Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၅.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ထိုင်း-မြန်မာရေနက်ဆိပ်ကမ်း စီမံကိန်းလမ်းကြောင်းပေါ်ပြန်ရောက်

(5 October 2012 ရက်စွဲပါ  The Nation မှ Thailand-Myanmar deep-sea port projects' back on track ' ကိုဘာသာပြန်သည်)

  1. မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ အစည်းအဝေး ဒိုဟာတွင်ကျင်းပ

(Gulf Times မှ 4 oct 2012 ရက်စွဲပါ “ Doha hosts meetings on Plight of Myanmar Muslims “ သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ထိုင်း-မြန်မာရေနက်ဆိပ်ကမ်း စီမံကိန်းလမ်းကြောင်းပေါ်ပြန်ရောက်

(5 October 2012 ရက်စွဲပါ  The Nation မှ Thailand-Myanmar deep-sea port projects' back on track ' ကိုဘာသာပြန်သည်)

ထိုင်းဝန်ကြီးချုပ် Yingluck နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့သည် ပြီးခဲ့သည့်အပတ်က နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အရန်တွေ့ဆုံမှုအဖြစ် တွေ့ဆုံဆွေးနွေးမှုများအရ ကြန့်ကြာနေသော ထားဝယ်စီမံကိန်းသည် မကြာမီတိုးတက်မှုများ ရှိလာတော့မည် မျှော်လင့်ရသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်နေရာများကို သွားရောက်ကြည့်ရှုရန် စီစဉ်ထားသည်။ တချိန်တည်းမှာပင် အီတာလျံ-ထိုင်းသည် ဆိပ်ကမ်းဆောက်လုပ်ရေှးနှင့် ထိုင်းနယ်စပ်မှ လမ်းဆက်သွယ်မှုတို့နှင့် ပတ်သက်၍ စာချုပ်ကိုယခုလ လက်မှတ်ရေးထိုးနိုင်လိမ့်မည် မျှော်လင့်နေသည်။

“အစပိုင်းမှာတော့ နှစ်နိုင်ငံအစိုးရဟာ ဒီစီမံကိန်းမှာ ဘတ်ဂျက်ထည့်ဝင်ပြီး၊ ပုဂ္ဂလိကတွေကို ဒီစီမံကိန်းမှာ သူတို့ရဲ့ ထောက်ခံပံ့ပိုးမှုရှိကြောင်း အချက်ပေးမှာဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ်၏ အကြံပေးဘုတ်အဖွဲ့ အကြီးအကဲနှင့် ပြန်လည်တည်ဆောက်ရေးနှင့် အနာဂါတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာကော်မတီ ဒါရိုက်တာ Pansak Vinyarath ကပြောကြားခဲ့သည်။

၎င်းကမီဒီယာများသို့ ယမန်နေ့က ပြောကြားရာတွင် အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့သည် ထိုင်းနှင့် မြန်မာတို့ရှိ စီးပွားရေးဇုန်များကြား ချိတ်ဆက်ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မာစတာပလန်( master plan) ကို မူကြမ်းရေးဆွဲလျက်ရှိသည်။

၎င်းတွင်အဓိကအစီအစဉ်ခြောက်ခု ပါဝင်သည်။ ၎င်းတို့မှာ ထားဝယ်စီးပွားရေးဇုန်ရှိ အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ စည်းမျဉ်းဥပဒေများ တိုးတက်မှုရှိရေးနှင့် ဘဏ္ဍာရေးအရထောက်ပံ့ကူညီရေး တို့ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် လုပ်ငန်းအကြံပေးပေးအဖွဲ့ထူထောင်၍ ထိုင်း၊ မြန်မာ နှင့် ဂျပန်နိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကြားနှင့် အခြားရန်ပုံငွေအရင်းအမြစ်များအကြား သင့်လျော်သော ငွေကြေးနှင့် အစုရှယ်ယာဖွံ့ဖြိုးမှုများကို စဉ်းစားပေးရန် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။ ထိုသို့လုပ်ဆောင်ရန် ကတ်ဘိနက်မှ အတည်ပြုချက်ရယူလျှက်ရှိကြောင်း ၎င်းကဖြည့်စွက်ပြောသည်။ ထို့နောက် ထိုင်းအစိုးရသည် ညှိနှိုင်းရေးတာဝန်များကို ကိုင်တွယ်ရန် တရားဝင်လုပ်ငန်းအုပ်စုတစ်ခု တည်ထောင်မည် ဖြစ်သည်။

ထို့အတူ ယမန်နေ့က ဘန်ကောက်ရှိ Japan External Trade Organization (Jetro) မှ ဥက္ကဌသည် စက်မှုဝန်ကြီး Pongasvas Svasti နှင့် ထားဝယ်စီမံကိန်းအကြောင်း ဆွေးနွေးခဲ့သည်။ တွေ့ဆုံအပြီးတွင် Pongasvas ကပြောကြားရာတွင် Jetro သည် ထားဝယ်ရေနက်စီမံကိန်းတွင် ၎င်းပါဝင်မှုကို အတည်ပြုပြောကြားခဲ့သည် ဟု ဆိုသည်။ ပြီးခဲ့သည့် အပတ်က ခေါင်းဆောင်နှစ်ဦး နယူးယောက်တွင် တွေ့ဆုံအပြီး၌ မြန်မာဒုတိယဝန်ကြီးနှင့် ထိုင်းဒုတိယဝန်ကြီး Kittiratt Na-Ranong တို့ဥက္ကဌ အဖြစ်ပါဝင်သော ပူးတွဲကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း စက်မှုဝန်ကြီးက Jetro သို့သတင်းပေးခဲ့သည်။

“ရင်းနှီးမြှပ်နှံမှု အစီအစဉ်ကို နိုဝင်ဘာလမှာကြေညာနိုင်လိမ့်လို့ မျှော်လင့်ရပါတယ်။ ဒါမှသာ ဘယ်အပိုင်းမှာ ဘယ်နိုင်ငံ၊ ဘယ်ပုဂ္ဂလိကနဲ့ နိုင်ငံသုံးနိုင်ငံပူးတွဲရင်းနှီးမြှပ်နှံမှုတွေ ထည့်ဝင်ရမယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်”ဟု Pongsvas ကပြောသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံးကန်ထရိုက်တာဖြစ်သော Italian-Thai Development သည် ထားဝယ်တွင် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန်နှောင့်နှေးကြန့်ကြာနေသော စီမံကိန်းသည် ဒေါ်လာ ၈.၆ဘီလီယံ(၂၃၆) ထက်ပို၍ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။

အီတာလျံ-ထိုင်းဥက္ကဌ Premchai Kamasuta ကပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကန်ထရိုက်စာချုပ် ချုပ်ဆိုနိုင်မည်ဟု မျှော်လင့်နေသည်။

“ကုမ္ပဏီအနေနဲ့ အစက ရေနက်ဆိပ်ကမ်းကို ၂၀၁၅မှာ ပြီးမယ်လို့ရေးဆွဲထားပေမယ့် ၂၀၁၄နှစ်ဦးပိုင်းမှာ ပြီးမယ်လို့ ပြောင်းလဲခန့်မှန်းလိုပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါကန်ထရိုက်စာချုပ်တွင် ထိုင်းနယ်စပ်နှင့် ဆက်သွယ်သော ကီလို ၁၆၀ ရှည်သောလမ်းလည်း ပါဝင်သည်။ ဆိပ်ကမ်းသည် ဒေါ်လာ(၃)ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး၊ လမ်းသည် ဒေါ်လာ(၁) ဘီလီယံကုန်ကျမည် ဖြစ်သည်။ စီမံကိန်းတွင် လျှပ်စစ်ပါဝါထုတ်စက်ရုံတစ်ခု၊ ရေဖြန့်ဖြူးရေးလိုင်းတစ်ခု၊ ရထားနှင့် သတင်းအချက်အလက်နည်းပညာစနစ်တို့ ပါဝင်သည်။

“အခုအခါမှာ စက်မှုဇုန်မြေနေရာမှာ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူ(၆၈)ကျော်ကျော်ကို ကြိုတင်စာရင်းပေးဖို့ စိတ်ဝင်စားနေကြပါပြီ”ဟု ၎င်းကပြောသည်။

ပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ အကဲဖြတ် အစီရင်ခံစာမှာလည်း ပြီးစီးနေပြီဖြစ်ပြီး မြန်မာအစိုးရထံမှ ကန့်ကွက်များလည်း မရှိကြောင်း ၎င်းကဆိုသည်။ အစပထမတွင် ၈၀ရာခိုငနှုန်း ချေးငွေနှင့် ၂၀ရာခိုင်နှုန်း ကုမ္ပဏီ ထည့်ဝင်မှုဖြင့် လုပ်ဆောင်ရန် စီစဉ်ထားသည်။ အစပထမတွင် အီတာလျံ-ထိုင်းက စီမံကိန်း  တွင်စတင် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ ထို့နောက် ထိုင်းအစိုးရနှင့် ဂျပန်ကိုယ်စားလှယ်များ ကဲ့သို့သော ပါတနာများဖြင့် ဖွဲ့စည်းထားသော အဖွဲ့သို့ လုပ်ပိုင်ခွင့် များနှင့် ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးသွားမည် ဖြစ်သည်။

သို့သော်ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီသည် အဆိုပါစီမံကိန်းတွင် ထည့်ဝင်မှု ၂၅%သာ ပါဝင်မှုရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ မြန်မာနိုင်ငံ စက်မှုဝန်ကြီး ဌာနမှ မြန်မာ့အထည်အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ယမန်နေ့က ပြုလုပ်သော ဆွေးနွေးပွဲ တစ်ခုတွင် အမေရိကန်က ရင်းနှီးမြှပ်နှံမှုနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍတွင် အရေးယူထားမှုများကို ရုတ်သိမ်းပြီးနောက် အထည်အလိပ် ကဏ္ဍ၌ ရင်းနှီးမြှပ်နှံမှုနှင့် ပတ် သက်၍ အလားအလာများ တောက်ပလာကြောင်း ပြောခဲ့သည်။

---------------------------------------------------------------------------------------------------------------------

မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ အစည်းအဝေး ဒိုဟာတွင်ကျင်းပ

( Gulf Times မှ 4 oct 2012 ရက်စွဲပါ “ Doha hosts meetings on Plight of Myanmar Muslims “ သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ  လူသားခြင်းစာနာမှု အဖွဲ့အစည်းများ၏  ဒုတိယအကြိမ်အစည်းအဝေးကို မနေ့ကဒိုဟာတွင်ကျင်းပသည်။ ပြည်တွင်း ဒေသတွင်း နိုင်ငံတကာ အဖွဲ့အစည်းအပေါင်း ၃၀ကျော် တက်ရောက်သော ယင်းအစည်းအဝေးကို OICနှင့် Qatar Charityတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး  ပထမအကြိမ် အစည်းအဝေးကို ကွာလာလမ်ပူတွင် သြဂုတ်လက ကျင်းပခဲ့သည်။

အစည်းအဝေး၌ ရခိုင်ပြည်နယ်တွင် လူသားခြင်း စာနာမှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် မဟာဗျူဟာမြောက် အစီအစဉ် ၊အဖွဲ့အစည်းများကြား ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေမည့် နည်းလမ်းများ၊ ရခိုင်ပြည်နယ် အနေအထား အစီရင်ခံစာများ၊ လက်တွေ့ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြ သည်။

Qatar Charity  စီအီးအို အယ်ကူဝါရီက မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူစလင်များ၏ ဒုက္ခကို ကယ်ဆယ် စောင့်ရောက်ရာတွင် အဖွဲ့အစည်းများကြား ညှိုနှိုင်း ဆောင်ရွက်မှု အရေးကြီးကြောင်း ၊ မြန်မာနိုင်ငံ၏ ရှုတ်ထွေးသော ဥပဒေများက မိမိတို့ရခိုင်သို့ မသွားနိုင်အောင် တားဆီးထားသောကြောင့် မြန်မာ နိုင်ငံမှ UNHCR ရုံးနှင့်ပူးပေါင်း ဆောင်ရွက်နေကြောင်း ၊ဘင်္ဂလားဒေ့ရှ်ရှိ မိမိတို့ ရုံးမှတဆင့် ဘဂါင်္လီ-မြန်မာ နယ်စပ်ရှိ ရိုဟင်ဂျာ မွတ်စလင်များကို ကူညီ ထောက်ပံ့ သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သွားခဲ့သည်။

OIC၏ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှုးချုပ် သံအမတ်ကြီး အက်တူမာ နန်ဘာကစ် ကလည်း “မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူစလင်များ၏ ကိစ္စသည် လူသားခြင်း စာနာမှုဆိုင်ရာ ကိစ္စများထဲတွင် အရှုပ်ထွေးဆုံး ကိစ္စတစ်ခု ဖြစ်နေကြောင်း၊ ပြီးခဲ့သော နှစ်များအတွင်း မွတ်စလင် အသိုင်းအဝိုင်း များအကြား စိုးရိမ်ပူပန်စရာ ကိစ္စတစ်ခု  ဖြစ်လာခဲ့ကြောင်း ပြောကြားသည်။

“လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုများ ရှိနေသော ရခိုင်ပြည်နယ်တွင် ဇွန်လက သွေးမြေကျ အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက်ပိုင်း ယင်း ပြဿနာအပေါ် တစ်ကမ္ဘာလုံးက ပိုမိုအာရုံစိုက် လာခဲ့ကြသည် “ဟု ၄င်းကဆက်လက်ပြောကြားသွားသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၅.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရန်ကုန်မြို့တော်အစွန်အဖျားတွင်ဂျပန်ကိုနေရာပေး

“The Week News မှ 3 Oct 2012 ရက်စွဲပါ” Burma gives Japan a place on edge of its Commercial Capital” သတင်းကိုဘာသာပြန်ဆိုသည်။

  1. ဒေသတွင်းပေါင်းကူးတံတားဖြစ်လာအောင် အခြေခံအဆောက်အဦးစနစ် တည်ဆောက်ရန် မြန်မာအခက်တွေ့

(Corgonews Asiaမှ 4Oct 2012ရက်စွဲပါ “Myanmar face uphill task to build infrastructure for regional landbridge” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

  1. ဂျပန်တို့ ထားဝယ်ဆိပ်ကမ်းကို စိတ်ဝင်စား

(4 October2012ရက်စွဲပါ Bangkok Post မှ “Japan interested in Dawei port” သတင်းကိုဘာသာပြန် ဆိုသည်။)

  1. ပြည်တွင်းလိုအပ်ချက် ပြည့်မှီအောင် ထိုင်းသို့ဓါတ်ငွေ့တင်ပို့မှုလျှော့ရန် မြန်မာကြိုးစား

(Reuters News မှ 4 oct 2012 ရက်စွဲပါ “Myanmar Seeks to cut gas to Thailand To meet own needs” သတင်းကိုဘာသာပြန်ဆိုသည်)

*********************************

ရန်ကုန်မြို့တော်အစွန်အဖျားတွင် ဂျပန်ကိုနေရာပေး

(“The Week News မှ 3 Oct 2012 ရက်စွဲပါ” Burma gives Japan a place on edge of its Commercial Capital” သတင်းကို ဘာသာပြန်ဆိုသည်။)

ဂျပန်နိုင်ငံ မြန်မာနိုင်ငံအား အထူးစီးပွားရေး ဇုံအတွက် ကူညီထောက်ပံ့မှု၊ ရင်းနှီးမြုပ်နှံမှု၊ ကြွေးမြီလျှော့ပေါ့မှု အဖြစ် ဒေါ်လာ၁၈ဘီလျံ ပေးလိုက် သည်။ ဂျပန်တို့သည် မြန်မာနိုင်ငံတွင် အရှိန်မြှင့် ရင်းနှီးမြုပ်နှံနေပြီဟု ရိုက်တာသတင်းက ဆိုသည်။

အထောက်အပံ့၊ ရင်းနှီးမြုပ်နှံမှုနှင့် ကြွေးမြီလျှော်ပစ်မှု အဖြစ်အနည်းဆုံး ဒေါ်လာ၁၈ဘီလျံ ရရှိခြင်းအတွက် အပြန်အလှန် အနေဖြင့် ရန်ကုန်မြို့ တော်အနီး သီလ၀ါ ဆိပ်ကမ်း အထူးစီးပွားရေးဇုံနှင့် အိန္ဒိယ သမုဒ္ဒရာ ရေနက်ဆိပ်ကမ်း တစ်ခုတို့ကို မြန်မာအစိုးရက ဂျပန်နိုင်ငံအား အကောင်အထည်ဖေါ် ခွင့်ပေးခဲ့သည်ဟု အစိုးရနှင့် ပုဂ္ဂလိက သတင်းများက ဆိုသည်။

ထို့အပြင် တောင်ဘက်ကမ်းရိုးတန်း ထားဝယ်မှနောက်ထပ် စီးပွားရေးဇုံနှင့်  ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ဂျပန်က ဒေါ်လာ၃.၂ ဘီလျံ ထပ်ပေးဦးမည်ဟု ကြားသိရသည်။

---------------------------------------------------------------------------------------------------------------------

ဒေသတွင်းပေါင်းကူးတံတားဖြစ်လာအောင် အခြေခံအဆောက်အဦးစနစ် တည်ဆောက်ရန် မြန်မာအခက်တွေ့

(Corgonews Asiaမှ 4Oct 2012ရက်စွဲပါ “Myanmar face uphill task to build infrastructure for regional landbridge” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

အာရှဒေသတွင်း ကုန်စည်ပို့ဆောင်ရေး ဗဟိုချက်နှင့် ကြားထောက်စခန်းအဖြစ် ရပ်တည်သွားနိုင်မည့် မြန်မာနိုင်ငံ၏ အလားအလာကို ကျွမ်းကျင် ပညာရှင် ပေါင်းစုံက လက်ခံအတည်ပြု ထားကြသည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် လတ်တလော အကြံပြချက် တစ်ခုမှာ စီးပွားရေး စူပါပါဝါ ဖြစ်လာနေသော အိန္ဒိယနှင့် တရုတ်အကြား ပေါင်းကူးတံတား ဖြစ်လာရေးဖြစ်သည်။

“စိန်ခေါ်မှုတွေကတော့ အများကြီးပါ၊ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍမှာလည်း စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်”ဟု Counsultancy West Indochina ထူ ထောင်ခဲ့သူ Luc de Waeghက ပြောသည်။

တရုတ်နှင့် အိန္ဒိယကြား ဆင်းဒဝစ်ခ်ျမုန့်သဖွယ် အလားအလာကောင်းသော မြန်မာနိုင်ငံ၏ ပထဝီ အနေအထားသည် ယင်းအလားအလာ ကောင်း ကို ညွှန်ပြနေသော်လည်း မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးမှာ အဆိုးဆိုးဝါးဝါးပင် နိမ့်ကျလျက်ရှိသည်။

မြန်မာနိုင်ငံသည် မြောက်ဘက်တွင်လည်း တောင်တန်းများခံနေခြင်း တရုတ်စီးပွားရေး ဇုန်များနှင့်ဝေဒလွန်းခြင်း တို့အပြင် လုံလောက်သော အချိန်နှင့် ငွေကြေးမရှိဘဲ ဖြေရှင်းနေရသော ဟဒ်ဝဲ၊ ဆော့ဖ်ဝဲ နှစ်မျိုးလုံး၏ ပြဿနာများကိုလည်း သိမြင်နားလည်နိုင်ရန် ခက်ခဲနေသည်။

အားကြိုးမာန်တက် ကြိုးပမ်းမှုများကို စတင်ပြုလုပ်နေသော်လည်း တိုင်းပြည်၏ လက်ရှိအခြေခံ အဆောက်အဦ စနစ်သည် အခြေခံအဆင့် ဆက် သွယ်ရေးအတွက် မလုံလောက်သေးပါ။

မြန်မာနိုင်ငံတွင် ပင်လယ်ဆိပ်ကမ်း ၈ခုရှိပြီး ယင်းတို့မှာ အနောက်ဘက် ကမ်းခြေတွင်၎ခုနှင့် တောင်ဘက် ကမ်းရိုးတန်းတွင် ၄ခုတို့ ဖြစ်သည်။ “ဆိပ် ကမ်း၈ခု၏ စနစ်များမှာ သာမာန်မျှသာ ဖြစ်၍ ဆိပ်ခံဘောတံတား ပုံစံမျိုးဖြစ်ပြီး စက်ယန္တရား သုံးစွဲမှု ချို့တဲ့အားနည်းသည်”ဟု လတ်တလော ADBအစီ ရင်ခံစာ “Myanmar Transition ,Opportunities and Challenges”တွင် ဖော်ပြထားသည်။

ရန်ကုန်နှင့် အခြားပြည်တွင်း ဆိပ်ကမ်းများအကြား ပြည်တွင်းရေကြောင်း ကီလိုမီတာ၅၀၀၀ခန့်ဖြင့် ဆက်သွယ်ထားပြီး ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေး လုပ်ငန်း၏ သင်္ဘော၂၄၀ခန့်က စုစုပေါင်း တင်ဆောင်နိုင်သော ကုန်တန်ချိန်မှာ တန်ချိန်၇သောင်းဟု သိရှိရသည်။

အိန္ဒိယ နိုင်ငံသည် ယင်း၏ ကုန်းတွင်းပိတ် ပြည်နယ်များကို ပြည်တွင်းရေကြောင်း များမှတဆင့် ဆက်သွယ်ရန် ဗဟိုအဖြစ် မြန်မာနိုင်ငံ အနောက် ဘက် ကမ်းရိုးတန်း ဆိပ်ကမ်း၎ခုထဲမှ စစ်တွေရေနက်ဆိပ်ကမ်းကို အသုံးပြုရန် မကြာမီက ခွင့်ပြုချက် ရရှိထားသည်။ `ဤကိစ္စနှင့် ပတ်သက်၍ အလုပ်ဖြစ်နိုင် သော စနစ်ကို ဆွေးနွေးပြောဆိုပြီး ဖြစ်သော်လည်း ကုန်းတွင်းလမ်းပန်းဆက်ကြောင်း ဆိုးဝါးချို့တဲ့မှု ပြဿနာမှာ ကြီးမားလျက်ရှိသည်။

              မြန်မာနိုင်ငံသည် ရထားလမ်းကီလိုမီတာ ၃၅၀၀ခန့် ရှိသော်လည်း အရွယ်ပမာဏ ကျယ်ဝန်းသော တိုင်းပြည်အတွက် လုံလောက်မှု မရှိသေးပါ။ ပြု ပြင်ထိန်းသိမ်းမှုစရိတ် နည်းလွန်းသောကြောင့် အခြေခံ အဆောက်အသီး၏ အရည်အသွေး နိမ့်ကျနေသည်ဟု ADBအစီရင်ခံစာက ဆိုသည်။

မြန်မာ့မီးရထားက ၂၀၁၁ခုနှစ်အတွင်း  ပို့ဆောင်ပေးခဲ့သော ကုန်တန်ချိန် သုံးသန်းသည် လွန်ခဲ့သော ၁၉၉၃ခုနှစ် ပို့ဆောင်ခဲ့သော ပမာဏနှင့် တူ ညီနေခြင်းမှာ မယုံကြည်နိုင်စရာ ပင်ဖြစ်သည်။

သိသိသာသာ ပြောင်းလဲမှုကို ကားလမ်းများတွင် တွေ့ရသည်။ ကားလမ်းအရှည်စုစုပေါင်း ကီလိုမီတ တစ်သိန်းသုံးသောင်း ခန့်ရှိသော်လည်း မြေဧရိ ယာ နှင့် လမ်းအချို့မှာ မြေ၁၀၀၀စတုရန်း ကီလိုမီတာ မျှသာရှိသည်။ ယင်းတို့အနက် ၂၀ရာခိုင်နှုန်းမျှသာ ရာသီမရွေး သွားလာနိုင်သည်။

ဤကိစ္စအပေါ် လောင်းရိပ်မိုးနေသော ပြဿနာ ကြီးတစ်ခုရှိသည်။ ဆင်းရဲနွမ်းပါးသော မြန်မာနိုင်ငံအတွက် အခြေခံ အဆောက်အဦင်္စနစ် ကုန်ကျ စရိတ်မှာ ဈေးကြီးလွန်း နေခြင်းဖြစ်သည်။

ငွေကြေးအဖွဲ့အစည်းများက ဒဏ်ခတ်ထားဆဲ တိုင်းပြည်သည် ပိုက်ဆံရှာရန် အလွန်ခက်ခဲ ပေလိမ့်မည်။ မပြီးနိုင်သော ပြဿနာ၏ အရှုပ်ထွေး ဆုံး ကိစ္စမှာ တရုတ်နိုင်ငံနှင့် ဆက်သွယ်မည့် လမ်းကြောင်းဖြတ်သန်းရမည့် နယ်မြေပင်ဖြစ်သည်။ တောင်တန်းထူထပ် လွန်းသောကြောင့် အကောင်အထည် ဖော် ရန် စရိတ်ကြီးခြင်းမှာ ပြဿနာတစ်ရပ် ဖြစ်နေသည်။

နောက်ထပ်ပြဿနာကြီး တစ်ခုမှာ ဘယ်သူ့နိုင်ငံလဲ ဟူသော ကိစ္စဖြစ်သည်။ မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှု ၊တိုင်းရင်းသား ပဋိပက္ခနှင့် မူးယစ် ဆေးဝါး ကုန်ကူးမှုတို့ ရောထွေးနေသော ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေသော နိုင်ငံဖြစ်သည်။ ထိုအခြေအနေကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအတွက် ဘယ်လောက်များများ တံခါးဖွင့် ပေးနိုင်မလဲဟူသော မေးခွန်းထွက်ပေါ်နေသည်။

ယင်းပြဿနာ၏ ထင်ရှားသော သာဓကမှာ အနောက်ဖက် ကမ်းရိုးတန်းမှ စစ်တွေဆိပ်ကမ်း ဖြစ်သည်။ အိန္ဒိယနိုင်ငံက ၎င်း၏ကုန်းတွင်းပိတ် ဒေသ ကို လမ်းဖွင့်ရန်အတွက် အကုန်အကျခံ တည်ဆောက်နေသော ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် မကြာသေးမီက ရခိုင်ပြည်နယ်၌ အဓိက ရုဏ်းများ ဖြစ်ပွားစဉ် ရပ်ဆိုင်းသွားခဲ့ရသည်။   သြစတြေးလျ Macquire Universityမှ ထင်ရှားသော မြန်မာ့ရေးရာကျွမ်းကျင်သူ စီးပွားရေး ပညာရှင် ရှောင် တန်နယ်က “ရခိုင်အဓိကရုဏ်း ပြဿနာဟာ ပညာရပ်ဆိုင်ရာ ကိစ္စမဟုတ်ပါဘူး၊ အစိုးရအနေနဲ့ သေချာကိုင်တွယ် နိုင်ဖို့လိုတယ် ဆိုတာကို ထင်ထင်ရှားရှား ပြနေတဲ့ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်”ဟု မှတ်ချက်ပေးသည်။

---------------------------------------------------------------------------------------------------------------------

 ဂျပန်တို့ ထားဝယ်ဆိပ်ကမ်းကို စိတ်ဝင်စား

(4 October2012ရက်စွဲပါ Bangkok Post မှ “Japan interested in Dawei port” သတင်းကိုဘာသာပြန် ဆိုသည်။)

ဂျပန်နိုင်ငံသည် ထားဝယ်ရေနက်ဆိပ်ကမ်းဖွံ့ဖြိုးရေး အတွက်ရင်နှီးမြှုပ်နှံရာ၌ မြန်မာ၊ ထိုင်းနိုင်ငံတို့ နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန် မှုကို စက်မှုဝန်ကြီး Pongsvas Svastiက ကြာသပတေးနေ့က ထပ်မံအတည်ပြု ပြောကြားခဲ့သည်။

Mr. Pongsvas ကပြောကြားရာတွင် ထိုင်း၊ မြန်မာတို့နှင့် အတူပူးပေါင်း ဆောင်ရွက်ရန် ကတိကဝတ် များအားအတည်ပြုခဲ့သည်ဟု ဆိုသည်။ ထည့် ဝင်ရမည့် ရင်းနှီးမြှုပ်နှံသူများ အပါအဝင် အသေးစိတ် အစီအစဉ်မှာမူ နိုဝင်ဘာလတွင် ထိုင်း-မြန်မာ လုပ်ငန်းကော်မတီ ပုံပေါ်လာသောအခါမှ ရှင်းရှင်းလင်း လင်း ဖြစ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

တာဝန်ဝတ္တရားများ ခွဲဝေသတ်မှတ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကြီးကြပ်နိုင်ရန် နှစ်နိုင်ငံအကြား သဘောတူထားသော MOUအရ ပူးတွဲ ကော်မတီကို ထူထောင်မည်ဖြစ်သည်။

---------------------------------------------------------------------------------------------------------------------

ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် ထိုင်းသို့ဓါတ်ငွေ့တင်ပို့မှုလျှော့ရန် မြန်မာကြိုးစား

(Reuters News မှ 4 oct 2012 ရက်စွဲပါ “Myanmar Seeks to cut gas to Thailand To meet own needs” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြည်တွင်းဓါတ်အား မလုံလောက်မှုကို ကိုင်တွယ်နိုင်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို အာမခံနိုင်ရန် နည်းလမ်းများကို စဉ်းစား ကြံဆနေခြင်းကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် သဘာဝဓါတ်ငွေ့ တင်ပို့မှု သဘောတူညီချက်များကို ပြန်လည်ညှိုနှိုင်းလိုသည်ဟု စွမ်းအင်ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူက ပြောကြားသည်။

ကမ်းလွန်ဓါတ်ငွေ့ သိုက်များမှ အဓိက ထွက်ရှိပြီး ထိုင်းနိုင်ငံသို့ လက်ရှိနေ့စဉ် တင်ပို့နေသော သဘာဝဓါတ်ငွေ့ ကုဗပေ သန်း၁၀၀၀ အနက်မှ နေ့စဉ်ကုဗပေ သန်း၂၀၀ဆန့်ကို ပြန်ယူရန် သဘောတူညီမှု ရနိုင်မည်ဟု မြန်မာအစိုးရက မျှော်လင့်နေကြောင်း ယင်းတာဝန်ရှိသူက ပြောကြားသည်။

“မူလကန်ထရိုက် စာချုပ်အရဆိုရင် ထွက်ရှိတဲ့ဓါတ်ငွေ့ရဲ့ ၂၀-၂၅ရာခိုင်နှုန်းကို ပြည်တွင်းသုံးအတွက်ဒေသပေါက်ဈေးနဲ့ ကျွန်တော်တို့ ၀ယ်ယူခွင့် ရှိပါတယ်”ဟု အမည်မဖော်လိုသော တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံသည် မနှစ်ကအာဏာ စွန့်သွားသော တပ်မတော် အစိုးရဟောင်း လက်ထက်တွင် ရေနံ၊ဓါတ်ငွေ့နှင့် ရေအားလျှပ်စစ်တို့ကို အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံသို့ ရောင်းချရန်အတွက် ပြည်ပစွမ်းအင် ကုမ္မဏီများနှင့် ကန်ထရိုက် စာချုပ်များ ဒါဇင်နှင့်ချီ၍ လက်မှတ်ရေးထိုး ထားခဲ့သည်။

လူဦးရေ၏ ၇၅ရာခိုင်နှုန်းသည် လျှပ်စစ်မီး ပုံမှန်မသုံးစွဲနိုင်သော မြန်မာနိုင်ငံတွင် ဓါတ်အားမလုံလောက်မှု ပြဿနာကို အရေးပေါ် ဖြေရှင်းရန် လိုအပ် နေခြင်းကို လက်ရှိအစိုးရသစ်က သိရှိနားလည် နေပြီဖြစ်သည်။ ဓါတ်ငွေ့လောင်စာသုံး ဓါတ်အားပေး စက်ရုံသစ်များ တည်ဆောက်ခြင်းသည် ၀ယ်လိုအား ကြီးထွားလာခြင်းကို ပြည့်မှီနိုင်မည့် အမြန်ဆုံး နည်းလမ်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။

        “အရင်တုန်းက လိုအပ်ချက်သိပ်မများလို့ ကျွန်တော်တို့ ပြန်မယူခဲ့ပါဘူး ဒါပေမဲ့အခု စီးပွားရေးမူဝါဒတွေ ပြောင်းလဲလိုက်လို့ ဓါတ်အား လိုအပ်ချက်က မြန်မြန်ဆန်ဆန် ကြီးထွားနေပါတယ်”ဟု အမည်မဖော်လိုသော တာဝန်ရှိသူက ပြောကြားသည်။

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေကို နှစ်ကုန်တွင် အတည်ပြုနိုင်ရန် မျှော်လင့်ထားခြင်း၊ မြန်မာ့အပြောင်းအလဲကို အသိအမှတ်ပြုသော  အနောက် အုပ်စုက Sanctionsများ ဖြေလျှော့ပေးခြင်းတို့ကြောင့် ကျယ်ပြန့်လာတော့မည့် စီးပွားရေးကို အားပေးမြှင့်တင်ဖို့ သဘာဝ အရင်းမြစ်များကို အသုံးပြုရန် မြန် မာအစိုးရက ဆန္ဒရှိနေသည်။

သို့သော်လက်ရှိ ဓါတ်အားကွန်ယက် ခေတ်မမီတော့ခြင်း၊ မြို့ကြီးများတွင် ပုံမှန်မီးပျက်ခြင်း၊ ပုံမှန်လည်ပတ်နေသော ဓါတ်အားပေးစက်ရုံများ အကန့် အသတ် ရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် စက်ရုံထူထောင်လိုသည့် ရင်းနှီးမြှပ်နှံ သူများအနေဖြင့် မရေရာမှုနှင့် ရင်ဆိုင်ကြုံတွေ့ ရပေလိမ့်မည်။

ကုဗပေ ၁၁ ထရီလီယံမှ ၂၃ထရီလီယံ အကြားရှိမည်ဟု အစိုးရက ခန့်မှန်းထားသော မြန်မာဓါတ်ငွေ့သိုက်များမှ တင်ပို့မှုသည် ထိုင်းနိုင်ငံသုံးစွဲမှု၏ ၃၀ ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးနေပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရာတွင် အဓိက အသုံးပြုခြင်းဖြစ်သည်။

မြန်မာဓါတ်ငွေ့ကို ၀ယ်ယူတင်သွင်းပေးနေသော ထိုင်းနိုင်ငံပိုင်ကုမ္မဏီ PTT Pcl အကြီးအကဲ တီဗင်ဗွန်ဗာနစ်ခ်ျက “ထိုင်း- မြန်မာ နိုင်ငံသည် လက်ရှိနှင့် နောက်ထပ်သဘောတူ စာချုပ်များမှ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရန် အတူလုပ်ဆောင်နေကြသည်”ဟု ကြာသပတေးနေ့တွင် ရိုက်တာသို့ ပြောကြားသည်။

“နှစ်နိုင်ငံ စလုံးအတွက် ပြည်တွင်းသုံး လိုအပ်ချက် ပြည့်မှီနိုင်ဖို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် နေကြပါတယ်”ဟု ၄င်းကဆိုသည်။ ထိုင်းနိုင်ငံ လိုအပ်ချက်ထက် ပိုပြီးထွက်လာရင် မြန်မာနိုင်ငံကို ပေးမှာပါ။ ရှိပြီးသား ကန်ထရိုက် စာချုပ်ကို ပြန်ညှိုနှိုင်းတာ(သို့) ပြောင်းလဲတာမျိုး မရှိပါဘူး” တီဗင်ဗွန်ဗာ နစ်ခ်ျက ပြောကြားသည်။

မြန်မာတာဝန်ရှိသူ ပြောကြားသလို စာချုပ်တွင် “ပြန်လည်ဝယ်ယူခြင်း စာကြောင်းပါသည် ဆိုသောအချက်ကို တီဗင်ဗွန်ဗာနစ်ခ်ျက အတည်ပြုနိုင် ခြင်း မရှိပါ။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive