Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1.  မြန်မာနိုင်ငံ ကချင်ပြည်နယ်၌လူမျိုးရေးပဋိပက္ခ၏ အရိပ်နောက်ကွယ်တွင် ဘိန်းဖြုစွဲမှုများ ပုန်းခိုနေ

(21 Mar 2013 ရက်စွဲပါ Washington Post မှ “In Myanmar’s Kachin State, heroin addiction lurks in shadow of ethnic conflict”ကို ဘာသာပြန်ဆိုသည်။)


 မြန်မာနိုင်ငံ ကချင်ပြည်နယ်၌လူမျိုးရေးပဋိပက္ခ၏ အရိပ်နောက်ကွယ်တွင် ဘိန်းဖြုစွဲမှုများ ပုန်းခိုနေ

(21 Mar 2013 ရက်စွဲပါ Washington Post မှ “In Myanmar’s Kachin State, heroin addiction lurks in shadow of ethnic conflict”ကို ဘာသာပြန်ဆိုသည်။)

photo credit - AP

မြန်မာနိုင်ငံမြောက်ဖျား တရုတ်နယ်စပ်ရှိ ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားတွင် လောလောလတ်လတ် စွန့်ပစ်ထားသော ဆေးထိုးအပ်များမှောင်ရိပ်ကျနေသော ထောင့်ချိုးများနှင့် တွင်းများထဲတွင် အပုံအပင်။

မြစ်ကြီးနားကို ကမ္ဘာပေါ်တွင် မူးယစ်ဆေးသုံးစွဲသူ အများဆုံးရှိသည့် မြို့များအနက် တစ်မြို့အဖြစ် သိထားသည်။ ကချင်ပြည်နယ်တွင် ဘုရားကျောင်း ၃၀၀ ကျော်ဖြင့် ဖွဲ့ထားသော ခရစ်ရှန်ဘာသာရေးအဖွဲ့ Kachin Baptist Convention က ကချင်လူမျိုး လူငယ် ၈၀ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးစွဲနေသူများဖြစ်သည်ဟု ဆိုသည်။ သူတို့ရွေးချယ်သုံးစွဲသော မူးယစ်ဆေးအမျိုးအစားမှာလည်း ဟီရိုးအင်းခေါ် ဘိန်းဖြူဖြစ်သည်။

ဘိန်းစိုက်ပျိုးမှုသည် ကချင်ပြည်နယ်တွင် ဖြစ်ထွန်းပြီး ဟီရိုးအင်းကိုလည်း လွယ်ကူ ဈေးပေါစွာ ရနိုင်သည်။ သို့သော် မူးယစ်ဆေးဖြတ်ရန်အတွက် အကူအညီမှာမူ လွန်စွာ ရှားပါးလှသည်။

မူးယစ်ဆေးစွဲသူများအား အကူအညီပေးနေသော နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည့် Kachin Baptist Convention ၏ ပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်လာသူမှာ ဘုရားသခင်ထံ မျှော်လင့်ချက်ဖြင့် ဒဏ်ရာကုသရန် အလို့ငှာ ရှာဖွေရောက်ရှိလာသူဖြစ်သည်။ သူတို့သည် မနက်ချမ်းစီးစီးတွင် သူတို့၏လက်များကို ဆန်ပြုတ်ပန်းကန်ပူပူဖြင့် နွေးစေသည်။ ထို့နောက် ဓမ္မသီချင်းကိုစုပေါင်းသီဆိုကာ သူတို့၏ မျက်နှာပြင်မှ မျက်ရည်ပေါက်များက နေရောင်တွင် လက်နေသည်။ ယင်းစခန်းသို့ရောက်ရှိလာသည့် ၄၉ ယောက်သောသူများအနက် ၃၁ ယောက်သာ ယင်းအဖွဲ့က ပထမဆုံး ပြုလုပ်ပေးသော ၃ လ အစီအစဉ်ကို ဖေဖော်ဝါရီတွင် ပြီးဆုံးအောင်မြင်ခဲ့သည်။

အစိုးရကလည်း ကချင်ပြည်နယ်တွင် မူးယစ်ဆေးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးဆေးရုံကို တည်ထောင် ပေးသည်။ သို့သော် အချို့က အရာရှိများသည် လုပ်ဆောင်မှုမရှိသလောက်နည်းပြီး သူပုန်ဖြစ်လာနိုင်ချေရှိသော ကချင် လူငယ်များကို အားပျော့သွားစေရန် မူးယစ်ဆေးစွဲမှုအားမျက်စိမှိတ်ထားကာ ဟန်ဆောင်ပန်ဆောင်ဖွင့်ထားခြင်းဟုပင် စွပ်စွဲကြ သည်။

ကချင်ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် အစိုးရစစ်တပ်အကြား ၂၀၁၁ မှ စ၍ တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ ပြီးခဲ့သည် ဇန်နဝါရီလက အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသော်လည်း တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်သည်။ “သူတို့က ကချင်လူငယ်တွေကို ဖျက်ဆီးချင်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေးဆက်လုပ်ဖို့ လူငယ်တွေ ကချင်တပ်မတော်နဲ့ ဆက်သွယ်သွားမှာ မလိုလားလို့ပဲ” ဟု ပြန်လည်ထူထောင်ရေးစခန်းမှ ဘုရားကျောင်းအကြီးအကဲ Gryung Heang ကပြောသည်။

အရာရှိများကမူ ယင်းအမြင်ကို  ငြင်းဆိုခဲ့ပါသည်။ “ဒါအရမ်းကို အစွန်းရောက်ခွဲထွက်ရေး အိုင်ဒီယာပဲ”ဟု  မူးယစ် ဆေးစွဲသူများ ထိန်းချုပ်ရေးဌာနမှ ရဲမှူးကြီး မြင့်သိန်းက ဆိုသည်။ “ဒါ လွဲမှားတဲ့ စွပ်စွဲချက်တစ်ရပ်သာဖြစ်တယ်”

ကြမ်းခင်းနှင့် သွပ်မိုးကြားမှ ပြန်လည်ထူထောင်ရေးစခန်းထဲတွင် ဆေးဖြတ်သောဖြစ်စဉ်သည် နက်ရှိုင်းသော ပုဂ္ဂိုလ်ရေး ဆိုင်ရာဖြစ်စဉ်သာဖြစ်ပြီး နိုင်ငံရေးဖြစ်စဉ်မဟုတ်ဟု နားလည်ရပါသည်။

မြူခိုးငွေ့များကြားက အသက် ၃၀ အရွယ် နမ်ရှောင်တစ်ယောက် အလင်းရောင်ထဲ ထွက်လာခဲ့သည်။ စိတ်လှုပ်ရှား စွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ မျက်စိကို အသေပိတ်ထားသည်။ “ကျွန်တော် ဝမ်းနည်းဝမ်းသာ ခံစားရတယ်။ ဝမ်းနည်းတာက ကျွန်တော်ဘုရားကိုမေ့ထားတာ တော်တော့်ကိုကြာသွားလို့ပါ။ ဝမ်းသာတာကတော့ အခု သူ့ကို မြင်ရပြီ လေ”



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment