Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ရခိုင်ပြည်နယ်မှ လူသားချင်း  စာနာမှုဆိုင်ရာ အခြေအနေကို အမေရိကန် စိုးရိမ်

(ABC Radio Austuralia Newsမှ 11Sept 2012ရက်စွဲပါ “US Humanitarian concern over Rakhine State”ကိုဘာသာပြန်ဆိုသည်)

  1. Coke ကမြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် အချိုရည်များ သင်္ဘောတင်ပို့

(10 September 2012ရက်စွဲပါ Reuter မှCoke ship first drinks to Myanmar in decade ကိုဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

Coke ကမြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် အချိုရည်များ သင်္ဘောတင်ပို့

(10 September 2012ရက်စွဲပါ Reuter မှCoke ship first drinks to Myanmar in decade ကိုဘာသာပြန်ဆိုသည်။)

ကိုကာကိုလာ ကုမ္ပဏီက ၎င်းသည် မြန်မာနိုင်ငံမှ ဖောက်သည်များအတွက် အချိုရည်များ သင်္ဘောတင်ပြီး ဖြစ်ကြောင်းနှင့် နှစ်ပေါင်း၆၀အတွင်း ပထမဆုံး အကြိမ်အဖြစ် တင်ပို့ခြင်း ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းပေးခဲ့ အပြီးတွင် Cokeသည် မြန်မာနိုင်ငံမှ ပင်းယကုမ္ပဏီနှင့် တွဲ၍ ကိုကာကိုလာ ၊ကိုကာ ကိုလာ(Light)နှင့် Sprite တို့ကို နိုင်ငံအဝှမ်း ဖြန့်ချိမည် ဖြစ်သည်။

ပြိုင်ဘက် ပက်စီကုမ္ပဏီက  ပြီးခဲ့သည့်လက ၎င်း၏အချိုရည်အချို့ကို မြန်မာနိုင်ငံတွင် ရောင်းချရန်စီစဉ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ရာ ဆယ်စုနှစ် ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်တွင် အထီးကျန်ဖြစ်မှုမှ လွတ်မြောက်လာသော မြန်မာနိုင်ငံတွင် ဧရာမအချိုရည် ကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုများ ကြီးမားလာတော့မည် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးအချိုရည် ထုတ်လုပ်သူဖြစ်သော Coke သည် ပင်းယကု မ္ပဏီနှင့် ပေါင်း၍ မြန်မာနိုင်ငံတွင် အချိုရည် ပုလင်းများသွပ်၍ ထုတ်လုပ်မှု အမြန်ဆုံး စတင်ရန် လုပ်ဆောင်လျက် ရှိသည်ဟု Cokeကပြောသည်။

ဇွန်လက Cokeသည် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၎င်းသည် ၎င်း၏လှူဒါန်းမှုများ ပြုလုပ်သော ဖောင်ဒေးရှင်းမှ တစ်ဆင့် NGOတစ်ခုသို့ မြန်မာ နိုင်ငံတွင် အမျိုးသမီးများ ၊ စီးပွားရေး ထူထောင်နိုင်ရန်နှင့် အလုပ်အကိုင် ဖန်တီးရန် ဒေါ်လာ၃သန်း ခွင့်ပြုခဲ့သည်ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်၏ ဝက်ဆိုက်တွင် စက်တင်ဘာ ၆ရက်နေ့က ဖော်ပြထားသော ထုတ်ပြန်ချက်အရ ကိုကာကိုလာသည် လာမည့်သုံးနှစ် အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာသန်း၁၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး မြန်မာနိုင်ငံတွင် အလုပ်အကိုင်နေရာ ၂၀၀၀ခန့် ဖန်တီးပေးနိုင်မည်ဟု သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး David Carden၊ အမေရိကန် သမ္မတနှင့် အာဆီယံ ၁၀နိုင်ငံ ခေါင်းဆောင် များ ဖွဲ့စည်းထားသော ASEAN Eminent Persons Group တို့ကလည်း ဖော်ပြခဲ့သည်။

သို့သော် Cokeမှ ပြောခွင့်ရပုဂ္ဂိုလ်က အဆိုပါ အစီအစဉ်ကို အတည်ပြုခြင်း မရှိဘဲ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် မည်၍မည်မျှ ရင်းနှီး မြှုပ်နှံ မည် ဆိုသည်ကို အတိအကျပြောရန် စောလွန်းသေးကြောင်း ပြောကြားခဲ့သည်။ ၎င်းက အဆိုပါ အစီအစဉ်မှာ လာမည့်နှစ်များအတွင်း အရေးကြီးသော ငွေအရင်းအနှီးကို ရင်းနှီးမြှုပ်နှံရန် ဖြစ်ကြောင်း ပြောခဲ့သည်။

Coke၏ ရှယ်ယာသည် နယူယောက် စတော့အိတ်ချိန်းတွင် 17cents သို့မဟုတ် ၀.၄ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ(၃၇.၇၃)တွင် ရှိနေသည်။

---------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်မှ လူသားချင်း  စာနာမှုဆိုင်ရာ အခြေအနေကို အမေရိကန် စိုးရိမ်

(ABC Radio Austuralia Newsမှ 11Sept 2012ရက်စွဲပါ “US Humanitarian concern over Rakhine State”ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အဓိကရုဏ်း ဘေးဒဏ်သင့် ရခိုင်ပြည်နယ်၏ လူသားချင်း စာနာမှုဆိုင်ရာ  အနေအထားအပေါ် စိုးရိမ်ပူပန် မိသည်ဟု ယင်းဒေသသို့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီးသည့်နောက်  အမေရိကန် ပြည်ထောင်စုက ပြောကြားလိုက်သည်။

ဇွန်လအတွင်းက လူပေါင်းဒါဇင်နှင့်ချီ သေဆုံး၍ လူထောင်ပေါင်းများစွာ အိုမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော အဓိကရုဏ်း ဖြစ်ပွားခဲ့သော ဒေသသို့ မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နှင့် အကြီးတန်း သံတမန် ဂျိုးဇက်ယွန်းတို့ ပါဝင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့ နှစ်ရက်ကြာ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

တနင်္လာနေ့ သွားရောက်ခဲ့သော ခရီးစဉ်အပြီး ရန်ကုန်မြို့အမေရိကန် သံရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် “နှစ်ဖက်အသိုင်း အဝိုင်း၏ ကျယ်ပြန့်သော နယ်မြေအနှံ့တွင် ဖြစ်ပွားထိခိုက်ခဲ့ပြီး လူသားချင်း စာနာမှု အနေအထားမှာ ကြီးကြီးမားမား စိုးရိမ်နေရဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။”

ရေရှည်စဉ်ဆက်မပြတ် ပြေလည်မှု ရစေမည့် လက်တွေ့စီမံချက်ကို ချမှတ်အကောင်အထည် ဖော်နေစဉ် အရေးပေါ် လိုအပ်ချက်များကို ဖြေရှင်း သွားရန် အရေးကြီးသည်ဟု လည်းဖော်ပြသည်။

ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာ ရခိုင်များအကြား အကြမ်းဖက်မှု ဖြစ်ရပ်များအတွင်း လူပေါင်း ၉၀ခန့် သေဆုံးခဲ့သည်ဟု တရားဝင် ကိန်းဂဏန်း များ က ဆိုသော်လည်း အမှန်တကယ် သေဆုံးမှုနှုန်း မှာ သိသိသာသာ ပိုမိုများပြားသည်ဟု လူ့အခွင့်အရေး အုပ်စုများက အစီရင်ခံ တင်ပြထားကြသည်။

ရိုဟင်ဂျာ မူစလင်များကို အစိုးရတပ်ဖွဲ့များက ပစ်ခတ်ခဲ့သည်ဟု နယူယောက်အခြေစိုက် Human Rights Watchက စွပ်စွဲခဲ့ပြီး ကုလသမဂ္ဂက သတ်မှတ်ထားသော ရိုဟင်ဂျာများ၏ အနေအထားအပေါ် အစ္စလာမ် ကမ္ဘာတစ်လွှား စိုးရိမ်ပူပန်မှု အသံများ ကျယ်လောင်လာခဲ့သည်။

အမေရိကန် ကိုယ်စားလှယ် အဖွဲ့သည် ဒုက္ခသည် စခန်းများ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ ၊ ဘုန်းကြီးကျောင်းများ၊ ဗလီများသို့ သွားရောက် ခဲ့ပြီး နှစ်ဖက် အသိုင်းအဝိုင်းများကို တွေ့ဆုံခဲ့သည်ဟု သံရုံး၏ ကြေညာချက်တွင် ပါရှိသည်။ အဆိုပါ ခရီးစဉ်တွင် နယ်စပ်ရေးရာဝန်ကြီး အပါအဝင် ဒေသခံ နိုင်ငံရေး ခေါင်းဆောင်များနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ရေရှည်လုံခြုံရေးနှင့် တည်ငြိမ်မှု၊ ဒေသခံများ၏ လွတ်လပ်စွာ သွားလာခွင့်၊ လူသားချင်း စာနာ မှု ဆိုင်ရာ အကူအညီ အထောက်အပံ့များ ရရှိနိုင်မှုနှင့် အကာအကွယ် ပေးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နေထိုင်ကြသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘင်္ဂါလီ ဘာသာစကားပြော ရိုဟင်ဂျာ ၈၀၀၀၀၀ခန့်ကို မြန်မာအစိုးရနှင့် ပြည်သူ အများစုက တရားမဝင် ရွှေ့ပြောင်းဝင်ရောက် နေထိုင်သူများဟု ရှုမြင်သတ်မှတ် ထားကြသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၁.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ပြုပြင်ပြောင်းလဲမှုများက မြန်မာ့အာဏာ လွန်ဆွဲပွဲကို အများသိအောင် ဖော်ထုတ်

(Business Recorder မှ 9 September 2012 ရက်စွဲပါ “Reform lift veil on Myanmar power struggles”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အသင့်ပြင်

(The Japan Timesမှ11 September 2012 ရက်စွဲပါ “Reformed Myanmar ready for Foeign investment” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ အမေရိကန် မစ်ရှင်သွားရောက်

(11 September 2012ရက်စွဲပါ “Pakistan observer မှ US mission on Myanmar” သတင်းကို ဘာသာ ပြန် ဆိုသည်။)

****************************************

ဘာသာပြန်သတင်းများ

ပြုပြင်ပြောင်းလဲမှုများက မြန်မာ့အာဏာ လွန်ဆွဲပွဲကို အများသိအောင် ဖော်ထုတ်

(Business Recorder မှ 9 September 2012 ရက်စွဲပါ “Reform lift veil on Myanmar power struggles”သတင်းကို ဘာသာပြန်ဆိုသည်။)

တပ်မတော်အစိုးရ လက်အောက်တွင် နှစ်ပေါင်းများစွာနေခဲ့ရသော ပြည်သူများသည် အစိုးရအဖွဲ့အတွင်း ဖြစ်ပေါ်နေသော လွန်ဆွဲပွဲများ အကြောင်း ကို ဘာမှသိခဲ့ကြပေ။

သို့သော် မြန်မာနိုင်ငံသည် မနှစ်က နိုင်ငံရေး ပြောင်းလဲမှုလှိုင်းလုံး အပြီးတွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်း အသစ်များကို ဖြေးဖြေးချင်း ခွင့်ပြု လာခဲ့သောကြောင့် အဆိုပါအာဏာ လွန်ဆွဲပွဲများသည် ယခုအခါ လူသိရှင်ကြား ထွက်ပေါ်လာသည်။

လူတစ်ဦး၏ လက်ထဲတွင် အာဏာကို ချုပ်ကိုင်ထားသော တပ်မတော် အစိုးရသည် ယခုအခါ “ဂျောင်း”သွားပြီ။ အာဏာရှင် အသစ်တစ်ယောက် ပေါ်လာချိန် (သို့မဟုတ်) သဘောမကျသော ဗိုလ်ချုပ်တစ်ယောက်ကို ဖမ်းဆီချိန်မျိုးတွင် အတွင်းကြိတ် ဆော်ခဲ့ကြသည့် ခေတ်လည်းကုန်သွားပြီ။

အခြေခံ ဥပဒေသစ် စတင်သက်ရောက်သည့် မနှစ်က မတ်လမှစ၍ အာဏာပါဝါသည် တပ်မတော် အစိုးရ အစားထိုး အရပ်သားတစ်ပိုင်း အစိုးရကို ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ဟောင်းများဆီသို့ ရောက်ရှိသွားသည်။ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်သည်လည်း ရွေးကောက် ခံနိုင်ငံရေး သမားများက အုပ်ချုပ်သူ အစိုးရအပေါ် ကြပ်မတ်နိုင်မည့် အာဏာကို စမ်းသပ်သည့် ခွင်တစ်ခု ဖြစ်လာသည်။

ထို့ပြင်သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၅ရွေးကောက်ပွဲ အပြီးထိပ်သို့ ရောက်လာမည်ဟု တစ်ပြေးနေသော အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့အ ကြား  ထိပ်တိုက်တွေ့နေမှုကို အနီးကပ် စောင့်ကြည့်နေသော ‘စင်’တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

ယခင် အစိုးရဟောင်းတွင် ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ခဲ့သူ ၎င်းတို့နှစ်ဦးစလုံးသည် အစိုးရဟောင်းထံမှ အမွေရလိုက်သော ‘အထက်အောက် အတွေးအခေါ် လွှမ်းမိုးနေပြီး ယခုအခါ မည်သူကပိုမို ကြီးကျယ်သော ဒီမိုကရက်တစ် ဖြစ်မလဲဆိုသည်ကို ပြိုင်ဆိုင်နေကြသည်ဟု နိုင်ငံခြား သံတမန် တစ်ဦး က ဆိုသည်။

၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးသည် အဆင်ပြေခြင်း မရှိဘဲ တပ်မတော် အစိုးရ  မဖျက်သိမ်းခင် လပိုင်းများက မြစ်ဖျားခံ စတင်ခဲ့ဖွယ် ရှိသည်ဟု နိုင် ငံခြား သံတမန် တစ်ဦးက ဆိုသည်။

၂၀၁၁အစောပိုင်းတွင် ဦးသိန်းစိန်ကို သမ္မတရာထူး လျာထားလိုက်ပြီး ထိုစဉ်က ရာထူးအဆင့်ပို မြင့်သော ဦးရွှေမန်းက မူလအရိုက်အရာ ကျဆင်း သွားသည်ဟု နိုင်ငံရေး သတင်းရပ်ကွက် များစွာက ပြောကြားခဲ့သည်။

ယခုအချိန်အထိ သူတို့နှစ်ဦး  ပြိုင်ဆိုင်နေကြသော်လည်း သူတို့စိတ်ကြိုက် အသုံးပြုနိုင်သော နည်းကိရိယာသစ်များ ရှိလာကြပြီဟု ဆိုသည်။ ယခင် က နှစ်ဦးစလုံး စာနယ်ဇင်း သတင်းဌာနများကို ရှောင်ရှားခဲ့ကြ ဖူးသော်လည်း  ယခုအခါ အင်တာဗျူးများ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ကာ ခြေလှမ်း သွက် နေကြသည်။

တစ်ဦး၏ အဆိုပြုချက်ကို အခြားတစ်ဦးက ပိတ်ပင်သည့်အခါ မြန်မြန်ဆန်ဆန် တုန့်ပြန်ကြသည်။ လွှတ်တော်ရေးရာ ကော်မတီများက အစိုးရဝန် ကြီးများကို ခေါ်ယူမေးမြန်းနိုင်သည့် အခွင့်အလမ်းကို အခြေခံဥပဒေခုံရုံး တရားသူကြီး အဖွဲ့က ဖေဖော်ဝါရီလတွင် ပိတ်ပင်လိုက်ခြင်းကြောင့် လွှတ်တော် အမတ်များ ဒေါသထွက်ခဲ့ရသော ကိစ္စကို ၆လကြာ အငြင်းပွားခဲ့ပြီးနောက် ကြာသပတေးနေ့တွင် အခြေခံဥပဒေခုံရုံး တရားသူကြီး ကိုးဦးကို စွပ်စွဲအပြစ် တင် ရန် အောက်လွှတ်တော်က မဲပေးဆုံးဖြတ်ခဲ့သည်။

ယခုပြိုင်ဆိုင်မှုသည် မနှစ်က  စစ်အုပ်ချုပ်ရေးမှာ အဆုံးသတ်ပြီး နောက်ပိုင်း ပထမဆုံး နိုင်ငံရေး ပဋိပက္ခကြီး တစ်ခုဖြစ်ပြီး အစိုးရက ဦးရွှေမန်း အ ပေါ်အားစမ်းခြင်းဟု ရှုမြင်ကြသည်။

“ဒါဟာ ပုဂ္ဂိုလ်ရေးပြိုင်ပွဲ တစ်ခုပါ”ဟု ဇန်နဝါရီလက ထောင်မှ လွတ်လာသော  အယ်ဒီတာ ဇော်သက်ထွေးက ပြောကြားသည်။ဦးရွှေမန်းသည် အခြေခံ ဥပဒေခုံရုံးနှင့် အခြေအတင်ဖြစ်ခြင်းဖြင့် ကြီးကြီးမားမား စွန့်စားမှု ပြုလုပ်လိုက်သည်။ ဤကိစ္စကြောင့် အစိုးရ အဖွဲ့တွင်းမှ လမ်းရိုးဟောင်း ကွန်ဆာ ဗေးတစ်များ သာမကပဲ ဦးသိန်းစိန်နှင့် တရားသူကြီးများ အပါအဝင် လူများစွာကို အခက်တွေ့ သွားစေသည်ဟု ရန်ကုန်မှ အမည်မဖော်လိုသူ  နိုင်ငံခြား အကဲ ခတ်သမား တစ်ဦးက ပြောကြားသည်။

အချို့အကဲခတ်လေ့လာသူ များကမူ “အစိုးရသစ်၏ နေ့စဉ်နိုင်ငံရေး ဘဝထဲတွင် တရားဝင်ရှိနေသေးသော တပ်မတော်က ယခုကိစ္စများကို ခြိမ်း ခြောက်မှု တစ်ခုဟု ယူဆပါက သည်းမခံဘဲ ပါဝင်လာ နိုင်သည်ဟု စိုးရိမ်ပူပန် နေရသည်။  အရှိန်နှေးကွေး နေရသည့်ကြားတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်အပေါ် အန္တရာယ်ရှိ လာနိုင်သည်ဟု သတိပေးကြသည်။                သို့သော် ပြုပြင်ပြောင်းလဲရေး စိတ်အားထက်သန်နေသော ထောက်ခံသူ အများစုကမူ ဒီမိုကရေစီသို့ သိသိသာသာ ဦးတည်နေသော နိုင်ငံတစ်ခုတွင် မလွှဲမရှောင်သာ တွေ့ကြုံရတတ်သည့် လမ်းလျှောက်သင်စ ပြဿနာ တစ်ခုမျှသာ ဖြစ် သည်ဟု အပြုသဘော သုံးသပ်ပြောဆိုကြသည်။

နာမည်ကျော် မြန်မာပညာရှင် ဦးအောင်ထွန်းသက်က “ခုံရုံးပြဿနာဟာ သတိပေး တပ်လှန့်မှုတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လှော်ရင်းနဲ့ လှေကို ဆောက်နေကြတာပါ။ ကျွန်တော်တို့ အားလုံးအတွက် အရာရာဟာ အသစ်အဆန်းပါပဲ။ လေ့လာသင်ယူရတဲ့ အတိုင်းအတာကတော့ တော်တော်ကို စောက်နက်ပါတယ်”ဟု ပြောကြားသည်။

“အပျံသင်စ အင်စတီကျူးရှင်းတွေဟာ နိုင်ငံရေး အခင်းအကျင်း သစ်ထဲမှာရမယ့် သူတို့ရဲ့ ပါဝါအာဏာကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါ တယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

သို့သော်လည်း ဦးအောင်ထွန်းသက်က  “ပြုပြင်ပြောင်းလဲရေး ကတိကဝတ်နှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် ပြည်တွင်းအတိုက်အခံများကို ဖြေးဖြေးမှန်မှန် စည်းရုံးနေသော ပြောင်းလဲရေးဝါဒီ ဗိုလ်ချုပ်များ အနေဖြင့် အနည်းငယ်သာ အမှားခံခွင့်ရှိပြီး၊ အပြောင်းအလဲကို မောင်းနှင်ရန်အချိန် အကန့်အသတ် ရှိသည်”ဟု ဝန်ခံပြောကြားသည်။

အစိုးရ အနေဖြင့် နိုင်ငံဖွံ့ဖြိုးရေး၊ သာမာန်ပြည်သူတို့ ဘဝသိသိသာသာ တိုးတက်ရေး၊ တိုင်းရင်းသား ငြိမ်းချမ်းရေး ကိစ္စများကို ဆောင်ရွက်ရန် လို အပ်နေပြီး မအောင်မြင်ပါက ယုံကြည်စိတ်ချ ခံရမှုကို ဆုံးရှုံးသွား လိမ့်မည်ဟု ၎င်းက ပြောကြား သည်။

“ပြုပြင်ပြောင်းလဲရေး အစီအစဉ်အပေါ် အပိုင်းစီးမှု မှန်သမျှကို ကျွန်တော်တို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် လမ်းကြောင်းကို အပျောက်မခံဘဲ မြန်မြန်ရလဒ် ထွက်ပေါ်လာအောင် ဘယ်လိုလုပ်ကြမလဲလို့ မေးစရာရှိပါတယ်။ ဒါကလျှာနဲ့သွားလို အမှားနဲ့ အမှန်တွဲနေတဲ့ ဝိရောဓိ တစ်ခုပါ”ဟု ဦးအောင်ထွန်းသက်က မှတ်ချက်ပေးသည်။

--------------------------------------------------------------------------------------------------------------------------------

ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် အသင့်ပြင်

(The Japan Timesမှ11 September 2012 ရက်စွဲပါ “Reformed Myanmar ready for Foeign investment” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အေင်ဆန်းစုကြည်သည် လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက် ခံရသော ဧပြီလ ကြားဖြတ်ရွေး ကောက်ပွဲများ အပါအဝင် မနှစ်က စတင်ခဲ့သော မြန်မာ့နိုင်ငံရေး မြန်မြန်ဆန်ဆန် တိုးတက်ပြောင်းလဲမှုများကြောင့် အနောက်အုပ်စုများ၏ စီးပွားရေး Sanctionများ ဖြေလျော့ပေးမှုများ ဖြစ်ပေါ်လာပြီးနောက်တွင် အလားအလာ ကောင်းသော လူဦးရေသန်း၆၀ မြန်မာဈေးကွက်များ၏ အခွင့်အလမ်းကို ဖမ်း ဆုပ်ကြမည့် နိုင်ငံခြားကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှု အသစ်များ ပြုလုပ်ရန် အပြေးအလွှား စီစဉ်နေကြပြီဖြစ်သည်။

စနစ်များ ပြုပြင်ပြောင်းလဲခြင်း အခြေခံအဆောက်အဦးစနစ် တည်ဆောက်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု မူဝါဒရေးဆွဲခြင်း စသော ကြီးကြီး မားမား စိန်ခေါ်မှုများ ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံထုတ် အင်္ဂလိပ်ဘာသာ စာစောင်မှ အယ်ဒီတာများက တိုကျိုတွင် ယခင်လက ပြောကြားသည်။

“ပိုမိုစီးဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေရဲ့ အကူအညီနဲ့ စီးပွားရေး ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ တိုင်းပြည်တစ်ခု အနေနဲ့ မြန်မာ နိုင်ငံ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ တိုင်းပြည်တစ်ခု အနေနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်တွေ့နေရတဲ့ ပြဿနာတွေကတော့ ပွင့်လင်မြင်သာခြင်း မရှိမှု၊ သတင်းအချက်အ လက် အပြည့်စုံမှု၊ အခြေခံ အဆောက်အအုံနိမ့်ကျမှု၊ လူသားအရင်းအမြစ် ချို့တဲ့မှုတွေပဲ ဖြစ်ပါတယ်” ဟု Weekly Elevenမှ အကြီးတန်း သတင်းထောက် နွဲ့ယဉ်အေးက ပြောကြားသည်။ သူမသည် The Myanmar Timesမှ အယ်ဒီတာချုပ် ဦးသာစိန် တို့နှင့်အတူ သြဂုတ်လ ၁ရက်နေ့တွင် ကိုင်းဆိုင်းကိုဟို စင် တာမှ စီစဉ်သော ဆွေးနွေးပွဲတွင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာလွှတ်တော်သည် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များ ကိုဖြေလျှော့ပေးကာ မက်လုံးပေးခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမတည်ငွေများ ပိုမိုစီးဝင် လာအောင် ဆွဲဆောင်ရန် ကြိုးစားနေသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသစ်ကို ပြင်ဆင်ရေးဆွဲ အတည်ပြု လိုက်ပြီဖြစ်သည်။ ဥပဒေသစ်အရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အခွန်ကင်းလွတ်ခွင့် ၃နှစ်မှ၅နှစ်အထိ တိုးမြှင့်ပေးထားပြီး ပုဂ္ဂလိက နိုင်ငံသားများထံမှ မြေငှားရမ်းနိုင်ရန် ခွင့်ပြုထားသည်ဟုဆိုသည်။

ထို့အပြင် အရောင်းအဝယ်အတွက် အများသုံး ငွေကြေးလဲလှယ်နှုန်းကို အသုံးပြုရန် လမ်းရှင်းပေးထားပြီး အနည်းဆုံး ဒေါ်လာ၅သန်း ရင်းနှီးမြှုပ်နှံ ရမည့် ကန့်သတ်ချက် ကိုပယ်ဖျက်ပေးကာ ဖက်စပ်ကုမ္ပဏီ ရှယ်ယာထည့်ဝင်မှု အချိုးကိုလည်း ၅၀ရာခိုင်နှုန်းအထိ ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။

စီးပွားရေး ကဏ္ဍပေါင်းစုံသို့  နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများဒလဟော စီးဝင်လာမှသာ မြန်မာပြည်သူများ၏ နေ့စဉ်စီးပွားရေး လူမှုကိစ္စ အခက်အခဲများ ပြေလည်နိုင်မည် ဖြစ်ပေရာ ပြည်တွင်း ခရိုနီ ကုမ္ပဏီကြီးများ၏ ကိုယ်ကျိုးစီးပွား ကာကွယ်မှုကြောင့် သာမာန်ပြည်သူများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မဖြစ်ရအောင် အထူးသတိထားဖို့ လိုနေသည်ဟု  နိုင်ငံရေး၊ စီးပွားရေး၊ လေ့လာအကဲခတ် သူများက  သတိပေး ပြောကြားထားသည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ အမေရိကန် မစ်ရှင်သွားရောက်

(11 September 2012ရက်စွဲပါ “Pakistan observer မှ US mission on Myanmar” သတင်းကို ဘာသာ ပြန် ဆိုသည်။)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ၏ အခြေအနေကို လေ့လာရန် သွားရောက်လျက်ရှိသည့် အမေရိကန် မစ်ရှင်သည် ဒက္ကားမြို့သို့၂၀၁၂ စက်တင်ဘာ ၁၁ရက်နေ့တွင် ရောက်ရှိလာမည် ဖြစ်ပြီး ဒုက္ခသည်များ ကူညီရာတွင် အမေရိကန်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်သည်။ သံတမန် သတင်းများ က ဆိုရာတွင် အဆိုပါ အချက်အလက် ရှာဖွေရေးမစ်ရှင်တွင် အမေရိကန် နိုင်ငံခြားရေးဌာနမှ အကြီးတန်း တာဝန်ရှိသူ လေးယောက် ပါဝင်ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာ ၈ရက်နေ့တွင် ရောက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ဒက္ကားနှင့် စစ်တကောင်းသို့လည်း သုံးရက်ကြာ သွားရောက်မည်ဟု မျှော် လင့် ရသည်။

၎င်းတို့မှာ  အာရှနှင့် ပစိဖိတ်ရေးရာ  ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun, တောင်အာရှနှင့် ဗဟိုအာရှရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ms Alyssa Ayres၊ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းမှုဆိုင်ရာ ဗျူရိုမှ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kelly Clemontsနှင့်  ဒီမို ကရေစီ ၊ လူ့အခွင့်အေရေးနှင့် အလုပ်သမားဗျူရို ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Doniel Baerတို့ ပါဝင်သည်။

၎င်းတို့သည် အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် ရိုဟင်ဂျာ ဒုက္ခသည်များ နေထိုင်ရေး အခြေအနေ တိုးတက်ရန် အမေရိ ကန်က အကူအညီ ပေးနိုင်မည့် နေရာအပေါ် ဆွေးနွေးကြမည်ဖြစ်သည်။

အစီအစဉ်အရ ဒက္ကားရှိ အမေရိကန် သံအမတ်ကြီး Dan W Mozenaကလည်း စစ်တကောင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ သွားရောက်ရာတွင် အတူ လိုက်ပါမည်ဟု သိရှိရသည်။ ထို့ပြင် အမေရိကန် အဖွဲ့သည် မြန်မာအစိုးရ တာဝန်ရှိသူများ နှင့် ရိုဟင်ဂျာများအပေါ် ရေရှည်ငြိမ်းချမ်းစွာ ကိုင်တွယ်နိုင် ရန် ဆန္ဒပြခြင်း  လုံခြုံမှု ပေးနိုင်ရန် နှင့် လူသားချင်း စာနာသော အကူအညီများ ပေးရေးများကို ဆွေးနွေးကြသည်ဟု သတင်း အရင်းမြစ်များက ဆိုသည်။ ထို့ အပြင် မစ်ရှင်သည် နိုင်ငံပေါင်းစုံမှ သံတမန်များနှင့် ရိုဟင်ဂျာ ပြဿနာများအပေါ် အကြံပြုမှုများကို ဆွေးနွေးရန်လည်း ရည်ရွယ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန သတင်းတစ်ရပ်က ဆိုသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive