Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၉.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. ထိုင်းနိုင်ငံသို့ရာသီပေါ်အလုပ်သွားလုပ်သူများအတွက် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန်စီစဉ်
  2. နိုင်ငံခြားသားများသို့ ကွန်ဒိုတိုက်ခန်းတိုက်ရိုက်ရောင်းချခွင့် ဥပဒေထွက်ပေါ်လာရန် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ တောင်းဆို

နိုင်ငံရေးသတင်း

  1. ဒုတိယသမ္မတဦးဆောင်၍ လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်း
  2. အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်တွင် ကချင်စစ်ပွဲအရေး  အရေးကြီးအဆို တင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

ထိုင်းနိုင်ငံသို့ရာသီပေါ်အလုပ်သွားလုပ်သူများအတွက် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန်စီစဉ်

ထိုင်းနိုင်ငံသို့ ရာသီပေါ်အလုပ်သွားရောက် လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား သက်တမ်း (၃)လရှိသော ယာယီနိုင်ငံကူး လက်မှတ်များထုတ်ပေးရန် စီစဉ်လျှက်ရှိကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ယခုကဲ့သို့ သက်တမ်း(၃)လရှိသော ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးမှုများကို ထိုင်းနိုင်ငံတွင် ရာသီအလိုက် သီးနှံစိုက်ခင်းများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းမြန်မာလုပ်သားများအပြင် နေ့စဉ်နယ်စပ်ဒေသမှ သွားရောက်အလုပ်လုပ်နေကြသူများအတွက်ပါ ရည်ရွယ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ယာယီနိုင်ငံကူးလက်မှတ် လုပ်ပေးလိုက်ခြင်းဖြင့် ထိုင်းနိုင်ငံအတွင်းသို့ နေ့စဉ် ဝင်လိုက်ထွက်လိုက် လုပ်နေကြသည့် အလုပ်သမားများအတွက် အကုန်အကျ သက်သာသွားမည်ဖြစ်ပြီး ယင်းနိုင်ငံအတွင်းရှိ တရားမဝင် အလုပ်သမားများမှာလည်း ဖမ်းဆီးခံရမှုများ ရှိတော့မည်မပာုတ်ကြောင်း ယင်းဌာနမှ ၎င်းက ပြောကြားသည်။

ယာယီနိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်ကြရမည့် အလုပ်သမားများအနေဖြင့် ယင်းနိုင်ငံမှ တရားဝင် သတ်မှတ်ပေးထားသည့် လုပ်ခလစာအပြည့်အဝ ရရှိမည်မပာုတ်သော်လည်း ပုံမှန်လုပ်ခလစာကိုမူ ရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အဆိုပါ(၃)လသက်တမ်းရှိ ယာယီနိုင်ငံကူးလက်မှတ်များထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ကုန်ကျစရိတ်မှာမူ ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။၊

ထိုင်းနိုင်ငံသို့ တရားဝင်သွားရောက်သူများ ရှိသကဲ့သို့ တရားမဝင်လမ်းကြောင်းများမှလည်း သွားရောက်သူများ ရှိနေသည့်အတွက် ရာသီအလိုက် ရွှေ့ပြောင်းလုပ်သားဦးရေ မည်မျှရှိသည်ကိုလည်း ခန့်မှန်းတွက်ဆရန် ခက်ခဲနေသေးကြောင်းလည်း သိရသည်။

        YC

                                                            **************************************

နိုင်ငံခြားသားများသို့ ကွန်ဒိုတိုက်ခန်းတိုက်ရိုက်ရောင်းချခွင့် ဥပဒေထွက်ပေါ်လာရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တောင်းဆို

မြန်မာနိုင်ငံအတွင်းသို့ မကြာမီကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာတော့မည် ဖြစ်သည့်အတွက် နိုင်ငံခြားသားများ အား ကွန်ဒိုတိုက်ခန်းတရားဝင်တိုက်ရိုက် ရောင်းချခွင့်ဥပဒေတရပ် အမြန်ဆုံးထွက်ပေါ်လာရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက တောင်းဆို ထားကြောင်းသိရသည်။

ကွန်ဒိုတိုက်ခန်းများနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနတို့မှ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေမူကြမ်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေမူကြမ်းတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူလိုပါက ခြောက်ထပ်နှင့်အထက်ကိုသာ ဝယ်ယူခွင့်ပြုထားပြီး ကျန် ၆၀% ကိုမူမြန်မာတိုင်းရင်းသားများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများမှ ဝယ်ယူကြသော်လည်း အဆိုပါဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံသားများ၏ အမည်ဖြင့်သာ ဝယ်ယူရလေ့ရှိကြောင်းသိရသည်။ နိုင်ငံခြားသားများအား တရားဝင် ရောင်းချခွင့်ရှိလာပါက ဈေးကွက်တွင် အဌားထက်၊အရောင်း ပိုမိုဖြစ်ထွန်းလာနိုင်ကြောင်း၊ လက်ရှိရေးဆွဲထားသည့်  စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအကြားတွင် ဒွိဟကွဲပြားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။ လက်ရှိရေးဆွဲပြီးဖြစ်သည့်  စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေမူကြမ်းကို အချောသတ်၍ လွှတ်တော်သို့အမြန်ဆုံးတင်ပြ အတည်ပြုပြဋ္ဌာန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

                        **************************************************************************************

နိုင်ငံရေးသတင်း

ဒုတိယသမ္မတဦးဆောင်၍ လာဘ်ပေးလာဘ်ယူ အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်း

နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြေငြာစာအမှတ်(၉/၂၀၁၃)ကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၌ အစိုးရသစ်တာဝန်ယူချိန်မှစတင်၍ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့ှ်ရှင်းသောအစိုးရ ဖြစ်ပေါ်လာစေရေးအတွက် လက်ရှိအစိုးရအဖွဲ့တွင်း အဂတိတရားကင်းရှင်းနိုင်ရေးနှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မတီကိုဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)(၂)(၃)(၄)(၅)မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးသိန်းညွှန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ နိုင်ငံတော်သမ္မတ ဥပဒေအကြံပေးအဖွဲ့ဝင် ဦးသန်းကျော်နှင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းတို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြန်ကြားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲထွဋ်အား တာဝန်ပေးအပ်လိုက်ကြောင်း အမိန့်ကြေငြာစာအမှတ်(၆/၂၀၁၃)ကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရ