Transparency Myanmar

transparency.myanmar@gmail.com

CURRENT AFFAIR
Document CURRENT AFFAIR

Snapshot of the item below:
CURRENT AFFAIR

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးသတင်းများ

  1. လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်အခက်တွေ့
  2. အခွန်စနစ်ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်
  3. စွမ်းအင်ပေါ်လစီကို စွမ်းအင်ဆိုင်ရာ တက်ကျွမ်းနားလည်သူများက ရေးဆွဲမည်

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်အခက်တွေ့

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည့် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း တရုတ်ဝမ်ပေါင်ကုမ၌ဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တို့မှ တည်ဆောက်လျက် ရှိသော လက်ပံတောင်းတောင်ကြေးနီစီမံ ကိန်းအပြီးသတ်အစီရင်ခံစာအပေါ် လက်ပံတောင်းဒေသခံများမှ ကျေနပ်မှု မရှိသည့်အတွက် အဆိုပါဒေသရှိ ရွာသားများ က ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆန္ဒပြမှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ လက်ပံတောင်း တောင် စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မတ်လ ၁၄ ရက်နေ့တွင် လက်ပံတောင်းတောင် အနီးဝန်းကျင် ကျေးရွာများသို့သွားရောက်ပြီး အစီရင်ခံစာနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့်အပြင် ထုံကျေးရွာ သပိတ်စခန်း သို့သွားရောက်၍ ညှိနှိုင်းမှုများသွားရောက်ပြုလုပ်သော်လည်း ဖြေရှင်းနိုင်မှု မရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆည်းတည်း ကျေးရွာသို့ သွားရောက်ရာတွင်လည်း ရွာခံများက တုတ်၊ ဓါးလက်နက်များ ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်း ကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်မီဒီယာနှင့် ရဲများအပါအဝင် မည်သူ့ကိုမျှ ဝင်ခွင့် မပေးပာု ပြောဆိုခဲ့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လုံခြုံရေးငါးဦးသာ ရွာအတွင်းဝင်ရောက်၍ ဆွေးနွေး ညှိနှိုင်းမှု များပြုလုပ်ခဲ့သော်လည်း ဖြေရှင်းနိုင်မှုမရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ ဝင်းယူနတီပာိုတယ်တွင် လက်ပံတောင်းတောင်အစီရင်ခံစာနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါဒေသအနီးဝန်းကျင်ရှိ ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး ဖြေရှင်းဆောင်ရွက်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါ ဒေသသို့ သွားရောက်ရာတွင် ယခင်ကဲ့သို့ ကြိုဆိုမှုများမရှိတော့သည့်အပြင် ရွာခံများက ကော်မရှင်ဖျက်သိမ်းရေး၊ လက်ပံတောင်း စီမံကိန်း ဖျက်သိမ်းရေး ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် လက်ပံတောင်းတောင်စီမံကိန်းအစီရင်ခံစာနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင်  ပါဝင်ဆောင်ရွက်ခြင်းသည် ယင်းဒေသအကျိုး တစ်ခုတည်းအတွက်သာ မပာုတ်ဘဲ နိုင်ငံ၏ အနာ ဂါတ်ကိုမျှော်ကိုး၍ လုပ်ေဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

YC


 

အခွန်စနစ်ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်

နိုင်ငံတော် ဘဏ္ဍာအကောက်ခွန်ပြည့်ဝစွာ ရရှိစေနိုင်ရေးအတွက် အခွန်နှုန်းထားပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက် စနစ်ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြောကြားခဲ့သည်။

မတ်လ ၁၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အခွန်ကောက်ခံခြင်းစနစ်ကို လက်တွေ့ အခြေနေ နှင့်ကိုက်ညီရန် အလျှော့အတင်းပြုလုပ်သင့်ပြီး ကုန်သွယ်ခွန်၊ ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များကို ပြင်ဆင် ပြောင်းလဲ သင့် ကြောင်း နှင့် လက်ရှိတွင် စီးပွားရေးလုပ်ငန်းကြီးများ၊ ဟိုတယ်များ၊ ကုမ္ပဏီကြီးများနှင့် အခွင့်အာဏာရ ပုဂ္ဂိုလ်များမှာ အခွန်ရှောင် တိမ်းမှုများရှိနေသောကြောင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်များမရရှိခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခဲ့ကြသည်။

လွှတ်တော်တွင် အမျိုးသားစီမံကိန်းနှင့် ရသုံးမှန်းခြေငွေစာရင်း ကိစ္စနှစ်ရပ်ကို အဓိကထား ဆွေးနွေးလျက်ရှိပြီး ဘဏ္ဍာ ငွေများကို ဌာနဆိုင်ရာအလိုက် သုံးစွဲရန် လျာထားချက်များကိုလည်း ဆွေးနွေးနေကြောင်း  ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အခွန်စနစ်တွင် ပြင်ဆင်များစွာရှိနေသေးပြီး အခွန်ရှောင်ခြင်းနှင့် ဘဏ်စနစ်မထွန်ကားခြင်း တို့ကြောင့် သန့်ရှင်းခိုင်မာသော အခွန်စနစ်ထွက်ပေါ်မလာခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးခိုင်ထွန်းက သုံးသပ်ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရဘက်မှ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိရန် လိုအပ်ပြီး ပြည်သူလူထုမှလည်း အခွန်များကို မှန်မှန် ကန်ကန်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

YC


 စွမ်းအင်ပေါ်လစီကို စွမ်းအင်ဆိုင်ရာ တက်ကျွမ်းနားလည်သူများက ရေးဆွဲမည်

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွက် ပေါ်လစီအသစ်ပြန်ပြင်ရေးဆွဲရာတွင် စွမ်းအင်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီနှင့် စွမ်းအင်ဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးကော်မတီတို့အပြင် ဂျပန်နိုင်ငံသို့ သွားရောက်သင်တန်း တက်ကာ လေ့လာခဲ့သော ဌာန ဆိုင်ရာမှ ကျွမ်းကျင်သူ ၂၄ ဦးတို့နှင့်ပါ ဆွေးနွေးအကောင်အထည် ဖော်မည်ဖြစ်ကြောင်း စွမ်းအင်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် ဦးဝင်းကြိုင်က စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍလိုအပ်ချက်အတွက် တရုတ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် ကျင့်သုံးနေသော စွမ်းအင်ပေါ်လစီများကို လေ့လာပြီး ပေါ်လစီချမှတ်ကာ ဥပဒေတစ်ရပ် ထုတ်ပြန်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဂျပန်တွင်ကျင့်သုံးနေသောစွမ်းအင်ပေါ်လစီမှာ၎င်းတို့နိုင်ငံကထွက်ရှိသောစွမ်းအင်အရင်းအမြစ်နှင့်ကိုက်ညီမှုရှိသောပေါ်

လစီကိုချမှတ်ထားခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့သူ မြန်မာ့ ပြန်ပြည့်မြဲစွမ်းအင်အသင်းမှ ဗဟိုအလုပ်မှု ဆောင်ကော်မတီဝင် ဒေါ်စိမ်းစိမ်းက ပြောကြားခဲ့သည်။

မြန်မာ့လျှပ်စစ်ဓါတ်အားလိုင်းကြီးများ ပေးသည့်နေရာများတွင် မီးလင်းစေသကဲ့သို့ ဓါတ်အားလိုင်းမရှိသည့် နေရာများ တွင်လည်း အသေးစားဓါတ်အားထုတ်လုပ်မှုတစ်ခုချင်းစီမှ ပိုမိုများပြားလာအောင် နိုင်ငံတော်မှလုပ်ဆောင်သင့်ကြောင်း ၎င်းမှထပ်မံ ပြောကြားခဲ့သည်။

လတ်တလောတွင် စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးဦးဆောင်သော စွမ်းအင်ဆိုင်ရာကော်မတီ နှစ်ခု သည် စွမ်းအင်ဆိုင်ရာပေါ်လစီရေးဆွဲရန်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နောက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ သမ္မတရုံးတွင် ရုံး ဖွင့်လှစ်ပြီး လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စွမ်းအင်ဆိုင်ရာဖွံဖြိုးရေးကော်မတီအဖွဲ့ဝင် ဦးဝင်းကြိုင်ကပြောကြားခဲ့သည်။

YC


 

 

 

 

 

 

 

 

 

 

 

           


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment