဏ္ဍနှင့် အနာဂတ်ဈေး ကွက်ရရှိမှုအပေါ် သုံးသပ်ခြင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်အနေနဲ့ ပါဝင်သင့်ပါပြီ။ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ အလုပ်သမာရုံးတွေရဲ့ ၀င်ရောက်ညှိနှိုင်းမှုတွေက ထိရောက်မှုမရှိတဲ့အပြင် မျှတမှုမရှိဘူးဆိုတာ မြင်နေရတယ်။ ထိရောက်တဲ့ဖြေရှင်းမှုတွေ မလုပ်နိုင်ခဲ့ရင် မလိုအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဥပမာ စက်ရုံတွေများလာရင် ကုန်ထုတ်လုပ်မှုတွေ လျော့ကျသွားမယ်။ ကျွန်တော့်အမြင်ပြောရရင် အရေးပေါ် လွှတ်တော်အစည်းအဝေးတွေပါခေါ်ပြီး ဒီအရေးကို ဆောင်ရွက်သင့်ပါပြီ။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၈) အမှတ်(၂၀) "အလုပ်ရှင်အလုပ်သမားပြဿနာများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဥပဒေနှင့်အညီ ဖြေရှင်းရန် ထဲထဲဝင် ၀င်ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးပါတီများနှင့် အလုပ်သမားအရေးဆောင်ရွက်သူများပြောကြား"သတင်းမှ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ အဖွဲ့မှ ကိုကျော်ကျော်၏ ပြောကြားချက်အပေါ် ကောက်နုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

ကျွန်တော်တို့ အကြမ်းဖက်ခဲ့တာမဟုတ်ဘူး။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်လူမျိုးကို ကာကွယ်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒီအသုံးအနှုန်းတွေ ဆက်သုံးနေ  သရွေ့ နားလည်မှုလွဲမှားနိုင်တယ်။ ငြိမ်းချမ်းရေးအတွက်လည်း အနှောက်အယှက် အများကြီးဖြစ်နိုင်တယ်။

ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၂၀)"ပြင်ဆင်ဖွဲ့စည်းတဲ့ ငြိမ်ချမ်းရေးကော်မတီ ပြည်သူ့အသံကွင်းဆင်းလေ့လာ"သတင်းမှ ငြိမ်းချမ်းရေးယူထားတဲ့ ကေ အန်ယူအဖွဲ့တာဝန်ခံ ဦးစောဆာပီး၏ ပြောကြားချက်အပေါ် ကောက်နုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs