Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“မဖြစ်သင့်တဲ့အရာတွေ ဒုက္ခတွေ နောက်ထပ် အကျပ်အတည်းပေါင်းစုံတွေ ရင်ဆိုင်ရမှာ တွေးပူမိတယ်။ တစ်သက်လုံးမှာ ကျွန်တော်တို့ဘာသာလူမျိုးပေါင်းစုံနဲ့ ချစ်ချစ်ခင်ခင်တွဲပြီးတော့ နေခဲ့တာပါ။ အဲဒီ အစဉ်အလာဆိုတဲ့ဟာတွေ ပျောက်သွား ပြီးတော့ သံသယတွေနဲ့ တစ်ချိန်လုံး မအေးချမ်းမှုတွေ ဖြစ်လာနိုင် တာတွေကိုလည်း စိုးရိမ်ရတယ်”

မတ်လ ၂၇ ရက်နေ့ထုတ် မြန်မာပို့စ် အတွဲ (၅) အမှတ် (၁၃)  တွင်ပါရှိ “ကောလဟာလအချို့ ထွက်ပေါ် နေသော် လည်း မိတ္ထီလာမြို့ အခြေအနေပြန်လည်တည်ငြိမ်”  သတင်းမှ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်း ဆောင် ကိုမင်းကိုနိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြောက်ကိုရီးယားနဲ့ မြန်မာနှစ်နိုင်ငံအကြားမှာ စစ်ရေးအရဆက်ဆံမှုဖြတ်တောက်လိုက်ပြီလို့ ကြေညာဖို့ ဒါမှမ ဟုတ် ကြေ ညာခံရဖို့ ကျွန်တော်တို့မျှော်လင့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ အကျိုး ရှိတဲ့ တွေ့ဆုံဆွေးနွေး မှု တွေပြုလုပ်ပြီးပါပြီ။ သူတို့ဟာ မြောက်ကိုရီးယားအပေါ်နိုင်ငံတကာက ဘယ်လိုစိုးရိမ် ပူပန်နေတယ်ဆိုတာ ကောင်းကောင်း နားလည်ကြလိမ့်လို့ ထင်ပါတယ်”

မတ်လ ၂၇ ရက်နေ့ထုတ် မြန်မာပို့စ် အတွဲ (၅) အမှတ် (၁၃)  တွင်ပါရှိ “မြန်မာနှင့်မြောက်ကိုရီးယား တို့၏နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေစောင့်ကြည့်ခံနေရ”  သတင်းမှ အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပတ်ထရစ်မာဖီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာတာနဲ့အမျှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတဲ့အတွက် မြန်မာနိုင်ငံ ဥပဒေနဲ့အညီ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို မြန်မာရှေ့နေတွေနဲ့တိုင်ပင်ပြီး အကောင်းဆုံး အကြံဥာဏ်တွေ၊ ဆွေးနွေး ခဲ့ပါတယ်။ မိတ်ဆွေနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ အဓိကလိုအပ်တယ်စီးပွားရေး ကပို့ကုန်လုပ်ငန်းလို့ယူဆပါတယ်။”

မတ်လ ၂၈ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၅) တွင်ပါရှိသော “ထိုင်းနိုင်ငံမှ Myanmar Pre mier International Law Office Limited ရုံးစတင်ဖွင့်လှစ်” သတင်းမှ H.E Professor Dr. Surakiart Sathir athai ၏ပြောကြားချက်အားကောက်နှုတ်။


“လက်ရှိ ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေးလည်းမရသေးဘူး။ အပစ်အခတ်ရပ်စဲပြီးသွားရင်တောင် စစ်မှန်တဲ့ ငြိမ်းချမ်း ရေးမရောက်ခင် လူထုရဲ့နေရာတွေမှာ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုတွေလုံးဝမလုပ်ပါနဲ့လို့ ကျွန်မတို့အနေနဲ့ တောင်းဆို ပါတယ်။ တစ်နှစ်ကာလအတွင်းသိမ်းသွားတဲ့မြေတွေကမနည်းဘူး၊ နှစ်ဖက်စလုံးက ရောင်းစားကြတယ်။ ပြည်သူလူထုက စစ်ကြောင့် ပြေးရပါတယ်ဆိုမှ နောက်ဆုံးပြန်လာရင်တောင် နေရမယ့် နေရာ မရှိတော့ဘူး”

မတ်လ ၂၇ ရက်နေ့တွင် ထုတ်သော Weekly Eleven Journal အတွဲ (၈) အမှတ် (၂၅) တွင်ပါရှိသော “ကချင် ပြည်နယ်အတွင်း တရုတ်နိုင်ငံမှ စိုက်ပျိုးရေးအမည်ခံကာ မြေနေရာအချို့ရယူထားပြီး ယင်းမြေများမှ ရေနံ ထွက်ရှိနိုင်သည့် မြေများဖြစ်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက် ပြောကြား” သတင်းမှ ကချင်ငြိမ်းချမ်း ရေးကွန်ရက်မှ စည်းရုံးရေးမှူးဒေါ်ခွန်ဂျာ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ မြန်မာနိုင်ငံကလုပ်သားတွေ အရည်အသွေးနည်းတယ်ဆိုပြီး ဝေဖန်ခံရတာကြုံဖူးတယ်။ ဒါပေမယ့် သူတို့ကို လုပ်ငန်းခွင် training ပေးနိုင်ရင်မြန်မာနိုင်ငံက အတက်ပညာရှင်တွေ အခက်အခဲမရှိ လုပ်နိုင်ကြမှာပါ။ ကျွန်တော် ဗီယက်နမ်ကို လေ့လာ ရေးခရီးတစ်ခု သွားတုန်းက ဗီယက်နမ်နိုင်ငံရဲ့ လုပ်ငန်းခွင်တွေမှာ နိုင်ငံခြားသားလုပ်သားတွေထက် ပြည်တွင်း လုပ်သားတွေ ကို ဦးစားပေးခန့်ထားတာတွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း လုပ်ငန်းရဲ့ Project manager ကလွဲရင် ကျန်တာ မြန်မာလုပ်သားတွေခန့်ထားတာမျိုး့ ဖြစ်သင့်တယ်။ နောက်တစ်ချက်က စီမံကိန်းမှာထမင်းချက်၊ ကား မောင်းစတဲ့ လုပ်သား တွေကို မြန်မာတွေကိုပဲ ခန့်ထား သင့်တယ်။ အခုစီမံကိန်းတစ်ခုလုံးရဲ့ နေရာအတော်များများမှာ နိုင်ငံခြား လုပ်သားတွေချည်း လုပ်ကိုင်နေတာပဲ”

မတ်လ ၂၇ ရက်နေ့တွင် ထုတ်သော Weekly Eleven Journal အတွဲ (၈) အမှတ် (၂၅) တွင်ပါရှိသော “မြန်မာ နိုင်ငံသို့လာရောက်လုပ်ကိုင်မည့ နိုင်ငံခြားသားလုပ်သားများနှင့် ပတ်သက်၍ ခိုင်မာသည့် မူဝါဒမရှိသေး၍ နိုင်ငံ ခြားသားအလုပ်သမားဥပဒေ စတင်ရေးဆွဲနေ” သတင်းမှ မြန်မာနိုင်ငံဘူမိဗေဒသိပ္ပံ အသင်းမှ ဘူမိအင်ဂျင် နီယာ ဦးအောင်မြတ်ကျော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


NEWS IN BRIEF

နိုင်ငံခြားသားအလုပ်သမားဥပဒေစတင်ရေးဆွဲ

မြန်မာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားအလုပ်သတားများနှသ့်ပတ်သက်၍ ခိုင်မာ သည့်မူဝါဒချမှတ်ထားခြင်းမရှိသေးသောကြောင့် ယခုအခါတွင် နိုင်ငံခြားသားအလုပ်သမားဥပဒေကို အလုပ်သမား ဝန်ကြီး ဌာနမှ စတင်ရေးဆွဲနေကြောင်းကို အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၏ ပြောကြားချက်မှ သိရှိရသည်။

Tourist Police Force ဖွဲ့စည်း

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ (Tourist Police Force) ကိုဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းနှင့် ဧပြီလ ၁ ရက်နေ့တွင်စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ သိရသည်။ အဆိုပါလုံခြုံရေး အဖွဲ့ ကို ၁၉၉၆ ခုနှစ်ပတ်ဝန်းကျင်လောက်ကဖွဲ့စည်းခဲ့ဖူးသည်ဖြစ်သော်လည်း ယခုကဲ့သို့သီးသန့် ဖွဲ့စည်းခြင်းမရှိ ကြောင်းသိရ သည်။ယခုအဖွဲ့အစည်းတွင် ၁၉၉၆ ခုနှစ်ကဖွဲ့စည်းခဲ့သော အဖွဲ့ဝင်များပါဝင်ကြောင်းသိရသည်။

ရမည်းသင်းမြို့၊ ရွာတန်းတိုက်နယ်ရှိ နေအိမ်များမီးရှို့ခံရ

ရမည်းသင်းမြို့၊ရွာတန်းတိုက်နယ်၊သဲကျွန်းကျေးရွာအုပ်စု၊ဈေးကွက်သစ်ကျေးရွာ၌ မတ်လ ၂၃ ရက်နေ့ညနေ ပိုင်း တွင် လူစုလူဝေးဖြင့်လာရောက်၍နေအိမ်များ ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။ အဆိုပါမီးလောင်မှုကြောင့် အစ္စလာမ် ဘာသာဝင်များနေအိမ်များနှင့် ဗုဒ္ဓဘာသာဝင်နေအိမ်အချို့မီးလောင်ပျက်ဆီးခဲ့ပြီး လူသေဆုံးမှုဖြစ်ပွား ခဲ့ခြင်းမရှိကြောင်း သိရသည်။

ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီလုပ်ငန်းများ၏လေလံဈေးများ မြင့်တက်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်း ၇၂ ခုကို ဈေးပြိုင် စနစ်ဖြင့်လေလံတင်အငှားချရာလုပ်ငန်း ၄၃ ခုလေလံအောင်ခဲ့ကြောင်းသိရသည်။ယခင်နှစ် လေလံအောင်မြင်ခဲ့သည့် ဈေးနှုန်းများမှာကြမ်းခင်းဈေးကျပ်သိန်းပေါင်း ၈၄၇၀ ကျော်ရှိခဲ့ပြီးယခုနှစ်မှာမူ သိန်းပေါင်း ၁၀၅၂၀ ကျော်ရှိကြောင်းသိရ သည်။

ရခိုင်အရေး မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်

ယနေ့မတ်လ ၂၅ ရက်နေ့ ၊နေ့လယ်တွင်ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ရခိုင်ပြည်နယ်စပ်လုံခြုံရေးတပ်အင်အား တိုးချဲ့ချထားပေးရေးနှင့် တပ်မတော်နှင့်အိုးအိမ်ဦးစီးဌာနမှ သိမ်းယူထားသော လယ်ယာမြေများကိစ္စ ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်နေကြောင်းသိရသည်။

အာဆီယံခေါင်းဆောင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးလက်ခံမှုနှင့်ပတ်သက်၍ အာဆီယံ ခေါင်းဆောင်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ ဇဗ္ဗူသီရ ဟိုတယ်တွင်ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါဆွေးနွေးပွဲတွင်မြန်မာနိုင်ငံဥက္ကဋ္ဌရာထူးရယူချိန်ညွှန်းဆိုမှုရည်မှန်းချက်နှင့်ပိုင်ဆိုင်မှုနေရာ၊အာဆီယံခေါင်းဆောင်များအစည်းအဝေးအတွက်ပြင်ဆင်ခြင်း၊ အာဆီယံအတွင်းရေးမှူးချုပ် အခန်းကဏ္ဍနှင့် Capacity Building မြှင့်တင် ခြင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အာဆီယံဥာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေရေးပြဌာန်းနိုင်ရန်အလျှင်အမြန်ဆောင်ရွက်

မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေးအသိုက်အ၀န်းထဲသို့ဝင်ရောက်ချိန်တွင် ဥာဏပစ္စည်းပိုင်ဆိုင်မှုသည် လွန်စွာ အရေးကြီး လာပြီဖြစ်ပြီး မြန်မာနိုင်ငံသည် အာဆီယံဥာဏပစ္စည်းပိုင်ဆိုင်မှုဥက္ကဋ္ဌအဖြစ် ၂၀၁၃ ဧပြီလအတွင်း၌ လက်ခံရရှိ မည်ဖြစ်သည်။ ထို့အတူ အာဆီယံဥာဏပစ္စည်းပိုင်ဆိုင်မှု ဥပဒေနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ၏ ခွင့်ပြုချက်ဖြင့် မကြာမီပြဌာန်းနိုင်ရန် အရေးတကြီးဆောင်ရွက်လျက်ရှိကြောင်း အာဆီယံဥာဏပစ္စည်းပိုင်ဆိုင်မှု အဖွဲ့အစည်း ၏ ကောင်ဆယ်လာအဖွဲ့ဝင် ဦးသိန်းအောင်ကပြောကြားခဲ့ကြေင်းသိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏမြင့်တက်

ဂျပန်၊ စင်ကာပူ၊ တရုတ် အပါအဝင် နိုင်ငံငါးနိုင်ငံမှ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၅၃ သန်း ကျော် ထပ်မံ ရင်းနှီးမြှုပ်နှံပြီးနောက် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံကျော် အထိမြင့်တက်လာကြောင်း သိရှိရသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်မှုနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများ တွင်မြုပ်နှံခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၂၅၃ သန်းကျော်အနက် အမေရိကန်ဒေါ်လာ ၁၉ဝ သန်း ကျော်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လာရောက်မြှုပ်နှံထားကြောင်း သိရှိရသည်။

 

 NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်အရေးပေါ်ဆေးကုသမှုခံယူနေရ

ဦးအုန်းကြိုင်သည် သွေးတိုးရောဂါရှိသောကြောင့် ဆေးများ ပုံမှန်သောက်သုံးနေရပြီး ဒီကနေ့တွင် ဦးနှောက်ပိုင်း ဆိုင်ရာ ရောဂါတစ်ခုကြောင့် အာရှတော်ဝင်ဆေးရုံ၌ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။

 

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအလေ့အကျင့်ထွန်းကားရေး GWI အဖွဲ့ဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကို အခြေခံသည့် ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်နိုင်စေရန်နှင့်နိုင်ငံ တွင်းခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာနိုင်စေရန်၊ ပြည်သူများမှ လွတ်လပ်မှု၊တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် Generation Wave မှ ၂၀၁၃ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် Generation Wave Institute မှ မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊၅၂ လမ်းရှိ Generation Wave ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့မှ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ အလေ့ အကျင့်ရှင်သန်နိုင်စေရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေး ဌာန(H.R.E.I.B) နှင့် မြန်မာနိုင်ငံလူ့ အခွင့်အရေးမှတ်တမ်းတင်ကွန်ရက် (ND Burma) အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရ သည်။

မြန်မာဖွံ့ဖြိုးတိုးတက်ရေး ဂျပန်နိုင်ငံမှ ကူညီမည်

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား ဆောင်ရွက်နိုင်ရန် ဂျပန်အစိုးရမှ မြန်မာနိုင်ငံအား ဂျပန်ယန်း ၁၅ ဘီလီယံကျော် ကူညီထောက်ပံ့ပေးမည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးကဏ္ဍ၌ လူသားဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းများ ခိုင်မာ ရေး၊ ကရင်ပြည်နယ်အတွင်း လမ်းများဖောက်လုပ်ခြင်းနှင့်ပြုပြင်ထိန်းသိမးရေးလုပ်ငန်း၊ လိုအပ်သည့်စက်ကိရိယာများ၊ ရာသီ ဥတုဘေးအန္တရာယ်ကျရောက်မှု စောင့်ကြပ်ရေးစခန်း ထူထောင်ရေးတို့တွင် ကူညီပေးသွားမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက် နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ထို့ပြင် ဂျပန်နိုင်ငံမှ ထောက်ပံ့ငွေများဖြင့် မြန်မာနိုင်ငံ အတွင်းရှိ လေဆိပ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတိုးတက်မြှင့်တင်ရေး၊ ရန်ကုန်နှင့် မန္တလေးတို့ရှိ ဆေးရုံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပစ္စည်းစက်ကိရိယာများ အဆင့်မြှင့်တင်ရေး၊ ရေကြောင်းပို့ဆောင်ရေးယာဉ်များ အဆင့်မြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ တိုင်းနှင့် ပြည်နယ်များအတွင် အချိုးမျှတစွာဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓာတ်အား တိုးတက် ထုတ်လုပ် ဖြန့်ဖြူး ရေးနှင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့ စေရေးတို့တွင် သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့အကြမ်းဖက်မှုမှာပြင်ပ ပယောဂကြောင့်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းပြောကြား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနှင့်အတူ မိတ္ထီလာမြို့ပဋိပက္ခအတွက် သွားရောက်နေသော သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ သာမန် အရောင်းအဝယ်ပြဿနာတစ်ခုကနေ ကြီးမားတဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ရခြင်းသည်ပြင်ပ ပယောဂကြောင့်ဖြစ်ကြောင်း၊ အဓိကရုဏ်းဖြစ်ပွားစဉ် အကြမ်းဖက်ခဲ့ကြသူများမှာ ဒေသခံတွေမ ဟုတ်ဘဲ မျက်နှာစိမ်းတွေဖြစ်ကြောင်း ဒေသခံလူထု၏ ပြောကြားချက်များကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးနှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) တို့သည် မတ်လ ၂၃ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲံပြီး လက်ရှိ မီဒီယာချုပ်ကိုင်မှုအများဆုံးပါသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းနှင့်ပတ်သက်၍ အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိရေးဆွဲထားသည့် ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေအား လွှတ်တော်တွင်း တင်ပြဆွေးနွေးနိုင်ရန် ဥပဒေဆိုင်ရာ အသုံး အနှုန်းများ ပြီးပြည်စုံစေနိုင်ရန် ဧပြီလအတွင်း ထပ်မံညှိနှိုင်းဆွေးနွေးရန်တောင်းဆိုခဲ့ကြောင်းသိရသည်။

ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ

ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ လာမည့်မတ် ၃၁ ရက် နေ့တွင် တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ အစီရင်ခံစာကို အများစုစိစစ်ပြီးဖြစ်ကာ နိုင်ငံတော်သမ္မတထံသို့ တင်ပြမည်ဖြစ်ကြောင်း၊ သို့သော် လက်ပံတောင်းတောင် အစီရင်ခံစာကဲ့သို့ ပြည်သူလူထုသို့ ချပြခြင်း၊မပြခြင်းသည် နိုင်ငံတော်သမ္မတရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားအပေါ်တွင် မူတည်ကြောင်း ရခိုင်ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြောဆိုချက်အရ သိရသည်။ အဆိုပါ ရခိုင်စုံစမ်းရေးကော်မရှင်ကို ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်၊ဇွန်လအတွင်းက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခများကို စုံစမ်းအဖြေရှာရန် နယ်ပယ်ပေါင်းစုံ၊ဘာသာပေါင်းစုံမှ ပညာရှင်လူပုဂ္ဂိုလ် ၂၇ ဦးဖြင့် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Japan မှကရင်ပြည်နယ်ဒေသဖွံဖြိုးရေးအတွက်ထောက်ပံ့မည်

ဂျပန်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Japan Platform အဖွဲ့အစည်းမှ ကရင်ပြည်နယ်တွင်ပြုလုပ် သွားမည့် စီမံကိန်းများ အတွက် အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့မည့် အစီအစဉ်နှင့်ပတ်သက်၍ ယနေ့တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း Japan Platform အဖွဲ့အစည်း၏ သတင်းထုတ်ပြန် ချက်အရ သိရ သည်။ အဆိုပါထောက်ပံ့မှု အစီအစဉ်တွင် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဂျပန် လူမှုရေးအဖွဲ့အစည်း ၁၁ ခုကို Japan Platform အဖွဲ့အစည်းမှ အမေရိကန်ဒေါ်လာ ၁၁ သန်းကို ပြန်လည်ခွဲဝေကာ သုံးနှစ် စီမံကိန်းအဖြစ် အရစ်ကျပေးသွားမည် ဖြစ်ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment