Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပြည်တွင်းပို့ကုန်ကဏ္ဍ တိုးတက်ရေး ပို့ကုန်ဧရိယာများသတ်မှတ်ဖော်ထုတ်တော့မည်
  2. ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေး
  3.  မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂ ဘီလျံကျော်ရှိလာ
  4. မြန်မာနိုင်ငံအား အကူအညီပေးရေးလုပ်ငန်းစဉ်များအတွက် ဂျပန်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ သဘောတူ လက်မှတ်ရေးထိုး
  5. မြွေတောင်ဖားတောင်သတ္တုတူးဖော်ရေးစီမံကိန်းမှ ချင်းပြည်နယ်အစိုးရအတွက် ၂ ရာခိုင်နှုန်းသာ အကျိုးအမြတ်ရရှိ မည်

ပြည်တွင်းပို့ကုန်ကဏ္ဍ တိုးတက်ရေး ပို့ကုန်ဧရိယာများသတ်မှတ်ဖော်ထုတ်တော့မည်

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ကုန်ပစ္စည်းများအား ပြည်ပသို့တင်ပို့ရာတွင် အဆင်ပြေချောမွေ့နိုင်စေရန်နှင့် ပြည်တွင်း ပို့ကုန်ကဏ္ဍ တိုးတက်မြင့်မားလာနိုင်စေရန် မြနမာနိုင်ငံ၏ ထွက်ကုန်တင်ပို့မှုအပေါ်မူတည်၍ အဓိကပို့ကုန် ဧရိယာများကို သတ်မှတ်ဖော်ထုတ်တော့မည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၊ကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ထိုသို့ အဓိကပို့ကုန်ဧရိယာများသတ်မှတ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံမှထွက်ရှိသည့်ကုန်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာ တွင် ပို့ကုန်ဖောင်းပွမှုပြဿနာများကို ပြေလည်လာစေနိုင်မည်ဖြစ်သည့်အပြင် ပြည်ပတင်ပို့မှု များပြားနေခြင်းကြောင့် ပြည် တွင်းလိုအပ်ချက် ဖြစ်ပေါ်နေမှုများကိုလည်း ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း အဓိကပို့ကုန်ဧရိယာများ သတ်မှတ်နိုင်စေရန် ပြင်ပပညာရှင်များ၊ သုတေသနပညာရှင်များ၊ UN အေဂျင်စီ၊ ITC နှင့် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့ သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာစီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် EU နိုင်ငံ တို့မှ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ပေးခဲ့သည့်အပြင် လက်နက်နှင့် ကျောက် မျက်မှလွဲ၍ ကျန်ပို့ကုန်တင်ပို့မှု များကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

YC


ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆွေးနွေး

လက်ရှိ လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို နေရာပေးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မတ်လ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ဒုတိယပင် လုံညီလာခံပေါ်ပေါက်လာရေးနှင့် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပုဒ်မများ များပြားလွန်းသည့် ၂၀၀၈ ဖွဲ့စည်းပုံအား ပြင်ဆင်၍ တန်းတူညီမျှခြင်းနှင့် ကိုင်ပိုင်ပြဋ္ဌာန်းခွင့်များကို အခြေခံသည့် ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရန် စသည့်ကိစ္စရပ်များအား အဓိက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုပြီးသော်လည်း လက်ရှိအချိန်ထိတိုင် တပ်မတော်နှင့် SSA အဖွဲ့တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုများရပ်တန့်ရေးအတွက် တပ်မတော်အား အစိုးရ၏လက်အောက်တွင် ထားရှိရန် လိုအပ် ကြောင်း သိရသည်။

ထို့ပြင် ပင်လုံစာချုပ်ပါ ပြည်နယ်များတန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ပြည်တွင်း ငြိမ်းချမ်း ရေးရရှိရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ် လာနိုင်စေရေး တို့အ တွက် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များရှိ တာဝန်ရှိ သူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

YC


                

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂ ဘီလျံ ကျော်ရှိ လာ

မြန်မာနိုင်ငံအတွင်း ဂျပန်၊ စင်ကာပူနှင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံငါးခုမှ အမေရိကန်ဒေါ်လာ ၂၅၃ သန်းကျော် ထပ်မံရင်းနှီးမြှုပ်နှံပြီးနောက် ပြည်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ ကန်ဒေါ်လာ ၄၂ ဘီလျံကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံငါးခုမှ အမေရိကန်ဒေါ်လာ ၂၅၃ သန်းကျော်အနက် သန်း ၁၉၀ ကျော်ကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများတွင် အများဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများအတွက် ကန်ဒေါ် လာ ၅၃ သန်းကျော်ကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသောစာရင်းများအရ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဝင်ရောက်လာသည့် ဂျပန်၊ စင်ကာပူ၊ တရုတ်၊ ဗြိတိန်နှင့် ဗီယက်နမ် အစရှိသည့်နိုင်ငံများအနက် ဗြိတိန်နိုင်ငံမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၂၂၀ နီးပါးဖြင့် အများဆုံးနိုင်ငံခြား ရင်းနှီးမြုပ်နှံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၃၂ နှစ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၅၄ ခု ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂၀၉၅ ဒသမ ၄၂၃ သန်းအနက် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၁၈၀ ဒသမ ၁၆၉ သန်းဖြင့် အများဆုံးရင်းနှီးမြုပ်နှံ ထားကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း စုစုပေါင်းရင်းနှီးမြုပ်နှံမှုပမာဏမှာ ၃၄ ရာခိုင်နှုန်း နီးပါးရှိကြောင်း သိရှိရသည်။

မြန်မာအစိုးရသစ်လက်ထက်မှစတင်၍ မြန်မာနိုင်ငံအားစီးပွားရေးပိတ်ဆို့အရေးယူမှုပြုလုပ်ထားသည့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဗြိတိန်နိုင်ငံမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC


မြန်မာနိုင်ငံအား အကူအညီပေးရေးလုပ်ငန်းစဉ်များအတွက် ဂျပန်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ် ရေးထိုး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းဖွင့်လှစ်ထားရှိသည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေး လုပ်ငန်းဗပာိုဌာန(Myanmar Peace Center)၏ အဆောက်အအုံသစ် ဆောက်လုပ်ငန်း စီမံကိန်း အတွက် အထောက် အပံ့ပေးရေးသဘောတူစာချုပ်ကို ဂျပန်နိုင်ငံအစိုးရမှ ထောက်ပံ့မှုလုပ်ငန်းစဉ်များ အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ် ကြီး H.E.Mr.Mikio NUMATA နှင့် ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗပာိုဌာန အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး လှိုင်တို့သည် မတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံရှိ ဂျပန်သံရုံး၌ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သတင်း ထုတ် ပြန်ကြေညာခဲ့သည်။

ထို့ပြင် ကရင်ပြည်နယ်တွင်း Japan Platform ၏စီမံကိန်းများအတွက် ဆောင်ရွက်သွားနိုင်ရန် MPC ဥက္ကဋ္ဌ ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဂျပန်နိုင်ငံ Janpan Platform မှ ကိုယ်စားလှယ် Ms.Keiko Kiyama တို့မှ MoU ကို အဆို ပါအခမ်းအနားတွင်ပင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးစင်တာ(MPC)အတွက် လိုအပ်သည့် ရုံးအဆောက်အဦး နှင့် အစည်းအဝေးခန်းမတည်ဆောက်ရန်နှင့်လိုအပ်သည့် ပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းများ တပ်ဆင်နိုင်ရန်အတွက် ဂျပန် နိုင်ငံအစိုးရမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ထို့ပြင် ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း များဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ ဂျပန် NGO များသို့ Japan Platform မှ တိုက်ရိုက်ပေးအပ်သွားမည် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Japan Platform အဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အထောက်အပံ့များပေးနေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့်အပြင် ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကို ၃ နှစ် အတွင်းပေးအပ်နိုင်ရန် ဂျပန် NGO (၁၁)ခုဖြင့် လက်တွဲလုပ်ဆောင်သွားမည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

YC


မြွေတောင်ဖားတောင်သတ္တုတူးဖော်ရေးစီမံကိန်းမှ ချင်းပြည်နယ်အစိုးရအတွက် ၂ ရာခိုင်နှုန်းသာ အကျိုးအမြတ်ရရှိမည်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း North Mining Co., Ltd မှ ဇူလိုင်လအတွင်းစတင်ဆောင်ရွက်မည့် ကြေးနီ သတ္တုတူးဖော်ရေးစီမံကိန်းမှ ချင်းပြည်နယ်အစိုးရအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသိန်း(သို့) ထုတ်လုပ် ရရှိမည့် အကျိုးအမြတ်မှ ၂ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ယောက် ကပြော ကြားခဲ့သည်။

North Mining Co., Ltd စီမံကိန်းဆောင်ရွက်မည့် အချိန်ကာလကို ပြည်ထောင်စုအဆင့် ညှိနှိုင်းသဘောတူညီချက် များ ပြုလုပ်ထားပြီး ကြေးနီသတ္တုတူးဖော်မည့် မြွေတောင်၊ ဖားတောင် ပတ်ဝန်းကျင်ငါးမိုင်အတွင်းရှိ ကျေးရွာများကို တစ်နှစ် တိတိ လျှပ်စစ်မီး အခမဲ့ပေးဝေရန် သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးဌာနရှိ ပြောရေးဆိုခွင်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ မြွေတောင်၊ ဖားတောင်ကြေးနီသတ္တုတူးဖော်ရေး ပြုလုပ်ရမည့် ဒေသ အား ကွင်းဆင်းလေ့လာမှုများကို ဧပြီလ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်း ဆောင်ရွက် ရာတွင် ပတ်ဝန်းကျင်ရှိ ကျေးရွာများ ပြောင်းရွေ့ခိုင်းမည်မပာုတ်သော်လည်း စီမံကိန်းနှင့် လွတ်ကင်းမှုမရှိသည့် လယ်ယာ မြေ များကိုမူ သိမ်းဆည်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်သစ်တောနှင့်သတ္တုတွင်းဝန်ကြီး ဦးကျော်ငြိမ်းကပြော ကြားခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းပတ်ဝန်းကျင်ဒေသတွင် စစ်ကိုင်းတိုင်းဒေသကြီး နယ်နမိတ်အတွင်းရှိ ကျေးရွာများနှင့် ချင်းပြည်နယ် တီးတိန်မြို့အတွင်းရှိ ကျေးရွာစုစုပေါင်း ၁၆ ရွာရှိပြီး ယင်းသတ္တုတူးဖော်ရေးစီမံကိန်းအတွက် ဒေသခံလုပ်သား အင်အား ၃,၀၀၀ ကျော်၊ ၄,၀၀၀ခန့် ပါဝင်ဆောင်ရွက်သွားရန် ကုမ္ပဏီနှင့် အစိုးရသဘော တူညီမှုထားကြောင်း သိရသည်။

YC


 

 

 

 

 

 

 

 

 

 

        

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment