Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. နယူးဇီလန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များ၏ပူးပေါင်းမှုကိုရရှိလိုကြောင်းသမ္မတဦးသိန်းစိန်ပြောကြား
  2. ထောက်ပံကြေးနှင့် ပင်စင်လစာနှုန်းထားများ တိုးမြှင့်ပေးရန် ကျပ် ၃၈၅ ဘီလီယံသုံးစွဲမည်
  3. လိုင်စင်လျှောက်ထားမှုများအားလုံးကို နယ်စပ်ကုန်သွယ်ရေးဌာန တစ်ခုတည်းမှ တာဝန်ယူဆောင်ရွက် မည်

နယူးဇီလန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များ၏ ပူးပေါင်းမှုကိုရရှိလိုကြောင်း သမ္မတဦးသိန်းစိန်ပြောကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအတွက် အဆင့်အတန်းမြင့်မားသောပညာ ရေးတစ်ရပ် ဖော်ဆောင်ရန်လိုအပ်သောကြောင့် နယူးဇီလန်နိုင်ငံရှိ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်များ၏ ပူးပေါင်း ဆောင်ရွက် မှုကို ရရှိလိုကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က နယူးဇီလန်နိုင်ငံ Auckland တက္ကသိုလ်သို့ သွားရောက် လေ့လာသော ခရီးစဉ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံအနေဖြင့် သိပ္ပံနှင့် နည်းပညာကဏ္ဍများ၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ်ဖွံဖြိုးရေးကဏ္ဍ များ တွင် အကူအညီပေးစေလိုပြီး မြန်မာနိုင်ငံတွင် သတ္တုရှာဖွေတူးဖော်ရေး အပါအဝင် စီးပွားရေးဖွံဖြိုးတိုးတက်မှုများ ဖြစ်ထွန်း လာရန်အတွက် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများ လိုအပ်နေကြောင်း သမ္မတဦးသိန်းစိန် မှပြောကြားခဲ့သည်။

နယူးဇီလန်ဘုရင်ခံချုပ်နှင့်တွေ့ဆုံရာတွင်လည်း ဘုရင်ခံချုပ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် အပြည့်အဝကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ်အတွင်း၌လည်း မြန်မာနိုင်ငံ၏ လယ်ယာ ထုတ်ကုန် ကဏ္ဍနှင့် ကျောင်းသားများအတွက် ပညာသင်စရိတ် အထောင်အပံ၊ အင်္ဂလိပ်ဘာသာ စကားသင်ကြားမှု သင်တန်း များ ဖွင့် လှစ်နိုင်ရေးအတွက်လည်း နယူးဇီလန်မှ ဒေါ်လာ ၆ သန်း ထပ်မံထောက်ပံမည့်အပြင် ရခိုင်ဒေသရှိ ရခိုင်ဒုက္ခသည်များအ တွက်လည်း နယူးဇီလန်ဒေါ်လာ ၁ သန်း အကူညီပေးမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ်တွင် နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် Joohn Key မြန်မာနိုင်ငံသို့လာရောက်ပြီးနောက်ပိုင်းတွင် မြန်မာနိုင် ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ၊ လယ်ယာထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ် လာ ၅ ဒသမ ၇၁သန်း ကူညီပံပိုးခဲ့ကြောင်း သိရသည်။

YC


ထောက်ပံကြေးနှင့် ပင်စင်လစာနှုန်းထားများ တိုးမြှင့်ပေးရန် ကျပ် ၃၈၅ ဘီလီယံသုံးစွဲမည်

နိုင်ငံဝန်ထမ်း၊ တပ်မတော်ဝန်ထမ်းများ၏ လစာနှင့်စရိတ် နေ့စားလုပ်ခများကို တိုးမြှင့်ပေးနိုင်ရေးအတွက် လက်ရှိခံ စားခွင့်ပြုထားသော ထောက်ပံ့ကြေးနှင့် ဝေးလံခေါင်သီ ဒေသရှိ ဝန်ထမ်းများအတွက် ဒေသစရိတ်တို့ကို ဆက်လက်ခံစား ခွင့်ပြုနိုင်ရေးနှင့် ပင်စင်လစာနှုန်းထားများ တိုးမြှင့်ပေးနိုင်ရေးတို့အတွက် နိုင်ငံတော်မှ ယခင်နှစ်ထက် ကျပ် ၃၈၅ ဘီလီယံ ခန့် တိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း ဘဏ္ဍရေးကော်မရှင် (၁/၂၀၁၃) ကြိမ်မြောက်အစည်းအဝေးတွင် ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြာခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နိုင်ငံဝန်ထမ်းများအပါအဝင် နိုင်ငံသားများအားလုံး၏ တစ်ဦးချင်း ဝင်ငွေတိုး တက်စေရေးအတွက် ဆောက်ရွက်နေသကဲ့သို့ သန့်ရှင်းကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်လာ နိုင်စေရေးအတွက် ဦး တည်ဆောင်ရွက်နေပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ အနေဖြင့်လည်း နိုင်ငံ့ဝန် ထမ်းများ၏ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ ခံစားရရှိစေရန်၊ ဝန်ထမ်းများ၏ အရည်အချင်းများ မြှင့်တင်ရန် နှင့် အဖွဲ့ အစည်း များ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် ကြပ်မတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦိးန်းစိန်မှထပ်မံ ပြောကြားခဲ့သည်။

ထို့အပြင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၃ ရက်နေ့မြောက်နေ့တွင်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရကတင်ပြလာသော စီမံ ကိန်းနှင့် အသုံးငွေကို စိစစ်ပြီး နိုင်ငံဝန်ထမ်းများအား ထောက်ပံ့ငွေအဖြစ်ပေးရန် တိုက်တွန်းပြောဆိုခဲ့သည်။

အဆိုပါ ၂၀၁၃ - ၂၀၁၄၊ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ရသုံးမှန်းခြေငွေစာရင်းနှင့် ၂၀၁၃ ခုနှစ်ပြည်ထောင်စု၏ ဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ တစ်ဆင့်ပြည်ထောင်စုလွှတ်တော် သို့ပြန်လည်ပေးပို့ မည်ဖြစ်ကြောင်း သိရသည်။

YC


လိုင်စင်လျှောက်ထားမှုများအားလုံးကို နယ်စပ်ကုန်သွယ်ရေးဌာနတစ်ခုတည်းမှ တာဝန်ယူဆောင်ရွက်မည်

လာမည့် ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုအားလုံကို နယ်စပ် ကုန် သွယ် ရေးဦးစီးဌာနတစ်ခုတည်းမှ တာဝန်ယူလုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးရုံး၌ ပြုလုပ်ခဲ့သောဆွေးနွေးညှိနှိုင်းပွဲတွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လိုင်စင်များလျှောက်ထားရာတွင် လွယ်ကူစေရန်အတွက် သက်ဆိုင်ရာဂိတ်များတွင် လက်မှတ်ထိုး ထုတ်ပေးနိုင် သော အဆင့်ထိရောက်ရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခင်ကဲ့သို့ လိုင်စင်လျှောက် ထားရာတွင်လုပ်ထုံး လုပ် နည်းများ နှင့် Group ဖွဲ့စစ်ဆေးခြင်းများမလုပ်တော့ဘဲ အွန်လိုင်းမှ လျှောက်ရ သော စနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

ထိုကဲ့သို့ပြုလုပ်ခြင်းအားဖြင့် လာဘ်ပေး လာဘ်ယူမှု ပပျောက်စေမည့်အပြင် ကုန်သွယ်မှုလည်း လျှင်မြန် စေမည် ဖြစ်ပြီး လိုင်စင်လျှောက်ထားရာတွင်လည်း ကြန့်ကြာမည့်အချိန်ကို နည်းနိုင်သမျှနည်းအောင်လျှော့ချပေး သွားမည်ဖြစ် ကြောင်းသိရသည်။

ပို့ကုန် သွင်းကုန် ဥပဒေအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ပို့ကုန် ၁၅၂ မျိုး၊ သွင်း ကုန်ပစ္စည်း ၁၆၆ မျိုးတို့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ လိုင်စင်လျှောက်ထားစရာမလိုဘဲ တင်သွင်း၊ တင်ပို့ ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

နယ်စပ်ရေးရာကုန်သွယ်ရေးစခန်းများတွင် Mobile Team အဖွဲ့များက စာသုံးသူ ကာကွယ်ရေးအတွက် တရားမဝင် တင်သွင်းလာသော စားသောက်ကုန်များကို မီးရှို့ဖျက်ဆီးလျက်ရှိရာ Mobile Team များစတင်ဆောင်ရွက်ချိန်မှ ၂၀၁၃ ဖေ ဖော်ဝါရီလကုန်အထိ ဖျက်ဆီးမှုအကြိမ် ၁၃ ကြိမ်ပြုလုပ်ခဲ့ကာ တန်ဖိုးငွေကျပ် သိန်း ၄၀၈ သိန်း ခန့်ရှိကြောင်း နယ်စပ်ကုန် သွယ်ရေး စာရင်းဇယားများအရ သိရသည်။

YC

 



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment