Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၀.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို ဖြိုခွင်းဖို့ရဲတွေက ကြိုတင်စီစဉ်ထားပုံရပါတယ်။ သူတို့ အသုံးပြုတဲ့ လက်နက်ဟာ စစ်တပ်မှာသာရှိနိုင်တဲ့ လက်နက်ဖြစ်ပြီး စစ်ဖြစ်နေတဲ့ အနေအထားမှာတောင် လူတွေဆီကို ရည်ရွယ်ပြီး ပစ်ခတ်ခြင်းမပြုအောင် ပယ်ဖျက်ထားတဲ့ လက်နက်အမျိုးအစားပါ”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် မဇ္စိုမဂျာနယ် အတွဲ (၂) အမှတ် (၂၂) တွင်ပါရှိသော “သပိတ်စခန်း ဖြိုခွင်းမှုတွင်သုံးသည့် လက်နက်နှင့် ပတ်သက်၍ ဒုဝန်ကြီးတုန့်ပြန်” သတင်းမှ  Justice Jrutht အဖွဲ့ဒါရိုက်တာ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာပါမောက္ခ Roger Normand ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကုန်ဈေးနှုန်းကြီးလို့ လစာနဲ့မလောက်လို့ လာဘ်စားနေရပါတယ်လို့ ပြောလာတာကို လက်ခံနိုင်စရာ မရှိပါဘူး။ ဒီလစာကို ကျေနပ်လို့ အစိုးရအလုပ်ကို ဝင်လာခဲ့ကြတာပဲ။ ပြီးမှ လစာမလောက်လို့ လာဘ်စားရပါတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ လာဘ်ပေး၊ လာဘ်ယူမှုရှိတဲ့ အစိုးရဝန်ထမ်းတွေကိုလည်း လွှတ်တော်က တိုက်ခိုက် သွားမှာပါ။”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် မဇ္စိုမဂျာနယ် အတွဲ (၂) အမှတ် (၂၂) တွင်ပါရှိသော “ရဲအရာရှိများအပါအဝင် ရဲဝန်ထမ်း ၃၂၇၀ ဦးကို ထုတ်ပယ်” သတင်းမှ  လသာမြို့နယ်မှ လွှတ်တော်အမတ် ဦးကြည်မြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်တော်တို့နိုင်ငံအနေနဲ့ အမှောင်ခေတ်ထဲမှာ နှစ်ပေါင်း ၅၀ လောက်ဖြတ်သန်းခဲ့ရပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ သင်ကြားခဲ့ရတဲ့ ဥပဒေပညာရပ်ဟာ ဆိုရှယ်လစ်စနစ်နဲ့ သက်ဆိုင်တဲ့ ဥပဒေသာ ဖြစ်ပါတယ်။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုရင်လည်း ပြည်သူလူထုရဲ့ဆန္ဒ သဘောထားမပါဘဲ ရေးဆွဲခဲ့တာပါ။ အဲဒီ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေဟာ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ ပံ့ပိုးပေးနိုင် တဲ့ ဥပဒေလို့ပြောလို့မရပါဘူး။ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲသွားဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်”

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် News Week Journal အတွဲ (၂) အမှတ် (၇၀) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ဆွေးနွေးပွဲအမှတ်စဉ် ၃၂/၂၀၁၃ ကျင်းပ” သတင်းမှ ရှေ့နေဦးကိုနီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကျွန်မတို့ဆီက လူငယ်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာရင် ကိုယ်တွေကို အလုပ်မခန့်ဘူး။ သူတို့လူတွေပဲ အလုပ်ခန့်တယ်ပြောကြတယ်။ တကယ်ကျွန်မတို့ဘက်က လိုအပ်တာခုထက်ထိအင်္ဂလိပ်စကားတောင် ဖြောင့်အောင်မပြောနိုင်တဲ့သူတွေအများကြီး သူတို့ ကိုယ့်ကိုမခန့်လို့ အပြစ်တင်လို့မရဘူး။ ကိုယ့်ဘက်က ခန့်နိုင်တဲ့ အရည်အချင်းရှိရင် သူတို့ခန့်မှာပဲ”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၈) တွင်ပါရှိသော “လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကဘာလဲ၊ လူငယ်တွေရဲ့ ရည်မှန်းချက်က ဘာလဲ” ဆောင်းပါးမှ မအိမ့်သီရိသူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××

“ကော်မရှင်ရဲ့ အပြီးသတ်စီရင်ခံစာကို နိုင်ငံတော်ကို ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။ ရှေ့နေများ ကွန်ရက်က ပို့ထားတဲ့ အစီရင်ခံစာကို (လက်ခံရရှိရင်) ဥက္ကဋ္ဌက (ဒေါ်အောင်ဆန်းစုကြည်) ကြောင်းကျိုးအချက်အလက်တွေ ကိုယ်တိုင် စဉ်းစားဆင်ခြင်ပါလိမ့်မယ်။ ပြည်သူအနေနဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာကို ယုံယုံကြည်ကြည်နဲ့ စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်”

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၄၈) တွင်ပါရှိသော “ရှေ့နေများကွန်ယက် စစ်ဆေးတွေ့ရှိချက် စုံစမ်းရေးကော်မရှင် အစီရင်ခံစာ မထိခိုက်နိုင်ဟုဆို” သတင်းမှ ဒေါ်ခင်စန်းလှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။ 

********************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment