Transparency Myanmar

transparency.myanmar@gmail.com

CURRENT AFFAIR
Document CURRENT AFFAIR

Snapshot of the item below:
CURRENT AFFAIR

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ

  1. ကန်တော်ကြီးပဲလေ့ပိာုတယ်အား ဈေးလျှော့၍ ဦးတေဇထံရောင်းချ

  2. မြန်မာအာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် ဂျာမနီနိုင်ငံမှကူညီမည်

  3. ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် မီဒီယာလွတ်လပ်ခွင့် မထိခိုက်ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

  4.  အစိုးရနှင့် KIO ဒုတိယအကြိမ်တွေဆုံမှုတွင် UNFC ၊ UWSA နှင့် မိုင်းလာ ကိုယ်စားလှယ်များတက် ရောက်မည်


ကန်တော်ကြီးပဲလေ့ပိာုတယ်အား ဈေးလျှော့၍ ဦးတေဇထံရောင်းချ

ပာိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ကန်တော်ကြီးပဲလေ့ပာိုတယ်အား ဈေးနှုန်းများစွာလျှော့ချ၍ ငွေကျပ်တန်ဖိုး ၂၈၄၃၆ ဒဿမ ၈၆၀ သန်းဖြင့် ကာလပေါက်ဈေးထက် ကျပ် ၁၀၀ ဘီလီယံကျော် သက်သာစွာဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇထံသို့ လွှဲပြောင်းရောင်းချပေးခဲ့ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ အမိန့်ကြေငြာစာ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ အမိန့်ကြေငြာစာတွင် ကန်တော်ကြီးပဲလေ့ပာိုတယ်အား ၂၀၁၂ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဦးတေဇမှ တန်ဖိုးငွေ ပေးချေ၍ ဝယ်ယူပြီးဖြစ်သည့်အတွက် ပာိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ၎င်းအားမြေ၊ အဆောက်အအုံ၊ စက်နှင့်စက် ကိရိယာပစ္စည်းများကို ဦးတေဇထံသို့ စနစ်တကျလွှဲပြောင်းပေးရန်နှင့် အဆိုပါမြေအား ဦးတေဇ အမည်ပေါက်ပြောင်းပေးရန် ဖော်ပြပါရှိသည်။

ယခင်တပ်မတော်အစိုးရနှင့် ရင်းနှီးကျွမ်းကျင်မှုရှိသည့် မြန်မာနိုင်ငံ၏အကြီးဆုံး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် လက်ရှိအချိန်တွင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေဘဏ်(AGD)၊ Elite-Tech ကုမ္ပဏီ၊ အဲပုဂံလေကြောင်းလိုင်း၊ ပာိုတယ်လုပ်ငန်းများနှင့် အခြား စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက နိုင်ငံတော်အကြီးအကဲများနှင့် သက်ဆိုင်ရာ ဝန်ကြီးများ၊ နိုင်ငံတကာ သံတမန်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများရှိ သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံး၏ထောက်ခံချက်အရ ဦးတေဇပိုင် အာရှ စိမ်းလန်းမှုဘဏ်လီမီတက်နှင့် ထူးကုမ္ပဏီများအုပ်စုကို မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ် ထားသည့် အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့အရေးယူမှု လျှော့ချပေးခဲ့ကြောင်း သိရသည်။

YC


မြန်မာအာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် ဂျာမနီနိုင်ငံမှကူညီမည်

လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌ တာဝန်စတင်ယူချိန်တွင် ရာထူးနှင့် မြန်မာနိုင်ငံ အဆင်ပြေနိုင် စေရေးအတွက် ဂျာမနီနိုင်ငံမှ အကူအညီပေးမှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် မြန်မာဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများ အား နိုင်ငံတကာအဆင့်မီ သင်တန်းများကိုလည်း သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဆီယံ ရေးရာညွှန်ကြားရေးမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

မြန်မာနိုင်ငံမှ အာဆီယံတာဝန်ယူချိန်တွင် အဆင်ပြေနိုင်စေရန် ဇူလိုင်လအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ရှိ တာဝန်ရှိသူများမှ ဇူလိုင်လအတွင်း ဂျာမနီ သံတမန်ရေးရာ အကယ်ဒမီညီလာခံသို့ သွားတက်၍ ဘရပ်ဆဲလ်ရှိ အလုပ်သမားသမဂ္ဂကို သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌရာထူး တာဝန်စတင်ယူချိန်တွင် ဂျာမနီနိုင်ငံသာမက အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးရုံးတို့မှလည်း အကူအညီများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် မြန်မာနိုင်ငံအား လာမည့် ၂၀၁၄ တွင်အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် နိုင်ငံခြားရေးဝန်ကြီးအားလုံးမှ သဘောတူလက်ခံခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်စတင် ထမ်းဆောင်ချိန်တွင် ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC


                                           

ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် မီဒီယာလွတ်လပ်ခွင့်မထိခိုက်ကြောင်း ပြန်ကြားရေးဝန်ကြီး ပြောကြား

လက်ရှိ လွှတ်တော်တွင်းတင်သွင်းထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်များကို ထိခိုက်မှုမရှိသည့်အပြင် “စာပေအဆိပ်အတောက်” ပတ်ဝန်းကျင်များ ကင်းစင်၍ မီဒီယာဖွံ့ဖြိုးရေးအတွက်နိုင်ငံ

တကာစံနှုန်းများနှင့်အညီ ရေးဆွဲထားခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကလွှတ်တော်

သို့ ပြောဆိုခဲ့သည်။

ထို့ပြင် စည်းကမ်းနှင့်ညီညွှတ်ခြင်းမရှိသည့် ထုတ်ဝေစာများကို ဆက်လက်ပုံနှိပ်ထုတ်ဝေခြင်း မပြုနိုင်စေရန် တရားမဝင် ထုတ်ဝေစာအဖြစ်သာ သတ်မှတ်ကြေညာမည်ဖြစ်ပြီး ဖမ်းဆီးခြင်း၊ ရှာဖွေခြင်းနှင့် သိမ်းဆည်းခြင်းများကို လုံးဝပြုလုပ်မည် မပာုတ်ဘဲ ဆိုးရွားစွာ ထပ်မံဖောက်ဖျက်သည့် အကြိမ်များတွင်သာ တရားမကြောင်းအရ တရားစွဲဆိုသွားနိုင်ရန်သာ ဥပဒေကြမ်း တွင် ဖော်ပြထားသည့်အတွက် အဆိုပါဥပဒေကြမ်းသည် တရားမျှတမှုကို ဦးစားပေးထားကြောင်း ၎င်းကဆက်လက် ပြောကြား သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၃ မတ်လ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ လွှတ်တော်သို့ တင်သွင်းထားသည့် ပုံနှိပ် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ထောင်ဒဏ်အစား ငွေဒဏ်ကိုသာ ပြောင်းလဲချမှတ်ရန်၊ “ထုတ်ဝေခွင့် (သို့မဟုတ်) ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခံနေရစဉ်ကာလအတွင်း ထုတ်ဝေသူ(သို့မဟုတ်)ပုံနှိပ်သူက ဝန်ကြီးထံသို့ အယူခံပိုင်ခွင့် ရှိစေ ရမည်”ပာူသည့် စာသားအစား “နိုင်ငံတော်သမ္မတထံသို့ အယူခံပိုင်ခွင့် ရှိစေရမည်” ဟု ပြန်လည်ပြင်ဆင်ရန် အပါအဝင် ပြင်ဆင်ချက် ၂၈ ချက်ဖြင့် သဘောထားမှတ်ချက် ပေးခဲ့သည်။

ထို့ပြင် ပုံနှိပ်ထုတ်ဝေခြင်းဥပဒေကြမ်းပါ မည်သည့်အရေးယူဆောင်ရွက်မှုများမဆို နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို မထိခိုက်စေရန်နှင့် မည်သူမဆိုသီးခြားဥပဒေ ပြဋ္ဌာန်းခြင်းမရှိလျှင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းကို ရေဒီယိုထုတ်လွှင့်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခြင်း မရှိစေရပာု အသစ်ပြန်လည် ဖြည့်စွက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လွှတ်တော်သို့တင်သွင်းထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြည်တွင်း မီဒီယာများ အားလုံးက လက်သင့်မခံဘဲ ဥပဒေကြမ်း၏ အားနည်းချက်များကို ထောက်ပြဝေဖန်ပြောဆိုလျက်ရှိသည်။

YC


အစိုးရနှင့် KIO ဒုတိယအကြိမ်တွေဆုံမှုတွင် UNFC ၊ UWSA နှင့် မိုင်းလာ ကိုယ်စားလှယ်များ တက်ရောက်မည်

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ မတ်လ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ထပ်မံကျင်းပမည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ UNFC ၊ UWSA နှင့် မိုင်းလားအဖွဲ့ တို့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါပွဲသို့ မိုင်းလား(ခေါ်)အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA နှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) NDAA မှ ကိုယ်စားလှယ်များလည်း လေ့လာသူများအဖြစ် တက်ရောက်မည်ဖြစ်ပြီး KIO ဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် ပထမအကြိမ် အစိုးရနှင့် KIO တို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ဆွေးနွေးခဲ့သည့် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် တက်ရောက်နိုင်မှု ရှိ၊ မရှိ ကိုမူ အတည်မပြုနိုင်သေးကြောင်း ဦးလနန်က ထပ်မံပြောကြားခဲ့သည်။

ယခုထပ်မံတွေ့ဆုံမှုတွင် လေ့လာသူများ၊ သက်သေများနှင့် တိုင်းရင်းသားအဖွဲ့များ လေ့လာသူအဖြစ် တက်ရောက်နိုင်ရန် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ကချင်ပြည်နယ်လိုင်ဇာတစ်ဝိုက် ဖေဖော်ဝါရီလ ၄ ရက်နေ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုအပြီး နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲပြန်လည် ဖြစ်ပွားခြင်းမရှိတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့မှ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံဆွေးနွေးရန် အချက်အပါအဝင် သဘောတူညီချက်(၆) ချက်ကို နှစ်ဖက်သဘောတူထုတ်ပြန်ကြေညာခဲ့သည်။

YC


                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment