Transparency Myanmar

transparency.myanmar@gmail.com

QUOTE & COMMENT
Document QUOTE & COMMENT

Snapshot of the item below:
QUOTE & COMMENT

သတင်းကောက်နှုတ်ချက်များ

 “အရပ်ဘက်လူ့အဖွဲ့အစည်းအားကောင်းရေး၊ နိုင်ငံသားအခွင့်အရေးတွေအပြည့်အဝရရှိရေး၊ အဓိက လိုအပ်ချက်က စာနယ် ဇင်းမီဒီယာ လွတ်လပ်ခွင့်ဆိုတာယုံကြည်ပါတယ်။ အခုဟာကတော့ အချင်းချင်း လှည့်တိုက်ပေးသလို ဖြစ်နေပါတယ်။ ဒီမိုက ရေစီကို သွားနေပြီဆိုရင် ဒီမိုကရေစီအရဖွဲ့စည်းပုံကို ဝေဖန်သင့် ရင်ဝေဖန်ရမှာပဲ။ ကျွန်တော်တို့အနေနဲ့လည်း သီးခြားထည့် သွင်းစဉ်းစားပြီး ဒါကို လေးလေးနက်နက်ဆောင် ရွက်သွားဖို့ရှိပါတယ်။ ပုံနှိပ်သူတွေဖက်ကတော့ ဒီဥပဒေက (၆၂) ခုနှစ်ဥပဒေ ထက် နည်းနည်းလူးသာ လွန့်သာ ရှိပါတယ်ဆိုတဲ့ အသံတွေကြားရပါတယ်။ မီဒီယာ လောကသားတွေရဲ့ လွတ်လပ်မှုဖော် ဆောင်ခြင်းက ပြည်သူ အတွက် ထမ်းဆောင်ခြင်းက အစိုးရရဲ့ လက်လှမ်းမမှီနိုင်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်နေတယ်ဆိုတဲ့ အပြုသဘောဆောင်ပြီး မီဒီယာတွေ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့လည်း အဆင်သင့်ရှိပါတယ်”

မတ်လ ၁၈ ရက်နေ့ထုတ် လျှပ်တပြက်ဂျာနယ် အတွဲ (၄) အမှတ် (၂၃) တွင်ပါရှိသော “ပြန်ကြားရေးဝန်ကြီး ဌာနက ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းအား သတင်း မီဒီယာများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဆန့်ကျင်၊ ကန့်ကွက်၊ ရှုတ်ချ” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးပြုံးချို၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 “ဗဟိုဦးစီးစနစ်ဆိုတာ ကျွန်တော်တို့ စီမံချက်မှာလုံးဝ မပါပါဘူး။ ဒါပေမယ့် လုံးဝကင်းနေတယ်လို့ ကျွန်တော်ပြောနေတာ မဟုတ်ဘူး။ ဒီနေ့ ၁၀ ရက်နေ့ကစလို့ ဗဟိုဦးစီးစနစ်မရှိတော့ဘူးလို့ ကျွန်တော်ဒီလိုပဲ ပြောမယ်”

မတ်လ ၁၈ ရက်နေ့ထုတ် Favourite News Journal အမှတ် (၃/၁၉၂) တွင်ပါရှိသော “NLD မှာ ဗဟိုဦးစီးမှုစနစ် မရှိတော့ပြီ ဖေဖော်ဝါရီလ ၁၀ ရက်မှ စတင်ပြီဟုဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်ပြော” သတင်းမှ ဦးဥာဏ်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဒီအဆိုကို တင်သွင်းသွားတဲ့သူရော ထောက်ခံဆွေးနွေးတဲ့သူရောက ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကဖြစ်နေတယ်။ အခုလိုအပ်ရင်ပြင်ဖို့ ပြောလာတာကောင်းပါတယ်။ ရှေ့ဆက်ဘယ်လိုဖြစ်လာမယ် ဆိုတာမသိသေးတော့ သုံးသပ်ဖို့ စောပါ သေးတယ်။ ကျွန်တော့်အနေနဲ့ကလည်း အရင်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ပြော ထားပြီးသားပါ။ ဘယ်နိုင်ငံမှာမဆို ခေတ်နဲ့မလျှော်ညီတော့တဲ့ ဥပဒေတွေ ကိုပြင်ရစမြဲပါ”

မတ်လ ၁၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၁) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပါပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သောဥပဒေများအား လေ့လာသုံးသပ် ရေးကော်မတီ /ကော်မရှင် များ ဖွဲ့စည်းဆောင်ရွက်ရေးအဆို ပြည်သူ့လွှတ်တော်၌ အတည်ပြု” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအုန်းကြိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 “အခုဆိုရင် လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ စိုက်ပျိုးရေးကိုအားကိုးကြတယ်။ ကျေးလက်ဒေသမှာ နေထိုင် ကြတယ်။ ဒီကဏ္ဍဟာ ရင်းနှီးမြှုပ်နှံမှု အများကြီးလိုအပ်ပြီး ကျန်တဲ့ စီးပွားရေး အဆောက်အအုံနဲ့လည်း ပေါင်းစည်းမှုရှိဖို့ လိုအပ်တယ်။ စွမ်းအားစုတွေဟာ အားလုံးပါဝင်ပြီး ကျယ်ကျယ်ပြန့်ပြန့် တိုးတက်မှုရမယ့် ကဏ္ဍ တွေဆီရောက် သွားအောင်ကြိုးစားနေကြ တာဖြစ်တယ်”

မတ်လ ၁၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၁) တွင်ပါရှိသော “မြန်မာ့အရေး အမေ ရိကန်မှာ ဆွေးနွေး” သတင်းမှ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အာရှနှင့်ပစိဖိတ်ဒေသဌာန အကြီး အကဲ အနွတ်ဆင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခွန်အကောက်စနစ်နဲ့ ကုန်သွယ်ရေးမူဝါဒတွေ အကောင်းဆုံးချမှတ်ပြီး ကုန်ဈေးနှုန်းမတက်အောင် ထိန်းလို့ရပါတယ်”

မတ်လ ၁၈ ရက်နေ့ထုတ် The Voice Weekly Journal အတွဲ (၉) အမှတ် (၁၁) တွင်ပါရှိသော “ဝန်ထမ်းလစာနှင့် ပင်စင်လစာများတိုးမြှင့်ရန် ကျပ် ၃၈၅ ဘီလီယံထပ်သုံးမည်” သတင်းမှ စီးပွားရေးမူဝါဒရေးရာ ဒေါက်တာ အောင်ကိုကို၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment