Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၂.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးတွဲဆောင်ရွက်မှုကော်မတီ ကိုရီးယားဖွဲ့စည်း

(Korea Ioong Ang Daily မှ 12 Jan 2013 ရက်စွဲပါ “Korea to establish economic committee with Myanmar” သတင်းကို ဘာသာပြန်ပါ သည်)

  1. ပြစ်တင်ရှုတ်ချမှုခံရသော ကချင်စစ်ပွဲအပေါ် မြန်မာအစိုးရ ဘယ်လိုမြင်သလဲ

(Global Post မှ 8 Jan 2013 ရက်စွဲပါ Myanmar: how the regime sees it's widely condemned war ကိုဘာသာ ပြန်ဆိုသည်)         

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးတွဲဆောင်ရွက်မှုကော်မတီ ကိုရီးယားဖွဲ့စည်း

(Korea Ioong Ang Daily မှ 12 Jan 2013 ရက်စွဲပါ “Korea to establish economic committee with Myanmar” သတင်းကို ဘာသာပြန်ပါသည်)

ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံသည် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ လက်တွဲမှုခိုင်မာစေရန် ရည်ရွယ်သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီကို ထူထောင်ရန် သဘောတူခဲ့ကြသည်ဟု ဆိုးလ် မဟာဗျူဟာနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ကပြောကြားသည်။

မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ကြာသာပတေးနေ့က ကျင်းပသော အစည်းအဝေးတွင် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဘတ် ဂျေးဝန် နှင့် မြန်မာဝန်ကြီး ဒေါက်တာကံဇော် တို့အကြား သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာန အဆိုအရသိရှိရသည်။

ဆက်လက်၍ အဆိုပါပူးတွဲကော်မတီ၏ ပထမဆုံးအစည်းအဝေးကို ယခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံ၌ ကျင်းပရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်း၊ နှစ်နိုင်ငံကြားဆက်ဆံရေး သိသိသာသာ တိုးတက်လာခြင်းကို ဘတ်ဂျေးဝန် က အထူးချီးကျူးဂုဏ်ပြုခဲ့ကြောင်း ဆက်ဆံရေး ဆက်လက်တိုးတက်အောင် အားပေးရန်အတွက် အစိုးရအဖွဲ့များ၏ ပံ့ပိုးမှု အရေးကြီးခြင်းကို ထုတ်ဖော်ဆွေးနွေးခဲ့ကြကြောင်း ဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ဘတ်ဂျေးဝန်၏ မြန်မာခရီးစဉ်သည် ဒေသတွင်းခေါင်းပြူလာသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများသို့ လှည့်လည်နေသော ခရီး၏ အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု သိရှိရသည်။

*******************************************************

ပစ်တင်ရှုတ်ချမှုခံရသော ကချင်စစ်ပွဲအပေါ် မြန်မာအစိုးရ ဘယ်လိုမြင်သလဲ

(Global Post မှ 8 Jan 2013 ရက်စွဲပါ Myanmar: how the regime sees it's widely condemned war ကိုဘာသာ ပြန်ဆိုသည်)

တရုတ်-မြန်မာ နယ်စပ်ဒေသတစ်လျှောက် ကချင်ပြည်နယ်တွင်းရှိ လက်နက်ကိုင်အင်အားစုများကို မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှု များပြုလုပ်လာမှုသည် ကန့်ကွက်ရှုတ်ချမှုများစွာကိုဖြစ်ပေါ်စေသည်။

နယူးယောက်တိုင်းမ် သတင်းစာရေးသားချက်အရ ကချင်ပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်အများစုပါဝင်သော ကေအိုင်အေလက်နက်ကိုင်တပ်ဖွဲ့ အပေါ်တိုက်ခိုက်မှုများသည် လွန်စွာပြဿနာဖြစ်စေသော ကိစ္စဖြစ်သည်ဟုနိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ဖော်ပြောဆိုထားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက မြန်မာစစ်တပ်အနေဖြင့်စစ်မက်ပဋိပက္ခကို အမြန်ဆုံးရပ်ဆိုင်းအောင်ပြုလုပ်သင့်ကြောင်း အလေးအနက် တိုက်တွန်း ပြောဆိုသည်။

သို့သော် အဆိုပါ စစ်မက်ပဋိပက္ခမှာ အစိုးရမီဒီယာများတွင်တစ်မျိုးတစ်ဖုံပုံဖော်ရေးသားခြင်းခံနေရသည်။ တစ်ချိန်ကအနောက်မီဒီယာများကို "လေလှိုင်းပေါ်ကလူသတ်သမားများ" "သွေးထိုးသူများ"အဖြစ်သတ်မှတ်ဖော်ပြခဲ့သော New Light of Myanmar သတင်းစာ၏ ယမန်နေ့ကစာစောင်ကို ဖတ်ရှုကြည့်မည်ဆိုလျှင် "ကချင်သူပုန်များသည် ရထားလမ်း၊ကားလမ်းများကို ဖောက်ခွဲဖျက်ဆီးပစ်သလို ဒေသခံပြည်သူများထံမှ ငွေကြေးများကိုလုယက် တိုက်ခိုက်လျက် ရှိသည်" ဟု ရေးသားဖော်ပြသည်။

ဇန်နဝါရီလ ၆ ရက်နေ့ထုတ် ယင်းသတင်းစာတွင်မူ "သူပုန်များသည် ထရပ်ကားများကို ပစ်ခတ်တိုက်ခိုက်ကာ အမျိုးသမီးများကိုလည်း အဓမ္မ ခေါ်ဆောင်သွားကြသည်။ မြို့တွင်းနေရာများတွင် မြေမြှုပ်မိုင်းများထောင်ခဲ့ကြသည်" ဟု ရေးသားပြန်သည်။

၂၀၁၃ ခုနှစ်၊ နှစ်သစ်ကူးကာလ တွင်ထုတ်ပြန်သော New Light of Myanmar တွင်"ကချင်သူပုန်များသည် ၂၀၁၁ ခုနှစ်၊ မေလ မှစ၍ ကချင် ပြည်နယ်တွင်းမိုင်းထောင်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၁ ကြိမ်တိတိပြုလုပ်ခဲ့သည်"ဟုရေးသားထားသည်။

အဆိုပါ အစိုးရသတင်းမီဒီယာ ရေးသားဖော်ပြသမျှ မှန်ကန်မှုရှိပါ၏လောဟုမေးစရာရှိလာသည်။ ပထမဆုံး စဉ်းစားကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ ရှိစစ်မက်ပဋိပက္ခဖြစ်ပွားရာ ဇုန်အတွင်းလုံးလုံးလျားလျား အမှီအခိုကင်းရှင်းကာ လွတ်လပ်မှုရှိသည့်မီဒီယာများ အနေဖြင့်ဝင်ရောက် သတင်းယူရေးသားနိုင် ရေးမှာလွန်စွာ ခဲယဉ်းသည့်ကိစ္စရပ်ဖြစ်နေသည်ကို တွေ့ရပေမည်။ ထို့ပြင်စစ်မက်ပဋိပက္ခဇုန်များနှင့် ပတ်သက်၍ မျက်မြင်သက်သေ တွေ့ကြုံဖူးသူများမှာ ကိုယ်တိုင်တိုက်ခိုက်နေသူများနှင့် အနီးရှိရွာသူရွာသားများသာဖြစ်ကြသည်။

အနောက်တိုင်း သတင်းမီဒီယာများတွင် ယင်းသူပုန်အုပ်စုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ရေးသားမှုတို့မှာမူ ထူးထူးခြားခြားဖြစ် သလိုဘာသာရေးနှင့် ယဉ်ကျေးမှုတို့အရ ရှောင်ရှားရန်အမှုများဖြစ်ကြသည်။ သို့သော် မြန်မာအစိုးရတွင် အကြမ်းဖက်ရက်စက်တတ်သော မှတ်တမ်းများ ကာလကြာရှည်စွာရှိထားခဲ့ပေရာ New Light of Myanmar ကဲ့သို့သောအစိုးရမီဒီယာများတွင်ပါရှိသော ဖော်ပြချက်များကြောင့်သံသယများကိုလျော့ကျ သွားစေမည်မဟုတ် သလို အကျိုးအမြတ်လည်းဖြစ်ပေါ်မည်မဟုတ်ပေ။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment