Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၁.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စံနှုန်းများဖြင့် အဆုံးစွန် နယ်ချဲ့ခြင်း

*****************************************

ဆောင်းပါးကဏ္ဍ

စံနှုန်းများဖြင့် အဆုံးစွန် နယ်ချဲ့ခြင်း

အောင်မောင်း

ဂရိ ဒဿနပညာရှင်တစ်ဦးဖြစ်သူ အရစ္စတိုတယ်က နိုင်ငံတစ်ခုသည် ရေမြေ ရာသီဥတုတို့အပေါ် မူတည်၍ ဖြစ်ပေါ်နိုင်ငံသည်။ တောင်စွယ်များ ဝန်းရံထားသော ကုန်းမြေနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် ပင်လယ်ဆိပ်ကမ်းရှိလျှင် ကောင်းသည်ဟု ဆိုခဲ့သည်။  ရာသီဥတု၏ သက်ရောက်မှုက လူတို့၏ စိတ်နေစိတ်ထား သဘောသဘာဝတို့ကို ပြောင်းလဲစေတတ်သည်ဟုလည်း ဆိုသည်။ အလွန်အေးသော ဥရောပမြောက်ပိုင်းဒေသမှ လူများသည် စိတ်ဓာတ်တက်ကြွ၍ တိုက်ရည်ခိုက်ရည်ကောင်းသည်။ တောင်စွယ်များဝန်းရံထားသဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းနိုင်သည်။ သို့ရာတွင် ကျွမ်းကျင်မှုနှင့် ဉာဏ်ရည်နည်းသဖြင့် အခြားသူများကို အုပ်ချုပ်နိုင်စွမ်းမရှိ။ အာရှတိုက်သားတို့မှာမူ ဉာဏ်ရည်မြင့်သော်လည်း စိတ်ဓာတ်တက်ကြွမှုမရှိသဖြင့် အခြားသူ များ၏ ကျေးကျွန်ပြုမှုကို ခံရသည်။ ဂရိနိုင်ငံမှာ စိတ်ဓာတ်တက်ကြွမှုနှင့် ဥာဏ်ရည်မြင့်မားမှုနှစ်ခုလုံးကို ပိုင်ဆိုင်ထား၍ ပြည်တွင်းစည်းလုံး ညီညွတ်မှုသာရ လျှင် အခြားသူများကို အုပ်ချုပ်နိုင်ပြီး နိုင်ငံရေးလည်း ဖွံ့ဖြိုးသည်ဟု ဆိုထားခဲ့ပြန်သည်။

သို့ရာတွင် ကမ္ဘာပေါ်တွင် အင်ပိုင်ယာအမြောက်အများ တည်ထောင်ခဲ့ကြသည့် နိုင်ငံကြီးများမှာ ဥရောပ အအေးပိုင်းနိုင်ငံများမှ ဖြစ်ကြသည်။ ပင် လယ်ရေကြောင်းခေတ်တည်းကပင်လျှင် နယ်ချဲ့ခဲ့ကြသည့် နိုင်ငံကြီးများမှာ ပထမနှင့် ဒုတိယကမ္ဘာစစ်ကြီးများ ဆင်နွှဲနေသည့်ကာလတွင် ကမ္ဘာ့နယ်မြေ အတော်များများကို စိုးမိုးထားနိုင်ခဲ့သည်ကို တွေ့ရသည်။ နိုင်ငံရေးနှင့် ပထဝီပညာရှင်တစ်ဦးဖြစ်သော ဂျာမန်လူမျိုး ကားလ်ရစ်တာက ပတ်ဝန်းကျင်နှင့် လူ ၏ သဘောတရားကို ရှင်းပြခဲ့သည်။ ရစ်တာက နိုင်ငံတစ်ခုကို သတ္တဝါတစ်ခု၊ သက်ရှိအရာတစ်ခုသဖွယ် ရှင်းပြခဲ့ခြင်းဖြစ်သည်။ အပင်တစ်ပင် သတ္တဝါတစ် ကောင်သည် မိမိရှင်သန်ရပ်တည်ရေးအတွက် အခြားတစ်ခုကို တိုက်စားဝါးမြိုသွားခြင်းမျိုး ဖြစ်သည်။ ရှင်သန်နိုင်သူသာ ကျန်ရစ်မည်ဟူသော သဘောတ ရားအရ နိုင်ငံတော်ကို ပုံဖော်ခဲ့ခြင်းဖြစ်သည်။ ယဉ်ကျေးမှုတစ်ခုရှင်သန်ရန်၊ တိုင်းပြည်တစ်ခုရှင်သန်ရန် အခြားနိုင်ငံများကို ဝါးမြိုပစ်ရမည်ဟူ၍ ဂျာမန်လူ မျိုးကြီးဝါဒနှင့် ပထဝီနိုင်ငံရေးကို ရောမွှေခဲ့သည်။ ၎င်း၏ ဆက်ခံသည့် ဂျာမန်လူမျိုးတစ်ဦးဖြစ်သူ ရတ်ဇယ်ကလည်း သဘာဝ၏ နိယာမကို လက်ခံပြီး အင် အားကြီးနိုင်ငံများသည် နယ်ချဲ့ရေးအတွက် အစွမ်းကုန် ယှဉ်ပြိုင်ကြလိမ့်မည်ဟု ဆိုခဲ့သည်။

အထက်က ဂျာမန်ပညာရှင်နှစ်ဦး၏ အယူအဆ အထူးသဖြင့် ရတ်ဇယ်၏ အယူအဆကို လက်ခံသူ ဆွီဒင်နိုင်ငံသား ရူးဒေါဖ့်ရှယ်လင်ကမူ နိုင်ငံ တစ်ခု၏ သဘောသဘာဝကို အနုစိတ် ခြယ်မှုန်းသည်။ အင်အားကြီးရန်အတွက် နယ်ချဲ့ရန်မလို၊ ယဉ်ကျေးမှုများနှင့် ပညာရပ်များကို ပျံ့ပွားစေပြီး မိမိ နိုင်ငံ၏ စံနှုန်းတန်ဖိုးများကို တင်ပို့ရမည်ဟု ဆိုခဲ့သည်။ Intellectual ဖြစ်မှုနှင့် Soft Power တို့၏ သဘောသဘာဝကို ရှယ်လင်က ဆိုလိုခဲ့ဟန်တူပါသည်။ အမှန်တကယ်တွင်လည်း ယနေ့ထိတိုင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဥရောပ၏ စံနှုန်းတန်ဖိုးတွေကို ကျင့်သုံးနေရဆဲဖြစ်ပါသည်။ ဂလိုဘယ်လိုက်ဇေး ရှင်း တိုးတက်လာသည့် အချိန်တွင်မူ အမေရိက၏ စံနှုန်းတန်ဖိုးများ ကမ္ဘာကို ထိုးဖောက်လာသည်။ ထို့မတိုင်မီကပင်လျှင် ဘီတဲလ်၊ ရောခ့်အင်ရိုး၊ ပရက်စလေ ၊ ဂျင်းဘောင်းဘီ စသည့် အမေရိက၏ တန်ဖိုးများသည် မိုက်ခရိုဆော်ဖ့်နှင့် အက်ပဲလ် ထုတ်ကုန်များ မပေါ်မီကပင် ကမ္ဘာကို လွှမ်းမိုးခဲ့သည်ကို ရှုမြင်နိုင်ပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ဝါဒီများကို အမေရိကန် ဝါဒဖြန့်သမားဟုပင် တံဆိပ်ကပ်ခံရသည်အထိ ဖြစ်ခဲ့သည်။ ဆိုရလျှင် နိုင်ငံတိုင်းသည် နယ်ချဲ့စစ်ပွဲများ ဆင်နွှဲခြင်းမရှိတော့သည့် ကာလမျိုးတွင် မိမိ၏ စံနှုန်းတန်ဖိုးများကို နိုင်ငံတကာ နယ်နိမိတ်များဆီသို့ ဖြန့်ကျက်စေရန် ကြိုးပမ်းနေခဲ့ကြ သည်သာ ဖြစ်ပါသည်။ အချစ်အကြမ်းအလွမ်းတို့ကို ရောမွှေထားပြီး ဂီတနှင့်တွဲဖက်ပေးထားသော အိန္ဒိယရုပ်ရှင်ကားများ ကမ္ဘာမှာ တစ်ခေတ်ဖြစ်ခဲ့သည်။ အန်ကယ်ဂျွန်ဝိန်း၏ သေနတ်ပစ်ကားများကို ကမ္ဘာ့လူငယ်ထု နှစ်ခြိုက်စွဲလမ်းခဲ့သည်။ ဒေးဗစ်ချန်း၏ ဓားခုတ်ကားများလည်း ရေပန်းစားခဲ့သည်။ ယနေ့ ကာလတွင်လည်း စံနှုန်းများ၊ တန်ဖိုးများ၊ ယဉ်ကျေးမှုများ တင်ပို့ခြင်းများကို တွေ့နေရဆဲ ဖြစ်ပါသည်။ ဆိုရလျှင် ရှယ်လင်၏ အတွေးအခေါ်များ ကမ္ဘာကို ပျံ့နှံ့နေဆဲဟုသာ။ ပရီးမီးယားလိဂ်၊ ဟစ်ဟောပ့်၊ ကင်မ်ချီ စသည့် တန်ဖိုးများကို တနည်းတဖုံ တင်ပို့နေကြခြင်းများ တွေ့ရပါလိမ့်မည်။

ထိုသို့စံနှုန်းတန်ဖိုးများ တင်ပို့ခြင်းသည် နယ်နိမိတ်များကို ကျော်လွန်သော နယ်ချဲ့ခြင်းတစ်မျိုး (သို့) ယဉ်ကျေးမှုအရ ဝါးမြိုခြင်းဟု ဆိုလျှင်လည်း ရသည်။ အရစ္စတိုတယ်၏ အတွေးအခေါ်ဖြင့် ချိတ်ဆက်တွေးကြည့်လျှင် အာရှတိုက်တွင် စိတ်ဓာတ်လည်းတက်ကြွ၊ ဉာဏ်ရည်လည်းမြင့်မားပြီး ပထဝီဝင် အနေအထားအရရော ယဉ်ကျေးမှုအရပါ နယ်ချဲ့နေသည့် နိုင်ငံကြီးတစ်နိုင်ငံပေါ်ထွက်လာနေပါပြီ။  အထူးသဖြင့် ထိုနိုင်ငံကြီးမှာ မိမိတို့ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်နေသဖြင့် ပို၍ စိုးရိမ်ဖွယ်ကောင်းလှသည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့ ပင်လယ်ထွက်ပေါက်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်သ လို တိုင်းပြည်၏ သယံဇာတ ထုတ်ယူရေးလုပ်ငန်းများတွင်လည်း များစွာရင်းနှီးမြှုပ်နှံထားသည်။ ယဉ်ကျေးမှုတန်ဖိုးများ တင်ပို့နေခြင်းကတော့ အထူးပြော စရာမလို။ ရှမ်းပြည်မြောက်ပိုင်းမှ မန္တလေး၊ ရန်ကုန်မြို့ကြီးများအထိ အနီရောင်မီးပုံးတွေချိတ်ဆွဲထားသည့် စားသောက်ဆိုင်ကြီးတွေ၊ တိုက်တာကြီးတွေ တိုးသထက် တိုးလာသည်။ မာလာဟင်း၊ ခေါက်ဆွဲ၊ ဟောပေါ့ စသည်ဖြင့် စားသောက်မှုပုံစံကအစ ယဉ်ကျေးမှုပိုင်းအရလည်း နယ်ချဲ့လာသလို စီးပွားရေး အရလည်း သူတို့ပိုင်ဆိုင်သော စက်ရုံတွေမှာ လုပ်သားအခွင့်အရေး အချိုးဖောက်ဆုံးစက်ရုံများ ဖြစ်နေသည်။ သူတို့ရင်းနှီး မြှုပ်နှံရာ ဒေသတလျှောက်က လူတွေ အိမ်မဲ့၊ ယာမဲ့တွေ ဖြစ်လာရသည်။  သူတို့စတိုင် စီမံခန့်ခွဲမှုဟူ၍ပင် တံဆိပ်ကပ်၍ အဖွဲ့အစည်း ဖွဲ့စည်းပုံများပါ သွတ်သွင်းလာသည်။ မြန်မာအလုပ် သမားကို သူတို့စကားသင်စေ၍ အလုပ်လုပ်စေသည်။

ထိုမျှ ဆာလောင်မွတ်သိပ်စွာ ဝါးမြိုနေသော နိုင်ငံကြီးမှာ စင်စစ်တော့ မိမိတို့နိုင်ငံတစ်ခုတည်းသာမဟုတ်။ အသွေးအရောင်ရော ယဉ်ကျေးမှုပါ လုံးလုံးလျားလျား ကွဲပြားသည့် အာဖရိကနိုင်တွေ၊ ကာရစ်ဘီယံကျွန်းတွေအထိပါ သူတို့၏ တန်ဖိုးတွေဖြန့်ကျက်နယ်ချဲ့လာနေသည်။ မိမိတို့နိုင်ငံမှာ ရစ် တာဆိုခဲ့သည့်အတိုင်း သဘာဝ နိယာမအရ ပထမဆုံး ဝါးမြိုခံရမည့် နိုင်ငံပင်ဖြစ်ပေလိမ့်မည်။

မိမိတို့ ဂုဏ်ယူသော အချက်တစ်ချက်ရှိသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုကြားတွင် နေရစေကာမူ ယနေ့အထိ မိမိတို့ နိုင်ငံမပျောက်အောင် နေနိုင်သည်ဟူ၍ ဖြစ်သည်။ သမိုင်းအရလည်း သူတို့၏ လေးကြိမ်တိုင်တိုင် ကျူးကျော်မှုကို ခုခံခဲ့သလို လွတ်လပ်ပြီးစ မြန်မာနိုင်ငံတွင် သူတို့ကျူးကျော်မှု ကိုလည်း တိုက်ထုတ်နိုင်ခဲ့သည် ဆိုသည်ကလည်း ဂုဏ်ယူဖွယ်ရာ အချက်တွေဖြစ်သည်။ သို့ရာတွင် ယနေ့ခေတ်အခြေအနေမှာ အထက်ကဆိုခဲ့သလို လက်နက်ကိုင် နယ်ချဲ့ခြင်းမျိုး မဟုတ်တော့။ အထက်ကဆိုခဲ့သလို စံနှုန်းများနှင့် ယဉ်ကျေးမှုများ သွတ်သွင်းခြင်းဖြင့် နယ်ချဲ့ခြင်းဖြစ်သည်။ စာချုပ်စာ တမ်းနှင့် နယ်ချဲ့ခံရသော ကိစ္စမျိုးတွင် လက်မှတ်ထိုးပြီးမှ မကျေနပ်၍ လက်နက်ကိုင်တွန်းလှန်၍ မရတော့။ မိမိတို့နိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး အခြေအနေအရ Power Balance Theory ကို အသုံးချ၍ ထိုနိုင်ငံကြီးကို ထိန်းချုပ်ရန်မှာလည်း များစွာဟု မဆိုနိုင်သည့်တိုင် အတန်ငယ် နောက်ကျနေပြီ ဖြစ်ပါသည်။

မိမိတို့နိုင်ငံအနေဖြင့် ထိုကဲ့သို့သော နယ်ချဲ့မှုမျိုးကို ခုခံရန်မှာ နိုင်ငံတော်အဆင့်တွင် မဟာဗျူဟာကျကျ ကိုင်တွယ်နိုင်ရန် လိုအပ်သလို တမျိုး သားလုံး၏ ခုခံအားကောင်းရန်လည်း လိုအပ်နေပေသည်။

*****************************************

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၃၁.၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြို့ကြီးသုံးမြို့တွင် Stock Exchange ပေါ်ပေါက်ရေး ဂျပန်နိုင်ငံနှင့် လက်မှတ်ရေးထိုး
  2. ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ရပ်နားရန် ညွှန်ကြားမှုကြောင့် ကျောက်တူးသမား သိန်းချီ ဒုက္ခရောက်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေးများ လျှော့ချပေးမည်
  1. ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်သည့် နိုင်ငံရေးပါတီငါးခုအား ကော်မရှင်မှ ခေါ်ယူတွေ့ဆုံ
  2. ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့်ရရှိ

 သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

မြို့ကြီးသုံးမြို့တွင် Stock Exchange ပေါ်ပေါက်ရေး ဂျပန်နိုင်ငံနှင့် လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် Stock Exchange Data Center များ ပေါ်ပေါက်ရေးအတွက် ၂၀၁၂ မေလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ အမရာပိာုတယ်၌ ဂျပန်နိုင်ငံ တိုကျို စတော့အိတ်ချိန်း၊ Diawai Institute of Research Ltd နှင့် မြန်မာ နိုင်ငံတော်ဗပိာုဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း Bi-Weekly Eleven ဂျာနယ်၏ ဖော်ပြချက်အရ သိရှိရသည်။

လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတော့အိတ်ချိန်းများ တည်ထောင်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း အရင်းအနှီးဈေးကွက်များ ဖြစ်ထွန်းနိုင်စေရန် ပြည်ပနိုင်ငံများနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အခု ထူထောင်မယ့် Stock အိတ်ချိန်းက အထောက်အကူဖြစ်စေမှာပါ။ ပြည်တွင်းမှာက ဈေးကွက်ရှိတယ်။ ဒီဈေး ကွက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပနိုင်ငံတွေကလာမယ်။ ဒီလိုလာပြီဆိုရင် အရင်းအနှီးဈေးကွက်တွေ ရနိုင်ဖို့အတွက် Stock အိတ်ချိန်းတွေ ထူထောင် ရတော့မှာပါ”ပာု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံ အား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံတို့မှ ဖြေလျော့မှုများ ပြုလုပ်ပေးပြီးနောက် ပြည် ပရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး ဝင်ရောက်လာခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် စတော့အိတ်ချိန်း တည် ထောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Ref: Bi Weekly

-----------------------------------------------------------------------------------------------------------------------------------

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ရပ်နားရန် ညွှန်ကြားမှုကြောင့် ကျောက်တူးသမား သိန်းချီ ဒုက္ခရောက်

မကြာသေးမီကာလအတွင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းအားလုံးကို ရပ်နားရန် သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည့်အတွက် ယင်းဒေသရှိ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကျောက်တူးသမား သိန်းချီ ဒုက္ခရာက်နေရကြောင်း ယင်းမြို့နယ်၌ ကျောက်တူးလုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်နေသည့် သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခု ဖားကန့်က ကျောက်တူးဖော်တဲ့ ကုမ္ပဏီတွေကို ရပ်နားရမယ်ဆိုပြီး သတ္တုတွင်းက ညွန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ဒီလိုဆိုတော့ အဲ့ဒီ မှာ လုပ်ကိုင်နေတဲ့ ကျောက်တူးအလုပ်သမား သိန်းချီပြီး အခက်အခဲဖြစ်လာတာပေါ့။ ပြီးတော့ ရေမဆေး ကျောက်သမားတွေကလည်း အထဲကို လုပ်ကွက် ဝင်ရှာတဲ့အခါမှ ကုမ္ပဏီကလူတွေနဲ့ ပြဿနာ တက်နေကြတယ်”ပာု ၎င်းက ပြောကြားသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ငန်းခွင်များအနေဖြင့် ဇွန်လမှ အောက်တိုဘာလအထိ လုပ်ငန်း များအားရပ်နားထားရန် သတ္တုတွင်းဝန်ကြီးဌာနမှ ညွန်ကြားခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းခွင်ရပ်နားမှုကြောင့် ဒုက္ခရောက်လျက်ရှိသည့် ကျောက်တူးသမားများအား သက်ဆိုင်ရာမှ မိမိနေရပ်သို့ပြန်ကြရန် ပြောကြားခဲ့ကြောင်း မှော်စီစာကျေးရွာရှိ ဒေသခံတစ်ဦးက ပြောကြားသည်။

“ဒီမှာလည်း လုပ်စရာမရှိတော့တဲ့အတွက် ဖားကန့်အိမ်ထောင်စုတွေက မပာုတ်ဘူးဆိုရင် ကိုယ့်နေရပ်ကိုပြန်ကြဖို့ ရပ်ကွက်လူကြီးက ပြောပါ တယ်။ အရင်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေရပ်နားတယ်ဆိုရင် စွန့်ပစ်မြေတွေမှာ ရွှေမျောတိုက်တာကို လုပ်လို့ရသေးတယ်။ ခုကျတော့ ကျောက်စိမ်းရှာဖွေတာကော၊ ရွေမျှောတိုက်တာတွေကိုပါ လုပ်ကိုင်ခွင့်မရရှိတော့ ကျောက်စိမ်းရှာတဲ့သူတွေ၊ ရွှေရှာတဲ့သူတွေ သိန်းချီပြီး ဒုက္ခရောက်နေရပါ တယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သည် ကမ္ဘာပေါ်တွင် အဖိုးတန်ကျောက်စိမ်း အမြောက်အများ ထွက်ရှိရာ တစ်ခုတည်းသော ဒေသတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများအား ရပ်နားရန် သတ္တုတွင်းဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာဝင်ငွေကိုလည်း ထိခိုက်လာနိုင်မည်ဖြစ်သည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတနှင့် လွှတ်တော်မှ တောင်းဆိုလျှင် ဖုန်းဈေးများ လျှော့ချပေးမည်

လက်ရှိ မြန်မာနိုင်ငံအတွင်း မြန်မာ့ဆက်သွယ်ရေးမှ ပြည်သူများသို့ ရောင်းချလျက်ရှိသော မိုဘိုင်းတယ်လီဖုန်းဈေးများကို သမ္မတနှင့် လွှတ် တော်မှ တောင်းဆိုလျှင် ဈေးနှုန်းများလျှော့ချ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

“သမ္မတကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တယ်လီဖုန်းဈေးနှုန်းတွေကို ဈေးလျှော့ချခိုင်းမှ မြန်မာ့ဆက်သွယ်ရေးက ဖုန်းဈေးနှုန်းတွေကို အရှုံးခံပြီး ဈေးလျှော့ရောင်းချပေးမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းတယ်လီဖုန်းများကို ကျပ်နှစ်သိန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိပြီး မြန်မာ့ဆက်သွယ် ရေးမှ ချမှတ်ထားသော စည်းမျဉ်းများအရ နောင်နှစ်များတွင်သာ တယ်လီဖုန်းဈေးနှုန်းများကို ထပ်မံလျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အခု အပြင်မှာရောင်းနေတဲ့ ကျပ်နှစ်သိန်းဖုန်းတွေရဲ့တန်ဖိုးက ကုန်ကျစရိတ် အရင်းနီးလောက်ရှိတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းတယ်လီ ဖုန်း နှုန်းထားတွေကို လာမယ့်ငါးနှစ်ကျမှ နိုင်ငံတကာစံနှုန်းအတိုင်း ရောင်းချပေးနိုင်မှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

“ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ကိုင်တယ်ဆိုပေမယ့် ဖုန်းဈေးတွေ လျှော့ရောင်းဖို့ဆိုတဲ့ကိစ္စက မြန်မာ့ဆက်သွယ်ရေးကပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတာပါ။ နိုင်ငံတကာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒီဈေးနှုန်းတွေပာာ တော်တော်ကို များနေပါတယ်”ပာု ပုဂ္ဂလိက ဖုန်းအရောင်းဆိုင်တစ်ခုမှ ကိုကျော်ကျော်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးမှ လက်ရှိ ဆောင်ရွက်လျက်ရှိသော မိုဘိုင်းတယ်လီဖုန်း ရောင်းချမှုများကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံအတွင်း ရောင်းချလျက်ရှိသော မိုဘိုင်းတယ်လီဖုန်း ဈေးနှုန်းများမှာ နိုင်ငံတကာစံနှုန်းနှင့် ယှဉ်ပါက အဆမတန် များပြား လျက်ရှိနေကြောင်း ပြောကြားသည်။

Ref:Popular News  

-----------------------------------------------------------------------------------------------------------------------------------

ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်သည့် နိုင်ငံရေးပါတီငါးခုအား ကော်မရှင်မှ ခေါ်ယူတွေ့ဆုံ

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် အလုပ်ရှင်၊ အလုပ်သမားပြဿနာများ၊ လယ်သမားကိစ္စရပ်များနှင့် လျှပ်စစ်မီး အပြည့်အဝရရှိနိုင်ရေးအ တွက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ကူညီပတ်သက်ခဲ့သည့် နိုင်ငံရေးပါတီငါးခုအား ၂၀၁၂ မေလ ၂၉ ရက်နေ့တွင် ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်မှ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဒီရက်ပိုင်းတွင်းမှာ ဖြစ်ပွားနေတဲ့ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စနဲ့ လျှပ်စစ်မီးကိစ္စတွေမှာ နိုင်ငံရေးပါတီတွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဝန်ကြီးဌာနတွေက တင်ပြလာပါတယ်။ ဒါကြောင့် ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံရေးပါတီ ငါးပါတီကို ဖိတ်ကြားပြီးတော့ ခေါ်ယူတွေ့ ဆုံခဲ့တာပါ”ပာု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ပတ်သက်သည့် ပါတီငါးခု တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာနမှ တာ ဝန်ရှိသူများ၊ အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနတို့မှ ဒုဝန်ကြီးအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ၎င်းတို့မှ ဆန္ဒထုတ်ဖော်မှုများအတွက် ဖြစ်နိုင်ခြေရှိ သည်များကိုသာ တောင်းဆိုရန်နှင့် မဖြစ်နိုင်သည်များကို တောင်းဆိုပါက နိုင်ငံတော်အတွက် အကျပ်အတည်းဖြစ်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“နိုင်ငံရေးပါတီတွေကို ဖိတ်ရတဲ့အကြာင်းက အလုပ်ရှင်၊ အလုပ်သမားကိစ္စတို့ မီးကိစ္စတို့မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပါဝင်ပတ်သက်နေတာနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေက တ်ပြလာလို့ပါတဲ့။ အခု လတ်တလော ဆန္ဒပြနေတဲ့ကိစ္စတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဖြစ်နိုင်၊ မဖြစ်နိုင်၏ ဆိုတာကို စဉ်းစားဆောင်ရွက်ဖို့ပြောတာပါ။ မဖြစ်နိုင်တာကို ဇွတ်တွန်းအားပေးမယ်ဆိုရင်လည်း နိုင်ငံတော်အတွက် အကျပ်အတည်းဖြစ်စေနိုင်တယ်ဆို စဉ်းစားဖို့လို သလို တစ်ဖက်မှာကျတော့လည်း အလုပ်သမားတွေအတွက် စဉ်းစားဖို့လိုတယ်”ပာု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးစိုးဝင်းက ပြောကြားခဲ့ ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ကော်မရှင်မှ ခေါ်ယူတွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီငါးခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ၈၈မျိုးဆက်ကျောင်းသားလူငယ် များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီတို့ဖြစ်ကြောင်း သိရသည်။

Ref:မြန်မာပို့စ်ဂလိုဘယ်

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့်ရရှိ

              ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ခုနှစ် မေလ ၃၀  ရက်နေ့မှ စတင်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီအဖြစ် တည် ထောင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ်(၂၈/၂၀၁၂)        ဖြင့် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမှတ်ပုံတင်အမှတ်စဉ်မှာ (၅၄)ဖြစ်ကြောင်း သိရသည်။

                ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီရုံးချုပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၃) ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်း၊ အမှတ်(၃၇၃)တွင် ဖွင့်လှစ်ထားရှိပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွှတ်ကြောင်း တွေ့ရှိရသည့်အတွက် ပါတီမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

                                                                                                                       YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အပစ်အခတ်ရပ်စဲရေးက ခိုင်မာဖို့လိုပါတယ်။ ဒါမှ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ဦးတည်နိုင်မှာပါ။ တရားဥပဒေစိုးမိုးရေးကလည်း အလွန်အရေး ကြီးပါတယ်။ အဲဒီ့အဆင့်ရောက်သွားရင် ဒေသအချင်းချင်း ကူးလူးဆက်သွယ်မှုတွေ ရှိလာမယ်။ ဒါဆိုရင် IDP တွေအတွက် အခက်အခဲမရှိအောင် နိုင်ငံ သားမှတ်ပုံတင်တွေ လိုလာပါပြီ”

Popular New ဂျာနယ်၊ မေလ ၃၁ ရက် ၂၀၁၂၊ အတွဲ ၄၊ အမှတ် ၂၁ "KNU ဒေသမှ ပြည်တွင်းရွှေ့ပြောင်းအခြေချ ၁၆ ဦးအား ယာယီနိုင်ငံသားကတ် စတင်ထုတ်ပေး"သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားချက်မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဖိနပ်ခြေထောက်နဲ့ မတော်တဲ့ဟာကို ဖိနပ်မလှဘဲနဲ့ခြေထောက်ကို ဖြတ်ပစ်လိုက်တာပဲ။ ဒီဥပမာအတိုင်းပဲ စည်းကမ်းဖောက်ဖျက်တဲ့သူကို အရေးယူ၊ ကား လိုင်းကြီးပိတ်လိုက်တာက လူထုကို ဒဏ်ခတ်လိုက်တာပဲ၊ လူထုကိုအပြစ်ပေးသလို ဖြစ်တဲ့အတွက် ၂၃၂ ကားလိုင်းပိတ်ခြင်းကို လုံးဝလက်မခံဘူး။ ဒီလိုဖြေ ရှင်းနည်းမျိုး မလုပ်အပ်ဘူး။ ဒါတွေဟာ လူထုကို ဒီလိုဖြစ်ရလားဆိုတာ ဖြစ်စဉ်ကို မှန်မှန်ကန်ကန်သုံးသပ်ပြီး စည်းကမ်းကောင်းအောင် ပြင်ရမယ့်အစား ၂၃၂  လိုင်း ပိတ်ပစ်ခြင်းဟာ လူထုကို ဒဏ်ပေးရာရောက်တယ်။ အဲဒီကိစ္စဟာ ပြည်သူအကြားမှာ မကျေနပ်မှုတွေ ပေါက်ဖွားလာစေတယ်။ မကျေနပ်မှု တွေကတစ်ဆင့် နိုင်ငံရေးတည်ငြိမ်မှုကို ပျက်ပြားစေနိုင်တယ်။ အခုလို အကူးအပြောင်းကာလမှာ ပြဿနာတွေရှိမှာပဲ၊ ပြဿနာတွေရှိရင် နည်းမှန်လမ်းမှန် ဖြေရှင်းဖို့လိုပါတယ်။

ENVOY New Journal မေလ ၃၁ ရက်ထုတ် အတွဲ ၃ အမှတ် ၄ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် တွေ့ဆုံမေးမြန်းခြင်းမှ ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဝတ္တရားနှောင့်ယှက်မှုနဲ့ လှည်းကူးတရားရုံးက ထောင်နှစ်လချလိုက်တယ်။ ကျွန်တော်တို့က ဝန်ထမ်းဝတ္တရားလည်း မနှောင့်ယှက်ခဲ့ဘူး။ ဥပဒေမှာပါတဲ့ အတိုင်း ပြောခဲ့တာ။ အခွန်ကျပ် ၅၀၀၀ ကိုလည်း ဆောင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ ထောင်ချခံရတဲ့ နိုင်ငံရေးသမားပဲ”

The Flower News ဂျာနယ် အတွဲ ၈ အမှတ် ၂၀ “နိုင်ငံရေးပါတီဥက္ကဋ္ဌတစ်ဦး အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် ထောင်ဒဏ်ချမှတ်ခံရ” သ တင်းမှ ဦးအေးလွင်ပါတီနှင့် ညီနောင်ပါတီဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီမှ ဦးရဲလွင်က အခင်းဖြစ်စဉ် အ ခြေအနေကို ရှင်းပြချက်ထဲမှ ကောက်နုတ်ဖော်ပြချက်

*************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs