Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များ နှင့်သတင်းတို

“အခုခေတ်ဟာ ပြည်သူကနေရွေးချယ်ပေးတဲ့ခေတ်ဖြစ်တယ်။ အဲဒီကမှတဆင့် လွှတ်တော်တွေမှာ လွှတ်တော် ကိုယ်စားလှယ် တွေဖြစ်လာတယ်။ အဲဒီကနေမှ အစိုးရအဖွဲ့တွေဖွဲ့စည်းမယ်။ အဲဒီထဲကမှ ကျွန်တော်ဝန်ကြီး ဖြစ်လာတယ်။ ဝန်ကြီုးဖြစ်လာတော့ခင်ဗျားတို့အတွက်ပဲ ပြန်လုပ်ပေးရတာ၊ မလုပ်ပေးနိုင်ရင် တာဝန်မကျေ ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့ ဒီလိုပဲ ခံယူထားတယ်။ ပြည်သူတွေဘက်ကလည်း ဘယ်လိုခံယူကြရမလဲဆိုရင် ငါတို့ရွေးချယ်ပေးထားသူဖြစ်တဲ့အတွက် ငါတို့ ခိုင်းတာကို လုပ်နေတာဖြစ်တဲ့အတွက် ရှေ့ဆက်ပြီး အလုပ်လုပ်လို့ရအောင် ငါတို့နောက်ကနေ တွန်းအားပေးပြီးတော့မှ ဝိုင်းဝန်းပံ့ပိုးရမယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့လုပ်ကြဖို့လိုပါတယ်။ အခု စနစ်တွေအားလုံးပြောင်းသွားပြီ။ ခင်ဗျားတို့ကနေ ဝိုင်းလုပ် ပေးရမယ်။ စည်းကမ်းရှိရှိဝိုင်းလုပ် ပေးဖို့လိုတယ်။ ဒါမှသာ ကျွန်တော်တို့နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာကို ကျွန်တော် ပြောချင်တယ်။ ဒီအခမ်းအနားမှာ ဒီအချက်ကို အဓိကထားပြီး ကျွန်တော်ပြောချင်တာဖြစ်တယ်”

မတ်လ ၂၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၂) တွင်ပါရှိသော “ပြည်သူပေးသည့် မဲဖြင့် ဝန်ကြီး ဖြစ်နေ ခြင်းကြောင့် ပြည်သူအတွက် အလုပ်လုပ်ရမည်ဟု ဦးအောင်မင်းဆို” သတင်းမှ ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြောချင်တာက အလုံးစုံငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးရပြီလို့ ပြောလို့ရတယ်။ ငြိမ်းချမ်းရေးဟာ လိုအပ်ပါတယ်။ နိုင်ငံတော် အတွက် အရေးကြီးလုပ်ငန်းအားလုံးထဲက နိုင်ငံတော်တည်ငြိမ်ရေးကို ပထမဆုံး လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်။ တည်ငြိမ် မှုရှိတဲ့အခါမှာ နိုင်ငံတော်စီးပွားရေး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်ဆိုပြီး နှစ်ပိုင်းချမှတ်ခဲ့တာ၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးမှာ နှစ်ပိုင်းရှိတယ်။ နိုင်ငံရေးပါတီ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ဖို့တစ်ပိုင်း၊ ဒါကြောင့်မို့ ပထမပိုင်း ဖြစ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ မကြာခဏ တွေ့ဆုံခဲ့တယ်။ ဒီလို တွေ့ဆုံတိုင်ပင်ပြီးတော့မှ နိုင်ငံတော်အရေး ကိစ္စများကို ဆောင်ရွက်ခဲ့တဲ့အနေအထားတွေ ဖြစ်ပါတယ်။ အားလုံးက ပူးပေါင်းဆောင်ရွက်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိရောက်အောင် ဆောင်ရွက်နိုင်မယ့် အနေအထား တွေ ဖြစ်ပါ တယ်။ အားလုံးကပူးပေါင်း ဆောင်ရွက်မှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်အောင် ဆောင်ရွက် နိုင်မယ့် အနေအထား တွေရှိတယ် ဆိုတာ တင်ပြလိုပါတယ်။”

မတ်လ ၂၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၁၂) တွင်ပါရှိသော “ကေအိုင်အေနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းကြောင့် အလုံးစုံငြိမ်းချမ်းရေးရရှိပြီဖြစ်ကြောင်း ဦးအောင်မင်းပြောကြား” သတင်းမှ ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြင့်မားမှုကြောင့် ခေတ်ကာလ အခြေအနေအချိန်အခါနဲ့ အံဝင်ခွင်ကျ မဖြစ်တော့တဲ့၊ လိုက်လျောညီထွေမဖြစ်တော့တဲ့၊ ဥပဒေအချက်အလက်များရှိကောင်းရှိနေမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို အခြေအနေ အချိန်အခါနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြန်လည်လေ့လာသုံးသပ်ဖို့လိုပြီလို့ ယူဆမိပါတယ်။ လေ့လာသုံးသပ်ရာ မှာတော့ တစ်ဦးချင်းတစ်ဖွဲ့ချင်း လိုရာဆွဲပြီးဆောင်ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့အတွက် သင့်တော်တဲ့ ဥပဒေ ပညာရှင်များ၊ အသိပညာပြည့်ဝသူများ၊ အတွေ့အကြုံရင့်ကျက်သူများနဲ့ ကော်မတီ၊ ကော်မရှင်များ ဆောင်ရွက်ကြရပါမယ်။”

မတ်လ ၂၁ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၄) တွင်ပါရှိသော “အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက် နိုင်မယ့် အစီအစဉ်တွေစတင်မည်” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ် သူရဦးအေးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကယားပြည်နယ်မှာ ဒီလောက်အဖွဲ့ဝင်တွေ မများပါဘူး။ အဖွဲ့ဝင်ဦးရေနဲ့ပတ်သက်ပြီး ဘာအဆက်အသွယ် မှမလုပ်ဘူး။ ကယားပြည်နယ်မှာ နိုင်ငံရေးဦးဆောင်တဲ့အဖွဲ့ဆိုပြီးလုပ်နေတယ်။ သူတို့က ဘယ်သူဝင်ရမယ်၊ ဘယ်သူ့ကိုမဝင်ခိုင်းဘူး ဆိုတာမျိုးတွေရှိတယ်။ ဒါ့ကြောင့်ပါတီကော်မရှင်ဆိုတာ ပယ်ဖျက်ခဲ့တာပါ”

မတ်လ ၂၁ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၄) တွင်ပါရှိသော “ကယားပြည်နယ် NLD အဖွဲ့ဝင်တစ်သောင်းကျော်နုတ်ထွက် ပါတီ (ဗဟို) ဌာနချုပ်ငြင်းဆို” သတင်းမှ ဦးဥာဏ်ဝင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့  မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ဧပြီလ ၁ ရက်နေ့မှာ စတင်ရောင်းချ ပေးမှာမှန်ပါတယ်။ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို တစ်ကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီး လျှော့နည်းတဲ့ ဈေးနဲ့ရောင်းမှာပါ။ ထောင်ဂဏန်းမျှသာ ဖြစ်ပါလိမ့်မယ်ဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို မေးတဲ့အခါ အတည်ပြုတဲ့အတွက် အခြားမီဒီယာတွေကိုလည်း အဲဒီအတိုင်း ကျွန်တော်ထပ်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။”

မတ်လ ၂၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၄) တွင်ပါရှိသော “မိုဘိုင်းဆင်းကဒ်များကို ကျပ်ထောင်ဂဏန်းဖြင့် ဧပြီ ၁ ရက်နောက်ပိုင်းရောင်းချမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ အတည်ပြုပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

  1. နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) လျှောက်ထားရာတွင် လိုအပ်ချက်များလျှော့ပေါ့

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်ရာတွင် လိုအပ်ချက်များအား အစိုးရမှတစ်ဆင့်ချင်းဖြေလျှော့ပေးလျက်ရှိရာ ယခုလ ၁၈ ရက်မှစ၍နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ပညာရေးကင်းရှင်းကြောင်းထောက်ခံချက် ရယူ တင်ပြရန်မလိုတော  ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

အလားတူ အခွန်ကင်းရှင်းကြောင်း သက်သေခံစာရွက်ဖြစ်သောပုံစံ ၁၉ (ပုံစံ (ဂ) [ပတခ(၀င)-၁၂ ])ကို ယခုလ ၁၅ ရက်နောက်ပိုင်းမှစ၍ ပြုလုပ်ရန်မလိုတော့ ကြောင်းပြည်တွင်းအခွန်များဦးစီးဌာနမှ တိုင်းအခွန်ဦးစီးမှူး ဦးသောင်းအေး မှ ပြောကြားခဲ့ကြောင်းသိရသည်။။ပုံစံ ၁၉ (ပုံစံ (ဂ) [ပတခ (၀င) -၁၂ ) ကို လုံးဝပိတ်ပစ်လိုက် မည်ဟုဆိုသော်လည်း အခွန် ကြွေးကျန်ရှိသူများကို စစ်ဆေးမှုများ ပြုလုပ်နေမည်ဖြစ်၍ ၎င်းတို့မှာ ယင်းလက်မှတ်ရယူရန် လိုအပ်မည်ဖြစ်သည်။

  1.  ဆိပ်ကမ်းလုပ်ငန်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျှော့နိုင်ရန်ဆောင်ရွက်

ဌာနဆိုင်ရာရုံးများတွင် လုပ်ငန်းစနစ်များ အဆင့်ဆင့်များပြားခြင်းကြောင့် လုပ်ငန်းနှောင့်နှေးမှု များ၊ငွေကုန် ကြေးကျများခြင်း တို့ကို မြန်ဆန်စေရန် လုပ်ငန်းဝန်ဆောင်မှုများ ဖြေလျှော့နိုင်ရေး အတွက် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ ဖွဲ့စည်းပေးထားသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်ရေးအဖွဲ့မှာ ဆိပ်ကမ်း လုပ်ငန်းများနှင့် ပတ်သက်သော လုပ်ငန်းများကိုစစ်ဆေး ကြီးကြပ်ခြင်း နှင့်လမ်းညွှန်ချက်ပေးခြင်းများပြုလုပ်ပြီး မလိုလား အပ်သောကုန်ကျစရိတ်များ လျှော့ချနိုင်ရေး အတွက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၌ကျင်းပသော သတင်းစာရှင်းလင်းပွဲ တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြား ရေးမှူးက ပြောကြားခဲ့ကြောင်းသိရသည်။

 

  1. မြို့နယ်၊ရပ်ကွက်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ ဖွဲ့စည်းရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအား တာဝန်ပေးအပ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအား မြို့နယ်နှင့်ရပ်ကွက်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီများဖွဲ့စည်းရန် နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် (၂၇ / ၂၀၁၃) ဖြင့်တာဝန်ပေးအပ် ခဲ့ကြောင်း သိရသည်။မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီကို အနည်းဆုံး (၇)ဦးမှ အများဆုံး (၉) ဦးဖြင့် လည်း ကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုဖွံ့ဖြိုးတိုးတက်ရေး အထာက်အကူပြုကော်မတီကို အနည်းဆုံး (၅)ဦးမှ (၇)ဦးဖြင့် လည်းကောင်းဖွဲ့စည်းမည်ဖြစ်သည်။ ထိုဖွဲ့စည်းမှုကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးမတိုင်မီ အပြီးဖွဲ့စည်းရမည် ဖြစ်ကြောင်းလည်းသိရသည်။

  1. မြေယာနှင့်ပတ်သက်သည့်လျှောက်လွှာများ အွန်လိုင်းတွင်လျှောက်ထားနိုင်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ မြေယာနှင့်ပတ်သက်၍ လျှောက်လွှာများ ကို Online Form Submission (First Phrase) အနေဖြင့်အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားနိုင်ပြီ ဖြစ် ကြောင်း သိရ သည်။ လျှောက်ထားလိုသူများသည် ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ၏ www.ycdc.com.mm သို့ဝင် ရောက်ပြီး ဝန်ဆောင် မှုများ အောက်ရှိမြို့ပြနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင် လျှောက်ထားရမည်ဟုသိရသည်။လက်ရှိတွင် အမည် ပေါက်မှန် / မမှန်စိစစ် ပေးခြင်း၊ မြေပုံကူးခြင်းလုပ်ငန်း လျှောက်လွှာများကို ပြုလုပ်ဝန်ဆောင်မှု ပေးလျက်ရှိ သည်။ လျှောက် ထားခြင်းကို တောင် ဥက္ကလာပ၊မြောက်ဥက္ကလာပ၊ ဗဟန်း၊ကျောက်တံတား ၊လသာ၊ပန်းပဲတန်း၊စမ်းချောင်း၊ကမာရွတ် နှင့်တာ မွေမြို့နယ် များသာ ပြုလုပ်နိုင်ကြောင်းသိရသည်။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment