Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

“ဒီကနေ့ ကျွန်တော်တို့အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာနဲ့တွေ့ချိန်မှာ သူက လည်း သူသိချင်တာတွေ သူမေးခဲ့သလို ကျွန်တော်တို့သိချင်တဲ့ အချက်တွေကိုလည်း ပြန်လည်ဆွေးနွေးခဲ့ကြတယ်။ အဲဒီမှာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ရယ်၊ ရှေ့ဆက်ရမယ့် ပြုပြင်ပြောင်းလဲမှုတွေရယ် ပြောရရင် အသွင် ကူးပြောင်း ရေးကာလတွေမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ အဲဒါတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းသင့်တယ် ဆိုတာရယ်၊ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့ နေရတဲ့ အဖြစ်အပျက်တွေအပေါ်မှာ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေရဲ့ သဘောထားတွေရယ် ပြောပြခဲ့ပြီး သူ့ရဲ့နိုင်ငံတကာ အတွေ့အကြုံတွေကို ပြန်လည် ပြောပြခဲ့တယ်။ သူဟာမြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေကို တော်တော်စိတ်အားထက် သန်တယ်လို့ တွေ့ရတယ်”

ဧပြီလ ၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၄) တွင် ပါရှိသော “အရပ်ဘက် လူ့အဖွဲ့အစည်းများ အားကောင်းရန် အမေရိကန်သမ္မတဟောင်း အစွမ်းကုန်ကူညီမည်ဟုဆို” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ပြောကြားချက်အားကောက်နှုတ်ချက်။


“လက်ရှိပြည်တွင်းမှာ ပဋိပက္ခတွေဖြစ်ပေါ်နေတာက တိုင်းပြည်စီးပွားရေးပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ မြင်ပါသလဲ။ ပြောရမယ်ဆိုရင်တော့ ပဋိပက္ခဆိုတာတွေကို ရေရှည်မဖြစ်စေချင်ဘူး။ အဲသည် ပဋိပက္ခတွေက ကြာလာမယ် ဆိုရင်တော့ ပြည်တွင်းစီးပွားရေးကို ထိခိုက်မှာသေချာတယ်။ ဒါတွေကို အမြန်ကု၊ အမြန်ဖြေရှင်း၊ အမြန်ကောင်းသွားတဲ့ အနေ အထားကိုရောက်စေချင်တယ်။ ကြာလာရင် ပြည်တွင်းစီးပွားရေးမခံနိုင်ဘူး။ ထိခိုက်မှာအမှန်ပါပဲ။ ပဋိပက္ခတွေ ဖြစ်နေတုန်း ကဆိုရင် သိသိသာသာပြည်တွင်းက ဈေးရောင်းသူ၊ ဝယ်သူတွေ ဒီကိစ္စကြောင့် လွတ်လွတ်လပ်လပ် မရောင်းဝယ်နိုင်ဘူး။ မျှော်မှန်းသလို မရောင်းဝယ်နိုင်ကြဘူး”

ဧပြီလ ၈ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၄) တွင် ပါရှိသော “ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်နေခြင်းက တိုင်းပြည်စီးပွားရေးကို ထိခိုက် နိုင်” သတင်းမှ လွယ်ဟိန်းကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်း၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“ပွင့်ပွင့်လင်းလင်းပြောရရင် အခြေခံဥပဒေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြင်ဖို့လုပ်နေတာက ကျွန်တော်တို့နိုင်ငံသားတွေ ဒီမို ကရေစီစံနှုန်း အားကောင်းလာဖို့ နိုင်ငံသားတွေရဲ့ အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ပါ။ လူတစ်ဦး သမ္မတဖြစ်ရေး၊ လူတစ်စု ဝန်ကြီး ဖြစ်ဖို့အတွက် အခြေခံဥပဒေကိုကိုင်တွယ်ရန် အလွန်ကျဉ်းမြောင်းတယ်လို့ ကျွန်တော် ယူဆပါတယ်”

ဧပြီလ ၈ ရက်နေ့ထုတ် လျှပ်တပြတ်ဂျာနယ် အတွဲ (၄) အမှတ် (၂၆) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲရန် မဖြစ်နိုင်ကြောင်း ဦးသိန်းညွန့်ယူဆ”


“မိတ္ထီလာမှာဖြစ်ကတည်းက ရန်ကုန်မှာ ဒီလိုပဋိပက္ခတွေမဖြစ်ရအောင် ညစဉ်ညတိုင်း ရဲတပ်ဖွဲ့ ရဲတပ်ရင်းတွေနဲ့ လုံခြုံရေး ဆောင်ရွက်ခဲ့တယ်။ နောက်ရက်တွေမှာ တပ်မတော်ကပါ ဝိုင်းကူပြီး ရန်ကုန်ရဲ့လုံခြုံရေးအတွက် လုပ်ပေးခဲ့တယ်။ ရန်ကုန်မှာ ဒီလိုကိစ္စမျိုးတွေ အဖြစ်မခံပါဘူး”

ဧပြီလ ၉ ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၉) အမှတ် (၁၅) တွင်ပါရှိသော “လိုအပ်ပါက ရန်ကုန်လုံခြုံရေး စစ်တပ်အကူအညီယူမည်” သတင်းမှ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်မတို့ လယ်မြေတွေက စီမံကိန်းဆောင်ရွက်နေတဲ့ နေရာနဲ့ဝေးတယ်။ လုပ်ကိုင်စားသောက်လို့ရတယ်။ ဘိုးဘွား လက်ထက်ကတည်းက လုပ်စားနေတဲ့ နေရာဖြစ်လို့ လျော်ကြေးမလိုချင်ဘူး။ မြေနေရာပဲ ပြန်လိုချင်တယ်”

ဧပြီလ ၉ ရက်နေ့ထုတ် Flower News ဂျာနယ် အတွဲ (၉) အမှတ် (၁၅) တွင်ပါရှိသော “လက်ပံတောင်းတောင် သိမ်းဆည်းမြေ လေးပုံတစ်ပုံကျော်အတွက် ကျပ်သိန်းပေါင်း ၁၇၀၀ ကျော်လျော်ကြေးပေး” သတင်းမှ တံရွာ သစ်မှ ဒေါ်အေးခိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 NEWS IN BRIEF

မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် ဂျပန်နှင့်ပူးပေါင်းဆောင်ရွက်

ဧပြီလ ၆ ရက်နံနက် ၁၀ နာရီတွင် Japan International Cooperative Agency (JICA)၏ တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက်မြှင့်တင်မှု စီမံချက် (Soft Loar Project) Site Survey Team မှတာဝန်ရှိဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရန် ရောက်ရှိ၍ ရန်ကုန်အခြေစိုက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးတွဲဆောင်ရွက်ရေး အေဂျင်စီ JICA နှင့် Myanmar Survey Research (MSR) အဖွဲ့မှ ဦးသူရဝင်းခေါင်းဆောင်သော အဖွဲ့တို့သည် Improvement of Communication Networks (Soft Loar Project) စီမံကိန်းအတွက် လိုအပ်သော ကွင်းဆင်းလေ့လာမှုများကို ဆောင်ရွက်ရန်အတွက် ရောက်ရှိနေကြောင်း သိရ သည်။


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ နိုင်ငံတကာပြဌာန်းချက်များနှင့်အညီဆောင်ရွက်

မြန်မာနိုင်ငံ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို နိုင်ငံတကာ ပြဌာန်းချက်များနှင့်အညီ အကောင်အထည်ဖော် ပြဌာန်းနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်မှ ပြောကြားသည်။


ဟိုတယ်လုပ်ငန်းတွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံ

ဗီယက်နမ်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Hoang Anh Gia Lai Company Limited မှကန်ဒေါ်လာ သန်း ၃၀၀ ကို ဟိုတယ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းသိရသည်။ရင်းနှီးမြှပ်နှံမည့် ဟိုတယ် ကို ယခင်စက်မှု (၁) ဝန်ကြီးဌာန ပိုင် မြေနေရာတွင် တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၅ တွင်ပထမအဆင့် ပြီးစီးရန်လျာထားပြီး ဒုတိယအဆင့်အား ၂၀၁၇ တွင် အပြီးသတ်နိုင်ရန်လျာထားကြောင်းသိရသည်။

ဗီယက်နမ်၏ ထိုရင်းနှီးမြှပ်နှံမှုကြောင့် မြန်မာနိုင်ငံ၏ ယခုနှစ်ဟိုတယ်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။


ထိုင်း-မြန်မာနယ်စပ်ဂိတ်သစ်ဖွင့်လှစ်ရန်ရှိ

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃၄၃ ဒသမ ၃၀၅ သန်းအထိ ရှိခဲ့သည်။ ယခုဘဏ္ဍာနှစ်တွင်လည်း ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုကို ဆက်လက်တိုးမြှင့်ရန်အတွက် မောတောင်နယ်စပ် ဂိတ်ကို မကြာခင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ယခုအခါ ထိုင်း-မြန်မာနယ်စပ်တွင် ဒေသမလုံခြုံမှုများ၊ နယ်စပ်ပိုင်နက် ပြဿနာများကြောင့် အခက်တွေ့နေကြောင်း နေပြည်တော် နယ်စပ်ကုန်သွယ်ရေးဌာနမှ သိရှိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment