Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၎.၃.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသို့ ခါလီဖာဖောင်ဒေးရှင်း၊ ကယ်ဆယ်ရေးရိက္ခာပေးပို့

(The National News မှ 3 March 2013 ရက်စွဲပါ “Khalifa Foundation sends food aid to Myanmar”  သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. မူးယစ်ဆေးတိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအားကောင်းအောင် မြန်မာကြိုးပမ်း

(Bernama News မှ 2 March 4, 2013 ရက်စွဲပါ “Myanmar strengthens International cooperation in drug elemination” သတင်းကိုဘာသာပြန်ဆိုပါသည်)

  1. မြန်မာနိုင်ငံမှ အကြီးဆုံးအတိုက်ခံပါတီက ပထမဆုံးပါတီညီလာခံကျင်းပမည်

( 3 March 2013 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar’s largest opposite party will hold it’s first party congress ကိုဘာသာပြန်သည်။)

**********************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသို့ ခါလီဖာဖောင်ဒေးရှင်း၊ ကယ်ဆယ်ရေးရိက္ခာပေးပို့

(The National News မှ 3 March 2013 ရက်စွဲပါ “Khalifa Foundation sends food aid to Myanmar”  သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by AP

              မြန်မာနိုင်ငံမှ ရိုဟင်ဂျာမူဆလင်များအတွက် Khalifa bin zayed Humanitarian Foundation ကထောက်ပံ့လှူဒါန်းသော စားနပ်ရိက္ခာ တန်ချိန် ၂၆၀၀ ကိုဖြန့်ဖြူးပေးခဲ့ပြီဟု နိုင်ငံပိုင် Wam သတင်းဌာန ကဆိုပါသည်။

              ယခု ဖြန့်ဖြူးမှုသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာတန်ချိန် ၅၂၀၀ ဖြန့်ဖြူးသည့်အစီအစဉ်၏ တတိယနှင့် နောက်ဆုံးအဆင့်ဖြစ်သည်။ ကယ်ဆယ်ရေးရိက္ခာထုပ်များကြောင့် လူပေါင်း ၈၅၀,၀၀၀ ခန့်ကို အထောက်အကူဖြစ်စေခဲ့သည်ဟု သိရှိရသည်။

              ယခု စီမံကိန်းသည် မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံခံနေရသော အိုးမဲ့အိမ်မဲ့ရိုဟင်ဂျာ ဒုက္ခသည် များအတွက် အရေးပေါ်အကူအညီပေးရန် ယူအေအီးသမ္မတ ရှိတ်ခါလီဖာ၏ လမ်းညွှန်ချက်အရ အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

              ပြည်တွင်းဈေးကွက်မှဝယ်ယူပြီး ရခိုင်ပြည်နယ်သို့ ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်ခဲ့သော ကယ်ဆယ်ရေးပစ္စည်းများတွင် အခြေခံစားသောက် ကုန်များနှင့် လူကြီး (ကျား၊မ)၊ ကလေးများအတွက် အဝတ်အထည်များပါဝင်သည်။

-----------------------------------------------------------------------------------

မူးယစ်ဆေးတိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအားကောင်းအောင် မြန်မာကြိုးပမ်း

(Bernama News မှ 2 March 4, 2013 ရက်စွဲပါ “Myanmar strengthens International cooperation in drug elemination” သတင်းကို ဘာသာပြန်ဆိုပါသည်)

        Photo Credit by Kachinland News

              ကိုးနှစ်ကြာရပ်ဆိုင်းထားခဲ့သော ဘိန်းစိုက်ပျိုးမှုပူးတွဲတိုင်းတာခြင်းဆာဗေးကို ပြန်လည်စတင်ကြရန် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဟု တရုတ် Xinhua က သတင်းထုတ်ပြန်သည်။

              မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်တို့ နေပြည်တော်တွင်လက်မှတ်ရေးထိုးခဲ့ကြသော သဘောတူညီချက်သည် ဘိန်းတိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင်မြန်မာတို့ဆက်လက် ကြိုးပမ်းနေခြင်းကို  ပြသနေသည်။

              အဆိုပါ သဘောတူညီချက်အရ ပူးပေါင်းဆာဗေးကို အစောဆုံးယခုနှစ်တွင် စတင်မည်ဖြစ်ပြီး ဘိန်းထုတ်လုပ်ရောင်းဝယ်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် မြန်မာဥပဒေကြောင်းတာဝန် ရှိသူများကို အကူအညီပေးရန် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းများ ထူထောင် သွားမည်ဟု ဆိုသည်။

              ၂၀၀၄ မတိုင်မှီက မြန်မာနှင့်အမေရိကန်တို့သည် ဘိန်းစိုက်ပျိုးမှုပူးတွဲတိုင်းတာခြင်းဆာဗေးကို ၁၀ ကြိမ် ခန့်ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

              မြန်မာနိုင်ငံနှင့် UNODC တို့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွင် အထူးသဖြင့် ဒေသတွင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် မနှစ်ကဒီဇင်ဘာတွင် ဆွေးနွေးသဘောတူ ခဲ့ကြသည်။

              သြစတြေးလျနိုင်ငံဗီယင်နာတွင် ကျင်းပသော အစည်းအဝေးတွင် HIV/ AIDS လူနာများ၊ ဆေးကုသမှု၊ ပြန်လည်ထူထောင်မှု ဆက်လက် တိုးတက်ရေး၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှု ကျယ်ပြန့်စွာဆောင်ရွက်ရေး၊ မြန်မာရဲတပ်ဖွဲ့ကို နည်းပညာအကူအညီ ပိုပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့စေရန် ဖွင့်လှစ်ထားသည့် Myanmar Peace Center ကို ကူညီထောက်ပံ့ရေးစသော ကိစ္စများ ကို ဒုတိယသမ္မတ စိုင်းမောက်ခမ်းနှင့် UNODC အကြီးအကဲ ယူရီဖီဒိုတော့ဗ် တို့ဆွေးနွေးခဲ့ကြသည်။

              ၁၉၉၄ မှ ၂၀၁၄ အထိသတ်မှတ်ထားသော မူးယစ်ဆေးကင်းစင်ရေးစီမံချက်ကာလကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်အဟုန် ထိန်းသိမ်းရန် အတွက် ၂၀၁၉ အထိ နောက်ထပ် ၅ နှစ်တိုးမည်ဟု မြန်မာနိုင်ငံက ကြေညာခဲ့သည်။

              မူးယစ်ဆေးသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ CCDAC ကအဖွဲ့ဝင်နိုင်ငံများအတွင်း ၂၀၁၅ တွင် အာဆီယံ မူးယစ်ဆေးကင်းစင်ဇုံဖြစ်ရေး ရည်မှန်းချက်ကို ကြိုးပမ်းကြရန် တိုက်တွန်းထားပြီး မြန်မာနိုင်ငံသည် မူးယစ်ဆေးတိုက်ဖျက်မှုတွင် ဦးဆောင်ကဏ္ဍမှပါဝင်နေကြောင်း ဒေသခံပြည်သူ၊ ပုဂ္ဂလိက ကဏ္ဍတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နေကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် လက်တွဲဆောင်ရွက်မှုကို အားကောင်းအောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

              ကျောင်းတွင်းပညာရေး အစီအစဉ်များ၊ လူထုပညာပေးနှင့် မူးယစ်ဆေးတားဆီးရေး အစီအစဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကို အမြဲတမ်း သိသိသာသာ လျှော့ချရန်အတွက် မိသားစု၊ စာသင်ကျောင်း၊ အလုပ်ခွင်၊ လူထုအခြေပြု မူးယစ်ဆေးတားဆီးမှု စီမံချက်များထိရောက်စွာ အကောင် အထည်ဖော်ရေးကိစ္စများကို ကော်မတီက အလေးထားတင်ပြထားသည်။

              မြန်မာနိုင်ငံသည် လာမည့် ၂ နှစ်တွင် မူးယစ်ဆေးဝါးကင်းစင်ရေး တာဝန်ယူခြင်းနှင့်အတူ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် မည်ဖြစ်ရာ၊ အုပ်စုအားလုံးပူးပေါင်းပါဝင်အားထုတ်ကြရန်ကော်မတီက တောင်းဆိုသည်။

              မြန်မာနိုင်ငံသည် ဘိန်းခင်းဖျက်စီးမှုနှင့် မူးယစ်မှောင်ခိုနှိမ်နှင်းမှုတို့ကို အရှိန်မြင့်လျက်ရှိပြီး ၂၀၁၂ ခုနှစ် အတွင်း မူးယစ်ဆေးဝါး ဆက်စပ်မှုခင်း ၄၀၀၀ နှင့် ဆက်နွယ်ပတ်သက်သူ ၅၇၄၀ ခန့်ကို အရေးယူ အပြစ်ပေးခဲ့သည်။

              ၎င်းမှုခင်းများအနက် ဟီရိုးအင်းက ၁၄၅၄ မှုဖြင့် သရဖူဆောင်းခဲ့ပြီး စိတ်ကြွဆေးပြားများက ၁၂၆၉ မှုဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

              ထိုကာလအတွင်း ဟီရိုအင်းဘိန်းဖြူ ၃၃၅.၇၉ ကီလို၊ စိတ်ကြွဆေးပြား ၁၈ သန်းနှင့် ဘိန်းစိမ်း ၁၄၇၀ ကီလို တို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

              ၁၉၉၀ မှ ၂၀၁၁ အတွင်း အမေရိကန်ဒေါ်လာ ၂.၄၃၃ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မြန်မာအာဏာပိုင်များက မီးရှို့ဖျက်ဆီးခဲ့သည်။

              ထို့အပြင် မြန်မာ-ထိုင်း နားလည်မှုစာချွန်လွှာအရ တာချီလိတ်နှင့်မိုင်းဆက်မြို့နယ်တို့တွင် ဘိန်းအစား ထိုး ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

              ၂၀၁၁ စက်တင်ဘာနှင့် ၂၀၁၂ ဖေဖော်ဝါရီအကြား ဘိန်းစိုက်ရာသီတွင် မြန်မာနိုင်ငံတစ်လွှားတွင် ဘိန်းစိုက်ဧရိယာ ၂၂၄၃၂ ဟက်တာခန့်ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု မူးယစ်တိုက်ဖျက်ရေးတာဝန်ရှိသူများက ဆိုပါသည်။

              လူမှုရေးနှင့် ရာဇဝတ်မှုပြဿနာတစ်ခုဟု အများစုရှုမြင်ထားခဲ့ကြသော မူးယစ်မှောင်ခိုရောင်းဝယ်မှု သည်  ယခုနှစ်များအတွင်း ဒေသတွင်း ပြည်သူများ၏ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာအဓိက ခြိမ်းခြောက်မှုတစ်ခု အဖြစ်ကူးပြောင်းလာခဲ့သည်။

              ရွှေတြိဂံဒေသမှ ထိပ်သီးမူးယစ်ရာဇာ စိုင်းနော်ခမ်းကို မနှစ်က လာအိုနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရာ ယူနန်ပြည်နယ် တရားရုံးက မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှုဖြင့် တရားစွဲကာ စိုင်းနော်ခမ်းနှင့် အပေါင်းအပါ ၄ ဦးကို ဆေးထိုးကွပ်မျက် သေဒဏ်ပေးခဲ့သည်။

              ထိုကဲ့သို့ စိုင်းနော်ခမ်း အားတရုတ်နိုင်ငံက တရားစွဲသေဒဏ်ပေးခြင်းကို ဒေသခံရှမ်းအသိုင်းအဝိုင်းက မကျေနပ်ကြပေ။ စိုင်းနော်ခမ်းသည် မူးယစ်ဆေးဝါးဖြတ်သန်း သယ်ဆောင်ခွန်ကောက်သူသာ ဖြစ်ပြီး ထုတ်လုပ်ရောင်းဝယ်သူ မဟုတ်ကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုအတွက် အဓိကတာဝန်ရှိသူများ မှာ တရုတ်ပြည်က ကျောထောက်နောက်ခံပေးထားသော ဝ လက်နက်ကိုင်အဖွဲ့ UWSA သာ ဖြစ်ကြောင်း အကဲခတ်လေ့လာ သူများက ထောက်ပြဝေဖန်ထားကြသည်။

----------------------------------------------------------------------------

မြန်မာနိုင်ငံမှ အကြီးဆုံးအတိုက်ခံပါတီက ပထမဆုံးပါတီညီလာခံကျင်းပမည်

( 3 March 2013 ရက်စွဲပါ The Washington Post မှ AP ၏ Myanmar’s largest opposite party will hold it’s first party congress ကိုဘာသာပြန်သည်။)

Photo Credit by AFP

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုနှင့် ပြန်လည်ပေါင်းစည်းရေး၏ လက္ခဏာတစ်ရပ် အနေဖြင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အကြီးဆုံးပါတီသည် လာမည့် အပတ်တွင် ရန်ကုန်မြို့၌ အကြီးဆုံးကွန်ဂရက် တစ်ခု ကျင်းပ တော့မည်ဖြစ်သည်။

“ လွန်ခဲ့တဲ့ ၂၄ နှစ်ပါတီစဖွဲ့ပြီးကတည်းက အခုအကြိမ်ဟာ NLD ရဲ့ပထမဆုံးပါတီ ကွန်ဂရက် ဖြစ်ပါတယ်” ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြီးတန်းခေါင်းဆောင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က တနင်္ဂနွေနေ့က ပြောပါသည်။

မြို့နယ် ၂၆၀ မှ ကိုယ်စားလှယ် ၉၀၀ ခန့်သည် မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပမည့် သုံးရက်တာ ညီလာခံသို့ တက်ရောက်ကြမည်ဖြစ်ပြီး ပါတီ၏ ခေါင်းဆောင်ပိုင်းရွေးချယ်မည်ဖြစ်ကာ အနာဂတ်မူဝါဒနှင့် အစီအစဉ်များ ရေးဆွဲကြမည်ဟု ဦးအုန်းကြိုင်က ပြောပါသည်။

“ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစောပိုင်းက ပြောခဲ့ပါတယ်။ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်တွေကို ဒီမိုကရေစီနည်းကျ ရွေးချယ်မယ်လို့ဆိုပါတယ်။ အရင်ကတော့ နိုင်ငံရေး အခြေနေမကောင်းလို့ မလုပ်နိုင်ခဲ့ပါဘူး” ဟု ၎င်းက AP သတင်းဌာနသို့ ပြောပါသည်။

“ကျွန်တော်တို့ ဒီလိုစုဝေးမှုမျိုး အရင်အစိုးရလက်ထက်က မလုပ်နိုင်ပါဘူး။ တရားမဝင် စုဝေးမှုဖြစ်သွား နိုင်လို့ပါ။ အခုပါတီညီလာခံကတော့ တိုင်းပြည်မှာ နိုင်ငံရေးအနေထား ပြောင်းလဲသွားပြီဆိုတာနဲ့ တံခါးဖွင့်လာမှု ကို သရုပ်ဖော်ပြနေပါတယ်” ဟုပါတီ၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကပြောကြားခဲ့သည်။

ဦးဥာဏ်ဝင်းက ပြောကြားရာတွင် ပါတီသည် ဗဟိုကော်မတီအဖွဲ့ဝင် ၁၂၀ ကိုရွေးချယ်တင်မြှောက် မည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိပါတီဥက္ကဋ္ဌ ဖြစ်ပါသည်။

NLD ၏ခေါင်းဆောင် အများစုသည် အသက် ၇၀ နှင့် ၈၀ နှစ်များတွင် ရှိနေပြီး၊ ယခု ညီလာခံသည် ရွေးကောက်ပွဲများ အတွက် သွေးသစ် လောင်း ဖွယ်ရှိနေပါသည်။

ယခုညီလာခံအတွက် အောက်ခြေအဆင့်ရွေးကောက်ပွဲများတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှု မရှိဟု စောဒကတက်၍ မငြိမ်သက်မှုများနှင့် အကွဲအပြဲများ ရှိခဲ့ပါသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD သည် ၄၄ နေရာရှိသည့်အနက် (၄၃)နေရာ အနိုင်ရရှိရာ ၂၀၁၅ တွင် အာဏာရပါတီ USDP အား စိန်ခေါ်မည့် အကြီးဆုံးပါတီ ဖြစ်လာမည် ဖြစ်ပါသည်။

************************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment