Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့ နောက်တစ်ချိန်မှာ နိုင်ငံရေးပါတီအသွင်ကူးပြောင်းဖို့ကတော့ မူအား ဖြင့် ရှိပြီးသားပါ။ ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုလူတွေနဲ့ ဘယ်လိုပုံစံပြောင်းမယ်ဆိုတာကို အသေးစိတ်မဆွေးနွေးရသေးဘူး။ သေချာတာ တစ်ခုကတော့ ၂၀၁၃ ခုနှစ် အတွင်းမှာတော့မဖြစ်ဘူး။ဘာလို့လဲဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း လုပ်ငန်း တွေမှာပဲ အရှိန်ဟုန်မြှင့်ပြီး လုပ်သွားမှာပါ”

မတ်လ ၂၆ ရက်နေ့ထုတ် The True News Journal အတွဲ ၅၊ အမှတ် ၂၅ တွင်ပါရှိသော “ ၈၈ ကျောင်းသားများ နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းမည့်အစီအစဉ် ၂၀၁၃ နောက်ပိုင်းတွင် ထုတ်ပြန်မည်” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမင်းဇေယျ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပြည်သူတွေ အခွင့်အရေးတွေ ဆုံးရှုံးနေရတာတွေ၊ စစ်အာဏာရှင်စနစ် ပြန်ပြီးအခြေစိုက်ဖို့အတွက် အကြွင်းအကျန် အာဏာတွေကို စိုက်ထူနေခဲ့တာတွေ၊ တိုင်းရင်းသားတွေဘက်နေ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေ၊ စစ်တပ်ကကြီးစိုးနေတဲ့ ကာ/လုံ (နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ) ဆိုတာတွေ၊ တပ်မတော်က အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မှုက ပါဝင်နေတာတွေ၊ သမ္မတကို စစ်ရေးအမြင်ရှိရမယ်လို့ စစ်လက္ခဏာတွေ ဆောင်တဲ့ဟာ တွေ အဲ့ဒါတွေကိုပြင်ဖို့ ကျွန်တော်တစ်လျှောက်လုံးပြောလာတာ၊ အခုကျွန်တော်တို့ တောင်းဆိုနေတာက ဒီိစစ်အခြေခံ ဥပဒေကို ဖြစ်နိုင်ရင် အသစ်တောင်ပြန်ဆွဲပါလို့ ကျွန်တော်တို့ တောင်းဆိုနေတာ”

မတ်လ ၂၆ ရက်နေ့ထုတ် The True News Journal အတွဲ ၅၊ အမှတ် ၂၅ တွင်ပါရှိသော “ တပ်မတော် နေ့ဦးတည်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရမည့်အချက် မပါဝင်တော့” သတင်းမှ ဝါ့ရင်သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ ပညာဆိုတာ အခြေနေတစ်ခုကို မှန်မှန်ကန်ကန်ဆင်ခြင် သုံးသပ်နိုင်ခြင်း၊ အဲဒီဟာ ပညာဘဲ၊ အများကြီးလိုတယ်၊ အဲဒီဟာ လူတိုင်းမှာ ရှိရမယ်၊ တရားဥပဒေစိုးမိုးရေးအတွက် တရားဥပဒေဆိုတာဘာလဲ၊ တရားဥပဒေဆိုတာ တရားတဲ့ဥပဒေ၊ စိုးမိုးရေးဆိုတာ လူတိုင်းအတွက်တန်းတူရည်တူဖြစ်ရမယ်၊ အဲဒီထဲမှာ ငါမပါဘူးမဟုတ်ဘူး။ သူကျတော့ စိုးမိုးပါစေ။ အဲဒီလိုမျိုး မဟုတ်ဘူး။ အဲဒါမျိုးက တရားဥပဒေစိုးမိုးရေး မဟုတ်ဘူး”

မတ်လ ၂၆ ရက်နေ့ထုတ် THAMAGA News Journal အတွဲ ၁၊ အမှတ် ၁၄ ပါ “ မိတ္ထီလာအရေးနှင့် ပတ်သက်ပြီး ဘက်မလိုက်သည့် တရားဥပဒေစိုးမိုးရန်လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လူထုဆန္ဒနဲ့အညီ ရေးဆွဲထားတဲ့ အခြေခံဥပဒေမရှိသရွေ့စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်မယ် မပြင်ဘူး၊ ပြန်ရေးမယ် မရေးဘူးဆိုတာကတော့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ဆန္ဒပေါ်မှာ မူတည်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ထဲက ပြန်လည်ပြင်ဆင်ရမှာတွေက အများကြီးဖြစ်နေသလိုစာအုပ်အဖုံးကိုပါ ပြန်ပြင်ရမဲ့ သဘောမှာရှိနေတယ်။ ဒါကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲကတည်းက တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို မထည့်ခဲ့တဲ့အတွက် SNLD ပါတီဟာ စစ်အစိုးရ ဦးစီးကျင်းပပြုလုပ်တဲ့ အမျိုသားညီလာခံကို ကျောခိုင်းခဲ့ရပါတယ်။”

မတ်လ ၂၆ ရက်နေ့ထုတ် THAMAGA News Journal အတွဲ ၁၊ အမှတ် ၁၄ တွင်ပါရှိသော “လူထုဆန္ဒနဲ့အညီ ရေးဆွဲ ထားသည့် အခြေခံဥပဒေမပေါ်ပေါက်သေးသရွေ့စစ်မှန်သည့် ပြည်ထောင်စုဖြစ်လာမည်မဟုတ်ဟု SNLD ဥက္ကဋ္ဌ ဆို” သတင်းမှ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“၁၂ တန်းတိုးမယ်ဆိုရင် မိဘတွေရော ကျောင်းသားတွေပါ ဝန်ပိမယ်။ စာမေးပွဲစနစ်ကလိုအပ်ချက် ရှိနေတဲ့အတွက် ကျောင်းသားတွေက စာမေးပွဲအောင်ဖို့ မသမာတဲ့နည်းလမ်းတွေ သုံးတာတွေရှိတယ်။ အဲ့ဒီအတွက် မိဘတွေက ကျူရှင်တွေ ထားရတယ်။ အဲဒီစနစ် မပြင်ဘဲနဲ့ ၁၂ တန်းထိတိုးရင် ကျောင်းသားတွေက ဒီစနစ်ထဲမှာဘဲ သွားနေရတယ်။ ပညာရေး စနစ်မပြင်ဘဲ ၁၂ တန်းတိုးမယ်ဆိုရင် သဘောမကျဘူး။ စနစ်ပြင်ပြီးမှတိုးကာ ပိုကောင်းမယ်လို့ထင်တယ်”

မတ်လ ၂၆ ရက်နေ့ထုတ် The Flower News Journal အတွဲ ၉၊ အမှတ် ၁၃ တွင်ပါရှိသော “ လက်ရှိပညာရေးစနစ်ကို ပြင်ဆင်ပြီးမှ ၁၂ တန်းပညာရေးကို အကောင်အထည်ဖော်သင့်ဟု ပညာရေးကျွမ်း ကျင်သူအချို့ဆို” သတင်းမှ NLD ပညာရေးကွန်ရက်မှ ပညာရေးအကြံပေး ဒေါက်တာ ဒေါက်တာသိန်းလွင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 

 


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment