Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013 (2)
Document yangonchronicle 2013 (2)

Snapshot of the item below:
yangonchronicle 2013 (2)

*

*

၇.၃.၂၀၁၃

ဘာသာပြန်သတင်းများ (၂)

  1. မြန်မာနိုင်ငံအရှေ့ပိုင်းတွင် အပစ်ရပ်ပြီးနောက်ပိုင်း မြေသိမ်းယူမှုများ အရှိန်မြင့်

( The News မှ ၆ Mar 2013 ရက်စွဲပါ “ Ceasefire fuels land – grab in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. တစ်နှစ်စာ ဘတ်ဂျက် ဒေါ်လာ ၂.၄ ဘီလျံခန့်တပ်မတော်ရရှိ

( AFP News မှ 6 Mar 2013 ရက်စွဲပါ “ Myanmar military handed US$ 2.4b budget” သတင်းကို ဘာသာပြန်ဆိုသည်။)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံအရှေ့ပိုင်းတွင် အပစ်ရပ်ပြီးနောက်ပိုင်း မြေသိမ်းယူမှုများ အရှိန်မြင့်

( The News မှ ၆ Mar 2013 ရက်စွဲပါ “ Ceasefire fuels land – grab in Myanmar” သတင်းကိုဘာသာပြန်ဆိုသည်။)

Photo Credit by Ayeyawady

ကရင်လက်နက်ကိုင် အုပ်စု KNU နှင့် မြန်မာ့တပ်မတော်အကြား အပစ်အခတ်ရပ်စဲမှုကြောင့် သယံဇာတ ကြွယ်ဝသော ၎င်းဒေသသို့ စီးပွားရေး လုပ်ငန်းရှင်များဝင်ရန် လမ်းပွင့်သွားပြီးနောက်တွင် အဆိုပါ မြန်မာနိုင်ငံအရှေ့ဘက်ဒေသတွင် မြေယာသိမ်းဆည်းမှုများ အရှိန်မြှင့်လာခဲ့သည်ဟု လူ့ အခွင့်ရေးအုပ်စုများက အဂါင်္နေ့တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

၎င်းဒေသမှ မြေယာများကို တရုတ်၊ ထိုင်း အပါအဝင် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ အားခွဲဝေပေးနေခြင်းကြောင့် တောသူ တောင်သားများမှာ နှစ်ဖက်စလုံး၏ ဖိအားပေးခြိမ်းခြောက်ခြင်းကို ခံနေရပြီး၊ လျှော်ကြေး အနည်းငယ်မျှဖြင့် အတင်းအကြပ် မောင်းထုတ် ခံနေရ သည်ဟု ကရင်လူ့အခွင့်ရေးအုပ်စု Karan Human Right Group ကစွပ်စွဲပြောကြားလိုက်ပါသည်။

ဘန်ကောက်မြို့တွင် ထုတ်ပြန်သည့်အစီရင်ခံစာအတွက် ရာနှင့်ချီသော ဒေသခံရွာသားများကို တွေ့ဆုံးမေးမြန်းခဲ့သော KHRG အဖွဲ့မှ ခူးခူးဂျွန် “ တိုက်ပွဲတွေ မရှိတော့တဲ့အတွက် အရင်ကမရောက်နိုင်တော့တဲ့နယ်မြေတွေမှာ စီးပွားရေးသမားတွေ အခွင့်အလမ်းလေ့လာဖို့ လမ်းပွင့်သွားပါပြီ” ဟု ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ အပစ်ရပ်စဲမှုကြောင့် ကမ္ဘာ့သက်တမ်းရှည် ပြည်တွင်းစစ်တစ်ပွဲ ထာဝရပြီးဆုံးရန် မျှော်လင့်ချက်များ ထွက်ပေါ်လာပြီး နောက် ထိုနယ်မြေတွင် အခွင့်အလမ်းများပေါ်ထွက်လာသော်လည်း စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေစိုးမိုးမှုမရှိ သေးပေ။

ကရင်လက်နက်ကိုင်များသည် ထိုင်းနယ်စပ်အနီး အရှေ့ပိုင်းတောတောင်များထဲတွင် ၁၉၄၉ မှစ၍ မြန်မာအစိုးရကို တော်လှန် တိုက်ခိုက် ခဲ့ကြခြင်းဖြစ်သည်။ ယခုအခါဒေသခံရွာသားများမှာ ကရင်သူပုန်နှင့် အစိုးရနှစ်ဖက်စလုံး၏ လူ့အခွင့်ရေးချိုးဖောက်မှုများကို ရင်ဆိုင် ကြုံတွေ့နေကြ သည်။

         ***********************************************************************

တစ်နှစ်စာ ဘတ်ဂျက် ဒေါ်လာ ၂.၄ ဘီလျံခန့်တပ်မတော်ရရှိ

( AFP News မှ 6 Mar 2013 ရက်စွဲပါ “ Myanmar military handed US$ 2.4b budget” သတင်းကို ဘာသာပြန်ဆိုသည်။)

ဆင်းရဲမွဲတေမှုပြဿနာစွဲကပ်နေသော မြန်မာနိုင်ငံတွင် တပ်မတော်(စပ်တပ်)သည် စုစုပေါင်းအစိုးရ အသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းကျော်ခန့် ရှိသော အမေရိကန်ဒေါ်လာ ၂.၄ ဘီလျံခန့်ကို တစ်နှစ်စာ ဘတ်ဂျက်ရရှိသွားသည်ဟု AFP က ဗုဒ္ဓဟူးနေ့တွင် တွေ့မြင်ခဲ့ရသော ကိန်းဂဏန်းများအရ သိရှိရသည်။

ပြီးခဲ့သည့် သောကြာနေ့လွှတ်တော်တွင် အတည်ပြုလိုက်သော ပမာဏသည် ယခင်နှစ်ကထက် ဒေါ်လာသန်း ၁၀၀ ခန့်လျော့သွားသော်လည်း လူဦးရေး သန်း ၆၀ ရှိသော နိုင်ငံမှ ပြိုလဲနေသည့် ပညာရေးနှင့် စောင့်ရှောက်မှု ကဏ္ဍများအတွက် သုံးစွဲခွင့်ရသော ငွေပမာဏာမှာမူ နည်းပါးနေဆဲပင် ဖြစ်သည်။

ယခင်က အဆိုပါနိုင်ငံတော်ဘက်ဂျက်ကို လူသိရှင်ကြားထုတ်ပြန်ခြင်း (သို့) စုံစမ်းစစ်ဆေးမှုခံယူခြင်းမရှိပါ။

တိုင်းပြည်၏ ဘဏ္ဍငွေများ အထူးသဖြင့် ရေနံဓါတ်ငွေ့ရောင်းရငွေ အများစုကို တပ်မတော်အတွက်သာ သုံးစွဲခဲ့သည်ဟု အကဲခတ်လေ့လာသူ များက ပြောကြားကြသည်။

သို့သော် ၂၀၁၁ နောက်ပိုင်း ပြုပြင်ပြောင်းလဲလာမှု၏ လက္ခဏာတစ်ရပ်အဖြစ် လွှတ်တော်အမတ်များက ၂၀၁၃ - ၂၀၁၄ နိုင်ငံတော်ဘက်ဂျက် အမေရိကန်ဒေါ်လာ ၁၉.၄၉ ဘီလျံကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ လွှတ်တော်တွင် မဟာမိတ် ပြည်ခိုင်ဖြိုးအမတ်များ ရှိထားသော တပ်မတော် (စစ်တပ်) ကိုပေးမည့် ဘက်ဂျက်အသုံးစရိတ်ကိုပင် မေးမြန်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။

“ ၂၀၁၃ - ၁၄ အတွက်ပြင်ဆင်ထားတဲ့ နိုင်ငံတော်ဘက်ဂျက်ကို ပြီးခဲ့တဲ့အပတ် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ကာကွယ်ရေး ဘက်ဂျက်ဟာ မနှစ်ကထက် နည်းနည်းလျော့သွားပါတယ်။ လေယာဉ် နဲ့လက်နက်တွေဝယ်ဖို့အတွက် ဒေါ်လာ ၁.၂၅ လီလျံလောက်သုံးစွဲကြမှာပါ” ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီပါတီမှ အထက်လွှတ်တော်အမတ် ဦးအေးမောင်က AFP သို့ပြောကြားခဲ့သည်။

*******************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment