Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၇.၃.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. မြန်မာနိုင်ငံအား နယူးယောက်သဘောတူညီချက် (New York Convention) အဖွဲ့ဝင်ဖြစ်ရန် လွှတ်တော်မှသဘောတူ
  1. ဘဏ်မဟုတ်သော နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် စီစစ်နေ
  2. မြန်မာနိုင်ငံတွင်း ဘဏ်သုံးခုမှအပ ကျန်နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ခွင့်ရဘဏ်များ အမေရိကန်နှင့် ငွေကြေးလုပ်ငန်းများ ဆောင် ရွက်နိုင်
  3. ၂၀၁၅ မတိုင်မှီ တတိယအင်အားကြီးပါတီတစ်ခု တည်ထောင်ရန် ပြင်ဆင်နေ

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ 

မြန်မာနိုင်ငံအား နယူးယောက်သဘောတူညီချက်(New York Convention) အဖွဲ့ဝင်ဖြစ်ရန် လွှတ်တော်မှသဘောတူ

မြန်မာနိုင်ငံအား နယူးယောက်သဘောတူညီချက်(New York Convention)တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရရေးအတွက် မတ်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး တင်ပြအတည်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံအနေဖြင့် New York Covention တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုက်သည့်အတွက် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့်အပေါ် နိုင်ငံခြားသားများ ယုံကြည်စိတ်ချမှု ပိုမိုလာမည် ဖြစ်သည့်အပြင် ၄င်းတို့နှင့် ပြဿနာဖြစ်ပေါ်လာပါက နိုင်ငံတကာ ခုံသမာဓိရုံးတွင် ဖြေရှင်းဆောင်ရွက် နိုင်မည်ဖြစ်ပြီး နိုင်ငံတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသား ကုမ္ပဏီများနှင့် အမှုရင်ဆိုင်ရာတွင်  ၄င်းတို့ဘက်မှ ရှုံးနိမ့်ပါက လျော်ကြေး ရရှိနိုင်စေရန် အဆိုပါအဖွဲ့မှ ဆောင်ရွက်ပေးသွားနိုင်ကြောင်း သိရသည်။

New York Convention တွင် မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မိမိနိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး တရားရေးမဏ္ဍိုင်ကြံ့ခိုင်ရေးနှင့် ဘက်လိုက်မှုကင်းစင်သည့် တရားသူကြီးများ၊ တရားစိရင်ရေးရှိမှသာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိအချိန်တွင် New York Convention အဖွဲ့သို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၆ နိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံအနက် မြန်မာတစ်နိုင်ငံတည်းသာ အဖွဲ့ ဝင် ရန်ကျန်ရှိတော့ကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံမှ New York Convention အဖွဲ့တွင်းဝင်ရောက်သည့်နည်းတူ ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာ နိုင်စေ ရေးအတွက် အခြေခံအဆောက်အဦးကောင်းများပြင်ဆင်ထားရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

YC

                                        **********************************************************************

ဘဏ်မဟုတ်သော နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန် စီစစ်နေ

လက်ရှိ မြန်မာနိုင်ငံတွင်း နိုင်ငံခြားငွေလဲကောင်တာ ၂၀၀ ကျော်ရှိလာပြီဖြစ်သော်လည်း လုံလောက်မှုမရှိသေးသည့်အတွက် ဘဏ်မပာုတ်သည့် ကုမ္ပဏီများအား နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် စီစစ်လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗပာိုဘဏ်မှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများအား နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် ဗပာိုဘဏ်မှ ၂၀၁၂ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်ခွင့်ပြု ပေးခဲ့ ပြီးဖြစ်သည့်အတွက် နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်ရန် လျှောက်လွှာတင်ထားသည့် ကုမ္ပဏီများအနက် သတ်မှတ်အရည်အချင်းများ၊ အချက် အလက်များနှင့်ပြည်စုံသည့် ကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပြုရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဏ်မပာုတ်သော ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်ရန် ကနဦးရင်းနှီးမတည်ငွေ ကျပ်သန်း ၃၀ ကို နိုင်ငံခြား ငွေရောင်း ဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်းစင်ရဘဏ်တစ်ခုခုတွင် ထည့်သွင်းထားရမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်အနေဖြင့်လည်း လက်ရှိအချိန်တွင် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ ဖွင့်လှစ်လုပ်ကိုင်လိုသည့် ကုမ္ပဏီများ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားမှုအား ဆက်လက်လက်ခံလျှက်ရှိပြီး မရှင်းလင်းသည်များကိုလည်း အသိပေးဖြေကြားလျှက်ရှိကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိအချိန်တွင် ပုဂ္ဂလိကဘဏ် ၁၈ ဘဏ်မှ နိုင်ငံခြားငွေလဲကောင်တာ ၂၁၂ ခုဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်ခွင့် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်သော Farmer Po Yarzar၊ Today Top Star၊ OK ဇွဲဆုကုမ္ပဏီမှလည်း ငွေလဲကောင်တာ ၅ ခု ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

YC

                            ************************************************************************

                

မြန်မာနိုင်ငံတွင်း ဘဏ်သုံးခုမှအပ ကျန်နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ခွင့်ရဘဏ်များ အမေရိကန်နှင့် ငွေကြေးလုပ်ငန်းများ ဆောင်ရွက်နိုင်

မြန်မာနိုင်ငံအတွင်းရှိ မြဝတီဘဏ်၊ အင်းဝဘဏ်နှင့် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်မှအပ ကျန်နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထား သည့် ပုဂ္ဂလိကဘဏ်များအားလုံး အမေရိကန်နိုင်ငံနှင့် ငွေကြေးလုပ်ငန်းများ ချိတ်ဆက်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရ ဘဏ်တစ်ခုမှ တာဝန်ရှိသူများကပြောကြားသည်။ယခင်တပ်မတော်အစိုးရ လက်ထက်ကတည်းကပင် အမေရိကန်နိုင်ငံ၏ Black List ပြုလုပ်ခြင်းခံ ထားရ သော ဘဏ်များစာရင်းတွင် သမဝါယမဘဏ်ပါဝင်ခြင်း မရှိသည့်အတွက် အမေရိကန်မှ Sanction များ ဖြေလျော့ပေးသည့်အချိန်တွင် သမဝါယမဘဏ် အနေဖြင့် နိုင်ငံခြားဘဏ် လုပ်ငန်းများကို စတင်လုပ်ဆောင် နိုင်ခဲ့ကြောင်း သမဝါယမဘဏ် မှ မန်းနေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့သည်။

ကမ္ဘောဇဘဏ် အနေဖြင့်လည်း Sanction လုံးဝထိထားခြင်းမရှိသည့်အတွက် အမေရိကန်နိုင်ငံ၏ ၂၀၁၂ခုနှစ် စီးပွားရေး ဖြေလျှော့မှုအပြီးတွင် အမေရိကန်နိုင်ငံနှင့် ငွေကြေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး တခြား အမေရိကန်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော Visa၊ Master ၊ Western Union တို့ဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘောဇဘဏ်မှ နိုင်ငံခြားဘဏ်လုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က ပြော ကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ နေ့တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်၊ AGD ဘဏ်၊ ဧရာဝတီဘဏ်တို့ကို ပိတ်ဆို့ ဒဏ်ခတ်ထားသော စာရင်းမှပယ်ဖျက်ကာ အမေရိကန်နိုင်ငံနှင့် ငွေကြေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်း သိရသည်။

YC

***********************************************************************

၂၀၁၅ မတိုင်မှီ တတိယအင်အားကြီးပါတီတစ်ခု တည်ထောင်ရန် ပြင်ဆင်နေ

ပြည်တွင်းရှိ တိုင်းရင်းသားပါတီများ စုပေါင်း၍ ၂၀၁၅ မတိုင်မီကာလအတွင်း နိုင်ငံတွင်း အင်အားကြီးပါတီနှစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနည်းတူ တတိယ အင်အားကြီးပါတီတစ်ခု ပေါ်ပေါက်လာနိုင်စေရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ယခုလ ၄ ရက်နေ့က ပြောကြား ခဲ့သည်။

အဆိုပါ တတိယအင်အားကြီးပါတီအား Federated Union Party ဟုအမည်ပေး၍ မြန်မာနိုင်ငံအနှံအပြား ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတွင်း အင်အားကြီးပါတီနှစ်ခုအနေဖြင့် တိုင်းရင်းသားအားလုံးပါဝင်သော လွှတ်တော်ဖြစ်လာနိုင်စေရန် နောက်ကျင်းပ မည့်ရွေးကောက်ပွဲများ တွင် လူနည်းစုတိုင်းရင်းသားများ၏ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်းကို ရှောင်ရှားရန်လိုအပ်ကြောင်းသိရသည်။ ထို့ပြင် ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း၏ (၁၄)ကြိမ်မြောက် သဘောထားကြေညာချက်ကို မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် တပ်မတော်မှ ကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ဖြစ်ရပ်များဖြင့် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိ ခဲ့ပြီး အစိုးရသစ်လက်ထက် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ မဲဆန္ဒနယ် ၄၅ နေရာအနက် ၄၃ နေရာတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

YC

 

**********************************************************

 

 

 

 

 

 

 

 

 

 

 

 

 

                        

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

       


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment