Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

မြန်မာ့ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်ကောင်းလာ

(Channel News Asia မှ 13 March 2013 ရက်စွဲပါ Reforms in Myanmar gaining Momentum ကိုဘာသာပြန်ဆိုသည်)


မြန်မာ့ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်ကောင်းလာ

(Channel News Asia မှ 13 March 2013 ရက်စွဲပါ Reforms in Myanmar gaining Momentum ကို ဘာသာပြန်ဆိုသည်)

Photo Credit by AFP

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများမှာ စတင်အရှိန်ရရှိလာပြီဖြစ်ပြီး လေ့လာ စောင့်ကြည့်သူများက သမ္မတဦးသိန်းစိန်၏ အတွေးအခေါ်နှင့် အမြင်များမှာ အသီးအပွင့်များခံစားရရှိလာ ပြီဟူသော သင်္ကေတတစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ယင်းသို့အရှိန်ရလာမှုမှာ လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ ဖြစ်လာသည့် အချိန်မှ စ၍ ကြိုးပမ်းအားထုတ်ခဲ့မှုများကို ညွှန်းဆိုမှုတစ်ရပ်ပင်ဖြစ်သည်။

ယခင် စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ သမ္မတဦးသိန်းစိန်သည် အများပြည်သူတို့အနေဖြင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်မှု၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုမှုမှသည တည်ဆဲဥပဒေများစွာပြန်လည်ပြင်ဆင်မှုများအထိ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအာဏာ ရရှိလာသည့် အချိန်မှစ၍ အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့သည်။

နိုင်ငံရေး လေ့လာဆန်းစစ်သူ ဦးတိုးဇော်လတ်က “ထူးခြားတဲ့ ပြောင်းလဲမှုကြီးတွေရှိတယ်လို့ကျွန်တော်ထင်ပါတယ်။ လူပုဂ္ဂိုလ်ပြောင်းလဲတာတင်မကပါဘူး၊ ပလေယာတွေပါပြောင်းလဲမှုရှိပါတယ်။ အတိတ်ကာလတုန်းကဆိုရင် စစ်အစိုးရမှာ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ပဲ အာဏာရှိတာပါ။ ဒါပေမဲ့ ယခုတော့ အာဏာက သုံးနေရာမှာရှိနေပါတယ်။ သမ္မတရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ်ပေါ့။ ဒါဟာ ပကတိတရားပဲ” ဟု သုံးသပ်ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဘက်သို့ ကူးပြောင်းသွားအောင် လုပ်ဆောင်ပေးခဲ့သည် ဟူသောအချက်ကို အများစုက အသိအမှတ်ပြုကြသည်။

“နိုင်ငံရေး၊ စီးပွားရေးနဲ့ မီဒီယာ စတဲ့မတူညီတဲ့ နယ်ပယ်တွေထဲမှာ ထူးခြားထင်ရှားတဲ့ အပြောင်းအလဲ ဒါမှမဟုတ် အဆင့်တွေ ဖြစ်ပေါ်လာတယ်။ အဲဒီတော့ အသွင်ကူးပြောင်းမှု ဒါမှမဟုတ် ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ဟာ အရှိန်ရလာပါတယ်။ လူအများစုက သမ္မတကြီးဟာ ကောင်းတဲ့အလုပ်ကိုလုပ်နေတယ်လို့ ယုံကြည်လျက်ရှိတယ်။ သူလုပ်သမျှထဲမှာ အချိန်တို အတွင်းအရေးအကြီးဆုံး လုပ်ဆောင်နိုင်မှုတစ်ခုက မြန်မာပြည်သူတွေကို ယုံကြည်လက်ခံလာအောင်လုပ်ခဲ့တာပါပဲ။ အငြိမ်း စားဗိုလ်ချုပ်ကြီးတစ်ယောက်အနေနဲ့ အများပြည်သူတွေရဲ့ ယုံကြည်မှုကို ပမာဏများစွာရရှိလာအောင်လုပ်နိုင်ခဲ့တယ်၊ ပြည်သူတွေ သူ့ကိုယုံကြည်အောင် လုပ်နိုင်ခဲ့တယ်” သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးစည်သူကိုကိုက ပြောကြားသည်။

နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးဝင်းကျော်က “ပြည်သူတွေက ဦးသိန်းစိန်ကို ယုံကြည်ကြတယ်။ ဒါပေမဲ့ သူ့အ နေနဲ့ ကြီးကြီးမားမားလုပ်ဆောင်ပေးနိုင်တာမျိုးမရှိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတဦးသိန်းစိန်ဟာ လတ်တလော အခြေ အနေမှာ အပြောင်းအလဲတစ်ခုဖြစ်အောင် အမှန်တကယ်ကြိုးစားနေတယ်လို့ ကျွန်တော်တို့ တွေ့မြင်ခံစားမိပါတယ်” ဟုပြော သည်။

မည်သို့ပင်ဆိုစေကာမူ တိုင်းပြည်ပိုမို လွတ်လပ်မျှတမှုရှိလာရေးအတွက် လုပ်ကိုင်ဆောင်ရွက်သင့်သည့် ကိစ္စများစွာ ရှိနေသည်ဟု မြန်မာနိုင်ငံသားအချို့ကယုံကြည်ကြသည်။

ထိုသို့လုပ်ကိုင်ရာတွင် ယခင်စစ်ဘက်အရာရှိဟောင်း၊ လက်ရှိ ကက်ဘိနက်ဝန်ကြီးများအနေဖြင့် ၎င်းတို့၏ အုပ်ချုပ် မှုဆိုင်ရာ အတွေးအခေါ်ဟောင်းများကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။

“ပြည်သူတွေ အသံမထွက်ဘဲ တိတ်တိတ်နေရမယ် ဆိုတဲ့အတွေးမျိုး သူတို့(အစိုးရအရာရှိကြီးများနှင့်ဝန်ကြီးများ)မှာ ရှိနေဆဲပါပဲ။ အဲဒီ စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေက ပြည်သူတွေကိုမယုံကြည်ကြပါဘူး။ လွတ်လပ်မှုဆိုတဲ့ သဘောတရားကို ပြည်သူတွေသိအောင် သင်ကြားပေးဖို့လိုတယ်ဆိုတဲ့အချက်ကိုလည်း သူတို့နားမလည်ကြပါဘူး။ အဲဒါဟာ တိုးတက်ဖြစ်ထွန်း မှုတွေရှိလာဖို့အတွက် အမှန်တကယ်လိုအပ်တာပါ” ဟု ဦးဝင်ကျော်က ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ဦးသိန်းစိန် သမ္မတဖြစ်လာသည့်အချိန်မှစ၍ မြန်မာ့ နိုင်ငံရေးဝန်းကျင် တွင် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်ဟူသောအချက်မှာ ငြင်း၍မရပေ။ ပြောင်းလဲမှုဟူသည့် ယန္တရားကြီးမှာ လည်း အရှိန်ကောင်း စွာလည်ပတ်လျက်ရှိရာ အဆိုပါပြောင်းလဲမှုဖြစ်စဉ်ကို ထိန်းချုပ်ရန် လွယ်ကူပါမည် လောဟူသည့် မေးခွန်းမျိုးကိုအချို့သော လေ့လာစောင့်ကြည်သူများက စိုးရိမ်တကြီးမေးလာကြသည်။

သို့တိုင်အောင် မြန်မာ့နိုင်ငံရေးအခင်းအကျင်း စောင့်ကြည်သူများက လာမည့် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကြီးတစ်ရပ် ကျင်းပပေးနိုင်အောင် လက်ရှိဖွံ့ဖြိုးတိုးတက်မှုများက လုပ်ဆောင်ပေးလိမ့် မည်ဟု ယုံကြည်လျက်ရှိသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment