Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာနိုင်ငံမှ ကျေးလက်နေပြည်သူများက ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေသော်လည်း ဈေးနှုန်းများတက်လာမည်ကို စိုး ရိမ်ဆဲ

( 15 March 2013 ရက်စွဲပါ Channel News Asia မှ May Wong ရေးသားသော Myanmar’s rural poor fear price increase amid reform ကိုဘာသာပြန်ဆိုသည်။ )

  1. မြန်မာနိုင်ငံတွင်နိုင်ငံခြားသားဆရာဝန်များအတွက်လိုင်စင်ထုတ်ပေးမည်

( 15 March 2013 ရက်စွဲပါ Bangkok Post မှ Myanmar to regulate foreign doctor ကိုဘာသာပြန်ပါသည်။ )


မြန်မာနိုင်ငံမှ ကျေးလက်နေပြည်သူများက ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေသော်လည်း ဈေးနှုန်း များတက်လာမည်ကို စိုးရိမ်ဆဲ

( 15 March 2013 ရက်စွဲပါ Channel News Asia မှ May Wong ရေးသားသော Myanmar’s rural poor fear price increase amid reform ကိုဘာသာပြန်ဆိုသည်။ )

မြန်မာအစိုးရက တိုင်းပြည်၏နိုင်ငံရေးနှင့် စီးပွားရေးအနေအထားကို အသွင်ပြောင်းခဲ့ရာ အများကချီးကျူးခဲ့ကြပါ သည်။ သို့သော် မြန်မာနိုင်ငံရှိ ကျေးလက်နေဆင်းရဲသောပြည်သူများက ပြောင်းလဲမှုများမှ စိုးရိမ်မှုများဖြင့်ထွေးပွေ့ နေကြပါ သည်။ အချို့က တိုင်းပြည်၏ ဖွံဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများသည် ဆန်နှင့်ဆီ ကဲ့သို့သော အခြေခံလိုအပ်ချက် စား သောက် ကုန်ဈေးတက်လာမှု ဖြစ်စေမည်ကို စိုးရိမ်နေကြောင်း ဖော်ထုတ် ကြပါသည်။

အသက် ၄၇ အရွယ်ရှိ ကလေးခြောက်ယောက်ဖခင် ဦးအုန်းမြင့်သည် ကုန်ထမ်ူးတစ်ဦးဖြစ်ပြီး၊ ၎င်း၏ဝင်ငွေမှာ တစ်ရက်လျှင် ၃၀၀၀ ကျပ်ဖြစ်ပါသည်။

အများစုက အကောင်အထည်ဖော်နေသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုနေကြသော် လည်း အဆိုပါမူဝါဒများသည် ၎င်းတို့အတွက် အပေါင်းလက္ခဏာဆောင်သော ရလဒ်များ မရှိသေးသောကြောင်း ဦးအုန်းမြင့် ကပြောပါသည်။

၎င်းကပြောကြားရာတွင် “မြို့တော်ကြီးက တိုးတက်လာတယ်ဆိုပေမဲ့ ကျွန်တော့်ဘဝက ရုန်းကန်နေရတုန်းပဲ၊ အရင် ကအတိုင်းပါဘဲ” ဟုဆိုပါသည်။

၎င်း၏ကလေးများသည် အိမ်များသို့ရေထမ်းခြင်းကဲ့သို့သောအလုပ်ဖြင့် မိသားစုဝင်ငွေကိုတစ်ဖက်တစ်လမ်း ကရှာ ဖွေပေးကြသော်လည်း နောင်တွက် ထိုငွေဖြင့်ပင် အလုံလောက်မည်ကို စိုးရိမ်လျက်ရှိပါသည်။

၎င်းတို့သည် ထမင်းနှင့်ဟင်းသီးဟင်းရွက်ကိုသာစားသောက်နေကြရရာ ယခုအခါ ဟင်းသီးဟင်းရွက်တစ်ပွဲစာ ကို ၅၀ ကျပ် ( အမေရိကန်ဒေါ်လာ 10 Cents) ပေးရပါသည်။ လာမည့်ခြောက်လအတွင်း အဆိုပါဟင်းသီးဟင်းရွက်တစ်ပွဲလျှင် နှစ်ဆဈေးတက်မည်ကိုဟု ၎င်းကမျှော်လင့်နေပါသည်။

၎င်းကပြောကြားရာတွင် “ လက်ရှိအစိုးရကလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ ပြည်သူလူထုအပေါ် ကောင်းမွန်တဲ့သက်ရောက်မှုတွေ မရှိသေးပါဘူး။ ဒါကြောင့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ပြည်သူတွေကို အကျိုးပြုမဲ့ ရလဒ်တွေ လုပ်ပေးနိုင်မယ်လို့ ကျွန်တော်မယုံကြည်ပါဘူး။ အစိုးရဟာ စကားဘဲပြောနေပြီး လက်တွေ့မပါပါဘူး။ လိုအပ်တဲ့ လုပ်ဆောင်မှုတွေမရှိဘဲနဲ့တော့ ပြည်သူလူထုအတွက် အသီးအပွင့်တွေ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး” ဟုဆိုပါသည်။

မြန်မာနိုင်ငံလူဦးရေး သန်း ၆၀ ၏ သုံးပုံနှစ်ပုံခန့်သည် ကျေးလက်များတွင်နေထိုင်နေကြပါသည်။ မြန်မာအစိုးရ သည် မြို့ကြီးများတွင် နိုင်ငံရေးနှင့် စီးပွားရေးအသွင်ပြောင်းမှုများကို လျင်မြန်စွာ လုပ်ဆောင်နေသောလည်း၊ အကျိုးသက် ရောက်မှုများသည် ဦးအုန်းမြင့်ကဲ့သို့သော သာမန်လူများဆီသို့ မရောက်ရှိနိုင်သေးပေ။


မြန်မာနိုင်ငံတွင်နိုင်ငံခြားသားဆရာဝန်များအတွက်လိုင်စင်ထုတ်ပေးမည်

( 15 March 2013 ရက်စွဲပါ Bangkok Post မှ Myanmar to regulate foreign doctor ကိုဘာသာပြန်ပါသည်။ )

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားဆရာဝန်များအား ဆေးကုခွင့်လိုင်စင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တွင် သောကြာနေ့က ကျင်းပသော မြန်မာနိုင်ငံဆေးကောင်စီကွန်ဖရင့်တွင် ဆေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံကိုလာမဲ့ နိုင်ငံခြားသားဆရာဝန်တွေကို လိုင်စင်ကိုအကန့်အသတ်နဲ့ချထားပေးပါမယ်” ဟု ပါမောက္ခ ဦးမျိုးမြင့်ကပြောပါသည်။

“ အချိန်နဲ့လည်းကောင်း၊ ကုသမဲ့နေရာနဲ့လည်းကောင်း၊ ခွဲစိတ်ကုသခြင်း သို့မဟုတ် အခြားသတ်မှတ်ခြင်းများဖြင့် လည်းကောင်း ကန့်သတ်မှုတွေရှိမှာပါ” ဟု၎င်းကဆိုပါသည်။

ဆရာဝန်များကို အများဆုံးတစ်နှစ် လိုင်စင်ခွင့်ပြုမည်ဖြစ်ပြီး၊ မြန်မာဆရာဝန်နှင့် ပူးတွဲလုပ်ကိုင်ရ မည်ဖြစ် သည်။ လက်ရှိအားဖြင့် နိုင်ငံခြားသားဆရာဝန် ၁၀၀ခန့်သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျှက်ရှိရာ အချို့မှာ မှတ်ပုံတင်ထားပြီး အ ချို့မှာ မှတ်ပုံတင် ထားခြင်းမရှိပေ။ အများစုမှာ ကျန်းမာရေးဌာနတွင် ကာလတိုသမားတော် များအဖြစ် လုပ်ကိုင်နေကြပါ သည်။

“ ကိန်းဂဏန်း အတိအကျမသိပါဘူး။ အများစုက မှတ်ပုံတင်မထားပါဘူး။ အခုတော့ သူတို့ကိုထိန်းချုပ်မဲ့ ဥပဒေရှိပြီ ဆိုတာ အသိပေးထားပါတယ်” ဟု ဦးမျိုးမြင့်က ပြောပါသည်။

“ နိုင်ငံခြားသားဆရာဝန်တွေရဲ့ အရည်အသွေး၊ လုံခြုံမှုနှင့် စောင့်ရှောက်မှုတွေအတွက် ရည်ရွယ်ပါတယ်။ သူတို့ကို ဥပဒေရဲ့ အကာကွယ်ကိုလည်းပေးပါမယ်။ စံသတ်မှတ်တဲ့ အရည်အသွေးတော့ရှိရပါမယ်” ဟု၎င်းကဖြည့်စွက်ပြောပါသည်။

 


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment