Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာ့တယ်လီဖုန်းဝန်ဆောင်မှုအတွက် ဂျော့ဆိုးရော့စ်က Irish သူဌေး Dennis O’ Brien နှင့် အုပ်စုဖွဲ့

(5 April 2013 ရက်စွဲပါ domain-b.com မှ Gorge Soros teams up with Irish tycoon Denis O’ Brien for Myanmar’s telecom services ကို ဘာသာပြန်ဆိုပါသည်)

  1. ဆက်သွယ်မှုအလွဲကြောင့် နယ်စပ်ပစ်ခတ်မှု သတင်းမှား ထွက်ပေါ်

(Bangkok Post မှ 7 April 2013 ရက်စွဲပါ “Army says false information led to report of border clash” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ဆီးဂိမ်းအကြို ပြင်ဆင်မှုများ ပြီးစီးခါနီး

(Bangkok Post မှ 7 April 2013 ရက်စွဲပါ Myanmar closer to completing facilities ကို ဘာသာပြန်ဆိုသည်)


မြန်မာ့တယ်လီဖုန်းဝန်ဆောင်မှုအတွက် ဂျော့ဆိုးရော့စ်က Irish သူဌေး Dennis O’ Brien နှင့် အုပ်စုဖွဲ့

(5 April 2013 ရက်စွဲပါ domain-b.com မှ Gorge Soros teams up with Irish tycoon Denis O’ Brien for Myanmar’s telecom services ကို ဘာသာပြန်ဆိုပါသည်)

photo credit by online                

မြန်မာနိုင်ငံဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တံခါးဖွင့်လာသောအခါ အိုင်းရစ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် Denis O’ Brien သည် မိုဘိုင်းလိုင်စင်အတွက် ရည်မှန်းချက်ထားလျှက် ရှိပါသည်။ ၎င်းသည် ဘီလျံနာ ဂျော့ဆိုးရော့နှင့် ပေါင်း၍ မြန်မာနိုင်ငံတွင် တယ်လီကွန်လိုင်စင်ရရှိရေးအတွက် စိတ်အားထက်သန်လျှက် ရှိပါသည်။

မြန်မာအစိုးရသည် တယ်လီကွန်ဝန်ဆောင်မှုအသစ်နှစ်ခု ထူထောင်ရန် အလားအလာရှိသော အော်ပရေတာများကို ဖိတ်ခေါ်လျှက်ရှိပါသည်။

O’ Brien ၏ Digicel အုပ်စုသည် ဂျော့ဆိုးရောစ်၏ Quantum Strategic Partners နှင့် မြန်မာနိုင်ငံမှ Yoma Strategic Holdings တို့သည် စုဖွဲ့လျှက် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် Serge Pun က ဦးဆောင်ကာ မြန်မာအစိုးရသို့ အဆိုပြုလွှာ တင်ထားပြီး ဖြစ်ပါသည်။

O’ Brein သည် Digicel ၏ ဥက္ကဋ္ဌဖြစ်ပြီး Independent News to Media မှ အဓိကရှယ်ယာပိုင်ဆိုင်သူတစ်ဦး ဖြစ်ပါသည်။ Digicel သည် လောလောလတ်လတ်ဖြေလျော့လာသော ဈေးကွက်များနှင့် ကမ္ဘာတစ်လွှား တယ်လီဖုန်း ဆက်သွယ်ရေးတွင် ဝန်ဆောင်မှုများစွာ လိုအပ်ပြီး ဖုန်းသိပ်သည်းဆနည်းသော တိုင်းပြည်များတွင် အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည့်ကုမ္ပဏီဖြစ်ကြောင်း ၎င်းက ပြောပါသည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းအသုံးပြုမှုသည် ၁၀ ရာခိုင်နှုန်းသာ ရှိသေးကြောင်းနှင့် ၎င်းတို့၏ ကုမ္ပဏီအစုအဖွဲ့သည် ကမ္ဘာ့အဆင့်မီ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရန် ကတိပေးထားကြောင်း ဆိုပါသည်။

Digicel သည် ကယ်ရစ်ဗီယန်နှင့် ပစိဖိတ်တလွှားတွင် လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပြီး တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတွင် အဓိကကျသော ပလေယာတစ်ဦးဖြစ်လာသည်မှာ ဆယ်စုနှစ် တစ်နှစ်ခန့်သာရှိပြီး O’ Brien အတွက် ကံကောင်းခဲ့သည်။ ၎င်းကို Forbes မဂ္ဂဇင်းက မကြာသေးမီက မကြာသေးမီက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးအဖြစ် အဆင့်သတ်မှတ်ခဲ့ပါသည်။

Digicel သည် ဂျမေကာတွင် အခြေစိုက်ပြီး လွန်ခဲ့သည့် ၁၂ နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံ ၃၀ တွင် ဦးဆောင်ကဏ္ဍ၌ ပါဝင်နိုင်အောင် တည်ဆောက်နိုင်ခဲ့ပါသည်။ Surge Pun သည်လည်း မြန်မာငံ၏ ထင်ရှားသော လုပ်ငန်းရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရပါသည်။

မြန်မာနိုင်ငံသည် လက်ရှိအားဖြင့် စီးပွားရေးတိုးတက်မှုနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းကျော် ရှိသော်လည်း မိုဘိုင်းဖုန်းထိုးဖောက်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိပါသည်။

လိုင်စင်နှစ်ခုအတွက် တင်ဒါလုပ်ငန်းစဉ်မှာ အစောဆုံးအဆင့်တွင်သာရှိသေးပြီး နောက်ဆုံးအခြေအနေကို မသိရှိနိုင်သေးပေ။

တချိန်တည်းမှာပင် Vodafone ကလည်း ၎င်းသည် China Mobile နှင့် ပေါင်း၍မြန်မာနိုင်ငံတွင် အော်ပရေတာလိုင်စင်ရရှိရေးအတွက် အကြိုလျှောက်ထားမှုများ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့မိုဘိုင်း လုပ်ငန်းအတွက် အရေးပါသောဈေးကွက်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ China Mobile သည် လက်ရှိအားဖြင့် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းကွန်ယက်အော်ပရေတာတစ်ဦးဖြစ်ပြီး အသုံပြုသူ သန်း ၇၀ ရှိ အကြီးဆုံးကွန်ယက်ကို ပိုင်ဆိုင်ထားပါသည်။

ဆိုးရော့စ်၏အဆိုအရ မြန်မာနိုင်ငံတွင် တယ်လီဖုန်းဆက်သွယ်ရေးဈေးကွက်ကို ဖြေလျောပေးလိုက်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော စေ့ဆော်မှုတစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။ Serge Pun က ပြောကြားရာတွင် ၎င်းတို့အစုအဖွဲ့ကြီးများသည် မြန်မာပြည်သူပြည်သားများအား လူတိုင်းတတ်နိုင်ပြီး ကမ္ဘာ့အဆင့်မီ တယ်လီဖုန်းဆက်သွယ်ရေးအဆင့်ကို ပေးသွားနိုင်ရန် ရည်မှန်းထားကြောင်း ပြောပါသည်။

၎င်းတို့စုဖွဲ့ထားခြင်းသည် အဆိုပါရည်မှန်းချက် အကောင်အထည်ဖော်ရန် သီးသန့်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဆိုပါသည်။


ဆက်သွယ်မှုအလွဲကြောင့် နယ်စပ်ပစ်ခတ်မှု သတင်းမှား ထွက်ပေါ်

(Bangkok Post မှ 7 April 2013 ရက်စွဲပါ “Army says false information led to report of border clash” သတင်းကို ဘာသာပြန်ဆိုသည်)

အမည်မသိ ထိုင်းလက်နက်ကိုင်များနှင့် မြန်မာစစ်သားများအကြား သောကြာနေ့က နယ်စပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟူသော သတင်းမှာ မှားယွင်းသည်ဟု ထိုင်းစစ်တပ်က မနေ့က ပြောကြားသည်။

ရန်ကုန်မှ အာဏာပိုင်များ၏အဆိုအရ အမည်မသိလက်နက်ကိုင်များနှင့် ပစ်ခတ်မှုတွင် မြန်မာစစ်တပ် ၁၃ ဦး ကျဆုံးခဲ့ရသည်ဟု သိရှိရကြောင်း ထိုင်းစစ်တပ် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝန်ထိုင်းဆူဝါရီက ပြောကြားခဲ့ သည်။ ပစ်ခတ်မှုဖြစ်ပွားသည်ဟုဆိုသော နေရာမှာ ထိုင်းနိုင်ငံ ရနောင်းနှင့် မျက်နှာချင်းဆိုင် ကော့သောင်းမြို့နယ်ထဲတွင် ဖြစ်သည်။

သို့ရာတွင် ယင်းကဲ့သို့ အခင်းဖြစ်ပွားမှု မရှိခဲ့ဟု ဗိုလ်မှူးကြီး ဝန်ထိုင်းက ဆိုပါသည်။ မြန်မာစစ်သားတွေအကြား ဆက်သွယ်မှု အလွဲကြောင့် နားလည်မှု လွဲမှားသွားတာဖြစ်ပါတယ် ဟု ၎င်းက ပြောကြားသည်။

ဗိုလ်မှူးကြီးဝန်ထိုင်း၏အဆိုအရ ယင်းနယ်မြေထဲတွင် ကင်းလှည့်နေသော မြန်မာစစ်သား ၁၃ ဦးသည် တောအုပ်ထဲမှ ပစ်ခတ်သည်ဟု ယူဆရသော သေနတ်သံကို ကြားရပြီးနောက် ၎င်းတို့၏ စခန်းနှင့် အဆက်အသွယ် ပြတ်သွားခြင်းဖြစ်ကြောင်း၊ စခန်းမှ ဆက်သွယ်ရေးတာဝန်ခံက ၎င်းတို့သေဆုံးပြီဟု ယူဆကာ မြန်မာစစ်တပ်သို့ သတင်းမှား ပို့ခဲ့သဖြင့် ထိုမှတဆင့် ထိုင်းအာဏာပိုင်များထံ သတင်းမှားများ ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သေနတ်သံဟု ယူဆရသော အသံမှာ တောမီးလောင်ခြင်းကြောင့် ပေါက်ကွဲသံသာဖြစ်ပြီး ပျောက်နေသူများကို ကောင်းမွန်စွာ ပြန်လည်တွေ့ရှိရသည်ဟု ၎င်းကပြောကြားသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆူပရာပေါင် တိုဗီချတ်ချိုင်ကူး ကလည်း ထိုင်း-မြန်မာနယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းမရှိဟု အတည်ပြုပြောဆိုပါသည်။ မြန်မာအာဏာပိုင်များဘက်မှ နားလည်မှုအလွဲသာဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းကိစ္စကို ဖြေရှင်းရန် ရန်ကုန်မြို့ ထိုင်းသံရုံးမှာ တာဝန်ခံများနှင့် မြန်မာတာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်ဟု ဝန်ကြီး ဆူပရာပေါင်က ပြောကြားသည်။


မြန်မာနိုင်ငံ၏ ဆီးဂိမ်းအကြို ပြင်ဆင်မှုများ ပြီးစီးခါနီး

(Bangkok Post မှ 7 April 2013 ရက်စွဲပါ Myanmar closer to completing facilities ကို ဘာသာပြန်ဆိုသည်)

photo credit by online

မြန်မာနိုင်ငံသည် ဒီဇင်ဘာလတွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲ ကျင်းပရန် အဆင်သင့်ဖြစ်နေပြီဟု ထိုင်းတာဝန်ရှိသူများက မနေ့က အတည်ပြုပြောကြားသည်။

နှစ်နှစ်တစ်ကြိမ် အရှေ့တောင်အာရှအားကစားပွဲကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် လက်ခံကျင်းပ မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ မကြာသေးမီက ရောက်ရှိခဲ့သော ထိုင်းအိုလံပစ်ကော်မတီဝင် သာနာချိုင်ပရာဆစ်က မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှုများကို စိတ်ကျေနပ်မှုရှိကြောင်း ပြောကြားသည်။

ထိုင်းအားကစားအဖွဲ့ကို ဦးဆောင်မည့် သာနာချိုင်က “သူတို့ ၉၀ ရာခိုင်နှုန်းလောက် အဆင်သင့်ဖြစ်နေပါပြီ”ဟု ဆိုသည်။

ဖွင့်ပွဲ ပိတ်ပွဲနှင့် ဘောလုံးဖိုင်နယ်ပွဲ ကျင်းပမည့် ပရိတ်သတ် ၃၅၀၀၀ ဆန့် ဇမ္ဗူသီရိအားကစားကွင်းမှာ ပြီးစီးနေပြီ ဖြစ်ပြီး လူ ၄၀၀၀ ကျော်လက်ခံနိုင်မည့် အားကစားရွာသည်လည်း မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ပါဝင်သူများအတွက် သီးသန့်လမ်းကြောင်းပေးထားသော ပို့ဆောင်ရေးကဲ့သို့ အခြားဝန်ဆောင်မှုများကိုလည်း သာနာချိုင်က သဘောကျနေသည်။

တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့က အမှတ်ပေးစနစ်နှင့် နည်းပညာမြင့် ပစ္စည်းကိရိယာများကို ကူညီဖြည့်ဆည်း ပေးကြသည်ဟု သာနာချိုင်က ပြောကြားသည်။

ထိုင်းအဖွဲ့တွင် အားကစားသမားနှင့် တာဝန်ရှိသူစုစုပေါင်း ၉၀၀ ခန့် လိုက်ပါလာကြမည်ဖြစ်ပြီး စီးလုံးငှား လေယာဉ်များဖြင့် သွားရောက်ရန် စီစဉ်လျှက်ရှိသည်။

“ဘန်ကောက်-နေပြည်တော်က ပုံမှန် ခရီးစဉ်မရှိတော့ စီးလုံးငှားလေယာဉ်တွေနဲ့ သွားဖို့စီစဉ်ရတာပါ”ဟု သာနာချိုင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် တင်းနစ်နှင့် အိုလံပစ်ကစားနည်းအချို့အပါအဝင် စံချိန်မီအားကစားနည်းများစွာကို ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဖြုတ်ချထားခဲ့သောကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား ဆူညံပွက်လောရိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ယခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတါင အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် ၄၆၀ ချီးမြှင့်မည်ဟု ဆိုသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment