Quote & Comment and News in brief |
သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
'' ပွင့်လင်းမြင်သာမှုရှိမှ ပြည်သူက လက်ခံနိုင်မှာပါ။ လက်မခံနိုင်တဲ့ အချက်အလက်တွေရှိရင် ပြည်သူကို ဝေဖန်ပိုင်ခွင့်လည်း ပေးရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု မရေးဆွဲခင်မှာ ဘယ်သူတွေက ဘယ်လိုပုံစံနဲ့ ရေးဆွဲဖို့ ရည်ရွယ်တယ်ဆိုတာ ပြည်သူအများ အသိပေးပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ကို ရယူဖို့ လိုတယ်လို့ ကျွန်မမြင်ပါတယ်''
Eleven Media Group “ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့် အစုအဖွဲ့သည်ပြည်သူများက ယုံကြည်လေးစား သူများဖြစ်ရန်လိုအပ်ပြီး ရေးဆွဲပုံ ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်အာကောက်နှုတ်ချက်။
"ပါလီမန်စနစ်ပဲဖြစ်ဖြစ်၊ သမ္မတစနစ်ပဲဖြစ်ဖြစ် နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ ပြည်သူ့ဆန္ဒကို ခံယူရမယ်။ ပြည်သူ့ဆန္ဒကို ခံယူတဲ့နေရာမှာ များတဲ့ဘက်ကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ယူဆတယ်။ ဒီတော့ အခုလက်ရှိ ရွေးကောက်ပွဲစနစ်အရ များရာလူက နိုင်တဲ့သူဆိုတာကိုပဲ ကျွန်တော်တို့ လက်ခံတယ်။ လာမယ့်လွှတ်တော်မှာ ကော်မရှင်က ဒါကိုတင်ခဲ့ရင်လည်း လွှတ်တော်က လက်ခံမှာ မဟုတ်ဘူးလို့ ယူဆတယ်"
Eleven Media Group “အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို NLD လက်မခံဟု ဦးဝင်းတင်ပြောကြား” သတင်းမှ ဦးဝင်းတင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။
“ဦးဇော်ဇော်က ဒေါ်အောင်ဆန်းစုကြည် နဲ့ မင်းကိုနိုင်တို့ကို ထောက်ပံမှုတွေ လုပ်ပေးတယ်။ အဲဒါကို တချို့က ဦးဇော်ဇော် Sanction List က ပြုတ်ချင်လို့ ဒေါ်အောင်ဆန်းစုကြည်နားကို ကပ်နေတာလို့ မြင်ကြတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာပြော ချင်သလဲ။
ကျနော် သဘောထားကတော့ ဒီလောက်ချည့်နဲ့နေတဲ့ တိုင်းပြည်မှာ တဘက်နဲ့ တဘက် အားပြိုင်မှုတွေ လုပ်ပြီးတော့ အဖွဲ့အစည်းတွေ ကွဲနေကြမှာလဲ။ လုပ်စရာတွေလည်း အများကြီးရှိတယ်။ ထူထောင်စရာ တွေလည်း အများကြီးရှိတယ်။ တကယ်လည်း တိုင်းပြည်က ဆင်းရဲနေတုန်းပဲ။ လိုအပ်ချက်တွေက နေရာတိုင်းမှာ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဆန့်ကျင်ဘက်တွေ သွားနေမယ်ဆိုရင် ကိုယ်တို့ရဲ့ လားရာဟာ ကောင်းစရာအကြောင်း မရှိဘူး။ အကိုအနေနဲ့ အားလုံးကို ပြောချင်တာက နိုင်ငံတော် အစိုးရရော အတိုက်အခံရော ပြည်သူရော ပူးပေါင်းပြီးတော့ တိုင်းပြည်ကို ထူထောင်ချင်တယ်။ အကိုစိတ်ထဲမှာ အဲဒီဆန္ဒပဲ ရှိတယ်။
The Irrawaddy (Burmese Version) တွင်ပါရှိသော “တိုင်းပြည်ထူထောင်စေချင်တဲ့ ဆန္ဒပဲရှိတယ်ဆိုတဲ့ ဦးဇော်ဇော်” အင်တာဗျူးမှ ဦးဇော်ဇော်၏ ပြောကြားချက်အားကောက်နှုတ်ချက်။
"ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင်ခဲ့သလို မျှော်လင့်မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်"
Eleven Media Group တွင်ပါရှိသော “ဒီမိုကရေစီခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။
“မြန်မာအတွက် တကယ်အပြု သဘောဆောင်တဲ့ တိုးတက်မှုပါ။ မနှစ်က ရန်ကုန်မှာလုပ်တဲ့ မီဒီယာဖွံ့ဖြိုးရေး ကွန်ဖရင့်စ်မှာ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာ အလားအလာအကြောင်း ဆွေးနွေးခဲ့ကြတယ်။ အဲဒီတုန်းက ကတိ အကောင်အထည် ပေါ်တယ်ဆိုတာ သေချာသွားတာပဲ"
မြန်မာတိုင်းမ် တွင်ပါရှိသည့် “သတင်းလုပ်ငန်းရှေ့တစ်လှမ်းတက်ပြီ” သတင်းမှု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ အစီအစဉ်ဖြင့် သတင်းစာသင်တန်းများ ပို့ချခဲ့သည့်အမေရိကန် ပြည်ထောင်စုမှ သတင်းစာ ထုတ်ဝေသူ ဂျက်ရော်နယ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။