Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. ရှစ်လဆက်တိုက် ကုန်သွယ်မှုလိုငွေပြနေဟုဂျပန် ဖော်ပြ

(BBC News မှ မတ် ၂၁ တွင်ပါသည့် Japan posts trade deficit for eighth straight month ကိုဘာသာ ပြန်ဆိုသည်။)


ရှစ်လဆက်တိုက် ကုန်သွယ်မှုလိုငွေပြနေဟုဂျပန် ဖော်ပြ

(BBC News မှ မတ် ၂၁ တွင်ပါသည့် Japan posts trade deficit for eighth straight monthကိုဘာသာ ပြန်ဆိုသည်။)

Photo Credit by AFP

နိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍  စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသောဂျပန်အစိုးရသစ် သည် ကုန်သွယ်မှုလိုငွေ ရှစ်လဆက်တိုက် ပြလျက်ရှိနေကြောင်းကိုပြည်သူများအားအသိပေးခဲ့သည်။

ဖေဖော်ဝါရီလအတွင်းသွင်းကုန်ကဏ္ဍ မြင့်မားလာပြီး ပို့ကုန်ကဏ္ဍမှာ အကျဘက်သို့ ရောက်လျက်ရှိနေ၍ ကုန်သွယ်ရေးလိုငွေ   ယန်း ၇၇၇.၅ ဘီလီယံ (ကန်ဒေါ်လာ ၈.၁ ဘီလီယံ၊ စတာလင်ပေါင် ၅.၃ ဘီလီယံ) ပြလျက်ရှိနေသည်။

ဂျပန် စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အားဖြစ်သောပို့ကုန်ကဏ္ဍမှာပြီးခဲ့တဲ့ ၈ လအတွင်း ၇ လဆက်တိုက် ကျဆင်းနေခဲ့သည်။

ပို့ကုန်ကဏ္ဍသည် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရပြီးများမကြာမီက ကျဆင်းခဲ့သည့်  ယန်းငွေမှာလည်း စီးပွားရေး တိုးတက်မှုအပေါ် အထောက်အကူမဖြစ်ခဲ့ဟု သုံးသပ်သူများကဆိုသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ  ယခင်နှစ်ကထက်စာလျှင် ယခုနှစ် အစောပိုင်းကာလမှ စတင်ကာ ဖေဖော်ဝါရီလအထိ သွင်းကုန်ကဏ္ဍ၌ ၁၁.၉ ရာခိုင်နှုန်းမြင့်မားခဲ့၍ပို့ကုန်ကဏ္ဍမှာမူ ၂.၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

ပြန်လည်နလန်ထူနိုင်ပြီလော

နိုဝင်ဘာလကတည်းကဂျပန်ယန်းမှာ အမေရိကန်ဒေါ်လာနှင့် နှိုင်းစာပါက ၂၀ ရာခိုင်နှုန်းနီးပါး တန်ဖိုးကျဆင်း ခဲ့ သည်။ သို့နှင့်နိုင်ငံခြားဝယ်ယူသူများအနေဖြင့် ဂျပန်ပစ္စည်းများကို ပိုမိုဝယ်ယူလာ စေမည်ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် နှစ်များမှစတင်၍ ဂျပန်၏ အဓိကပို့ကုန်များကို ပြည်ပနိုင်ငံများ၌ ရွှေ့ပြောင်းထုတ်လုပ်ခဲ့ရာ ရလဒ်အဖြစ် ဂျပန်မှသဘောင်္ဖြင့် ကုန်စည်ပို့ဆောင်မှုများ မြင့်မားခြင်းမရှိခဲ့ဖူးဟု လေ့လာသုံးသပ်သူများက ဆိုသည်။

တစ်ချိန်တည်းမှာပင်ဥရောပသမဂ္ဂနှင့် တရုတ်အစရှိသည့်အဓိကကျသည့် ဈေးကွက်များတွင် ဂျပန်၏ ကုန်စည်များ အပေါ် ဝယ်လိုအားမှာကျဆင်းလျက်ရှိနေပြီး ယန်းငွေကြေးကျဆင်းမှုသည်လည်း အဆိုပါ စီးပွားရေးမျက်နှာစာ များကို အထောက်အကူမဖြစ်ခဲ့ဟု လေ့လာသုံးသပ်သူများကဆိုသည်။

ဥရောပဒေသတွင်း ဖြစ်ပေါ်နေသောကြွေးမြီ အကျပ်အတည်းမှာ စားသုံးသပ်များ၏ ဝယ်လိုအား  ကိုထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေ၍ ဥရောပသမဂ္ဂသို့ ဂျပန်ပို့ကုန်များတင်ပို့မှုသည်လည်း ၁၇ လ ဆက်တိုက် ကျဆင်းခဲ့သည်။

ဂျပန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ဖြစ်ပွားခဲ့သောနယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွား မှုကြောင့် တရုတ်သို့ ဂျပန်၏ သဘောင်္ဖြင့် ကုန်စည်တင်ပို့မှုများကုန်လွန်ခဲ့သည့် ၉ လအတွင်း ၈ လဆက်တိုက် ကျဆင်း ခဲ့သည်။

မနှစ်က ဖြစ်ပွားခဲ့သည့် အဆိုပါ ဒေါသဖြစ်ဖွယ် အငြင်းပွားမှုကြောင့် တရုတ်နိုင်ငံတွင်  ဂျပန်ကုန်စည်ရောင်းချမှု အပေါ်ထိခိုက်စေသည့် ဂျပန်ဆန့်ကျင်ရေးဆန္ဒပြပွဲများကိုတွေ့မြင်ခဲ့ရသည်။

“ယန်းတန်ဖိုးလက်ရှိအနေအထားကနေ ဘယ်လောက်ကျကျ ပို့ကုန်တင်ပို့မှုဟာ မြန်မြန်ဆန်ဆန် ဖြစ်ထွန်းလာဦးမှာ မဟုတ်ဘူး” ဟုဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးလုပ်ငန်းတစ်ခုဖြစ်သည့် RBS မှ စီးပွားရေးပညာရှင် Junko Nishioka က ဆိုသည်။

ယွမ်တန်ဖိုးကျဆင်းခြင်းကြောင့် သွင်းကုန်တန်ဖိုးမြင့်မားလာချိန်၌ ဂျပန်နိုင်ငံအနေဖြင့် များမကြာမီကာလတွင်

ကုန်သွယ်မှုလိုငွေများဆက်လက်ဖြစ်ပေါ်နေဦးမည်ဟုMsNishioka က ထပ်လောင်းပြောကြားသွားခဲ့သည်။

“အဲဒီလမ်းကြောင်းအတိုင်းသွားနေဦးမှာပါ။ ပြီးတော့ လာမည့်လတွေမှာလည်းကုန်သွယ်လိုငွေပြမှု ပိုမိုများလာနိုင်ပါတယ်”

ဟု သူကဆက်လက်ပြောကြားသွားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment