Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ­­­ ဒေါ်အောင်ဆန်းစုကြည်  Total Myanmar ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်းဒေသများသို့ သွားရောက်
  2. နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆို
  3. လာမည့် ဘဏ္ဍာနှစ်တွင် ကန်ထရိုက်စနစ်ဖြင့် လယ်ဧကတစ်သန်းစိုက်ပျိုးမည်
  4. ထားဝယ်တွင် အကြီးစားကျောက်မီးသွေးစက်ရုံတည်ဆောက်ရန် ထိုင်းကုမ္ပဏီ ထပ်မံပြောကြား

­­­ဒေါ်အောင်ဆန်းစုကြည် Total Myanmar ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်းဒေသများသို့သွားရောက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိTotal Myanmar ရေနံနှင့်သဘာဝဓါတ်ငွေ့ စီမံကိန်းများရှိရာ ကံဘောက်ဒေသသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ခဲ့ပြီးဒေသခံများ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း ကံပေါက်ဒေသခံများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင်ဒေသခံများမှ လမ်းပန်းဆက်သွယ်ရေး၊ ဆေးရုံ၊ ကျောင်း၊ လျှပ်စစ်မီး နှင့် ရေ စသည်တို့ ပိုမိုကောင်းမွန်လာစေရန်တောင်းဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း ဆိုက်ကယ်စီးရာတွင် ဆိုက်ကယ်စီး ဦးထုပ်ဆောင်းရန် နှင့် စိုက်ပျိုးမှုများပြားနေသော ရာဘာပင်များအစား အခြားသောအပင်များ စိုက်ပျိုးရန် ဒေသခံများထံ ပြန် လည်တောင်းဆိုခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဒေသခံ မမြင့်မူက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total ၏ အစီစဉ်ဖြင့် သွားရောက်ခြင်းဖြစ်ပြီး Total ကုမ္ပဏီ၏ လူမှု စီးပွားရေးစီမံချက်များရှိသည့် မိကျောင်းလောင်းကျေးရွာစိုက်ပျိုးရေးခြံနှင့် ဇာဒီကျေးရွာရှိကျေးလက် ဆေးပေးခန်းများ၊ လမ်း ပြုပြင်ထားမှုများနှင့် စာသင်ကျောင်းဆောက်လုပ်ထားမှုများသို့ သွားရောက်လေ့လာခဲ့ကြောင်း ကံပေါက်ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်အား ဒေါ်အောင်ဆန်းစုကြည်သည် Total Myanmar ကုမ္ပဏီ၏ ဖိတ်ကြားချက်အရ သွားရောက် ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

YC


နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆို

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေး များရရှိစေရန် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီတွင်ပါဝင်သည့် အဖွဲ့အစည်းအသီးသီးမှ နိုင်ငံရေး အကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်ကို မတ်လ ၁၄ ရက်နေ့က တညီတညွတ်တည်း သဘောတူဖွင့်ဆိုခဲ့ကြောင်း သိရသည်။

မည်သူမဆို နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံသားများ နစ်နာဆုံးရှုံး နေသည်ဟု ယုံကြည်၍ဖြစ်စေ နိုင်ငံရေးလှုပ်ရှားမှုပုံသဏ္ဍာန် အမျိုးမျိုးတို့ကို ဆောင်ရွက်နေမှု ကြောင့် ဖမ်းဆီး ထိန်းသိမ်း ပြစ်ဒဏ် ချမှတ်ခံရသူများ၊ အထက်ပါ ဆောင်ရွက်မှုများနှင့်ဆက်စပ်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ် ချမှတ်ခံ ထားရသူ များ၊ အစိုးရ တစ်ရပ်ရပ်၏ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဆင့်အဆင့်က နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကြောင်း အရ အရေးယူခံ ရသူများဟူ၍ လွတ် မြောက်လာသော နိုင်ငံရေး အကျဉ်းသားများက အဓိပ္ပာယ်ဖွင့်ဆိုလိုက် ကြောင်းသိရသည်။

အဆိုပါအဓိပ္ပာယ်ဖွင့်ဆိုချက်သည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါပြီး နိုင်ငံရေးအကျဉ်းသား ကိစ္စ သည် နိုင်ငံတော်တည်ဆောင်ရေးအတွင် အဓိကကျကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

အဖွဲ့အစည်းအသီးသီး၏ စာရင်းပြုစုချက်အရ နိုင်ငံရေးအကျဉ်းသား ၃၆၄ ယောက်ကျန်ရှိနေသေးပြီး နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရန်နှင့် ဘဝပြန်လည်ထူထောင်နိုင်ရေးအပြင် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေး ပြည့်ပြည့်ဝဝရရှိရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို နိုင်ငံတော်သမ္မတ သဘောတူညီချက်ဖြင့် နိုင်ငံတော် သမ္မတသဘောတူညီချက်ဖြင့် နိုင်ငံတော်သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နိုင်ငံရေးအကျဉ်းသားအရေးကို ဆောင်ရွက်နေသော အဖွဲ့စည်းများပါဝင်ပြီး ပထမဆုံး အနေဖြင့် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်နိုင်ရန် ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများက ပြောကြားခဲ့ကြောင်း သိရသည်။

                                                                                                    YC


လာမည့် ဘဏ္ဍာနှစ်တွင် ကန်ထရိုက်စနစ်ဖြင့် လယ်ဧကတစ်သန်းစိုက်ပျိုးမည်

လာမည့် ၂၀၁၃ - ၁၄ ဘဏ္ဍာနှစ်တွင် ကန်ထရိုက်စနစ်ဖြင့် လယ်ဧကတစ်သန်းအား မြန်မာတစ်နိုင်ငံလုံးတွင် စတင် စိုက်ပျိုးမည်ဖြစ်ပြီး ပြည်ပဈေးကွက်တွင်တွက်ချေကိုက်၍ ပြည်တွင်း၌ကြိုက်နှစ်သက် မည့်စပါးမျိုးကို ရွေးချယ် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင် ကပြောကြား ခဲ့သည်။

Contract Farming လုပ်ငန်းများသည် တောင်သူများအပေါ်တွင် အာမခံချက်အားနည်းသကဲ့သို့ Contract Farming ကို တာဝန်ယူဆောင်ရွက်နေသောစက်ပိုင်၊ ကုမ္ပဏီများကလည်းတာဝန်ခံပြီးဆောင်ရွက် ရမည့်အပိုင်းတွေ အားနည်း မှုများရှိပြီး ယခုစတင်လုပ်ဆောင်မည့်စနစ်သစ်သည် တောင်သူ၊ စက်ပိုင်၊ ကုန်သည်များအတွက် ပိုမိုထိရောက် အကျိုးရှိမည် ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။

Contract Farming စနစ်ဖြင့်ဆောင်ရွက်ရာတွင် လယ်မြေပိုင်ဆိုင်မှုကို တောင်သူလယ်သမားများကသာ ပိုင်ဆိုင်ရ မည်ဖြစ်ပြီးရင်းနှီးမြုပ်နှံသည့် လုပ်ငန်းရှင်များသည် တောင်သူလယ်သမားများနှင့် ပူပေါင်းလုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ပဈေးကွက်ဝေစုရနိုင်သည့် အနေအထားရှိသော ပေါ်ဆန်းဆန် ကိုလည်းတိုးချဲ့ စိုက်ပျိုး သွားမည် ဖြစ်ပြီး Contract Farming စနစ်ဖြင့် စိုက်ပျိုးမှုအားဆန်စပါးအထူးပြုကုမ္ပဏီ ၅၉ ခုနှင့် မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကုမ္ပဏီလီမိတက် ( MAPCO ) တို့မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပြောကြား ချက်များအရသိရသည်။

YC


ထားဝယ်တွင် အကြီးစားကျောက်မီးသွေးစက်ရုံတည်ဆောက်ရန် ထိုင်းကုမ္ပဏီ ထပ်မံပြောကြား

ထားဝယ်စီမံကိန်းတွင်တည်ဆောက်မည့် ၇၂၀၀ မဂ္ဂါဝပ်အကြီးစားလျှပ်စစ်ဓါတ်အား ပေးစက်ရုံအတွက် ကျောက်မီး သွေး လောင်စာသုံးစက်ရုံကို အသုံးပြုသွားမည်ဖြစ်ကြောင်း အီတာလျံ - ထိုင်းကုမ္ပဏီ ITD ၏ ဥက္ကဋ္ဌ ပရာချိုင်းက ထပ်မံပြော ကြားခဲ့သည်။

ရေရှည်တွင်တည်ဆောက်ရန်လျာထားသည့် မဂ္ဂါဝပ် ၈၂၀၀ ဓါတ်အားပေးစက်ရုံစီမံကိန်းတွင် မဂ္ဂါဝပ် ၁၀၀၀ ကို သဘာဝဓါတ်ငွေ့လောင်စာမှ လည်းကောင်း၊ မဂ္ဂါဝပ် ၇၂၀၀ ကိုကျောက်မီးသွေးမှလည်းကောင်း အသီးသီးအသုံးပြုမည်ဖြစ်ပြီး ယင်းအနက် မဂ္ဂါဝပ် ၄၂၀၀ ကိုထိုင်းနိုင်ငံသို့ရောင်းချရန် ထိုင်းအစိုးရက ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် ယင်းကဲ့သို့သော ကျောက်မီးသွေးစက်ရုံတည်ဆောက်ရန်မရှိကြောင်း နှင့် ၇၂၀၀ မဂ္ဂါဝပ်သည် ပမာဏများ စွာကြီးမားကာ အကျိုးသက်ရောက်မှုများပြားပြီး ထိုင်းနိုင်ငံ မတ္တာပု စက်မှုဇုန်တွင် ပင်လျှင် ကျောက်မီးသွေးစက်ရုံမှာ ၁၈၀၀ မဂ္ဂါဝပ် သာရှိကြောင်း နင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားခဲ့သည်။

ကနဦးတွင် မဂ္ဂါဝပ် ၂၈၀ ရှိသည့် သဘာဝဓါတ်ငွေ့ရည်သုံး ဓါတ်အားပေးစက်ရုံကို တည်ဆောင်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအတွက် တစ်နှစ်လျှင် သဘာဝဓါတ်ငွေ့ရည်တန်ချိန် သန်းသုံးဆယ်ဝယ်ယူရန် နားလည်မှုစာချွန်လွှာကို လာမည့် အပတ်တွင် ရေးထိုးရန်အစီစဉ်ရှိကြောင်း ပရာချိုင်၏ ပြောကြားချက်များ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် လည်ပတ်နေသော ကျောက်မီးသွေးစက်ရုံ၊ မြိတ်မြို့တွင် တည် ဆောက်ရန် ပြင်ဆင်နေသော ကျောက်မီးသွေးစက်ရုံတို့မှာ ဒေသခံများ၏ ဆန့်ကျင်မှုနှင့် အသီးသီးရင်ဆိုင်နေရကြောင်း သိရသည်။

YC


 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment