Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၎.၃.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. အစိုးရ၏ ပုံနှိပ်မီဒီယာဥပဒေကြမ်း ဝေဖန်ပြောဆိုခံရ

(Channel News Asia မှ 2 March 2013 ရက်စွဲပါ Proposed Myanmar media lawdraws criticism ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံဖွံ့ဖြိုးလာမှုက အာဆီယံကို အထောက်အပံ့ဖြစ်စေ

(Bangkok Post သတင်းစာမှ 28 Feb 2013 ရက်စွဲပါ Jetro: Boom in Myanmar aids Asean သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. မဲဆောက်အထူးစီးပွားရေးဇုန် တရုတ်လေ့လာ

(4 March 2013 ရက်စွဲပါ Bangkok Post မှ China Surveys economic Zone Plot ကို ဘာသာပြန်ဆိုပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

အစိုးရ၏ ပုံနှိပ်မီဒီယာဥပဒေကြမ်း ဝေဖန်ပြောဆိုခံရ

(Channel News Asia မှ 2 March 2013 ရက်စွဲပါ Proposed Myanmar media lawdraws criticism ကိုဘာသာပြန်ဆိုသည်)

Photo Credit by Online

မြန်မာအစိုးရက မီဒီယာလွတ်လပ်ခွင့် ပြုမည်ဟူ၍ ပေးထားသည့် ကတိကဝတ်များကို ပြန်လည်ရုပ်သိမ်းလိုက်သလိုဖြစ်စေမည့် မီဒီယာ ဥပဒေကြမ်းကို မြန်မာမီဒီယာအုပ်စုများက ပြင်းပြင်းထန်ထန်ဝေဖန်တုံ့ပြန်ကြကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနက မကြာသေးခင်က ထုတ်ပြန်လိုက်သော “ပုံနှိပ်ထုတ်ဝေရေးဥပေဒကြမ်း” တွင် တိုင်းရင်းသားလူမျိုးစုများအကြား အချင်းများမှုနှင့် ပဋိပက္ခဖြစ်မှုများနှင့်ပတ်သက်၍ ရေးသားထုတ်ဝေခြင်း၊ စစ်အစိုးရရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် ရေးသားမှု များပြုလုပ်ခြင်း အစရှိသည်တို့အပါအဝင် ကန့်သတ်ထိန်းချုပ်မှုများစွာပါဝင်သည်။

ထို့ပြင် ယင်းဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည့် ဥပဒေချိုးဖောက်မှုများပြုလုပ်ပါက ထောင်ဒဏ် ခြောက်လအထိ ချမှတ်နိုင်သော ပြစ်ဒဏ်များ ကိုလည်း ထည့်သွင်းထားရာ သီးခြားမီဒီယာ ဥပဒေတစ်ရပ်ကို ရေးဆွဲနေသည့် ပုံနှိပ်မီဒီယာကောင်စီ(ယာယီ) အတွက်လည်း တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ခဲ့ရသည်။

“ဒါဟာ ကျွန်တော်တို့အတွက် အင်မတန်စိတ်အနှောက်အယှက်ဖြစ်စေတဲ့ကိစ္စတစ်ခုပါ။ ပြစ်ဒဏ်တွေဟာ လိုအပ်တာထက်ပိုပြီး ကြီးလေးနေ တယ်လို့ ကျွန်တော်တို့ ယူဆမိပါတယ်” ဟု အဆိုပါ ကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက AFP သို့ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင် စစ်အစိုးရထံမှ စစ်တပ်ကျောထောက်နောက်ခံ အရပ်သားအစိုးရ အာဏာလွှဲပြောင်းရယူပြီးနောက် ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာ နိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများပင် အံ့အားသင့်ခဲ့ရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း စာပေစိစစ်ရေးဌာနသို့ ရေးသားထုတ်ဝေမည့် အကြောင်းအရာများ အကြိုတင်ပြရသည့် စနစ်ကို အစိုးရက ဖျက်သိမ်းပစ်လိုက်သည်။ ထို့နောက် အစိုးရက နေ့စဉ်ထုတ်သတင်းစာများကို ပုဂ္ဂလိကအခန်းကဏ္ဍအနေဖြင့်လည်း ဧပြီလဆန်းပိုင်းမှစ၍ ထုတ်ဝေခွင့် ပြုမည်ဟု ကြေညာခဲ့သည်။

သို့သော် မကြာသေးခင်ရက်ပိုင်းက နိုင်ငံပိုင် New Light of Myanmar သတင်းစာတွင်ပါရှိသည့် ကြေညာချက်အဆိုအရ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့်လိုင်စင်လျှောက်ထားသူ ၁၇ ဦးအနက် ၈ ဦးကို ထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်သည်ဟု ဆိုသည်။ ပုဂ္ဂလိကမီဒီယာတွင် အင်အားကြီးမားသည့် မီဒီယာဂရုတစ်ခုဖြစ်သော Eleven Media က သတင်းစာထုတ်ဝေခွင့် လျှောက်ထားခဲ့သော်လည်း ပယ်ချခံလိုက်ရ ကြောင်းပြောကြားသည်။

“နေ့စဉ်သတင်းစာထုတ်ဝေမယ့်ကိစ္စနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့အပေါ်ဘယ်လိုဖိအားပေးမှုမျိုးကိုမှ ကျွန်တော်တို့လက်မခံနိုင်ပါဘူး” ဟု အဆိုပါ မီဒီယာဂရု၏ အကြီးအကဲဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က အယ်ဒီတာ့အာဘော်တွင်ပြောဆိုထားသည်။

“တကယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက လတ်တလော ထုတ်ပြန်ထားတဲ့ ပုံနှိပ်ထုတ်ဝေရေးမီဒီယာဥပဒေကြမ်း အတည်ဖြစ်မယ်ဆိုရင် လွတ်လပ်တဲ့သတင်းမီဒီယာတစ်ခုအနေန့ အလားတူ အခက်အခဲတွေနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာဘာသာဖြင့် ထုတ်ပြန်သော ယင်းပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်းကို မီဒီယာလွတ်လပ်ရေး ဆော်သြသူများကလည်း ဝေဖန်ပြော ဆိုကြ သည်။ “ဒါဟာ အလားတူဖိနှိပ်မှုပုံစံသစ်တွေထည့်သွင်းပြီး ယခင်ရှိခဲ့တဲ့ ဆင်ဆာတည်းဖြတ်တဲ့အဖွဲ့နေရာကို အစားထိုးတာမျိုးပဲဖြစ်ပါတယ်” ဟု သတင်းစာဆရာများကာကွယ်ရေးကော်မတီ CPJ မှ Shawn Crispin ကပြောသည်။

******************************************************************************

မြန်မာနိုင်ငံဖွံ့ဖြိုးလာမှုက အာဆီယံကို အထောက်အပံ့ဖြစ်စေ

(Bangkok Post သတင်းစာမှ 28 Feb 2013 ရက်စွဲပါ Jetro: Boom in Myanmar aids Asean သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ယခုအခါ မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍကြီးများ၌ ငွေကြေးစီးဆင်းမှုတိုးတက်ကောင်း မွန်သည့် အနေအထားမျိုး စတင်ဖြစ်ပေါ် နေပြီဖြစ်ရာ အရှေ့တောင်အာရှနိုင်ငံများ(အာဆီယံ) အနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းဖြင့် အကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်သည်ဟု ဂျပန်နိုင်ငံခြားကုန်သွယ်ရေးအဖွဲ့(Jetro) က ပြောကြားလိုက်သည်။

Jetro ၏စီးပွားရေးဖွံ့ဖြိုးရေးအင်စတီကျုမှ အကြီးတန်းသုတေသီ Toshihiro Kudo အဆိုအရ မြန်မာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မဟာဗျူဟာကျသော ပထဝီ အနေအထားမျိုးရရှိထားသည့်တိုင် ဒေသတွင်း၌ ကာလကြာရှည်စွာ အချိတ်အဆက်ပြတ်တောက်နေခဲ့သည်။

"မြန်မာနိုင်ငံမှာရှိတဲ့ လျှပ်စစ်၊ အီလက်ထရွန်နစ်နဲ့ အဝတ်အထည်လုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍတွေဟာ ပို့ကုန်အခြေပြု စီးပွားရေးတိုးတက်ရေး မဟာဗျူဟာကို ကျောထောက်နောက်ခံပြုတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကျိုးအမြတ်ကိုခံစားနေရပြီဖြစ်ပါတယ်" ဟု မစ္စတာ Toshihiro Kudo ကပြောကြားသည်။

မြန်မာနိုင်ငံ၏ ထင်ရှားပေါ်လွင်လာမှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် ချိတ်ဆက်မှုများတိုးမြင့်လာမှုတို့သည် ဒေသတွင်းနိုင်ငံများ ချိတ်ဆက်မှုမြင့်တက်လာရေးအတွက် ကြီးမားသော ထူးခြားမှုများပင်ဖြစ်သည်။

မြန်မာအနေဖြင့် ဒေသတွင်းကုန်ထုတ်လုပ်မှု ကွန်ယက်ထဲသို့ ပူးပေါင်းဝင်ရောက်နိုင်ရေးနှင့် နိုင်ငံပေါင်းစုံပါ စီးပွားရေးလုပ်ငန်းကြီးများကို ဆွဲဆောင်နိုင်ရေးအတွက် ဝန်ဆောင်မှုဆိုင်ရာ စရိတ်စကများ လျှော့ချပေးရန် လိုအပ်ကြောင်း မစ္စတာ Kudo ကပြောကြားသည်။

ဝန်ဆောင်မှုစရိတ်စက လျော့နည်းမှုရှိခြင်းက မြန်မာအနေဖြင့် ကမ္ဘောဒီးယား၊ လာအိုတို့နှင့် ကုန်ထုတ်လုပ်မှုကွန်ယက်ကို ကြီးထွားလာစေကာ ဂျပန်၊ တောင်ကိုရီးယား အိန္ဒိယနှင့် တရုတ်အပါအဝင် အခြားသော အာဆီယံနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုပြုလုပ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့်ထိုင်းနိုင်ငံနှင့်ရရှိထားသော လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုများ၊ တရုတ်၊ အိန္ဒိယကဲ့သို့သော မိတ်ဖက်နိုင်ငံများ နှင့်ရရှိထားသော ဒေသတွင်းကုန်သွယ်မှု သဘောတူညီချက်များဖြင့် ပို့ကုန်တင်ပို့မှုများပြုလုပ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ဆိုင်ရာ အခန်းကဏ္ဍအပါအဝင် အခြားသော စက်ပစ္စည်းထုတ်လုပ်မှုအခန်းကဏ္ဍတို့တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အရေးပါသောနေရာမှပါဝင်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ Kudo ကဆိုသည်။

မြန်မာနိုင်ငံရှိ အထည်အလိပ်လုပ်ငန်း၊ အဝတ်အထည်လုပ်ငန်းအစရှိသည်တို့တွင် ဖက်စပ်လုပ်ငန်းများအပါအဝင် နိုင်ငံခြားလုပ်ငန်းကြီးများ ပါဝင်မှုလည်း ပိုမိုမြင့်တက်လာမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။ ထိုင်းနိုင်ငံကဲ့သို့ ရှင်းလင်းပြတ်သားသော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမူဝါဒများ၊ သတင်း အချက်အလက်နှင့် စာရင်းဇယားကိန်းဂဏန်းများထောက်ပံ့ပေးနိုင်မှုသည်လည်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာ၌ လွန်စွာပဓာနကျ မည်ဖြစ်သည်။

“လတ်တလော မြန်မာနိုင်ငံ ခေတ်ကောင်းထဲကိုရောက်ရှိလာမှုက စီးပွားရေးမစ်ရှင်တွေအတော်များများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ တကယ်လို့ မြန်မာအနေနဲ့ မျှော်လင့်ထားသလိုဖြစ်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် နိုင်ငံတကာစီးပွားရေးအသိုင်းအဝိုင်းမှာ အဲဒီခေတ်ကောင်းရောက်တယ်ဆိုတာဟာ အနုတ်လက္ခဏာဆောင်တဲ့ သတင်းတွေဖြန့်ပေးသလိုပဲဖြစ်လာပါလိမ့်မယ်” ဟု မစ္စတာ Kudo ကပြောကြားသည်။

ယမန်နှစ်က ပေါ်ထွန်းခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားခြင်းမရှိပေ။ သို့အတွက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် မည်မျှအတိုင်းအတာ၊ မည်သည့်အခြေအနေမျိုးနှင့် စီးပွားရေးလုပ်ကိုင်နိုင်မည်ကို ရှင်းရှင်းလင်းလင်းမသိနိုင်ဘဲဖြစ်နေကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှုများက အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရရှိအောင် ယှဉ်ပြိုင်မှုကို ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာ စေနိုင်ပြီး မြန်မာနိုင်ငံကို အာဆီယံတွင် လိုက်လျောညီထွေရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်သင့်သည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက်ရှိသော်လည်း ထိုင်းနိုင်ငံကို တစ်ဆင့်ခံကာလုပ်ကိုင်ဆောင်ရွက်ကြမည်သာဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘန်ကောက်မြို့တော်အခြေစိုက် Jetro မှ သုတေသီရောင်းရင်း(Research Fellow) ဖြစ်သူ Koji Kubo အဆိုအရ မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ ကြေးဈေးကွက်တွင် စိန်ခေါ်မှုအချို့ကျန်ရှိနေသေးကြောင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ယနေ့အချိန်ထိ ငွေစက္ကူသုံးစွဲမှုပေါ်တွင်သာ မှီခိုနေရကြောင်း၊ ပို့ကုန်တင်ပို့သူများအား ၎င်းတို့၏ နိုင်ငံခြားငွေကြေးများကို ဘဏ်များသို့ရောင်းချရန် တိုက်တွန်းထားကြောင်း ၎င်းကဆိုသည်။

****************************************************************

မဲဆောက်အထူးစီးပွားရေးဇုန် တရုတ်လေ့လာ

(4 March 2013 ရက်စွဲပါ Bangkok Post မှ China Surveys economic Zone Plot ကို ဘာသာပြန်ဆိုပါသည်)

Photo Credit by Site Selection

တနင်္ဂနွေနေ့က မဲဆောက်အာဏာပိုင်များသည် တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ခုနှင့် တွေ့ဆုံ၍ ထိုင်း-မြန်မာ နယ်စပ်တွင် အဆိုပြုထားသော အထူးစီးပွားရေးဇုန် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးကြပါသည်။

ထိုင်းအစိုးရက မကြာသေးမီက ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေးအသိုင်းအဝိုင်း (Asean Economic Community) မတိုင်မီ ထိုဒေသကို အထူးစီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းသို့ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို CMC မှ Chen Zhou နှင့် CGCI မှ Liu Dongmiao တို့က ဦးဆောင်လာပါသည်။ အဆိုပါကုမ္ပဏီနှစ်ခုသည် တရုတ်ပြည်တွင် အထူးစီးပွားရေးဇုန် (၄၀) ကျော် အကောင်အထည်ဖော်ခဲ့ဘူးပြီး၊ မြို့စီမံခန့်ခွဲခြင်းလည်း လုပ်ကိုင်လျက်ရှိပါသည်။

Mr. Teardklat ကပြောကြားရာတွင် ယခုလာရောက်မှုသည် AEC အတွက်ပြင်ဆင်ရန် ထိုင်း-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်နှင့် ကိုက်ညီနေသည်ဟု ဆိုပါသည်။

ဲဆောက်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော ကူးသန်းရောင်းဝယ်ရေး ဂိတ်ဝတစ်ခုအဖြစ် စဉ်းစားထားပြီး AEC အစီအစဉ်အရ စံပြမြို့ တစ်ခုဖြစ်လာနိုင်သည်ဟု ၎င်းကပြောပါသည်။

Tak ခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Banpot Korklat Charoen ကပြောကြားရာတွင် အစိုးရက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ ကူညီရန် ဆုံးဖြတ်ပြီးနောက် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုများ တိုးတက်လာသည်ဟု ဆိုပါသည်။

***********************************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment