Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (1)
Document ON INTERNATIONAL MEDIA (1)

Snapshot of the item below:
ON INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. အာရှ၏ နောက်ဖက်တံခါးဝမှ အာရှစည်းလုံးညီညွတ်ရေး နိုးထလာ

(4 March 2013 ရက်စွဲပါ The Daily Star မှ Jaswant Singh ရေးသားသော Greater unity may be arising in Asia by the backdoor ကို ဘာသာပြန်ဆိုပါသည်)

  1. ကိုယ့်ဇာတ်ကိုယ်ပြောနေသည့် မြန်မာ

(လူငယ်သတင်းစာဆရာများအတွက် သတင်းရေးသားတင်ဆက်မှုဆိုင်ရာ Fellowship အစီအစဉ်)

(GlobalPost မှ သတင်းထုတ်ပြန်ချက်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်)


အာရှ၏ နောက်ဖက်တံခါးဝမှ အာရှစည်းလုံးညီညွတ်ရေး နိုးထလာ

(4 March 2013 ရက်စွဲပါ The Daily Star မှ Jaswant Singh ရေးသားသော Greater unity may be arising in Asia by the backdoor ကို ဘာသာပြန်ဆိုပါသည်)

အာရှတိုက်တွင် ဒေသတွင်းတင်းမာမှုများ လျော့သွားအောင် လုပ်ဆောင်ရာတွင် အင်စတီကျူးရှင်းများ အားနည်းမှုမှာ စိတ်ပျက်စရာပင်ဖြစ်ပါသည်။ အာရှ၏စည်းလုံးညီညွတ်ရေးသည် အနောက်ဖက်တံခါးပေါက်မှ အခြေခံအဆောက်အဦး အဆက်အသွယ် အသစ်များရှိသည့် အနောက်ဖက် တံခါးပေါက်ကြောင့် ပြန်လည် နိုးထလာနိုင်ပါသည်။ ယနေ့ဒေသတွင်း အခြေခံ အဆောက်အဦးစီမံကိန်းများ တိုးချဲ့ရေးစီမံကိန်းများသည် သံတမန်ရေးရာအရ ပဋိပက္ခများတွင် ပိတ်မိနေသော နိုင်ငံများကြားတွင် လုပ်ဆောင်နေရာ မှတ်မှတ်ထင်ထင် ရှိလှပါသည်။ အိန္ဒိယနှင့်ပါကစ္စတန်အကြား ဘတ်စ်ကားလမ်းကြောင်း အသစ်သည် ခေါင်းကြီး သတင်းတစ်ခု ဖြစ်လာမည်မဟုတ်သော်လည်း မယုံကြည်မှုများရှိနေသော နှစ်နိုင်ငံဆက်ဆံရေးတွင် ပုံမှန်အနေအထား တစ်ခု ရောက်အောင် လုပ်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။ တရုတ်နှင့်ဗီယက်နမ်ကြား ရထားလမ်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကြား လမ်းဖောက်လုပ်လျက်ရှိခြင်း၊ မြန်မာနိုင်ငံနှင့် ပါကစ္စတန်ရှိဆိပ်ကမ်းသစ်များ၊ ပိုက်လိုင်းများသည် ဒေသတွင်းထုတ်လုပ်မှုနှင့် စားသုံးမှုကွင်းဆက်ကြီးနှင့်အတူ စီးပွားရေးအရ စုစည်းမှုရှိသော ပုံစံကို ကြိုးစားပုံဖော်ပေးမည် ဖြစ်ပါသည်။

အာရှတိုက်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် တင်းမာမှုများသည် အပြောင်းအလဲများအတွက် မီးထိုးပေးနေသော်လည်း အဆိုပါ စီးပွားရေးနှင့်ဆိုင်သော စီမံကိန်းများသည် အာရှ၏ပထဝီဝင်မြေပုံတွင် ပါဝင်လာတော့မည် ဖြစ်ပါသည်။ ပြည်တွင်း မတည်ငြိမ်မှုများ အဆင့်ဆင့်ဖြစ်နေသော အာဖဂနစ္စတန်ကို စဉ်းစားကြည့်ပါ။ ၎င်းတွင်အိန္ဒိယက မဟာဗျူဟာကျသော စက်ဝိုင်း သဖွယ်လမ်းကို တိုင်းပြည်တစ်ဝှမ်း ဆက်လက် ဖောက်လုပ်နေသကဲ့သို့ Salma  တွင် အရေးပါသော ရေလှောင်တမံကို ဆက်လက်

ဆောက်လုပ်နေပါသည်။ တစ်မင်နစ္စတန်မှ ပါကစ္စတန်သို့ ဓါတ်ငွေ့ပိုက်လိုင်းသည် တိုင်းပြည်ကို ဖြတ်သန်းသွားမည်ဖြစ်ပြီး၊ ပြီးစီးခါနီးပြီ ဖြစ်ပါသည်။

ထို့နောက် ဘင်္ဂလားပင်လယ်အော် ရှိပါသေးသည်။ တရုတ်အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုသည် မြန်မာပင်လယ် ကမ်းမြို့ ကျောက်ဖြူနှင့် ပတ်ဝန်းကျင်ကိုအသွင်ပြောင်းရန် လုပ်ဆောင်နေရာ ကမ်းလွန်ရေနံတွင်းမှ ယူနန်သို့ ပိုက်လိုင်း တည်ဆောက် နေပါသည်။ အဆိုပါ လုပ်ဆောင်မှုများသည် တရုတ်၏ သဘာဝသယံဇာတအပေါ် ငမ်းငမ်းတက်လိုချင်မှုကို ထင်ဟပ် ရုံမျှမက မြန်မာနိုင်ငံသည် ၎င်း၏နယ်စပ်များအတွင်း စင်္ကာပူအသေးစားဖြစ်အောင် ဖန်တီးမည့်အစီအစဉ်ကိုလည်း ပေါ်လွင် စေပါ သည်။

တရုတ်သည် အဆိုပါအခြေခံ အဆောက်အဦးစီမံကိန်းများကို ၎င်း၏ ကိုယ်ကျိုးစီးပွားမကြည့်ပဲ လုပ်ဆောင်နေခြင်း မဟုတ်ပေ။ လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က ယခုရာထူးမှထွက်တော့မည့် တရုတ်သမ္မတ ဟူကျင့်တောင်က တရုတ်၏ဝေခွဲမရသော မလက္ကာပြဿနာကိုပြောခဲ့ရာ ၎င်းသည် မဟာဗျူဟာအရ ခြိမ်းခြောက်မှုတစ်ခုဟု ဆိုခဲ့ပါသည်။ အကြမ်းအားဖြင့် တရုတ်နိုင်ငံ၏ စွမ်းအင်နှင့် ပတ်သက်သော သွင်းကုန်များ၏ ၈၀%သည် အမေရိကန်ရေတပ်က စောင့်ကြည့်နေသော အဆိုပါရေလက်ကြားမှ ဖြတ်သန်း ရပါသည်။ မြန်မာနိုင်ငံမှ ပိုက်လိုင်းများကြောင့် တရုတ်သည် မလက္ကာရေလက်ကြားအပေါ် မှီခိုရမှု သုံးပုံတစ်ပုံကျော် လျော့သွားနိုင်မည် ဖြစ်ပါသည်။

အစီအစဉ်များသည် မြန်မာနိုင်ငံ၏လက်တွေ့ကျသော အတွေးအမြင်သစ်များကို ရှင်းလင်းစွာဖော်ပြနေပါသည်။ မြန်မာ နိုင်ငံသည် တရုတ်နှင့်အိန္ဒိယတို့ ကြားတွင်ရှိသည့်အလျောက် တစ်နေ့တွင် အဆိုပါနှစ်နိုင်ငံကြား ပိုမိုနီးကပ်သောစီးပွားရေး ဆက်ဆံမှုတိုးတက်အောင် လုပ်ပေးနိုင်သည့်ဆက်သွယ်မှု ကြားခံတစ်ခုဖြစ်လာနိုင်ပါသည်။ ဂျပန်ကလည်း မြန်မာနိုင်ငံမှ ကြီးကျယ်

သော အခြေခံအဆောက်အဦးကစားပွဲတွင် နောက်ကျမကျန်ခဲ့လိုသဖြင့် ဆိပ်ကမ်းပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ဘီလီယံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံလျက် ရှိပါသည်။

အနောက်ဖက် ပါကစ္စတန်နိုင်ငံတွင် Makran ကမ်းရိုးတန်းတစ်လျှောက် တရုတ်အကူအညီဖြင့် ဖောက်လုပ်နေသော လမ်းဖြင့် ခရီးသွားနိုင်ပြီး သဘာဝရေနက်ဆိပ်ကမ်းရှိသည့် ရှေးဟောင်းငါးဖမ်းဆပ်မြို့ Gwardar သို့ရောက်နိုင်ပါသည်။ စင်္ကာပူ ဆိပ်ကမ်းအာဏာပိုင်မှ ဖွံ့ဖြိုးရေးအစီအစဉ်များ ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိ၍ China Overseas Ports Holding Company က အစားထိုးဝင်ရောက်လာရာ အိန္ဒိယ၊ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့တွင် မဟာဗျူဟာအရ စိုးရိမ်ပူပန်ရမှုများ ဖြစ်ပေါ် လာရပါသည်။ အမေရိကန်မှ ပြင်းထန်စွာအတိုက်အခံ လုပ်နေသည့်ကြားမှ Gwadar ရှိ တရုတ်တို့၏စီမံကိန်းတွင် နောက်ဆက်တွဲ အဖြစ် အီရန်နှင့်ပူးပေါင်း၍ တစ်နေ့လျှင် သဘာဝဓါတ်ငွေ့(၇၅၀)ကုဗပေသန်းပေါင်း သယ်ဆောင်နိုင်သည့် ပိုက်လိုင်း တည်ဆောက်မည် ဖြစ်ပါသည်။

တရုတ်သည် အာရှတစ်လွှားရထားလမ်း ဖောက်လုပ်ရေးကိုလည်း တက်ကြွစွာရည်ရွယ်လျက် ရှိပါသည်။ အဆိုပါ ရထားလမ်းပြီးစီးသွားပါက ကြီးမားသည့်ပတ်လမ်းလမ်းကြောင်း ဖြစ်လာမည်ဖြစ်ပါသည်။ ရထားလမ်းမှာ ယူနန်ပြည်နယ် ကူမင်းမှ စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်၍ချဲ့သွားမည်ဖြစ်ကာ တောင်ဘက်တွင်ဘန်ကောက်သို့သွား၍ မလေးရှားမှတဆင့် စင်္ကာပူသို့ ရောက်မည် ဖြစ်ပါသည်။ လမ်းကြောင်းသည် ဘန်ကောက်မှတဆင့် အရှေ့ဘက်သို့ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်၏ ဟနွိုင်းသို့ ရောက်ရှိကာ လာအိုကိုဖြတ်၍ ကူမင်းသို့ ပြန်လည်ဝင်ရောက်မည် ဖြစ်ပါသည်။

အဆိုပါ ပရောဂျက်သည် ကြီးမားသောတာဝန်ယူရမှု ရှိနိုင်ပါသည်။ သို့သော် အချို့ရထားလမ်းအပိုင်းများမှာ ရှိနှင့်ပြီး ဖြစ်ကာ(အချို့မှာ ဆယ်စုနှစ်များစွာရှိနေပြီး) ပရောဂျက်ကို ၂၀၁၅ တွင် ပြီးစီးရန်ရည်မှန်း ထားပါသည်။ အာဆီယံအဖွဲ့ကြီး၏ ကာလကြာရှည်က မက်ခဲ့သော စည်းလုံးညီညွတ်ရေးအိမ်မက်သည် ရထားလမ်းနှင့်အတူ ပထမဆုံးရောက်လာဖွယ်ရှိပါသည်။

တချိန်တည်းမှာပင် အိန္ဒိယကလည်း အိန္ဒိယအရှေ့ပိုင်းပြည်နယ် မဏိပူရမှ မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ဆက်သွယ်သော လမ်းကြောင်းကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ အိန္ဒိယ၏ Border Roads Organization သည် ရာသီမရွေး သွားလာနိုင်သော နှစ်နိုင်ငံ ဆက်သွယ်သည့် လမ်းမကြီးပြီးစီးခဲ့ပြီ ဖြစ်ပါသည်။  ဗဟိုအာရှတွင်လည်း အိန္ဒိယသည် တာဂျစ်ကစ္စတန်၏ Dushanbe အနီး Ayni လေတပ်စခန်း ဌာနချုပ်အနီးတွင် စီမံကိန်းများရှိရာ စစ်မြေပြင်ဆေးရုံလည်းပါဝင်ပါသည်။

အဆိုပါ အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုများသည် မည်သည့်အခါကနှင့်မျှမတူ အာရှကိုနီးကပ်စွာ စုစည်းနိုင်မည့် အလားအလာများရှိကြောင်း ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။ အဆိုပါ လုပ်ငန်းများကို အခက်အခဲများကြားမှ လုပ်ဆောင်ရာတွင် နိုင်ငံရေးနှင့်ဆိုင်သော စွန့်စားရမည့် အန္တရာယ်များရှိနိုင်ပါသည်။ အနောက်နိုင်ငံများသည် ၎င်းတို့၏အကူအညီများ တိုး၍ပေးနေရာ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပါသည်။

အထက်ပါ ဆက်သွယ်မှုလမ်းကြောင်းများ တိုးတက်လာသည်နှင့်အမျှ တင်းမာမှုများလည်း မလွှဲမရှောင်သာ ရှိလာ နိုင်ပါ သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ၏နိုင်ငံအား “တရုတ်အနီးအနားဝန်းကျင် နိုင်ငံ ပထဝီအနေအထားအရ` အမေရိကန်နှင့်ဝေးကွာသော နိုင်ငံအိန္ဒိယနှင့် ယဉ်ကျေးမှုခြင်း ဆက်စပ်မှုရှိသော နိုင်ငံအဖြစ် ပြောကြား ခဲ့ပါသည်။ ထိုနေရာတွင် မေးခွန်းတစ်ခုထွက်ပေါ်လာရာ အာရှ၏အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုများ အတိအကျ ဆိုရသော် တရုတ်၏ရင်းနှီးမြှုပ်နှံမှုများသည် အလယ်ခေတ်မင်းဆက် (the middle kingdom) ၏ သြဇာခံအာရှအဖြစ် ဖန်တီးရန် အသုံးချမည်လော သို့မဟုတ် အားလုံးသာတူညီမျှရေးအတွက် ကိရိယာအဖြစ်အသုံးချမည်လောဟူသော မေးခွန်းပင်ဖြစ်ပါသည်။

အာရှသည်၎င်း၏ ပထဝီအနေအထားကို ၎င်း၏တိုင်းပြည်များအား အထီးကျန်ဖြစ်အောင် ထိန်းသိမ်းရေးအတွက် လည်းကောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးသန်းရောင်းဝယ်ပြီး အကျိုးအမြတ်ကို အားလုံးခံစားရနိုင်အောင် လည်းကောင်း အသုံးပြု နိုင်ပါသည်။ အာရှတိုက်သည် ရာစုနှစ်များစွာ အထီးကျန်ဖြစ်ပြီး ကိုလိုနီဘဝတွင် အိပ်ပျော်နေရာမှ ယခုအခါ ပိုမိုစုစည်းညီညွတ်မှု၏ အကျိုးအမြတ် အလားအလာအပေါ် နိုးထလာနေပြီ ဖြစ်ပါသည်။ အကယ်၍ အာရှမှခေါင်းဆောင်များသည် အဆိုပါအခြေခံ အဆောက်အဦး တည်ဆောက်မှုများကို ၎င်းတို့၏ပါဝါအတွက် တစ်ခုတည်းသာမဟုတ်ပဲ အားလုံးသာယာဝပြောရေးကိုပါ မျက်ခြေ မပြတ်ပါက ပြဿနာရှိလှမည် မဟုတ်ပေ။


ကိုယ့်ဇာတ်ကိုယ်ပြောနေသည့် မြန်မာ

(လူငယ်သတင်းစာဆရာများအတွက် သတင်းရေးသားတင်ဆက်မှုဆိုင်ရာ Fellowship အစီအစဉ်)

(GlobalPost မှ သတင်းထုတ်ပြန်ချက်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပြီး သတင်းမီဒီယာလွတ်လပ်မှုကို အားပေးအားမြှောက်ပြု ရန် စတင်လုပ်ကိုင်နေပြီဖြစ်ရာ တိုင်းပြည်သည်သမိုင်းကြောင်း အပြောင်းအလဲနှင့်ကြုံတွေ့ရသည့် အချိန်သမယထဲသို့ ရောက်ရှိနေ ပြီဟုပင်ဆိုရပါမည်။

ထိုသို့ မြန်မာ့ပြုပြင်ပြောင်းလဲရေး ဇာတ်လမ်းအား ထုတ်ဖော်ပြသ နေရသည့်အချိန်တွင် Open Hand Initiative နှင့် The Ground Truth Project တို့အနေဖြင့် မြန်မာနိုင်ငံတွင် သတင်းရေးသား တင်ဆက်မှုဆိုင်ရာ ဖဲလိုးရှစ်(Reporting Fellowship) အစီအစဉ်တစ်ရပ်ကို ဝမ်းမြောက်ဝမ်းသာစွာ ကြေညာလိုက်ရပါသည်။

ကျွန်ုပ်တို့အနေဖြင့် ငယ်ရွယ်ထက်မြက်သော သတင်းထောက် အယောက် ၂၀(အမေရိကန် ပြည်ထောင်စုမှ ၁၀ ယောက်၊ မြန်မာနိုင်ငံမှ ၁၀ ယောက်)အား မြန်မာနိုင်ငံတွင် ဇွန်လ ၁၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ ဖဲလိုးရှစ်အစီအစဉ်သို့

ပါဝင်တက်ရောက်နိုင်ရန် ခေါ်ယူသွားမည်ဖြစ်သည်။ အဆိုပါ သတင်းထောက်များအနေဖြင့် “ကိုယ့်ဇာတ်လမ်း ကိုယ်ပြောနေသည့် မြန်မာ”ဟူသည့် အမည်ရသော Project ကို အတူတကွလက်တွဲ လုပ်ကိုင်သွားကြရမည်ဖြစ်ပါသည်။

ဖဲလိုးရှစ်တက်ရောက်မည့် အဆိုပါသတင်းထောက် ၂၀ အနေဖြင့် အုပ်စုငါးစုခွဲကာ ဝါရင်သတင်းထောက်ကြီးများ၊ ဓာတ်ပုံ ဆရာကြီးများနှင့် ဗီဒီယို သတင်းထောက်ကြီးများ၏ ဦးဆောင်မှုဖြင့် လုပ်ကိုင်သွားကြရမည် ဖြစ်သည်။ တိုင်းပြည်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ထူးခြားစွာ အကောင်အထည်ဖော်နေသည်ဖြစ်ရာ ယင်းသတင်းထောက်များအနေဖြင့် အရေးကြီးသော သတင်းဖြစ်ရပ်များကို ရေးသားတင်ဆက်နိုင်ရန်၊ ထူးခြား စိတ်ဝင်စားစရာကောင်းသော ပြည်သူများအကြောင်း မှတ်တမ်းပြုစုရန်အလို့ငှာ မြန်မာနိုင်ငံတစ်ဝန်းသို့ သွားရောက်နိုင်ရေးအတွက် စီစဉ်ထားပါသည်။  အုပ်စုတစ်ခုချင်းစီက ရေးသား ထုတ်ဝေသော သတင်းဖြစ်ရပ်များနှင့် အကြောင်းအရာများကို GlobalPost Special Report အဖြစ် ပုံနှိပ်ထုတ်ဝေမည်ဖြစ်သည်။

အကယ်၍ သင့်အနေဖြင့် ယင်းဖဲလိုးရှစ်အစီအစဉ်တွင် ပါဝင်တက်ရောက်ရန် စိတ်ဝင်စားသည်ဆိုပါက ကိုယ်ရေး ရာဇဝင်(CV)၊ သင်ရေးသားခဲ့ဖူးသော သတင်းများအနက်မှ အနည်းဆုံးသုံးပုဒ်၊ ဖဲလိုးရှစ်အစီအစဉ်တွင် ပါဝင်တက်ရောက်နိုင်သည့် အရည်အချင်း သင့်တွင်ရှိသည်ဟု အဘယ်ကြောင့် ထင်မြင်မိသည်၊ အကယ်၍ ဖဲလိုးရှစ်အတွက် လျှောက်ထားမှုအောင်မြင်ပါက သင့်အနေဖြင့် ရှေ့ဆက်လုပ်ကိုင်သွားရန် ဘာတွေမျှော်လင့်ထားသည်ဟူ၍ ရေးသားထားသော စာတစ်စောင်တို့ကို GlobalPost co-founder နှင့် အမှုဆောင်အယ်ဒီတာ Charles M Sennott တို့ထံသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ ဖဲလိုးရှစ်အစီအစဉ်တွင် ကုန်ကျမည့်အသုံးစရိတ်များ အားလုံးကို Open Hands Initiative နှင့် The GroundTruth Project မှ စိုက်ခံသွားမည်ဖြစ်သည်။

လျှောက်လွှာဖောင်ပိတ်ရက်မှာ ဧပြီလ ၂ ရက်နေ့ဖြစ်ပြီး ရွေးချယ်ခံရသူ Fellow များကို ဧပြီလ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည် ဖြစ်ပါသည်။ အီးမေးလ်ပေးပို့ရန်လိပ်စာမှာ kgrant@globalpost.com ဖြစ်ပါသည်။


 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   

              

                   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment